Author: ဆောင်းနှင်းရွက်
•10/03/2012 12:28:00 PM

အိုင်ဖုန်း .. အိုင်ဖုန်း ... တော်တော် အလုပ်ရှုပ် ၊ စိတ်ရှုပ်ဖို့ကောင်း တဲ့ ဒီအိုင်ဖုန်း ..

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁ နှစ် ကျော်ကနေ စပြောရမယ် .. သုံးနေကျ ဆိုနီ ဖုန်းလေး
အ၀တ်လျှော်စက်ထဲ အိပ်ယာခင်းလျှော်ရင်း ရောက်သွားရာကနေ ဒီ ဖုန်းကို ၀ယ်မိလိုက်ရာက ဇာတ်လမ်းက စတာပဲ ။ ဖုန်း ပျက်သွားတော့ ဘာဖုန်းဝယ်ရမလဲ တော်တော်စဉ်းစားရတယ် .. အိုင်ဖုန်း ဖိုးလေးပဲ ၀ယ်ရမလား ၊ ဖိုးအက်စ် လေးကို စောင့်ရမလား ၊ တစ်ခြား ဖုန်းပဲ ၀ယ်ရမလား ၊ ကဲ .. မသေချာတဲ့ ဖိုးအက်စ်ကို စောင့်ဖို့ အချိန်မရှိဘူး .. ဖိုးလေးပဲ ၀ယ်လိုက်ပါမယ် စိတ်ဆုံးဖြတ်လိုက်ရာက စတားဟက် ဆိုင်မှာ သွားစုံစမ်းတော့ မဆိုးပါဘူး .. အားလုံး အပြီးအစီး ၂၃၀ လောက် နဲ့ မိနစ်  ၃၀၀ ပလန် ဆို  တစ်လ ၆၀ ကျပ် လောက်ဆိုတော့ မဆိုးဘူးပေါ့ .. အဲ့လိုနဲ့ စနေ၊ တနင်္ဂနွေ ရောက်တော့ စတားဟက်စင်တာကြီး မှာ သွားလျှောက်တာပေါ့ .. ၀င်ဝင်ချင်း ကျူ ယူမယ်လုပ်တော့ ကောင်တာ ကောင်လေးက ပတ်စ်တောင်းလို့ ပတ်စ်ပေးလိုက်တော့ အဲ့ ကောင်လေး ပြောလိုက်တာက " ကျောင်းသား ပတ်စ်နဲ့ အိုင်ဖုန်း ၀ယ်ရင် ဒီပိုဆစ် ၈၀၀ ပေးရပါမယ် တဲ့ ၊ " ဟမ် .. ငါသိတာ ၂၀၀ လားလို့လေ ဆိုတော့ အဲ့ဒါ အိုင်ဖုန်းက လွဲလို့ တစ်ခြားဖုန်းတွေ က အဲ့လိုပါတဲ့ .. အို ပြောမနေနဲ့ လူက ရေရေလည်လည် တင်းပြီး ... ဒေါသတွေ အမြှုပ်လိုက်ထွက် ၊ အသွားကြီး သွားပြီးမှ ... စိတ်တွေ တိုလိုက်တာ ဆိုတာ မပြောချင်ဘူး .. မပြောချင်ဘူး .. အဲ့နေ့ အကြောင်း ဆက်မပြောတော့ဘူး .. အိုင်ဖုန်း ကိစ္စ ဆက်ပြောမယ် ..

ကဲ .. အဲ့ဒါနဲ့ ကိုယ်နဲ့ သိတဲ့ အမ ဆီ ပြောပြီး အမ အဲ့လို အဲ့လို ဖြစ်လို့ ဖုန်းလျှောက်ချင်တယ်ပြောတော့ သူက ၀မ်းသာအားရပဲ .. စတားဟက်မှာ ဖုန်း ၃ လုံး လျှောက်တယ်ဆိုရင် 25 % Discount လား မသိဘူး ရတယ်ဆိုတော့ သူတို့ လင်မယားနဲ့ ကိုယ်နဲ့ပေါင်းရင် သူတို့ ရပြီးသား Discount % က တိုးလာမှာ ဆိုတော့ သူလည်း အဆင်ပြေ ၊ ကိုယ်လည်း အဆင်ပြေ ပေါ့ .. ဟုတ်ပြီ ဒါဆို မိနစ် ၃၀၀ ပလန် .. နောက်တစ်ပတ် စနေ၊ တနင်္ဂနွေ တစ်ရက်ရက်သွားကြတယ်ပေါ့ကွယ် ..

ဝယ်ပြီး ၄ ရက်လောက်အထိ အဲ့ဖုန်းကို မကလိနိုင်အားသေးလို့ ၀ယ်လာတဲ့ ဖုန်းဘူးလေးအတိုင်း စားပွဲခုံမှာ ခဏအလှပြထားလိုက်သေးပါတယ် ။ နောက် ၅ ရက်မြောက်တဲ့ နေ့မှ စပြီး ဗူးဖွင့် ၊ အားသွင်း ၊ ဖုန်းနံပါတ်တွေ ထည့် ကလိပေါ့ .. ဟဲဟဲ .. သိပ်မကြာပါဘူး .. နောက်နေ့ ဖုန်းပြောနေရင်း ဖုန်းက လုံးဝ ဘယ်လို ဖွင့်ဖွင့် ဖွင့်လို့မရတော့ဘူး .. ဒါပေမယ့် နောက် ၁ နာရီ လောက် နေတော့ သူ့ဘာသာ သူ ပြန်ဖွင့်လာတယ် .. သြော် .. ငါ ကလိတာများ များသွားလို့လား မသိဘူးပေါ့ .. နောက် တစ်ခါ ထပ်ဖြစ်ပြီး .. အပလီကေးရှင်းတွေ ဖွင့်တိုင်း ပြန် ပြန်ပိတ်သွားလိုက် ၊ ဟန်းသွားလိုက်နဲ့ တစ်ခုခုတော့ လွဲနေပြီ ဆိုတာ သိနေတယ် .. အဲ့ဒါနဲ့ ကိုယ့်ကို လျှောက်ပေးတဲ့ အမ ကို ဖုန်းဆက် ၊ အကျိုးအကြောင်း ပြောပြပြီး စင်တာမှာ သွားလဲချင်တဲ့ အကြောင်း ပြောပြတော့ လိုက်ခဲ့ပေးမယ်ဆိုလို့ တော်သေးတာပေါ့နော် ..  ဆိုင်ရောက်တော့ သူတို့ စမ်းရင်းနဲ့ပဲ ဖုန်းက ဟန်း ဟန်း နေတော့ အသစ် တစ်လုံး လဲပေးလိုက်ပါတယ် ..

ကဲ .. ပထမ လ ဖုန်းဘေလ် လာပြီ .. ကြည့်လိုက်တော့ ဒစ်စကောင့် မပါဘူး .. ဖုန်းဘေလ်က နောက်ဆုံးနေ့လည်း ဖြစ်ပြန် လျှောက်ပေးတဲ့ အမကိုလည်း ထပ်ပြီး အနှောင့်အယှက် မပေးချင်တော့တာနဲ့ .. သွားဆောင်လိုက်ပါတယ် .. ဒါပေမယ့် စိတ်ထဲမှာ နဲနဲတော့ ဘ၀င်မကျတာနဲ့ လျှောက်ပေးတဲ့ အမကို ဖုန်းဆက်မေးတော့ သူတို့ဆီမှာ ဒစ်စကောင့် ပါတယ်တဲ့ .. "အမှန်ဆို ပါရမှာပေါ့ နောက်လ ဘေလ်လည်း အဲ့လိုလာရင် မသွင်းလိုက်နဲ့ စင်တာကို လှမ်းပြောပေးမယ် ဆိုတာနဲ့ "  အင်း.. ရှိစေတော့ .. ကဲ နောက်လ ဖုန်းဘေလ် လည်း အဲ့အတိုင်းပဲ .. ဒါနဲ့ ဖုန်းဆက်ပြောတော့  လူကိုယ်တိုင်လာပြီး ဘေလ်ပါယူခဲ့ပါဆိုလို့ ကဲ သွားလိုက်ကြပေအုံးပေါ့ ... သိတဲ့ အတိုင်း စနေ၊ တနင်္ဂနွေ ဆိုတော့ ကျူပေအုံးပေါ့ .. လုပ်ပေးတဲ့ မမ လင်မယား စိတ်ရှုပ် ၊ မရှုပ် တော့ မသိဘူး .. ဆောင်းနှင်းတော့ တော်တော်စိတ်ရှုပ်ပြီး  ငါနဲ့ ဒီဖုန်းနဲ့တော့ ရှေ့လျှောက် ဘယ်လို စခန်းသွားရအုံးမလဲ မသိလို့ အဲ့ကတည်း စိတ်ထဲမှာ တွေးမိလိုက်ပါသေးတယ် .. ကဲ .. ကိုယ့် နံပါတ် အလှည့် ရောက်ပြီ .. ကောင်တာကိုမေးတော့ လိပ်စာ ကြောင့်ပါတဲ့ .. နာမည် အတူတူနဲ့ လျှောက်ထားပေမယ့် လိပ်စာ မတူရင် မရပါဘူးတဲ့ .. လိပ်စာ အတူတူဆိုရင် discount ရပါတယ်တဲ့ .. တကယ်ဆို အဲ့ဒါ အဓိပယ် မရှိတာ .. စိတ်ထဲမှာတော့ ကျလိ၊ ကျလိပဲ .. ထားပါတော့ .. အဓိပယ် ရှိတာ ၊ မရှိတာ .. အဲ့ဒါနဲ့ အဲ့လ ပိုကောက်ထားတဲ့ ပိုက်ဆံကို ပြန်အမ်းပေးပြီး မမ တို့ လိပ်စာပဲ ပြောင်းခဲ့လိုက်တယ် ..  
((လူ့သဘာဝလားမသိဘူး .. မရှိခင်တုန်းကတော့ သူများတွေ အိုင်၊ အိုင် ဆိုလို့ အရမ်းလိုချင်တယ် .. ရလည်းပြီးရော စကရင် သေးသေးလေးမှာ အာရုံစိုက်ရလွန်းလို့ အရမ်း မကြိုက်တော့ပြန်ဘူး ..))


သိပ်မကြာပါဘူး .. နောက် ၄ လ လောက်နေတော့ MRT စီးရင် တိုပါရိုး ဘူတာ အရောက် လူတွေ တိုးတိုက်ထွက်ရာက လူလည်းလွင့်၊ ဖုန်းကလက်ထဲကနေလွတ်ထွက်သွားပြီး platform gap ကနေ MRT track ပေါ် ကို ရောက်သွားတော့ လူမှာ ခဏတာ နှလုံး ရောဂါ ရသွားပြန်တယ် .. ကြည့်လိုက်တော့ ရထားဘီး သွားတဲ့ နေရာအတည့်ပေါ်မဟုတ်တော့ ဖုန်းလေးကို လှမ်းမြင်နေသေးတော့ နဲနဲ တော်သေးတယ်ပေါ့ .. အဲ့ဒါနဲ့ အပေါ်က passanger service သွားပြောတော့ ညဘက် ရထားတွေ အားလုံး ပြီးသွားရင် ကောက်ထားပေးမယ် ၊ ဖုန်းပျက်စီးတာ တော့ သူတို့နဲ့ မဆိုင်ဘူးတဲ့ .. ဟုတ်လည်း ဟုတ်တာပဲနော် ..း)) ဟင်း .. ညဘက်မိုးမရွာပါစေနဲ့ ဆုတောင်းရင်း လူမှာ အိပ်လို့ မပျော်  .. မိုးရွာရင် ရထားမကြိတ်မိဘဲ ရထားပေါ်က ရေတွေ ကျတာနဲ့ ရေစိုပြီး အဲ့ဒါမှ တကယ် ပျက်မှာ ... >.< ...

ဒါပေမယ့် ခုတော့ ဖုန်းကမပျက်ပေမယ့် ဖုန်းထဲ ရှိရှိသမျှတွေ မနေ့ညကပဲ အကုန်ပျက်သွားပါပြီ ..
passbook ကို စမ်းချင်လို့ လျှာရှည်ပြီး IOS 6 သွင်းပြီး သကာလ ... လေးလိုက်တဲ့ဖုန်း ၊ ဖုန်းတစ်ခါဖွင့်ပြီး password ရိုက်ဖို့အရေး တော်တော်စိတ်ရှည်စွာနဲ့ စောင့်ရပါတယ် .. အဲ့ဒါနဲ့ သူငယ်ချင်းတွေ ကို ပြောတော့  downgrade ..  ဒါမှ မဟုတ် restore ပြန်လုပ်ကြည့် လိုက်ပါ .. ဒါပေမယ့် တစ်ချို့ aaplication တွေ နဲ့ photos တွေ တော့ ပျောက်မယ်နဲ့တူတယ်တဲ့ .. အဲ့ဒါနဲ့ photos တွေကို တော့ ကူးလိုက်တယ် .. applications တွေကတည်း တစ်ခုပဲ ၀ယ်ထားတာရှိပြီး ကျန်တာ အကုန် free ရတာတွေ သွင်းထာတာဆိုတော့ သိပ်ပြသနာ မဟုတ် ..
ဒါနဲ့ပဲ ညက အားကြိုးမာန်တတ်စွာနဲ့ restore လုပ်ရင်း ကွန်ပြူတာက ရုတ်တရက် ကျသွားလို့ ပြန်လုပ်ရင်း စုစုပေါင်းကြာချိန် ၃ နာရီလောက် အချိန်ကုန်ခံပြီး restore လုပ်လိုက်ရာက contact တွေလည်း ပျောက် ၊ application အခု ၁၅၁ မှာ အခု ၇၀ ပဲ ပြန်ရပါတော့တယ် .. ဒန့်တန့်တန့် ..  -.-
((ပြောတဲ့သူကလည်း contact တွေလည်း ပျောက်ကုန်မှာ လို့ကျတော့ မပြောဘူး .း((  application (အရမ်းများနေပေမယ့် Memory 16 G မှာ 13 G လောက်ကျန်နေပါသေးတယ် )

ဟဲဟဲ .. ပျောက်တဲ့အတူတူ ဒီနေ့ညဘက် downgrade ထပ်လုပ်လိုက်ဦးမယ် .. :D


Author: ဆောင်းနှင်းရွက်
•3/05/2012 11:37:00 PM
အချစ်ဆိုတာ အေးချမ်းတဲ့ လေပြေလေညင်းတဲ့ ..

တကယ်လို့ အဲ့အချစ်တွေသာ လေပြေလေညင်း ဖြစ်ခဲ့မယ် ဆိုရင်
လေပြေလေညင်း ဆိုတာ ငါ့အတွက်တော့ ခဏလာတဲ့ ဧည့်သည်ပါ ..
အချိန်တန်တော့လည်း လေပြေဆိုတာ
မိုးငွေ့နဲ့ အတူ ပြန်သယ်ဆောင်သွားသလိုပါပဲ .. ချစ်သူ ..

(နင်)ပြောခဲ့ဖူးတဲ့ စကားလုံးတွေက
ငါ့စိတ်တွေကို တကယ် မသိမသာ ခိုးယူရင်း
တိုက်ဆိုင်မှု့တွေ ရှိတိုင်း ရလိုက်တဲ့ လက်ဆောင်က လွမ်းချင်းတဲ့ ..

ညတိုင်းရဲ့ အိမ်မက်တိုင်းမှာတော့
ငါ နင့်ကို အရမ်းလွမ်းတယ်လို့ ပြောမိတိုင်း
နင်ရဲ့ အေးစက်လှတဲ့ အပြုံးတွေ နဲ့ မိတ်တွေ ဖွဲ့လို့ပေါ့ ..

ဒီလိုနဲ့ပဲ
ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲတဲ့ စိတ်ကူးတွေ
ပြောပြချင်တဲ့ စကားတွေ
ငါ့ဆီမှာ တနင့်တပိုး ရှိနေသေးတယ် ချစ်သူ ..

တကယ်လို့
ချစ်ခြင်း ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် သင်ယူရမယ့် သင်ခန်းစာက
လွမ်းချင်းဆိုတာ ရှိခဲ့ရင်

အလွမ်းများ ကုန်ဆုံးနိုင်ပါစေ .. ချစ်သူ .. ..


Author: ဆောင်းနှင်းရွက်
•8/29/2011 02:01:00 AM


ကိုအောင် (ပျူနိုင်ငံ) စစချင်း ဘလော့ဒေးအတွက် အမှတ်တရ ဆိုတာ မြင်တာနဲ့ ဟိုးအရင် စစချင်း စာတွေ ရေးတာလေး ကို သွားတော့ သတိရမိလိုက်တာတော့ အမှန်ပါပဲ .. အပိုင်း ၂ လည်း ဖတ်ရော တဂ်ထားတာ တွေ့တော့ စိတ်ထဲ မှာ ကိုအောင့် ကို အားနာသွားမိတာတော့ အမှန်ပါပဲ .. ဘာလို့လဲ ဆိုရင် အလုပ်နဲနဲများနေတာနဲ့ ချက်ချင်း မရေးပေးနိုင်လို့ပါ ..း))

စာ စစချင်း ရေးဖြစ်တာကတော့ ( ၂၀၀၇ )လွန်ခဲ့တဲ့ ၄ နှစ်လောက်က
စုဗူးဆိုတဲ့ ဆိုဒ်လေး ကပါ .. အဲ့နေ့က အလုပ်ကနေ အင်တာနက် ဂျာနယ် ဖတ်နေရင်း အဲ့ဒီ့ ၀က်ဆိုဒ် အသစ်လေး အကြောင်း ရေးထားတာ လေး တွေ့တော့ ဖတ်လည်းပြီးရော ချက်ချင်းပဲ အလုပ်ကနေအကောင့်ဖွင့်လိုက်ပါတယ် .. နောက် အဲ့ဒီ့ ဆိုဒ်လေးမှာ ဖွင့်ပြီး နောက် သိပ်မကြာလိုက်ပါသလိုပဲ .. ဘလော့ဂါ ဒေး ဆိုပြီး မြန်မာ အိုင်စီတီ ပတ်ခ် မှာလား မသိဘူး လုပ်မယ် ဆိုတာလည်း အင်တာနက် ကနေ ကြားလိုက်ပါသေးတယ် .. အဲ့ဒါ ဘလော့ဂါ ၄ ယောက်လား ၊ ၅ ယောက်လား မသိဘူး .. သူတို့ တွေ (..... ) ပြောကြမှာပေါ့ ဆိုပြီး အွန်လိုင်းမှာ ကြေငြာတာတွေ့လိုက်ပါတယ် .. အဲ့ဒါနဲ့ ဘလော့ဂါ ဒေါ့ ကွန်း မှာ ဘလော့ တစ်ခုပါ ထပ်ဖွင့်လိုက်ပါသေးတယ် (ယေးတေးတေးပဲ) .. ဒါပေမယ့် အဲ့ဒီ့ ဘလော့ က လုံးဝ စာမရှိပဲ အကောင့်ပဲ တတ်စတင် အနေနဲ့ ဖွင့်ကြည့်ထားခဲ့တဲ့ ဘလော့ပါ ..

တကယ်တော့ လွန်ခဲ့တဲ့ ၄ နှစ် (၂၀၀၇) က စလို့ စာရေးတယ်လို့ ပြောပေမယ့် လုံးဝ ဟုတ်တိပတ်တိ ရေးတဲ့ သူတစ်ယောက် မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ့် ကိုယ်ကို စာရေးနေတဲ့ သူတစ်ယောက်လို မသတ်မှတ်မိသလို ၊ ခုချိန်ထိ စာကောင်း ပေကောင်း တွေလည်း မရေးတတ်သေးပါဘူး .. မအားလို့ မရေးဖြစ်တာ တွေ နဲ့ပဲ ကီးဘုတ်မှာ နှိပ်မိတဲ့ လင့်ခ် တွေ သွားရင်း သူများရေးထားတဲ့ စာတွေ ကိုပဲ လိုက်ဖတ်ခဲ့တာများပါတယ် .. ဆိုဒ်တွေ နဲ့ လင့်ခ်တွေ တော်တော်များများကို ရောက်ပေမယ့် ကွန်မန့်တွေ တော့ အရမ်း မရေးဖြစ်ပါဘူး ..
အထူးသဖြင့် နာမည်ကြီး ဆိုဒ်တွေပါ .. ကိုယ်က ပေါ့ပေါ့ပါးပါးကွန့်မန့်လောက်ပဲ ပေးဖြစ်တော့ ကိုယ်ရေးတဲ့ ကွန့်မန့်နဲ့ ရေးထားတဲ့ စာနဲ့ မကိုက်ဘဲ တစ်မျိုးထင်ပြီး လွဲကုန်ရင် မကောင်းဘူးလေ .. အဲ့ဒါကြောင့်ပါ .. B-) ဒါပေမယ့် ဆိုဒ်တွေမှာ စကားလုံး ဖောင့်သေးနေတဲ့ ဆိုဒ်တွေ ဆိုရင်တော့ လုံးဝ မဖတ်ဖြစ်ပါဘူး .. ဘာလို့လဲ ဆိုရင် မျက်လုံး အာရုံစိုက်ရတဲ့ အတွက်ပါ ..(ကိုယ့်ဆိုဒ်က ဖောင့်တောင် သေးနေသေးတယ် ထင်တာ).. ပုဂ္ဂိုလ်စွဲ နဲ့ ဖတ်တာ မဟုတ်ပေမယ့် ကိုယ်ခင်တဲ့ သူငယ်ချင်း ဆိုဒ်တွေကတော့ အမြဲတမ်းတမ်း လိုလို ရောက်ဖြစ်ပါတယ် ..

ပြန်ဆက်ရမယ် ဆိုရင် အဲ့ဒီ့ စစချင်း စုဗူး ဖွင့်လိုက်တုန်းက လူ အယောက် ၅၀ လောက်ပဲ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် နဲ့ လည်း ပျော်ဖို့ကောင်းပါတယ် .. နောက် ၁ ယောက်နဲ့ ၁ ယောက် အပြင်မှာ တွေ့ရအောင် ဆိုပြီး ပထမဆုံး စုဗူး တွေ့ဆုံပွဲလေးကို မြေနီကုန်းမှာ လုပ်ခဲ့ကြတော့
ကိုလူလိန် ၊ ကိုရွှေဘုန်းလူ ၊ ၀ိုင် ၊ ကိုစိုးမိုး ၊ ကိုလူစိမ်း ၊ ကောင်းကင်ပြာ၊ မငယ် ၊ သံယောဇဉ်လေး ၊ ဆာမူရိုင်း ( ၁၅ ယောက် ) လောက် လာခဲ့ကြပေမယ့် ကျန်တဲ့ သူတွေကို မမှတ်မိတော့တာ ခွင့်လွှတ်ပါ ..တွေ့ခဲ့ကြတယ်ဆိုပါတော့ .. နောက် ပရဟိတ တွေ လုပ်ဖို့ လည်း ပြောခဲ့ကြတာ မှတ်မိပါသေးတယ် .. အဲ့ဒီ့နောက်ပိုင်း မနက်ရုံးရောက်ရင် ဘယ်သူတွေ ဆိုဒ်မှာ စာအသစ်တင်လည်း အမြန်ဖွင့်ကြည့်ရတာ အမော ..း)) အဲ့ဆိုဒ်မှာ ရေးခဲ့မိတာလည်း စုစုပေါင်း ၁၀ ပုဒ် လောက်ပဲ ၇ှိမယ် ထင်ပါတယ် .. နောက်ပိုင်း သူတို့တွေလည်း ကိုယ်ပိုင် ဘလော့ဖွင့် စာရေးတဲ့ အပြင် ဆိုရှယ်ဆိုဒ်တွေပါ လုပ်လာခဲ့တယ် ..

အဲ့ဒီ့ ဆိုဒ်လေး မှာ အကောင့်ဖွင့်ပြီး နောက် ၆ လ လောက် နေတော့ ဒီကို ထွက်လာတော့ ရောက်ရောက်ချင်း ကွန်ပြူတာ မရှိတဲ့ အတွက် ၆ လ လောက် ဆိုဒ်ထဲလည်း မ၀င်ဖြစ်တော့သလို ၊ ဘယ်လင့်ခ်ဆိုဒ်မှလည်း မရောက်ဖြစ်တော့ပါဘူး .. ဒါပေမယ့် ကွန်ပြူတာ ၀ယ် ပြီး နောက် ဆိုဒ်ထဲ ပြန်ဝင်တဲ့အခါကျတော့ အရင်လို ပျော်ဖို့ မကောင်းတော့သလို ၊ ပြသာနာတွေ ကို တွေ့နေပေမယ့် အဲ့စုဗူးကနေပဲ သူငယ်ချင်း အသစ်တွေ ထပ်ရခဲ့ပါတယ် .. နာမည်မှတ်မိတာ
ဇီးရိုး ၊ သူရဿဝါ နဲ့ ပင်ဂွင်း မှတ်မိတော့လို့ ကျန်တဲ့သူများ ခွင့်လွတ်ကြပါ .. နောက် ဆက်ပိုင် (ဗညားရှိန် ၊ လင်းခေတ်ဒီနို) ကို စုဗူးကဓာတ်ပုံတွေထဲမှာ တော့ မြင်နေရပေမယ့် အဲ့တုန်းကမမြင်ဖူးသေး၊ မခင်သေးပါဘူး .. အဲ့နောက်ဒီမှာ ပထမဆုံး သိတာကတော့ မက်ရှိမိုရိုး နာမည်နဲ့ (ကိုသားဇော်) ၊ သူကနေ သိတာ နာမည် ခဏ၊ ခဏ ပြောင်းရတာ ၀ါသနာ ပါတဲ့ ညီညီထွေး (ခ) နာကာမူယာ (နေ၀သန်) ၊ မေသဲ (မိုးခါး) ၊ ညီညီကျော် (ညီညီကျော်) ၊ သိပြီး သိပ်မကြာပါဘူး .. အပြင်မှာပါ တွေ့ရအောင်ပါ ဆိုပြီး ချိန်းလိုက်တာကနေ လူချင်းပါတွေ့ ၊ ပိုရင်းနှီးသွားခဲ့တယ် ... တွေ့တွေ့ချင်းနေ့ပဲ နေ၀သန် ရဲ့ လမ်းညွှန်မှု့ ကြောင့် ဂျလန်းဂျလန်း ထလိုက်ကြတာ ခြေထောက်တွေ တောင် ကိုက်တယ် .. ((မှတ်မိကြလားတော့ သိဘူး)) :D

အဲ့နောက် မိုးခါးက သူ စုဗူးမှာ စာမရေးတော့ဘဲ အပြင် ကိုယ်ပိုင် ဆိုဒ်နဲ့ ရေးနေပါတယ် တဲ့ .. နောက် ပိုးတွေကူးကုန်ပြီး .:D နေ၀သန် ကလည်း သူလည်း စာမရေးတော့ဘဲ ဘလော့ဂါ ဒေါ့ကွန်မှာ ရေး၊ ညီညီကျော် ကလည်း ဘလော့ဖွင့်ပြီး ရေးကြရာကနေ ဆောင်းနှင်းရွက် လည်း ဘလော့ဖွင့်ရကောင်းနိုးနိုး ၊ မဖွင့်ရ ကောင်းနိုးနိုးနဲ့ မိုးခါး ၊ နေ၀သန် ၊ ညီညီကျော် အကူအညီနဲ့ပဲ အရင် တတ်စတင် လုပ်ထားတဲ့ ဘလော့စပေါ့ဒေါ့ကွန်းကို ပစ်ပြီး ဆောင်းနှင်းရွက် ဆိုပြီး ဘလော့ ဖွင့်လိုက်ရာကနေ ခု လက်ရှိ ဖွင့်ထားတဲ့ ဘန်နာမှာ ဆိုဒ်နာမည် ပျောက်နေတဲ့ ဆောင်းနှင်းရွက် ဆိုတဲ့ ဆိုဒ်လေးပါပဲ ..

အဲ့ဒီ့နောက်ပိုင်း တစ်ယောက် နဲ့ တစ်ယောက် ဟိုဆိုဒ်သွားဖတ်ကြည့် ၊ ဒီဆိုဒ် သွားဖတ်ကြည့် ပြောရင်း စုဗူးပြင်ပ ကနေ ဘလော့ထဲက စသိလာတာ
တောင်ပေါ်သား ၊ အဆိပ်ခွက် ၊ ဦးရှင်ကြီး ၊ မေလေး ၊ မကောင်းကင်ပြာ ၊ မေတ္တာရောင်ပြန် ၊ ဘိုဘိုဟန်(မိုးကုတ်) ၊ ရီနိုမာန် ၊ ဦးသီဟသစ် ၊ နွေးနေခြည် ၊ မ၀ါ ၊ နွေးနွေးသဲမွန်.. သူတို့တွေနဲ့ သိလာခဲ့တယ် .. နောက် ကိုဖိုးစိန်၊ မေသူ ၊ မြရေသျှင် ၊ မျိုးထက်ဇော် ၊ သက်ပိုင်သူ ၊ ဆောင်းချမ်းမိုး ၊ သံလွင်ဟီးရိုး ၊ ညလင်းအိမ် ၊ မင်းကိုချစ်တဲ့သူ ၊ တလနွန် (( ကွိုင်ပဲ ရေးနေရင်း နာမည်တွေ မေ့ကုန်ပြီ ..)) စိတ်မရှိကြပါနဲ့ ... နောက်ပိုင်း ဟိုသွား ၊ ဒီသွား အဖွဲ့လိုက်တွေ ရှိလာခဲ့ပေမယ့် မအားတဲ့နေ့တွေက များနေတော့ တော်ရုံ တန်ရုံ မသွားဖြစ်တာ နဲ့ နောက်ပိုင်းမှာ ဘယ်သူနဲ့ အရမ်း မတွေ့ဖြစ်တာ က များလာခဲ့တယ် .. :))

ဒီထဲက ခုနောက်ပိုင်း စာရေးတာ ကျန်တာ ဆိုလို့လည်း နေ၀သန် ၊ မိုးခါး ၊ လင်းခေတ်ဒီနို ၊ ညလင်းအိမ် ၊ သက်ပိုင်သူ ၊ ကိုဖိုးစိန် ၊ မင်းကိုချစ်တဲ့သူ ၊ လောက်ပဲ ရှိပါတော့တယ် .. အဲ့နောက် ဘလော့ တော်တော်များများလည်း ပိုရောက်ဖြစ်လာတယ် .. ဘယ်ဘလော့ တွေ ရောက်လည်း ဆိုရင် တော်တော်များများကို ရောက်တယ်လို့ ဆိုချင်ပေမယ့် အကုန်တော့ မဖတ်ဖြစ်ပါဘူး .. ဘလော့ အသစ် တစ်ခုတွေ့တိုင်း ၊ စိတ်ဝင်စားစရာတွေ ရှိတိုင်း အမြဲ လင့်ခ်ယူပြီး ချိတ်ထားလိုက်ပါတယ် . . ရှေ့က သူဘာတွေ ရေးခဲ့လဲ ဆိုတာ မဖတ်နိုင်ပေမယ့် နောက်ပိုင်း ရေးမယ့်ဟာတွေကို ဖတ်ချင်တာနဲ့ တင်တိုင်းသိရအောင် လင့်ခ် ယူလာတာပါ ..
ဥပမာ - ကိုအောင်(ပျူနိုင်ငံ)ပဲ ဆိုပါစို့ .. :D သူ့လင့်ခ် ကို စတွေ့တုန်းက ဘန်နာ နဲ့ ဘလော့နိမ်း ကြောင့် စိတ်ဝင်စားသွားတယ် .. နောက် အထဲမှာ ၀င်ဖတ်ကြည့်တော့ သရဲ အကြောင်း တွေ ရေးထားတာ တွေ တွေ့တယ် .. ကိုယ်ကသာ သရဲ တုန်အောင် ကြောက်ပေမယ့် အဲ့လို ဖတ်ရတာတွေကို ကြိုက်တယ် ..း))
နောက် ဟိုနေ့က မောင်မျိုးရဲ့ ဆားချက်ခြင်းမှာ ဆောင်းနှင်းရွက် သူ့ကို သိပုံကိုပါ ချက်ထားတာ တွေ့လိုက်ပါသေးတယ် .. အဲ့လိုပေါ့ .. သူဆိုရင် သူရဲ့ မဲဆောက် ကဗျာ ဖတ်ရင်း သိသွားရာက သူ့ဘလော့ ဖတ်ဖြစ်သွားတာ အဲ့လိုမျိုးတွေပေါ့ ...
ဘလော့က လူတွေ ဘယ်လို သိလည်း ဆိုတာကို တစ်ယောက်ချင်းစီကို ရေးနေရင် အများကြီး ဖြစ်သွားမှာ စိုးလို့ မရေးတော့ပါဘူး .. :))
ခု ဘယ်ဘလော့တွေ ရောက်ဖြစ်လည်းဆို စလုံးက စာရေးတဲ့ သူတွေရဲ့ ဘလော့တွေ ၊ စာဖတ်သူ အရမ်းများတဲ့ ဘလော့တွေ ၊ နေ၀သန် ၊ လင်းခေတ်ဒီနို ၊ ကိုအောင် (ပျူနိုင်ငံ) ၊ ကိုဇော် ၊ မချော ၊ မရို့စ် ၊ မောင်မျိုး ၊ ငွေလမင်း ၊ သက်တန့်ချို ၊ မိုးယံ ၊ မြစ်ကျိုးအင်း၊ ရွှေစင်နု၊ မေဓာဝီ ၊ ညီလင်းသစ် ၊ ကိုကိုမောင်(ပန်းရနံ့) ၊ အန်ဂျယ်လှိုင်း ၊ သီဂီကျော် ၊ တီဆွီ ၊ မနတ်သမီး၊ ဦးဟန်ကြည် (
ရောင်စုံလေးတွေ နဲ့ ရေးလို့ :P နာမည် ကြီးတာလား ၊ ဘာလို့လဲ မသိဘူး .. ခုနောက်ပိုင်း နာမည် တော်တော်ကြီးနေသလိုပဲ .. :D ) ၊ ရှုပ်ပါတယ် .. ခု ဆောင်းနှင်း ဆိုဒ်မှာ လင့်ခ်ချိတ်ထားတဲ့ သူမှန်သမျှ ဆီ အကုန် ရောက်ပါတယ် ပဲ ပြောလိုက်တာ ကောင်းပါတယ် .. ဟီး ;-) နာမည်တွေ တပ်ပြီး မရေးတာ စိတ်မဆိုးကြပါနဲ့ ..း)

ခုလို အွန်လိုင်းမှာ စာရေးတာ ၊ စာဖတ်တာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ် .. စိတ်လည်း ပြေသလို ၊ ဗဟုသုတ တွေလည်း ရပါတယ် .. ခုလို စုဗူးက စလို့ ခုချိန်ထိ စာရေးနေရင်း သိတဲ့ သူငယ်ချင်းများအားလုံး ထဲမှာ ပြောမနာ ၊ ဆိုမနာ ၊ တကယ် ခင်ရတဲ့ သူငယ်ချင်းတွေ ၊ အကူအညီ လိုအပ်ခဲ့တဲ့ အချိန်တွေ မှာပဲ အကူအညီ ပေးခဲ့တဲ့ သူငယ်ချင်း တွေ ၊ အဝေးရောက်သွားပေမယ့် တတ်နိုင်သလောက် အမြဲ ကူညီပေးခဲ့တဲ့ သူငယ်ချင်း နေ၀သန် ၊ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..

နောက် .. ကွန့်မန့် တွေမှာ နောက်နောက်ပြောင်ပြောင် နဲ့ ပေးခဲ့တာတွေကိုလည်း စိတ်မဆိုးကြပါနဲ့ ပြောပါရစေ .. တစ်ခါတစ်လေ ပေးလိုက်တဲ့ ကွန့်မန့်နဲ့ စာနဲ့ တစ်လွှဲ ဖြစ်သွားမှန်း .. ကိုယ် ကိုယ်တိုင်လည်း သိပါတယ် .. အဲ့ဒီ့အတွက်လည်း စကောပန်ပါတယ် ..း)))
ဒါကြောင့် ခုချိန်မှာ ကိုယ်တိုင်သာ အတွေးပေါ် ၊ စိတ်ကူးပေါက် မှ အရည်မရ ၊ အဖတ်မရ တွေ ထရေး ပြီး စာတွေ ရေးတာ အရမ်း ကျဲ ပေမယ့် ဘလော့မှ ရေးတဲ့ သူတွေရဲ့ စာတွေကို အားတာနဲ့ ၀င်လာပြီး အမြဲ အားပေးနေရင်း ဆက်လက် ပြီး စာတွေ ရေးသားနိုင်ကြပါစေ လို့ ပြောလိုက်ပါရစေ ..

တကယ်တော့ ဆောင်းနှင်းရွက် ဆိုတာ စာရေးတဲ့ သူတစ်ယောက် မဟုတ်ဘဲ အားရင် ဘလော့က စာတွေ လိုက်လိုက်ဖတ်တဲ့ ပရိတ်သတ် တစ်ယောက်ပါ ..

PS ... !...* စာတစ်ပုဒ်ရေးတိုင်း အတွေးနဲ့ အရေးနဲ့ တစ်ခြားစီ ဖြစ်ဖြစ်သွားတတ်တာလည်း ခုချိန်ထိ မပျောက်သေးသလို မြန်မာလက်ကွက် ရိုက်ရာမှာလည်း စကားလုံး အဆင့်တွေ နဲ့ ရိုက်ရတဲ့ တစ်ချို့ စကားလုံးကို မရိုက်တတ်တာကြောင့် စာလုံးပေါင်းတွေ မှားနေပါတယ် .. *...!

Author: ဆောင်းနှင်းရွက်
•7/04/2011 01:00:00 AM
ဘလော့လည်း ဖုန်ဒလောဟော ဖြစ်နေပြီ .. အဲ့လိုပဲ .. ရေးချင်စိတ် ရှိရင် ထရေး ၊ မရေးချင်ရင် ပစ်ထားလိုက်နဲ့ .. သူ့ခမျာလည်း သနားပါတယ် .. လိုမှ ခေါ်သုံးသလို ဖြစ်နေတယ် ..
ခုတလောလည်း မျက်လုံးတွေထဲမှာ တွေ့ရတာတွေက သိပ်အဆင်မပြေတာတွေ က များနေတော့ စိတ်ပြေလက်ပြေ လုပ်တာတွေ များနေထဲက ဘလော့လည်း ရေးအုံးမယ် ဆိုပြီး ရောက်လာပြန်ပြီ ... ဒါကြောင့် ဒီနေရာလေးကို အမြဲ ကျေးဇူးတင်ပါတယ် ..
ဒါပေမယ့် စာရေးမယ် ဆိုပြီး အတွေးသာ ၀င်ပေမယ့် ရေးချင်စိတ်က သေချာ ဖီးလ်မလာသေးဘူး ၊ နောက် စာဖောဖောသီသီ ရေးနေကျ မဟုတ်တော့ လည်း ဘာရေးလို့ ရေးရမှာမှန်း မသိဘူး ဖြစ်နေတာနဲ့ ..
ခုတစ်လော နားထောင်ဖြစ်နေတဲ့ အိုး အိုး စောင်း တွေ ထဲက နားထဲ စွဲနေတဲ့ သီချင်းနှစ်ပုဒ်ပဲ အရင် တင်လိုက်တယ် ..











PS ... !...* .twenty ကာရက် ဂိုးဒင်း ရင်း ပဲ ဖြစ်ဖြစ် ဒိုင်မန်း ကြီးပဲ ဖြစ်ဖြစ် ၀ယ်ပေးချင်တဲ့ သူ များ ရှိရင် လည်း ပြောပါ .. လှိုက်လှိုက်လှဲလှဲ လက်ခံလျှက်ရှိကြောင်းပါ .. :D .. *...!

Author: ဆောင်းနှင်းရွက်
•4/09/2011 11:56:00 PM


ယဉ်ကျေး နားဝင်ချိုသာစွာ ပြောရင်တော့ ဘ၀ခြားများ ..
နဲနဲ လန့်အောင် ပြောရရင်တော့ သရဲများ ... :D

သရဲ .. သရဲ .. လို့ပဲ ခေါ်ရမလား .. ဘယ်လို နာမည် တပ်ရမလဲ ..

ထိုထိုသော ဘ၀ခြားများကို တွေ့ရမှာကို သေအောင်ကြောက်သည် . .. ဘ၀ခြားများကို ကြေက်သလို .. အမှောင်ကိုလည်း ကြောက်သည် .. ငယ်ငယ်ကဆို မီးပြတ်သွားပြီဆိုရင် သွေးပြတ်မတတ် ကြောက်သည် .. ငယ်ငယ်မဟုတ်ဘူး .. ခုချိန်ထိ ရန်ကုန်ပြန်သွားလို့ မီးပြတ်တာနဲ့ တိုးရင် ကြောက်တုန်း ... မီးပျက်ပြီ ဆိုတာနဲ့ အနားရှိတဲ့ သူနား ပြေးကပ်တာပဲ.. မတော်လို့များ မှောင်ထဲမှာ ရုတ်တရက် ၀ါးကနဲ လာပေါ်လိုက်ရင် ဆိုပြီး တွေးပြီး အသေကြောက်သည် .. ဒါမှ မဟုတ် ဇာတ်လမ်းတွေထဲကလို မှောင်ထဲမှာ လက်လာဆွဲသွားတို့ .. တစ်ခုခု ကိုယ့်ကို လာခြောက်မှာ အ၇မ်းကြောက်သည် .. တစ်ယောက်ယောက် လက်ကို ကိုင်ထားရင်းနဲ့ပဲ "သမီးနားမှာ မီးခြစ်ရှိတယ် ၊ ဓာတ်မီး ရှိတယ် " ဆိုပြီး ပြောရင်လည်း စမ်းရမှာ အရမ်းကြောက်သည် .. မတော်လို့ သူက လာမထိပါဘူး .. ကိုယ်က သွားထိလိုက်မှဖြင့် ဆိုပြီး တွေးပြီး ခြောက်ခြားနေတာ .. အဲ့လိုတွေ မဟုတ်တာတွေကို ကြောက်လွန်းလို့ အခန့်မသင့်ရင် မီးပြတ်တိုင်း အဆူခံရသည် .. အထူးသဖြင့် အဒေါ် နဲ့ မေကြီး ရဲ့ အော်တာကို တော်တော် ခံရတယ် .. " မဟုတ်တာ တွေ လျှောက်လျှောက်မတွေးနဲ့ တဲ့ .. ကိုယ့်အိမ့်မှာ ဘုရားနဲ့ တရား နဲ့ နေတာ ဘာမှ မရှိဘူး တဲ့ " ဟုတ်တော့လည်း ဟုတ်တာပဲ .. ဆောင်းနှင်း ကိုယ်တိုင်ကကို လွန်လွန်းနေတာ ... :D

ခုပြောမှာက ဘ၀ခြားတွေ ပါ .. လူတိုင်း တော့ ကြုံဖူးမှာမဟုတ်ပါဘူး .. လူတိုင်းမှာ ကံနှိမ့်တဲ့ အချိန် ၊ ကံ မြင့်ချိန် ဆိုတာ ရှိတာပဲ ...
တွေ့ဖူးရင် ကံနှိမ့်တယ်လို့လည်း မဆိုနိုင်ပါဘူး .. ဘာလို့လည်းဆို တစ်ဘက်က ဘ၀ခြားသွားပေမယ့် အရမ်း ကိုယ့်ကို အစွဲအလန်း ကြီးနေတာလည်း ဖြစ်နိုင်တာပါပဲ .. ထားပါတော့ .. ကိုယ်ရေးချင်တာပဲ ဆက်ရေးတော့မယ် .. :D

ဘ၀ခြား လားး .. ပထမဆုံး မြင်ဖူးတာကတော့ မူလတန်း တတ်ခဲ့တဲ့ ကျောင်းလေးမှာပါ .. (ဒီအဖြစ်အပျက်ကလေးကို ကောင်းကောင်းကို မှတ်မိနေပါသေးတယ်) အရွယ်ကတော့ မူလတန်း ကျောင်း စတတ်နေတဲ့ အရွယ် သူငယ်တန်းပေါ့.. လန့်ပြီး ဖျားတာ နောက်နေ့ ကျောင်းမတတ်နိုင်တော့ဘူး ...း)) ဆောင်းနှင်းတို့ ကျောင်းရဲ့ အနောက်ဖက်မှာ လမ်းကွင်းပြင်ကြီး တစ်ခု ရှိတယ် .. ယောကျာင်္လေး ၊ မိန်းကလေး အိမ်သာတွေကလည်း ကျောင်းရဲ့ အနောက်ဖက် တော်တော်ဝေးဝေးမှာ ရှိတာပါ .. အိပ်သာတွေရဲ့ အနောက်ဖက်မှာ ကျောင်းခြံစည်း၇ိုးက လွှဲလို့ ဘာမှ မရှိဘဲ မြေကွင်းပြင်ကြီးပဲ ရှိပါတယ် ... တစ်နေ့ ဆောင်းနှင်းတို့ သူငယ်ချင်း တွေ အိပ်သာ သွားရင်း အိပ်သာ မ၀င်ခင် ရုတ်တရက် ကွင်းပြင်ထဲကို မြင်လိုက်တာ .. လက်ကြီးးးး .. လက်ကြီးးး .. မြေကြီးထဲကနေ ထွက်လာပြီး ဆောင်းနှင်းတို့ကို ခေါ်တာပါ .. ဘယ်ပြောကောင်းမလဲ ... ပြေးလိုက်တာ တန်းစီနေတာပဲ ... ဆရာမကိုလည်း ပြန်ပြောပြ .. အိမ်ကိုလည်း ပြန်ပြောပြနဲ့ .. ကျောင်းအုပ်ဆရာမကြီးက ဘယ်ကနေ ၊ ဘယ်လို စုံစမ်းလဲ အဲ့ဒါတော့ မသိတော့ဘူး .. အဲ့ဒါ ကွင်းပြင်စောင့်တာတွေ .. ၊ ပသီ မောင်နှမ တွေတဲ့ ... အဲ့ဒါနဲ့ ကျောင်းမှာ တရားတွေ ဘာတွေနား .. ၊ အမျှအတန်းတွေ ပေးဝေတာတွေ လုပ်ကြပေမယ့် နောက်နေ့ ကျောင်းမသွားနိုင်တော့သလို ၊ မျက်လုံးထဲကနေလည်း မထွက်ဘူး ...

နောက် ၄ တန်းပြီးတော့ အဲ့ဒီ့ မူလတန်း ကျောင်းလေးကနေ မြို့ထဲက အထက်တန်းကျောင်းတစ်ကျောင်းကို ပြောင်းဖြစ်သွားတယ် .. အဲ့ဒီ့ ကျောင်းက ဗြိတိသျှ လက်ထက် က အင်္ဂလိပ်တွေ အခြေချ နေထိုင်သွားတဲ့နေရာတဲ့ .. ဟုတ်လား မဟုတ်လားတော့ မသိပါ .. ကျောင်းမှာ မ၇မ်းပင် အကြီးကြီးတွေ ၊ ညမွှေပန်း အပင်တွေ နဲ့ ဘော်ဒါဆောင် ကို ကြည့်ရတာ စိတ်ခြောက်ခြားလှတယ် ... ဆောင်းနှင်းကတော့ ကျောင်းက ဘော်ဒါမှာ မနေခဲ့ပေမယ့် အဆောင်က လူတွေပြောတာတော့ .. ဆပ်ပြာခွက်တွေ ဘာဖြစ်တယ် .. ရေကျသံတွေ ဘာဖြစ်တယ်ဆိုတာ နောက်နေ့ မနက် ကျောင်းကို ရောက်ရင် ကြားရတတ်ပါတယ် .. တကယ်တော့ သူတို့တွေလည်း သွေးခြောက်ခြားတာဖြစ်မှာပါ ...း)) အဲ့လိုပဲ ကျောင်းမှာ ၅ တန်းဆောင် အီးခန်း က ခြောက်တာတို့ .. ၉ တန်းဆောင်ဘက်မှာ စပရစ် ခေါ်ရင် ခဏလေးနဲ့ ၀င်တာတို့ .. အကြွေစေ့ နဲ့ခေါ်တာတွေ .. အမျိုးမျိုးတွေ နဲ့ပဲ ကိုယ့်စိတ်ကိုယ် ခြောက်ခြားအောင် လုပ်မိသလိုပဲ ..

နောက် ၇ တန်းတုန်းက အဖိုး ဆုံးတော့ တစ်ခါ ... အဖိုးက ကျောက်ပန်းတောင်းက ဆိုပေမယ့် ဆုံးတော့ မန်းတလေး ဆောင်းနှင်းတို့ ရှင်ပြု ၊ နားသ အလှူ ကို လာရင်းနဲ့ ရုတ်တရက် ဆုံးသွားတယ် .. မျက်စိရှေ့မှာတင် ပထမဆုံး အကြိမ် မြင်ဖူးတော့ အရမ်းလန့်သွားတယ် .. အိပ်လို့လည်း မပျော်သလို ၊ အရမ်းကြောက်မိတယ် .. နောက်ဆုံး အလှူ ရေစက်ချ လုပ်တဲ့နေ့ကတော့ အဖိုးလာသွားတယ်လို့ ပြောတော့ ဘာမှန်းမသိ လူက တုန်နေတယ် .. နောက် အလှူပြီးတော့ ကျောက်ပန်းတောင်းဘက် ဆက်သွားတော့လည်း ညဘက်တုန်းကဆိုရင် အဖေ့ လိမ်းနေကျ ပေါင်ဒါနံ့ ရတယ်လို့ မနက်ဘက် အဒေါ်တွေ ပြောတာ ကြားတော့ ညဆို အိပ်ပေါ်ထပ် မတတ်ရဲပြန်ဘူး ... ( တကယ်တော့ ရက်လည်ပြီးပြီ ပဲကိုး .. )

အဖိုးပြီးတော့ ဆောင်းနှင်းရဲ့ အချစ်ဆုံး အဒေါ် ၊ ၀မ်းနဲ့ လွယ်ပြီးဆောင်းနှင်း ကို မမွေးခဲ့ပေမယ့် အမေရင်း မခြား ဆောင်းနှင်းတို့ မောင်နှမ အပေါ် အရမ်း ဂရုစိုက်တဲ့ အမေ့ရဲ့ ညီမ .. ဆောင်းနှင်းရဲ့ ချစ်ဆုံး လေးလေး .. (လေးလေးဆိုတာ မန်းတလေး ဘက် က အန်တီတွေကို သုံးနှုန်းတာတဲ့) .. အဲ့တုန်းကတော့ ဆောင်းနှင်းမကြောက်ခဲ့ဘူး .. လေးလေးကို တွေ့တောင် တွေ့ချင်နေမိတယ် .. ဒါပေမယ့် လုံးဝ ဘာဆို ၊ ဘာမှ မတွေ့ခဲ့မိဘူး .. မေကြီးက ပြောတာတော့ သမီး ကြောက်တတ်မှန်းသိလို့ နေမှာပေါ့ ဆိုပြီး ခုချိန်မှာ ရယ်စရာ အနေနဲ့ တစ်ခါတစ်လေ နောက်နေပါသေးတယ် ...
နောက် အကို တစ်ဝမ်းကွဲ ဆုံးတော့ လည်း အိမ်မှာ ကိုယ့်ဘာသာ ခြောက်ခြားတာ ပြောမနေနဲ့တော့ .. ခြောက်ခြားဆို အကို က မန်းတလေး မှာ ဆုံးပြီး ရက်မလည်ခင်ပဲ အိမ်ရှေ့မှာ ဆောင်းနှင်းနဲ့ ဆောင်းနှင်း အမ ၀မ်းကွဲ တစ်ယောက်နဲ့ ရပ်နေရင်း အိမ်ထဲကို အဖြူရောင် ၀တ်စုံနဲ့ ကောင်လေးတစ်ယောက် ၀င်လာတယ်ဆိုတာ တွေ့လို့ မတ်တပ်ထပြီး တံခါးနားသွားမယ် အလုပ်မှာ ဘယ်ပျောက်သွားမှန်း မသိ .. ပျောက်သွားလိုက်တာ ညီမ ၂ ယောက်လုံး ဒူးကိုတုန်လို့ ..း))

နောက် ဒီကို ရောက်လာတော့ ပိုဆိုးတယ် .. ဒီမှာ အဲ့လို ဘ၀ခြားတွေ အရမ်းပေါတဲ့ အကြောင်း .. အထူးသဖြင့် တစ္ဆေကြီးများ ကန်တော့တဲ့ လတွေမှာဆို ပိုဆိုးတယ်တဲ့ ...
အလုပ်က ပြန်လာတာ တစ်ခါတစ်လေ နောက်ကျတဲ့နေ့ဆိုရင် ဓာတ်လှေကား စီးရင်းနဲ့ အနောက်ဘက်မှာ ပေါ်လာမှာတို့ .. အိမ်တံခါး ဖွင့်နေရင်း အနောက်ဘက် က နေ ကိုယ့်ကို လက်နဲ့ ပုတ်လိုက်မှာတို့ ဇာတ်လမ်းတွေ ကြည့်ကြည့်ပြီး သွေးခြောက်ခြားပြီး လန့်တာ .. :D တကယ်တော့ အဲ့လို ဇာတ်လမ်းကလည်း အရမ်းကြည့်ဖြစ်တာ မဟုတ်ပေမယ့် ၁ ကားကြည့်ပြီးရင် ၁ လ လောက် လန့်နေတယ် ... :D ခုလည်း အစောန (husk) ဆိုတဲ့ သရဲကား ကြည့်ပြီး စိတ်ကူးပေါက်တာ ပို့စ်ရေးလိုက်တာ .. ;))
လူက ကြောက်သာ ကြောက်တယ် .. နားထောင်ချင်လိုက်တဲ့ သရဲ အကြောင်း ၊ ကြည့်ချင်လိုက်တဲ့ သရဲကား .. ဖတ်ချင်လိုက်တဲ့ သရဲ အကြောင်းတွေ .. စိတ်ဝင်စားသလား မမေးနဲ့ .. ဖြစ်နိုင်ရင် ခရမ်းရောင်လိုင်းက ပိတ်ထားတဲ့ အမ်အာရ်တီ စတေးရှင်းကိုတောင် သွားကြည့်ချင်တာ .. တကယ်ပြောတာ .. :D
ကျောင်းမှာဆို လည်း သူငယ်ချင်းတွေ ပြောရင် အရမ်း စိတ်ဝင်စားတာ .. ညဘက် ဘာဘယ်အလုံးခေါက်သံ ကြားရင် အဲ့ဒါ ကလေး သရဲ တဲ့ .. အစုံ .. အစုံပဲ .. သူတို့ ပြောပြတာ .. B-)

အင်းး .. ဒါနဲ့ .. ပြောပြအုံးမယ်.. နောက်တစ်ခု ..
ဒီရောက်တော့ အဲ့လိုမျိုးတွေ တစ်ခါမှ မကြုံဖူးပေမယ့် ကိုယ့်ဘေး နားက တစ်ယောက် ကြုံသွားတာလေးပါ .. တစ်နေ့ ကြက်တောင်ရိုက်ကအပြန် ညဘက် ၁၁ နာရီလောက်ရှိနေပါပြီ .. အခန်းက အမ တစ်ယောက်ရယ် .. နောက် ကောင်လေးတစ်ယောက် ရယ် .. ဆောင်းနှင်းရယ် .. စုစုပေါင်း ၃ ယောက်.. အဲ့ဒီ့ ကောင်လေးမှာ ကားပါ တော့ ဆောင်းနှင်းတို့ သူ့ကားနဲ့ ပြန်လာရင်း အိမ်နားက ရှော့ အန် ဆေ့ ဆိုင် မှာ အချိုရည်ဗူး ၀ယ်ကြတဲ့ အချိန်ပေါ့ .. ဆောင်းနှင်းတို့ ချပေးပြီး သူကားပါကင်သွားထိုးလိုက်မယ်တဲ့ .. သူလည်း အိမ်သာ သွားချင်နေလို့တဲ့ .. အဲ့ဒါနဲ့ ဆောင်းနှင်းတို့လည်း သူချပေးတဲ့ ဆိုင်နဲ့ ဒလွဲခုတ် နေရာလေးကနေ ဆင်း ပြီး ၊ ဆိုင်မှာ အအေးဝယ်ကြတာပေါ့ .. အအေးဝယ်ပြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာ အဲ့ဒီ့ကောင်လေးလည်း ပြန်ရောက်လာတော့ ကားဘယ်နား ထားခဲ့လည်းလို့ အမမေးလိုက်တော့ .. " ကားက ဒီမှာပဲလေ " တဲ့ .. အခန်းက အမ က မျက်လုံးပြူးသွားတယ် .. ဒါဆို အဲ့ကားပေါ်ကနေ အစောက ဆံပင် အရှည်ကြီးနဲ့ ကောင်မလေး တစ်ယောက်ဆင်းသွားတယ်တဲ့ .. ဆံပင်ရှည်တာမှ တင်ပါးလောက်တောင် အထိ ဆိုပဲ .. သူကလည်း သူဘယ်လို မြင်လိုက်တဲ့အကြောင်း .. ဆောင်းနှင်းရော ၊ သူရော က ကားကို ကားပတ်ခ့် မှာ သွားရပ်ထားတယ် ထင်တော့ အဲ့ကားကို သူများ ကားပဲ ထင်ပြီး ဆောင်းနှင်းက သတိမထားလိုက်ပေမယ့် အခန်းက အမကတော့ သူသေချာ မြင်လိုက်ရတဲ့ အကြောင်း ပြောတော့ ၂ ယောက်သား ၊ ကားပေါ် တတ်ပြီး အိမ်ပြန်ရမလား .. ဒီအတိုင်းပြန်ရမလား .. ဒါနဲ့ပဲ ကားနောက်ခန်းထဲမှာ စီးနေရင်း အနောက်ဘက်ကနေ ဝေါကနဲ ပေါ်လာမလား .. အတွေးတွေနဲ့ .. အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲက အိပ်ပြင်တောင် မထွက်ရဲတော့ဘူး ... :D

နောက်ရှိသေးတယ် .. အိမ်ရှေ့ ဖိနပ် စီးတဲ့ ခုံပေါ်မှာ ဟိုဘက်အခန်းက အမ မြင်တာတွေ .. ကျန်သေးတယ် ..

ရေးရမယ်ဆိုရင် အများကြီးရှိနေသေးသလိုပဲ .. ဒါပေမယ့် ဆက်ရေးရမှာ ကိုယ့်ဘာသာ ကိုယ် ကြောက်နေပြီ ..
ရေးတော့ဘူး .. ဒီမှာပဲ ရပ်တော့မယ် ...


PS ... !...* ရေးချင်တာ တစ်ခြား ၊ ရေးမိလိုက်တာ တစ်ခြားတွေ ဖြစ်တွားတယ် . :D .. *...!

Author: ဆောင်းနှင်းရွက်
•4/01/2011 10:19:00 PM
သူများတွေ ဧပယ်ရယ်လ် ဖူးလ် လား မဖူးလ်လား မသိ ၊ ဆောင်းနှင်းကတော့ မဖူးလ် ပေမယ့် ဘူတဲ့နေ့ပဲ ..

ဒီနေ့ ညနေဘက် ၆ နာရီက စလို့ ဆောင်းနှင်းတို့ အခန်းထဲက သူငယ်ချင်းတွေ စုပြီး ပါဆားရစ်ကနေ အော့ချက် ၊ အော့ချက် ကနေ ပါဆားရစ် ၊ (သို့) တစ်နေရာရာ ကို ညလုံးပေါက် စက်ဘီးစီးဖို့ တိုင်ပင်ထားပါတယ် .. နောက်နေ့ မနက် ၇ နာရီ အထိပေါ့ ...

****************************

ငါ့ကို မနက် ၈နာရီ ၁၅ မိနစ် မတိုင်ခင် လိုက်ဖြစ်တယ်၊ မလိုက်ဖြစ်တယ်ဆိုတာကို မက်ဆေ့ခ်ျ ပို့ ၊ နင် မလိုက်ဖြစ်ရင် အထုပ်တွေ နဲ့ အလုပ်ကို မသွားတော့ဘူး .. အဲ့ဒါ မနက်အကြောင်းပြန်ပါလို့ မှာထားတဲ့ သူငယ်ချင်းက ၈ နာရီ ၄၅ မှ မက်ဆေ့ခ်ျပို့တာနောက်ကျတော့ ၊ လိုအပ်တာရော ၊ မလိုအပ်တဲ့ ပစ္စည်း တွေရောကို ကျောပိုးအိတ်နဲ့ အပြည့်သယ်လို့ အလုပ် ကို သွားပေါ့ ... ကိစ္စမရှိပါဘူး .. နဲနဲ ပဲ ပိုသယ်သွား၇တာလို့မှတ်ယူလိုက်ပါတယ် ...

^^^^^^^^^^^^~~~~~~^^^^^^^^^^^^^^

ကျောင်းပိတ်တုန်းမလို့ ပတ်တိုင်းအလုပ်ပိုလုပ်ချင်တာနဲ့ ကိုယ်လုပ်နေကျ အလုပ်အပြင် အလုပ်တွေ လိုက်လျှောက်နေတာ ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းကပေါ့ ..(သူငယ်ချင်း တစ်ယောက်နဲ့အတူ) ဒါနဲ့ပဲ အလုပ်အသစ် တစ်ခုမှာ အတူတူ ရတယ်ပဲ ဆိုပါတော့ .. အင်တာဗျူးတဲ့နေ့က ဘာလုပ်ရမယ် ၊ ဘာလုပ်ရမယ် ဆိုပြီး ပြောထားပြီး .. ဒီနေ့ အလုပ်သွားလုပ်တော့ မပြောထားတာတွေပါ လုပ်ခိုင်းတာ ဆိုတော့ စိတ်ထဲမှာ တင်းသွားတယ် .. အဲ့ဒါနဲ့ နေ့လည်ထမင်းစားတော့ စားနေရင်း သူငယ်ချင်း ၂ ယောက် ငါတို့တို့ ပြန်စဉ်းစားရတော့မယ်လို့ ...နောက်စားနေရင်မှ ကြည့်မိလိုက်တယ် .. သောက်နေတဲ့ ကင်ချီဟင်းချိုက ၀က်သားတွေနဲ့ .. သေရော .. ထားလိုက်ပါတော့ .. မသိလို့စားမိလိုက်တယ်ပဲ သဘောထားလိုက်တယ် .. ;)
ဒါနဲ့ ညနေ အလုပ်လည်း ပြီးရော ဘာကြောင့်မလုပ်နိုင်တော့တဲ့ အကြောင်း ဆိုတာကို မက်ဆေ့ခ်ျ အရှည်ကြီး ရိုက် ရှင်းပြပြီး ပို့ပေးလိုက်တယ် .. ဒီနေ့လုပ်တာ ကံကောင်းရင်တော့ ရမှာပေါ့ .. ကံမကောင်းရင်တော့ ဧပရယ်ဖူးလ်မှာ ပျော်လွန်းလို့ ရက်ရောစွာနဲ့ သူများဆီမှာ အလုပ် အလကား သွားလုပ်ပေးလိုက်ပါတယ် လို့ပဲ သဘောထားလိုက်ပါတယ် .. :D


အလုပ်ပြီးတော့ ဖုန်းထဲကို မက်ဆေ့ခ်ျဝင်လာပါတယ်... ငါတို့ ဒီနေ့ စက်ဘီးမစီးဖြစ်ကြတော့ဘူးတဲ့ .. ကန်ဆယ် တဲ့ .. မျက်နှာ က ပိုပြီး မှုန်သုန်သွားတယ် ... -.- ဘာလို့လဲဆိုတော့ ဟိုလူကြောင့် ၊ ဒီလူကြောင့် နဲ့ တစ်တန်းလုံးမှာ ၃ ယောက်ပဲ မပါနိုင်တဲ့ ကိစ္စ က ဘာကိစ္စ နဲ့ ဒီနေ့ ညနေ ၄ နာရီကျမှ ရုတ်တရက် ပျက်သွားရတာလဲပေါ့ .. အဲ့ဒီ့ ၃ ယောက်ကလည်း အစကတည်းက မလိုက်နိုင်ကြောင်း အစောကြီးကတည်းက ပြောထားတဲ့ ဟာကို .. နင်တို့ အဓိပယ် ကို မ၇ှိဘူးလို့ .. နဂိုကမှ လူက ကြည်ကြည်လင်လင် မရှိတာ ဒေါသက ပိုထွက်သွားတယ် .. အထုပ်ကလည်း သယ်ရသေးတယ် .. (ပြောရင်းတောင် စိတ်တိုတယ်) ... အဲ့ဒါနဲ့ ဘာတဲ့ .. အိုင်စ်စကိတ်စီးမယ်တဲ့ .. မစီးချင်ရင် မုန့်သွားစားပြီး ရုပ်ရှင်ကြည့်မယ်တဲ့ .. တော်လို့ .. မသွားတော့ဘူးလို့ .. စိတ်တိုလိုက်တာ ... ဂူးးးဂူးးး ဂါးးးးဂါးးးး ပဲ ...


အဲ့ဒါနဲ့ ညနေ အလုပ်ကပြန်တော့ ဆီးသီးတောမှာ သူက ဘီးဇီး၊ ကိုယ်က ဘီးဇီး နဲ့ မတွေ့ဖြစ်တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့အတူ အကင်ဆိုင်အသစ် တစ်ခုမှာ ထမင်းသွားစားပါတယ် .. ခဏနေတော့ သူ့သူငယ်ချင်း တစ်ယောက်ပါ လာမယ်ဆိုပြီး ရောက်ချလာပါတယ် .. အဲ့ဒါနဲ့ စားစရာတွေ မှာပေါ့ .. မန်းမြီးရှည်နဲ့ ခေါက်ဆွဲကြော် ၃ ပွဲ ၊ ငါးကင် ၊ ကြက်ဖင်ဆီဖူးကင် ၊ အသဲအမြစ် ကင် နဲ့ ၀က်နံရိုးကင်ပါ ...
ပြောချင်တဲ့ဆီ မရောက်သေးဘူး .. ဆောင်းနှင်းက ၀က်သားမစားတော့ အကင်တွေကို ပန်းကန်ထဲ အကုန်စုထည့်မလာခဲ့ဖို့ မှာလိုက်ပါတယ် ..ခွဲပြီး ထည့်ပေးပါတယ် .. ဒုတိယ တစ်ခေါက် အကင်တွေ ထပ်မှာတဲ့ အချိန်မှာတော့ အကင်ကို ဘယ်လိုလာချလည်း ပြောပြပါမယ် ... ၀က်နံရိုးကင်တွေကို တော့ ပန်းကန်နဲ့ ထည့်လာပြီး တစ်ခြားအကင်တွေကို လက်နဲ့ ကိုင်လာပါတယ်.. ကိုင်လာပြီး ဆောင်းနှင်းရှေ့က ငါးကင်အရိုးတွေထည့်ထားတဲ့ ပန်းကန်းထဲ ထည့်သွားပါတယ် ..( ငါးကင် ပန်းကန် မဟုတ်ပါ ) ထိုင်နေတဲ့ ၃ ယောက်လည်း မျက်လုံးပြူး .. ဆောင်းနှင်းကတော့ ပွစိ ပွစိပေါ့ .. စိတ်ထဲမှာ ကောင်မလေးကို ခေါ်ပြီး အသစ်ပြန်လုပ်ခိုင်းမယ် ဆိုပြီးခေါ်မလို့ လုပ်လိုက်ပါသေးတယ် ..ဆောင်းနှင်း သူငယ်ချင်းရဲ့ သူငယ်ချင်းကို အားနာတာပါ .. ဆောင်းနှင်း သူငယ်ချင်းလည်း မဟုတ် ၊ ဘယ်လိုလုပ်ပြီး ဒီအရိုးပန်းကန်ထဲက ဟာကို ယူစားပါ့မလဲ .. ဆောင်းနှင်း သူငယ်ချင်းကတော့ သူငယ်ချင်း အချင်းချင်း မလို့ ထားလိုက်ပါတော့.. .. သူငယ်ချင်း က စိတ်လျှော့လိုက်ပါတဲ့ .. ယောက်င်္ကျားလေး ၀ိုင်း ဆိုတော့ ကောင်မလေး ရှက်ကိုးရှက်ကန်းနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာ နေမှာပါတဲ့ .. သူတို့ ၂ ယောက်က လျှောက်နောက်နေပေမယ့် ဆောင်းနှင်း စိတ်ထဲမှာ ကျလိကျလိနဲ့ တစ်ခုခုကို ပြောချင်နေတယ် .. ဒါနဲ့ ဘေလ်ရှင်းတော့ ဆိုင်ရှင်လား ၊ ဘာလားတော့ မသိ ၊ အကိုကြီးလား ၊ မောင်လေး လား ၊ ရွယ်တူ ပဲလား ..သန့်သန့် ပြန့်ပြန့်နဲ့ တစ်ယောက် လာရှင်းပါတယ် .. "အကို မေးကြည့်လို့ ရမှာလား လို့ .. ဘယ်လို မှတော့ စိတ်မရှိပါနဲ့ .. ဒုတိယ တစ်ခေါက် အကင်မှာတဲ့ အချိန်မှာ ဘာလို့ ပန်းကန်အသစ်နဲ့မချပေးဘဲ စားပြီးသား အရိုးပန်းကန်ထဲကို ထည့်ပေးသွားတာလဲလို့ " .. သူငယ်ချင်းက ၀င်ဖြေပါတယ် .. " ကျွန်တော်တို့က ကိစ္စ မရှိပါဘူးတဲ့ .. အစောက !@#$%^&*()_ နောင် ဧည့်သည် တွေကျတော့ မကောင်းဘူးပေါ့လို့ " ပြောလည်း ပြီးရော .. ဆောင်းနှင်းကို လျှာရှည်လို့တဲ့ .. အဲ့ဒါ လျှာရှည်တာမှ မဟုတ်တာ ...
(( စေတနာ ဗလပွ နဲ့ ပိုကောင်းလာစေချင်လို့ ဖိ့ဘက်ခ် ပေးတာလို့ ခေါ်တယ်လို့ .. :D ))
ဟုတ်တယ်လေ ... စားလို့ အရသာလည်း မဆိုးဘဲ ရောင်းအား ကောင်းတဲ့ ဆိုင်ကို ပိုပြီး ရောင်းအား တက်စေချင်လို့ ပြောတာ ..း))

မပြီးသေးပါဘူး .. နောက်တစ်ခု
မနက်ကတည်းက လူက နေမထိ ၊ ထိုင်မသာ ဖြစ်တဲ့ အထဲမှာ လက်ရှိလုပ်နေတဲ့ ပုံမှန်အလုပ်က ဘဏ်ထဲကို ၁ ရက်နေ့ ၀င်ရမယ့် ဟာကို မနက်ကတည်းက ညနေ အထိ ချက်နေတာ ပိုက်ပိုက် ၀င်မလာသေးဘူး ..
... ခု စာရေးနေတဲ့ ည ၁၀ နာရီ အထိ လည်း ၀င်သေးဘူး ... ;(
အရင်ဆို နောက်မကျတတ်ဘဲ ဒီနေ့ မှ တမင် ဖူးလ် အောင်များ တမင် နောက်ကျတာလား မသိဘူး ..း))

မဖူးလ်ပါ .. သို့သော် .. ညစ်တယ် ...



PS ... !...* မဖူးလ် သော်လည်း .. ဒီနေ့ ရေရေလည်လည် ညစ်တယ်.. ခုထိ စိတ်မကြည်ဘူးးး .. *...!

Author: ဆောင်းနှင်းရွက်
•3/27/2011 02:48:00 AM

ဖြူစင်ရှင်းသန့်
မြင့်မြတ်စိတ်ထား
အေးမြကြည်လင်
မေတ္တာ နှလုံးသား
မြင့်မိုရ်တောင်မက
ကြီးမားလှသော
မေမေ့ မေတ္တာ ။ ။

သန္ဓေမှတည်
ကြီးရင့်သော်လည်း
မည်သည့် အရာ
မည်သို့မျှပင်
တုနှိုင်းမယှဉ်သာ
ချစ်ခင်ယုယ
ပေးစွမ်းနိုင်သော
မေမေ့ ကရုဏာ ။ ။

ဘယ်သို့အချိန်
မည်သည့်ခါမျှ
မပြောင်းလဲသော
တုနှိုင်းမရှိသည့်
အကြင်နာနွေးထွေး
မေမေ့ရင်ခွင် ။ ။

xx. x. ၂၀၀၂ ။ ၂၀၀၆


၂၀၀၂ မှာ ကျရောက်ခဲ့တဲ့ ဆောင်းနှင်းရဲ့ မွေးနေ့မှာ မေမေ့ကို ပေးမယ်ဆိုပြီး ပထမဆုံး စပ်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ ... ဆောင်းနှင်းလည်း အရမ်း ငယ်သေးတော့ ကိုယ့် မွေးနေ့မှာ အဲ့လိုကြီး ပေးရမှာ ကောင်းပါ့မလား .. ဒါမှ မဟုတ် ရှက်နေခဲ့တာလား ဘာကြောင့်မှန်းမသိဘဲ မေမေ့ကို မပေးဖြစ်ခဲ့ပါဘူး ..

နောက် ၂၀၀၆ မှာ တစ်ခါ ၊ ဒီကဗျာလေးနဲ့ ပစ္စည်း တစ်ခု ပေးမယ် ဆိုပြီး ထပ် ရည်ရွယ်ခဲ့ပါသေးတယ် ..
အဲ့ဒါလည်း အကြောင်း အမျိုးမျိုးကြောင့် ပစ္စည်း လေးပဲ ပေးဖြစ်ခဲ့ပြီး .. စာရွက်အိတ်လေးကို သိမ်းထားခဲ့မိပြန်ပါတယ် ..

ဒီကဗျာလေးဟာ ခုချိန်ထိ ဆောင်းနှင်း ကိုယ်တိုင်ပဲ ဖတ်ဖြစ်နေတဲ့ ကဗျာလေး တစ်ပုဒ်ပါ ...
တကယ်တော့ အစက ဒီနေ့ ကျရောက်တဲ့ မေမေ့ မွေးနေ့မှာ ဒီကဗျာလေးနဲ့ အတူ ပစ္စည်းလက်ဆောင်လေး ထည့်ပေးမလို့ စိတ်ကူးထားပါသေးတယ် ..
ဒါပေမယ့် လက်ဆောင် သာ ပို့ပေးဖြစ်ပြီး ၊ ဒီ ကဗျာလေးကတော့ ဒီအတိုင်း ကျန်နေခဲ့ပါသေးတယ် ...
ဒါကြောင့် ဒီကဗျာလေးကို ဒီနေ့ ကျရောက်တဲ့ မေမေ့ မွေးနေ့အတွက် အမှတ်တရ လက်ဆောင် အဖြစ် စာအိတ်လေး ပျောက်သွားခဲ့ရင်တောင်မှ အမြဲ အမှတ်တရ ကျန်နေအောင် မိမိရဲ့ ဘလော့မှာပဲ ပြန်သိမ်းထားလိုက်ပါတယ် ..

မေမေ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်စုံ၍ အစဉ်သဖြင့် ကျန်းမာပျော်ရွှင်စွာ မေမေချစ်တဲ့ သားနဲ့ သမီး နဲ့အတူ နေနိုင်သွားနိုင်ပါစေ ...



PS ... !...* အဝေးရောက်နေတဲ့ သမီးငယ်လေး ဆီမှ *...!

(သန္ဒေ ဆိုတာ ဓ နဲ့ ပေါင်းပေ့မယ့် လက်ကွက် မရိုက်တတ်လို့ ဒ နဲ့ စာလုံးပေါင်းလိုက်တာပါ)

Author: ဆောင်းနှင်းရွက်
•3/03/2011 07:27:00 PM
ဆောင်းနှင်းတို့ အိမ်မှာဆို ငယ်ငယ်က အပင်တော်တော်စုံတယ် ပြောရမလား .. အိမ်ရှေ့ မှာလည်း အပင်တွေ များလို့ လမ်းပေါ်ကနေ ကြည့်ရင် အိမ်ကို တောင် သေချာ မမြင်ရပေ ..
ဆောင်းနှင်းတို့ မိသားစု ဒီအိမ်နေရာကို ပြောင်းလာတော့ ဆောင်းနှင်း ၃ နှစ် သမီးပဲ ရှိပါသေးတယ် ..

အဲ့ဒီ့အချိန် အိမ်ရှေ့မှာ ဘာပင်မှ မရှိသလို ၊ တစ်ရပ်ကွက်လုံးမှာလည်း အပင်ဆိုတာ တော်တော်ရှားပါးတယ်တဲ့ .. အဲ့ဒါနဲ့ပဲ ဖေကြီးက လမ်းသွားလမ်းလာတွေလည်း အရိပ်ရအောင် ဆိုပြီး မြန်မြန် ကြီးလွယ်တဲ့ ကုက္ကိုပင် ကို အရင်စိုက်လိုက်တယ်လို့ တော့ အိမ်က မေကြီး နဲ့ ဖေကြီး ခဏ ၊ ခဏ ပြောလို့ ကြားဖူးပါတယ် ..
အဲ့ဒါနဲ့ပဲ ဆောင်းနှင်းတို့ အိမ်ရှေ့မှာ ကုက္ကိုပင် ကြီး တစ်ပင် ရှိတယ်ပေါ့ .. (မှတ်ထားနော် .. လိပ်စာ) .. :D

အိမ်မှာ ဖေကြီး ၊ မေကြီး နဲ့ လေးလေး တို့ကတော့ အပင် ဘာစိုက်သလဲ မမေးပါနဲ့ .. အသေးကအစ ၊ အကြီးအထိ တစ်ခုခု ဆို စိုက်မယ်ဆိုတာချည်းပဲ .. ဆောင်းနှင်းလည်း အပင်စိုက်တာ ၀ါသနာ ပါပေမယ့် မြေသြဇာ ကိုင်ရတာလောက် စိတ်ညစ်တာ မရှိပါဘူး ... ဘာလို့လဲ ဆို တစ်ခါ ဖေကြီး က မြေသြဇာ အစစ်ဆိုတာ နွားခြေတွေလည်း ပါတယ်လို့ ပြောကတည်းက အပင်ထဲကို မြေသြဇာ ထည့်ရမယ်ဆို လုံးဝ မထည့်ချင်ပေ .... အဲ့ဒါနဲ့ ပဲ ဘယ်က၀ယ်ဝယ်လာမှန်းမသိတဲ့ မြေသြဇာဆိုတာတွေကို အုန်းပင်နားမှာ ထား ထားတာလည်း မှတ်မိနေပါသေးတယ် ...

နောက် အိမ်ခြံရှေ့အ၀င်ဝ လမ်းတစ်လျှောက်နဲ့ ခြံစည်းရိုးရှေ့မှာ စံပယ်ပင်တွေ စိုက်ထားတယ် .. စံပယ်ပန်း ပွင့်ချိန်ဆိုရင် စံပယ်ပွင့်တွေ ခူးရတာ မနက်မနက် ဆို အမောပေါ့ .. မနက် မိုးလင်း လမ်းသွားလမ်းလာတွေ အိမ်ရှေ့အ၀င်ဝ က စံပယ်တွေ ခူးသွားတာတောင် မနက် ၇ နာရီ ဆောင်းနှင်း ခူးတဲ့အချိန်ဆို ခြင်း ၁ ခြင်းနဲ့ တော်တော်အပြည့်ရတယ် .. ခြံထဲမှာလည်း စံပယ်ရုံက တစ်ရုံ ရှိသေးတော့ .. တစ်ချို့ အပွင့်တွေကို အခက်လိုက် ဘုရားကပ် ၊ တစ်ချို့ အပွင့်တွေကို အပ်ချည်ကြိုးနဲ့သီ ၊ တစ်ချို့အပွင့်တွေကို အိမ်ရှေ့ အိမ်နီးနားချင်းတွေ ပေးနဲ့ မနက်ဆို ဆောင်းနှင်း လုပ်ရတဲ့ အလုပ်တွေထဲမှာ တစ်ခုအပါပေါ့ ..း) (( ပျော်ဖို့ကောင်းတယ် ))

အဲ့လို ခြံ အ၀င်ဝမှာ လမ်းတစ်လျှောက်မှာ စံပယ်ပင်တွေ နဲ့ အတူ ဇီဇ၀ါ ပန်း အဖြူတွေ စိုက်ထားတာတွေလည်း ရှိသေးတယ် .. နေ့တိုင်းတော့ မခူးဖြစ်ပေမယ့် ခူးဖြစ်တဲ့နေ့ဆိုရင်တော့ ဘုရားပန်းကပ်ပေါ့ ..
နောက် အဲ့ဒီ့ စံပယ်ပန်းတွေ နဲ့ ဇီဇ၀ါပင်တွေ ခြားထဲမှာ ထီးထီးကြီး တစ်ပင်တည်း ရှိနေတာ က ဒန့်သလွန်ပင် ... အိမ်ကဖေကြီးက အိမ်ရှေ့အိမ်က ဒန့်သလွန်ပင် က ဒန့်သလွန်သီး သီးနေတာတွေ သဘောကျတာ ရယ် ၊ ကိုယ်တိုင် ဒန့်သလွန်ရွက် ဟင်းချို ကြိုက်တာရယ် ကြောင့် တစ်ပင်တည်း စိုက်လိုက်ပါသေးတယ် ...

အိမ်ရှေ့ ခြံစည်းရိုး အရှေ့မှာ စံပယ်ပင် တွေ နဲ့အတူ ဒီဘက် ခြံ အ၀င် စွန်းနားမှာ ငရုတ်ပင်လည်း စိုက်ဖူးသေးတယ် .. ငရုတ်သီးလေးတွေ သီးနေပြီ ဆိုရင် အပင်မှာ စိမ်းစိမ်းအတောင့်လေးတွေနဲ့ အရမ်း ကြည့်လို့ ကောင်းတာပဲ .. ဟင်းချက်နေရင်း ငရုတ်သီးလိုလို့ သွားခူးချည်းဆိုရင် ကလေးပီပီ သွားခူးရသေးတယ် .. အဲ့လိုခူးနေတဲ့ အချိန် မတော် အိမ်ရှေ့ ရေမြောင်းထဲ ပြုတ်ကျသွားရင် ဘယ်သူမှတောင် သိလိုက်မှာတောင် မဟုတ်ဘူးနော် ..း(

ဆောင်းနှင်း ၃ ၊ ၄ တန်းလောက်မှာတော့ ခြံထဲအ၀င်လမ်းထိပ်မှာ ဖေကြီး တယုတယ နဲ့ စိုက်လိုက်တဲ့ မလေးရှား ပိတောက်ပင် နဲ့ တမာပင် ရှိသေးတယ် .. ဒါပေမယ့် မလေးရှားပိတောက်ပင်ကတော့ ဆောင်းနှင်း ၁၀ တန်းလောက် မှာ ဘာလို့မှန်း မသိ သေသွားရော ... အဲ့ဒီ့ သေသွားတဲ့ မလေးရှား ပိတောက်ပင် ကို ခုတ်ထားတဲ့ ငုတ်တို က တော့ ခုချိန်ထိ အိမ်ရှေ့မှာ ရှိနေဆဲပါပဲ ...

အိမ် ခြံရှေ့က အပင်တွေ ပြီးတော့ အိမ်ရှေ့ခြံထဲက အပင်တွေ ..

အိမ်ရဲ့ ပတ်ပတ်လည် မှာ ဟိုးအရင်ကတော့ ပုဏ္ဍရိက် ပင်တွေ တော်တော်များများရှိတယ် ... ပုဏ္ဍရိက် အနီထဲက ၀တ်ဆံလေးတွေကို ယူပြီးကြိုးနဲ့ သီပြီးလည်း ကစားဖူးတယ် ...ပုဏ္ဍရိက် ပင်က အသီးတွေကိုလည်း စပျစ်သီးဆိုပြီး စားဖူးတယ် ... :D

အိမ်ခြံရှေ့ အ၀ ရဲ့ ဘယ်ဘက်ထောင့်နားလောက်မှာဆို အုန်းပင်ရှိတယ် ... သင်္ကြန်ဆို အဲ့ဒီ့ အုန်းလက်တွေနဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ဆောက်တယ် ...
ညာဘက်ထောင့်နားလောက်မှာဆို သနပ်ခါးပင် ရှိတယ် .. အရမ်းလည်း ပွင့်တယ် .. အရမ်းလည်း မွှေးတယ် ...
ဘုရားလည်း ကပ်ပေါ့ ....

အိမ်ခြံရှေ့ တည့်တည့်က ခြံစည်းရိုးမှာ ကပ်စိုက်ထားတဲ့ ပေါက်ပန်းဖြူပင်ကြီး ၃ ပင် လည်း ရှိတယ် .. အဲ့ဒီ့ ပေါက်ပန်းဖြူပင် ၃ ပင်ကြောင့် လမ်းပေါ်က ကြည့်ရင် အိမ်ကို မမြင်ရတာ လည်း ပါတယ် ... ပေါက်ပန်းဖြူပွင့်တွေကို သုပ်စားတယ် ... ဟင်းချိုလုပ်သောက်တယ် .. ပြုတ်ပြီး တို့စားတယ် .. တစ်နေ့ အဲ့ဒီ့ ပေါက်ပန်းဖြူပွင့်တွေကို တုတ်နဲ့ မခူးဘဲ အကို က အပင်ပေါ်တတ်ပြီး ခူးတာလားမသိပါဘူး ... အပင်ပေါ်ကနေ ပြုတ်ကျတာလား ၊ အဆင်းမှာပဲ ခြံစည်းရိုး ၀ါးကပ်တွေ နဲ့ ခြစ်မိတာလား လည်း သေချာမမှတ်မိတော့ပေမယ့် ... သူ့ဗိုက်မှာ အဆင်းရာတွေနဲ့ တစ်ချို့နေရာတွေ မှာ သွေးတွေထွက်တယ်ဆိုတာတွေတော့ မှတ်မိသေးတယ် ...

အိမ်ရှေ့ ခြံထဲက အဲ့ဒီ့ ပေါက်ပန်းဖြူပင်တွေ ရဲ့ နောက်မှာ မေမေရဲ့ အသည်းစွဲ ပိန်းပင် ၊ စံပယ်ပင် ၊ မာလကာ အူနီသီးပင် ၊ သလဲ သီးပင် ၊ သြဇာသီးပင် နဲ့ သပြေပင် ရှိတယ် ..

သလဲပင်က မန္တလေး အဖွားအိမ်က သလဲသီးပင် ကနေ ယူစိုက်ထားတာ .. အဲ့ဒီ့ အဖွားတို့ အိမ်က သလဲသီးက အရမ်းချိုတယ် .. အဖွားရန်ကုန်လာပြီး ဆိုရင် ပါလာတတ်တယ် .. စားပြီးသားအစေ့တွေကို အိမ်ရှေ့ကျဲချထားရင်းနဲ့ တစ်ပင်တည်း ရှားရှားပါးပါး ပေါက်သွားတာပါ ..း)

သပြေပင်မှာဆို စာကလေးတွေ ၊ နှံပြည်စုတ် ငှက် လေး တွေ လာလာပြီး အသိုက်ဖွဲ့ လို့ ဥလေးတွေနဲ့ စာကလေး ပေါက်စနလေးတွေ၊ နှံပြည့်စုတ် နီတာရဲလေးတွေ ၊ အဲ့ဒီ့ မွေးခင်းစလေးတွေကို မိခင်ကြီးက အစာခွံကျွေးတာ တွေ ကိုလည်း မြင်ဖူးတယ် ... ((အိမ်ပေါ်ကနေ ကြည့်တာပါ))

ဒါနဲ့ ထူးဆန်းတာ တစ်ခု ပြောပြအုံးမယ် .. တိုက်ဆိုင်တာလား ၊ နိမိတ်လားတော့ မသိဘူး .. ဆောင်းနှင်း ၁၀ တန်း နှစ်ပေါ့ ... တစ်မျိုးလုံးက ချစ်ကြတဲ့ ဖေကြီးရဲ့ တူ ၊ ဆောင်းနှင်း အကို ပေါ့ .. (ကိုလေး)တစ်ယောက် ဗိုက်သင်တန်းတတ်ရင်း ဆေးရုံတတ်ရတယ် ဆိုတော့ အိမ်ရှေ့က သြဇာပင်က ရုတ်တရက် ညိုးကျသွားတယ် ... အဲ့ဒီ့အချိန်မှာ အိမ်က မေကြီး က စိတ်ထဲမှာ မကောင်းလိုက်တာပေါ့ .. အတိတ်ကောက်ပြီး .. ရင်ထဲတစ်မျိုးကြီးပေါ့ .. ကိုလေး က သောကြာလည်း သောကြာသား ၊ တတ်နေတာလည်း အရာရှိသင်တန်းကိုး .. ကိုလေးက ဆေးရုံ ၁ လ လောက် တတ်ရတယ်လေ ... နောက် ကိုလေး မဆုံးခင် ၁ ပတ်လောက် နေတော့ သြဇာပင်က လုံးဝ ကို သေသွားရော ... အိမ်ကလူတွေ က စိတ်မကောင်းတွေ ဖြစ်လို့ ... တိုက်ဆိုင်တာလားတော့ မသိဘူးနော် ...

နောက် အိမ်မှာ ပိန်းအိုး တွေ တော်တော်ပေါတယ် .. သေချာမမှတ်မိတော့ပေမယ့် .. ပိန်းပင်တွေ အားရှိအောင်ဆိုလား ၊ ခရုမကျအောင်ဆိုလား .. ကြက်ဥ ၊ ဘဲဥ ချက်ပြီ ဆိုရင် အဲ့ဒီ့ အခွံတွေကိုလည်း အိုးထဲသွားထည့်ပေးရသေးတယ် ... အဲ့ဒါကြောင့်ပဲ အပွင့်တွေ အမြဲ လိုလို ပွင့်နေလား မသိပေ ..

အိမ်ရှေ့ပြီးတော့ အိမ်ဘေး ...

အိမ်ဘေးမှာလည်း ပိန်းပင်တွေရှိတယ် .. မေကြီး က ပိန်းပန်း တော်တော် ကြိုက်တယ် ... အိမ်ရှေ့မှာရော ၊ အိမ်ဘေးမှာရော ၊ အားရင် ပိန်းပင်တွေကို မျိုးပွား ၊ အိုးအကြီးကနေ အမြစ် အတတ်တွေကို ၊ အိုးအသေးထဲထည့် ၊ အုန်းဆံတွေ ထည့်နဲ့ .. ဆောင်းနှင်းတို့ လည်း အဲ့ဒီ့ ပိန်းအိုးတွေ မပြီး အိမ်ရှေ့ရွှေ့လိုက် ၊ အိမ်ဘေး ရွှေ့လိုက်နဲ့ လုပ်ပေးရတယ် .. အိမ်မှာ အရင် က အုန်းနို့ခေါက်ဆွဲချက်လို့ အုန်းဆံတွေရပြီဆို သိမ်းထား ၊ ပြီးရင် ပိန်းအိုး ထဲထည့် .. ၊ ပြောလို့ ပြောတာ မဟုတ်ပေ .. အိမ်မှာ အရမ်း စည်းစနစ် ကြီးတယ် ပြောရမလား ၊ အလေအလွှင့် မရှိစေရ ပြောရမလား ၊ ဘယ်လို ပြောရမလဲ .. မေကြီးပဲ အိမ်ရှင်မကောင်းတစ်ယောက် ပီသလွန်းတယ် ပြောရမလား .. အလေအလွှင့်ဘာမှ မရှိစေရဘူး ... :D ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းနှင်းရဲ့ မေမေကို အရမ်းချီးကျူးတယ် .. တကယ်ကို အိမ်ရှင်မကောင်း တစ်ယောက် အရမ်းပီသလွန်းတယ် ..

အိမ်ဘေးမှာ ပိန်းပင်တွေ နဲ့ အတူ လေးလေး တယုတယ ဆိုက်တဲ့ ပန်းထိမ်မနိုင်ပန်း ၊(ပန်းထိမ်ငိုလို့လည်းခေါ်တယ်) လည်း ရှိသေးတယ် .. အဲ့ဒီ့ ပန်းကလည်း ပွင့်ရင်တော်တော်လှတယ် .. သူပွင့်ပုံ ပွင့်နည်းက တစ်ခြားပန်းတွေလို မဟုတ်ဘဲ အရိုးတန်မှာ ဆင်းဆင်းလေနဲ့ ပွင့်တာ ကြည့်လို့ အရမ်းကောင်းတယ် ..

နောက် မာလကာပင် ၊ အိမ်ရှေ့ကအပင်က အူနီသီး ၊ အိမ်ဘေးက အပင်က အူအဖြူ ၊ သီးရင် စားလို့ အရမ်းကောင်းတယ် .. အရမ်းလည်း ချိုတယ် .. အ၇မ်း မကြီးတဲ့ မာလကာသီး ဆိုရင် အိမ်ပေါ်ကကြည့်လို့ မှည့်ဖို့ အရောင်နဲနဲသန်းသန်းတာတွေ့ပြီ ဆိုရင် ဘယ်အချိန် ခူးရမလဲ စောင့်တယ် .. တုတ်နဲ့ ခူးလို့ မရရင် ရေစည် ပေါ်ကနေ အပင်အောက်ဖက်နားတက်ပြီး အကိုင်းကိုလှုပ်တယ် .. အလုံးနဲနဲကြီးတယ်ဆိုရင်တော့ အိမ်က ဘုရားကပ်ဖို့ ပြောဖို့ မခူးရဘူး .. ..

နောက် ခရမ်းချွတ်သီးခေါ်လား .. တို့စားတဲ့ ခရမ်းသီး လေး ပေါက်စနလေးတွေလေ .. အဲ့ဒါလေးတွေ လည်း စင်သေးသေးလေး ထိုးပြီး အိမ်မှာ ခဏ စိုက်လိုက်ကြသေးတယ် ...

အိမ်ရဲ့ ဘေးမှာ သရက်ပင်ကြီးလည်း ရှိတယ် ... အဲ့ဒီ့ သရက်ပင်က သရက်သီး လုံးဝ မသီးဘဲနဲ့ အပင်က ကြီးထွားလိုက်တာ ၊ တော်တော်ကိုကြီးတယ် .. ဒီတော့ အိမ်က သရက်ပင်က ကြီးလွန်းတော့ အိမ်ဘက်ကို သရက်ကိုင်းတွေ အရမ်းရောက်တော့ အကောင်ပလောင် စိုးရိပ်၇တယ် .. ( အိမ်မှာ အကောင်ပလောင်လည်း ပေါပါတယ် ကြုံရင် ရေးပါအုံးမည် ) .. နောက် မိုးတွင်းဆို သရက်ကိုင်းတွေ အိမ်ခေါင်မိုးထိပြီး ရိုက်တဲ့ အသံက မိုးတွင်းဆို ကြောက်ဖို့ ကောင်းတယ်ပေါ့ .. အဲ့ဒါနဲ့ ဒီနှစ် မှ မသီးရင် နဲနဲ ခုတ်မယ်လုပ်လိုက်တာ .. အဲ့ဒီ့နှစ် ဝေေ၀ဆာဆာနဲ့ အပွင့်တွေ ပွင့်လို့ အိမ်က လူတွေ အံသြကုန်ရော ... သီးတာ ၊ သီးတာ ဆိုတာ အများကြီးပဲ .. အလုံးကြီးတွေ ဆိုတာ လည်း အကြီးကြီးတွေပဲ .. အဲ့ဒီ့သရက်သီးခူးတုန်းကလည်း အောက်ကနေ ဖေကြီးနဲ့ မေကြီး တုတ်ခြင်းနဲ့ ခူးနေတာ ကို မောင်လေး နဲ့ အကို က အပင်ပေါ်တတ်ခူးပေးမယ် တဲ့ .. သူတို့ ခူးတာကို ကြည့်ပြီး ဆောင်းနှင်းလည်း ခူးချင်လို့ အပင်ပေါ်ကို အိမ်နောက်ဖက် အမိုးပေါ်ကနေ တက်တယ် .. ဘာလို့မှန်းမသိ ငယ်ငယ်ကအပင်ပေါ်တက်၇တာ ကို ၀ါသနာကို ပါသလိုပဲ .. :D .. အဲ့ဒီ့ သရက်ပင်ပေါ်ရောက်တော့ တစ်ချို့ အလုံးအသေးလေးတွေကလည်း နဲနဲ ၀င်းပေါ့ .. ဘယ်ရမလဲ ... အပင်ပေါ်မှာတင် ခူးလည်း ခူး၊ စားလည်း စားပေါ့ .. အဲ့ဒါ အောက်က ဖေကြီး ၊ မေကြီး နဲ့ လေးလေး တို့က မသိဘူး .. :D အဲ့လို အစားကောင်းလို့လဲ ပါးစပ် မှာ သရက်စေး ပေါက်ဘူးတာ ခံ၇တယ် .. ၃ ယောက် ပြောရင်း ခူးရင်း၊ စားရင်းနဲ့ သရက်သီးကို ကိုင်းကနေ ခြွေချင်သလို ခြွေတော့ ကိုယ်ခန္ဓာ မှာလည်း သရက်စေးတွေ ပေါက်တာ အဖြူကွက်တွေ နဲ့ပေါ့ ... :P အဲ့ဒါကို အကိုက မဲ့ခရုစွဲပါတယ် ဆိုလို့ .. ငိုလိုက်ရတာ အမော ... အဲ့ဒီ့ သရက်သီးတွေကို အိမ်ရှေ့ အပင်က ကက္ကိုင်ရွက်တွေ နဲ့ အုပ်တာလည်း မှတ်မိပါသေးတယ် ...

အဲ့ဒီ့သရက်ပင် ပင်စည်မှာ ကပ်ပြီး သစ်ခွ နဲ့ ဒန်းစင်းလေဒီ အပင်တွေလည်း စိုက်ဖူးတယ် ... မာလကာပင်မှာလည်း အိုးတွေ တို့လို့တွဲလောင်း နဲ့ သစ်ခွ နဲ့ ဒန်းစင်းလေဒီတွေ စိုက်ကြသေးတယ် .. ဒန်းစင်းလေဒီ ကို ကြိုက်တယ် .. အဲ့ဒီ့ ပန်း ပွင့်တိုင်း စဉ်းစားမိတယ် .. ဘာလို့များ ကနေတဲ့ မိန်းကလေး တစ်ယာက်နဲ့ တူရတာလဲလို့ .. ပွင့်တိုင်း လည်း အနီးကပ် သေချာ ကြည့်ဖူးတယ် .. ပန်းဆို သူ့ဘာသာ အပင်မှာ ပဲ ပွင့်နေတာကို ကြည့်ရတာ ပိုသဘောကျတယ် .. မပန်ချင်ဘူး ..

နောက် အိမ်ဘေးမှာပဲ စင်ကြီးကြီး နဲ့ တစ်ခု စိုက်ဖူးသေးတယ် ထင်တယ် .. ဘာစင်လည်း သေချာတော့ မမှတ်မိတော့ဘူး ..

နောက် ဒီဘက်ခြမ်းဘက်က ခြံစည်းရိုးမှာ ဂွေးတောက်ပင်လည်း ရှိသေးတယ် .. ခြံစည်းရိုးကို စင်အနေနဲ့ သုံးပြီး အနွယ်တွေကို ပွားပေးတယ် .. အဲ့ဒါ ဖေကြီး အသည်းစွဲ .. ဆောင်းနှင်း အမုန်းဆုံး အပင် .. ဟုတ်တယ်လေ .. နာမည်ကြားရုံနဲ့ တင် စားချင်စိတ်မရှိ ၊ မြည်းကြည့်တော့ ခါးက ခါးသေးတယ် .. ဖေကြီးက ထမင်းစားရင် ဟင်းချိုပါမှ ထမင်းစားရတာ ကြိုက်တော့ ဟင်းချိုသောက် မရှိရင် ထမင်းစားခါနီးပြီး ဆို အိမ်ရှေ့က ဒန့်သလွန် ညွှန့်ကို ခူးရင် ခူး ၊ မခူးရင် ဂွေးတောက်ညွှန့်တွေကို မေမေ က ဟင်းချို လုပ်ပေးတယ် ..

အိမ်ရဲ့ အနောက်ဘက်မှာတော့ ကတတ်ပင် ရှိတယ် ... သပွတ်ပင် ရှိတယ် ..

သပွတ်အူလို မရှုပ်နဲ့ ဆိုတာ အပင်က သပွတ်သီး ခေါ်တာနဲ့ တူတယ် .. ခြောက်သွားရင် အထဲမှာ မြင်ရတယ် .. အမျှင်တွေ ရှူပ်ယှက်ခတ်နေတာ .. အဲ့ခါကျမှ နားလည်တော့တယ် .. :D

ကတတ်ပင် ကတော့ လေးလေး အသည်းစွဲ ၊ တကယ်တော့ အိမ်မှာ ကတတ်ပင် က အရင်စိုက်တာပါ ၊ အိမ်ရှေ့တမာ ၊ နောက်ဖေး ကတတ် ၊ မလုပ်ဘဲ နဲ့ စီးပွားတတ် ဆိုတဲ့ ဆိုရိုး ရှိတယ် ဆိုပြီး လာဘ်လည်း ပွင့်အောင် နောက်တော့မှ တမာပင် စိုက်တယ် ထင်တာပဲ ..
အဲ့ဒီ့ ကတတ်ပင် က အရမ်းတော့ ထူးထူးခြားခြား ကြီးထွားမလာပေမယ့် တပင်လုံး အညွှန့်တွေ နဲ့ ချည်း ပြည့်နေတတ်တယ် .. ပြည့်တာလည်း မပြောနဲ့လေ .. လေးလေး က အမြဲ အညွှန့်အသစ် ထွက်ပြီဆို ကတတ်ရွက်တွေ ဆားရည်စိမ်တယ် .. တို့စားတယ် .. သုပ်စားတယ် .. အိမ်နီးနားချင်း တွေပေးတယ် .. မိုးတွင်းဆို အပင်က အညွှန့်ထွက်တာ ခူးလို့ နိုင်တောင် မနိုင်တော့ဘူး .. ဆောင်းနှင်းလည်း ကတတ်ရွက်ဆို အရမ်းကြိုက်တယ် .. အိမ်က ကတတ်ရွက်ဆို လေးလေး နဲ့ ဆောင်းနှင်းက ဒိုင်ခံ စားတယ် ..

အဲ့လို အပင်စုံတဲ့ ဆောင်းနှင်းတို့အိမ်မှာ အရင်ကဆို နေ့တိုင်း ဘုရားစင်မှာ အိမ်က ပန်းတစ်မျိုးမျိုးကို အမြဲ တွေ့နေရတယ် .. အခုလို ပန်းပင်တွေ စိုက်လို့ ဆောင်းနှင်းတို့ အိမ်ခြံကို တော်တော် ကြီးလှတယ် မထင်ပါနဲ့ .. ပုံမှန်ခြံဝန်း အနေအထားကိုပဲ မေကြီး ၊ ဖေကြီး နဲ့ လေးလေးတို့က အိမ်ခြံအပြည့် အပင်စိုက်ထားတာပါ ..
ဒါပေမယ့် ခုချိန်မှာ အိမ်အဆောက်အဦး ကို တိုးချဲ့လိုက်တာ တစ်ပင်မှ ခြံထဲမှာ မရှိတော့ဘဲ ကျန်တဲ့ အပင်ဆိုလို့ အိမ်ရှေ့က ကုက္ကိုင်ပင် ၊ တမာပင် ၊ ဇီဇ၀ါ ပင် နည်းနည်း နဲ့ အိမ်နောက်ဘေးက ကတတ်ပင် တို့ပဲ ရှိပါတော့တယ် ..း(


ပုဏ္ဏရိတ် ဆိုတာ စာလုံးပေါင်းမှန်ပါသလား .. သိတဲ့သူ ရှိရင် ပြောပြသွားပေးပါ ..

PS ... !...* ဒီအပင် အကြောင်းကို ရေးချင်တာ ၁ လ လောက် ရှိနေပေမယ့် ခုမှပဲ ရေးဖြစ်လိုက်ပါတော့တယ် *...!

ရေးလိုက်တာ တော်တော်လေးကို ရှည်သွားပါတယ် .. သည်းခံ၍ အားပေးကြပါ.း))


Author: ဆောင်းနှင်းရွက်
•12/24/2010 02:22:00 PM

နှစ်တစ်နှစ် ရဲ့ ကုန်ဆုံးချိန် ဒီဇင်ဘာ လ မလို့ တခြား လ တွေ ထက် ပိုပြီး ဆိုင်တွေ လည်း ပရိုမိုးရှင်း လုပ်နေကြသလို လူတွေလည်း နေရာတိုင်းတိုင်းလိုလို မှာ ကြိတ်ကြိတ်တိုး စည်းကားနေ လေရဲ့ ..

မနက်ဖြန်ဆိုရင် ခရစ်စမတ်နေ့ ...
နောက် ၆ ရက် ဆိုရင် တစ်နှစ် ကုန်လို့ တစ်နှစ် သစ်ပြန်ပေလိမ့်အုံးမည် ..

မြို့ထဲမှာလည်း လူတွေ အပြည့်ဖြစ်နေလိမ့်မယ် ဆိုတာ သွားကြည့်စရာ မလိုပေ ... ဒါမှ မဟုတ် ကမ်းခြေတွေ သွားမလား .. ဘာဘီကျူ လုပ်စားနေကြတဲ့ သူငယ်ချင်း အဖွဲ့ ၊ မိသားစု တွေ ....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx


တစ်နှစ် ဆိုတာ တကယ်တော့ ခဏလေးပါတဲ့ ... ရှေ့ကို ကြည့်ရင် ရက်တွေ က အရမ်းများနေသလို ၊ ကုန်ဆုံးသွားတဲ့ နေ့ရက်တွေကို ပြန်ကြည့်တော့ အရာအားလုံးက မနေ့ တစ်နေ့ အဖြစ်အပျက်တွေ လိုလို ...
တစ်ချို့ အရာတွေ ပြောင်းလဲသွားပေမယ့် ၊ တစ်ချို့ အရာတွေ မပြောင်းလဲသေးဘူး ...

နေ့ရက်တွေ ၊ အချိန်တွေ ပြောင်းလဲနေသွားသလို နေထိုင်စားသောက်ပုံ ၊ အကျင့်တွေရော ပြောင်းလဲသွားပြီလား ... ဘာရယ်မဟုတ် ... တစ်နေ့ တစ်နေ့ ငါ ဘာတွေလုပ်ခဲ့လဲဆိုတာ ညအိပ်ယာ ပေါ် ရောက်ချိန် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ် ...

တစ်နှစ်ကို အနည်းဆုံး ၃ ခါလောက် တတ်ကြွတဲ့ စိတ်ဓာတ်တွေနဲ့ နှစ်သစ်တွေ ကြိုဆိုဖူးတယ် ဆိုရမလားပဲ ... မြန်မာနှစ်ကူး ၊ အခုလို ဒီဇင်ဘာလ နှစ်ကူး ၊ ကိုယ့်မွေးနေ့မှ နှစ်ကူး ... နှစ်ကူးတာတွေ က တော်တော်များတယ် .. :D

ခုလည်း နှစ် တစ်နှစ်ကို ကူးတော့မှာ ဖြစ်သလို ၊ ဒီကို ရောက်တာလည်း ၃ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့ ငါ ဘာတွေ များ လိုအပ်ပြီး ၊ ဘာတွေ များ ပြောင်းလဲလို့ ဘာတွေ များ လုပ်ခဲ့လဲ ပေါ့ ...

အင်းးး ဆောင်းတွင်းရောက်တိုင်း လေးလေးကို သတိရတယ် ..
လေးလေး ဆုံးပြီးနောက်ပိုင်းကတည်း နဲနဲ ပြောင်းလဲသွားတယ် ဆိုရမလား ...
ွှအဲ့တုန်းကတော့ အသက် ၂၀ ပတ်ဝန်းကျင်ဆိုတော့ လောက အကြောင်း အစုံ မသိသေးဘူးပေါ့ ...

သေချာတာကတော့ လိုအပ်ချက်တွေကတော့ ကိုယ့်ကိုယ်ကို များနေပေမယ့် သည်းခံနိုင်တဲ့ ခန္တီ ပါရမီ တော့ ရှိလာတယ် ထင်တာပဲ .. :D
အရင်ရန်ကုန်မှာတုန်းကတော့ စိတ်ထဲရှိရင် ရှိသလိုပဲ ...
အဲ့ဒါတွေကြောင့်လည်း အိမ်ကလူတွေက ဒီကို လွတ်ရမှာ စိတ်မချတာတွေ .. ဟိုမှာ တစ်ယောက်တည်း နေရင် ဘယ်လိုလုပ်မလဲတဲ့ ... ပြောလိုက်ပါတယ် .. စိတ်မပူပါနဲ့လို့ ... :D

စားသောက်ပုံလား .. အရင်အတိုင်းပဲ ... ဒါပေမယ့် ဘာလို့မှန်းမသိ ခုရက်ပိုင်း ကြက်သားကို တတ်နိုင်သမျှ ရှောင်နေတာ ၁ လ လောက်ရှိတော့မယ် ... စားချင်စိတ်မရှိတော့လို့ပါ ....
အစားနဲ့ ပတ်သက်ရင် အဒေါ်ရှိတုန်းက ပြောတာတွေကို သတိရမိတယ် ... အစားဆိုလည်း ဂျီးများလွန်းလို့ ၊ အသီးဆို ဟိုလို လှီးမှ စားတယ် .. ဒီလို လှီးရင်မစားဘူး ... အဲ့ဒါတွေကြောင့် အဒေါ်ရှိတုန်း အဒေါ်က ပြောပါတယ် ... နင်က ရူးနေတာတဲ့ ...
သူပြောလွန်းလို့ တစ်ခါတစ်လေ ကိုယ့်ဘာသာတောင် ပြန်စဉ်းစားမိတယ် ... ငါ စိတ္တဇ ရောဂါများ ရှိနေလားလို့ .. :D
သူပြောရင်လည်း ပြောချင်စရာ .... ဥပမာ ... နံနံပင် မစားတာမျိုး ... နာမည် က ကိုက နံနံပင်တဲ့ .. နံမှာပေါ့လို့ ... မစားချင်ပါဘူး ....အဲ့လိုမျိုး ... နာမည်ကြားရုံနဲ့တင် စားချင်စိတ်ကို မရှိတာ .... နောက် ရုံပတေသီး .. အလွန်မုန်းတယ် ... အသီးရဲ့ အပေါ်က အမွှေးသေးသေးလေးတွေကို ကြည့်ပြီး အူယားလွန်း လို့ .... အဲ့လိုပဲ .. ရူးတယ်ပဲ ပြောပြော ... ဇီဇာကြောင်တာပဲ ပြောပြော ၊ အူကြောင်ကြောင် နိုင်တာပဲ ပြောပြော ထူးထူးဆန်းဆန်း ဆို မစားတာတွေ က တော်တော်များတယ် ....

ဝတ်စားပုံ ... အရင်လိုပဲ ... ဘောင်းဘီတို ၊ ရှည်နဲ့ လုံခြုံမယ့် အရာမျိုးကိုပဲ ၀တ်ဆဲပဲ ... ခုတလော ဒေါက်မြင့် ဖိနပ် လေးကို ကြိုက်လာသလိုလိုပဲ ... လူကို လည်း အရပ်ရှည်စေတယ်လို့ မြင်မိတယ် .. :D ဟဲဟဲ ကြိုက်တာမှ ၂ လက်မ ဒေါက် ဟုတ်ဘူးနော် ... ၄ လက်မ ဒေါက် .. :D

သွားလာခြင်း ... မရောက်ဖူးသေးတဲ့ နေရာ ကလွဲလို့ ဘယ်မှကို သွားချင်စိတ် ထွေထွေထူးထူး လျှောက်လည် ချင်စိတ်မရှိပေ ... ဒါပေမယ့် တစ်ခါတစ်လေ စိတ်ပါရင် တောင်ဆို မြောက်ရောက်ချင် ရောက်သွားနေတတ်တယ် .. ခုလည်း တောင်သွားရမလား ၊ မြောက်သွားရမလား ... အိမ်မှာပဲ နေပြီး စာပဲ လုပ် နေရမလား .. စဉ်းစားရင်းနဲ့ ပို့စ် ရေးနေတာပါ ... :D

စိတ်ပိုင်းဆိုင်ရာ ... လောလောဆယ်တော့ ဒီဇင်ဘာကျောင်းပိတ်ထားလို့ နဲနဲပျော်နေသလိုလို ... ဒါပေမယ့် ကျောင်းဖွင့်ရင် အပ်ဖို့ ပရောဂျက် ၅ ခုနဲ့ အဆိုင်းမတ် ၂ ခု လား သိဘူးး .. လုပ်ဖို့ရှိတာ တွေ တွေး ပြီး စိတ်ပိန်နေတယ် ... သို့သော်ငြားလည်း အမြင်ကတ်လွန်းလို့ ခဏ ပစ်ထားတယ် .. :D
ဒီလိုပါပဲ ... ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိ ပြော ၊ မေးစရာရှိ မေး ၊ ပျော်ပျော် ပဲ .. ဒါပေမယ့် မသိမသာနဲ့ ပြောင်းလဲနေတယ် ... လူတွေ ကြောင့် ပြောင်းလဲသွားသလို ၊ ကိုယ့်ဘာသာ လိုအပ်တယ် ထင်တာတွေ ကို ပြုပြင်နေတယ် ....း)) ခုတလော စကားလုံး လေလုံးထွားတာတွေ နဲ့ တိုးနေလို့ သြော် .. လောကကြီးး .. လောကကြီးး လို့ လည်း အတွေးဝင်မိနေတယ် ..


စားချိန် ၊ သောက်ချိန် ၊ အိပ်ချိန် အချိန်တွေ မမှန်သလို အချိန်တွေက တစ်ခါ တစ်လေ အရမ်း ကုန်လွယ် မြန်နေတယ် ... တစ်ခါတစ်လေ ဆိုတာထက် ၁ ပတ် မှာ ၆ ရက် က တော်တော်ကို အချိန်ကုန် မြန်နေတယ်လို့ ခံစားနေမိတယ် ... အိပ်ချိန် ၆ နာရီ - ၇ နာရီ ပဲ ထားတာတောင် ၂၄ နာရီ ဆိုတာ က ဘယ်လို ကုန်သွားမှန်း မသိပေ ... ဒီလိုနဲ့ ... ပြုပြင်စရာတွေ ပြုပြင် လိုအပ်ချက်တွေ ကြိုးစားသင်ယူ ရင်းနဲ့ ပဲ နှစ် တစ်နှစ် သို့ စိတ်သစ်လူသစ် နဲ့ ရောက်လာပေလိမ့်ဦးမည် ... ;))))



နှစ်သစ်မှာ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ နိုင်ကြပါစေ ... :))

http://www.dancingsantacard.com/en/?santa=600266

မယ်ရီး ခရစ်စမတ် & ဟက်ပီးနယူး ရီးယား ပါ




PS ... !...* အိမ်မှာနေရင်း နှစ်လည်း ကုန်တော့မှာဆိုတော့ တွေးမိတွေးရာ ရေးလိုက်မိခြင်းပါ *...!

Author: ဆောင်းနှင်းရွက်
•12/02/2010 10:57:00 PM

အရင်ဆို ၆ နာရီ ၄၅ အလန်းမြည်ရင်တောင် ၅ မိနစ်လောက် ထပ်ပြီး အိပ်လိုက်ရမှ ကျေနပ်တဲ့ ကျွန်တော် .. ဒီနေ့ အလန်းမမြည်ခင်ပင် နှိုးနေခဲ့သည် .. ဘေးနားက နာရီ နှိုးစက်ကို ကြည့်လိုက်တော့ ၆ နာရီ ၅ မိနစ် ...

ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ရေချိုးခန်းဆီ ဦးတည်သွားရင်း ကြားခဲ့ရတဲ့ စကားတွေဆီ အတွေးစတွေ ပျံ့နှံ့ သွားသည် ။ ရေချိုးခန်းထဲက မှန်မှာ ကိုယ့်မျက်မှန်ကို ကြည့်လိုက်တော့ မျက်လုံးတွေ အရမ်းရဲနေသည် ။

ရေချိုး ၊ မျက်နှာသစ်ရင်း ကျွန်တော် ထပ်ပြီး ငိုမိသွားသည် ။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးလိုက်တဲ့ မေးခွန်းက ဘာကြောင့်လဲ ။ ဘာအတွက်လဲတဲ့ ။ ကျွန်တော် ဖြေလိုက်တဲ့ အဖြေက မသိဘူးတဲ့ ..

ဘုရားသောက်တော်ရေ လဲရင်း တောင်းမိလိုက်တဲ့ဆုတောင်း "နောင်ဘ၀သာ ရှိခဲ့ရင် ဒီလို ခံစားမှု့မျိုး မခံစားရပါစေနဲ့ .. ၀ဋ်ကြွေးတစ်ခုဆိုလည်း ဒီဘ၀နဲ့တင် ကျေရပါလို၏ " ...

အမြဲတမ်း ဖယ်ရီ မှီဖို့ အပြေးအလွှား သွားခဲ့ပေမယ့် ဒီနေ့တော့ ဖြေးဖြေးဆေးဆေး သီချင်းလေး နားထောင်ရင်းနဲ့ပဲ အိမ်က ထွက်လာလိုက်သည် ။ အိမ်ပြင်က မနက်ခင်းတစ်ချို့ကို သက်ရှိုက်မိလိုက်တော့ ခေါင်းထဲ နောက်တာတွေ နဲနဲ သက်သာသွားသလိုလို ...

လမ်းဖြတ်ကူးဖို့ မီးစိမ်းစောင့်ရင်း ကိုယ့်ရှေ့နားကို လာရပ်တဲ့ အဖြူရောင် အင်္ကျီနဲ့ ကောင်မလေးကိုကြည့်ရင်း ကျွန်တော်နဲ့ သူမ စတွေ့တဲ့ နေ့က သူမ ၀တ်လာတဲ့ အဖြူရောင် အကျီနဲ့ ဂျင်းပန် ၀တ်ထားတဲ့ သူမရဲ့ ပုံရိပ်တွေ ကြောင့် ရုတ်တရက် ကျွန်တော့် မျက်လုံးတွေေ၀၀ါးသွားပြန်တယ် ..

ဖယ်ရီ စောင့်တဲ့နေရာ မှာ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ တီးတိုး ပြောနေကြတယ်ဆိုတာ ကျွန်တော် မလှမ်းမကမ်း ကတည်းကပင် မြင်နေတယ် .. ကျွန်တော့်ရဲ့ အီးယားပိစ့် တစ်ဘက်ကို ဖြုတ်ရင်း ဂွတ်မောနင်း ဆိုတာက လွှဲလို့ ကျွန်တော် ဘာမှ ဆက်ပြောချင်စိတ်မရှိပါ .. ဒါကြောင့်လည်း ကျွန်တော် ကိုင်ထားတဲ့ အိုင်ပေါ့ နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်ရင်း ဖယ်ရီ အလာ တစ်ယောက်တည်း ငူငိုင်စွာ မတ်တပ်ရပ် စောင့်နေလိုက်မိတယ် . ။

ဖယ်ရီ စီးရင်း နားထောင်နေတဲ့ သီချင်းနဲ့ စိတ်ကူးတွေ လွင့်ပါးလို့ပေါ့ .. တစ်ချို့ သီချင်းတွေက ခံစားချက်တွေ မဲ့နေပေမယ့် တစ်ချို့ သီချင်းတွေ က ကျွန်တော့် မျက်လုံးတွေကို ရီဝေ သွားစေပြန်ပြီ .. ရုတ်တရက် ခံစားချက်တွေ အပြင်မထွက်သွားအောင် ကျွန်တော် မျက်လုံးအစုံကို အဆုံးစွန် မှိတ်ပစ်လိုက်မိတယ် ..

ယိုင်နဲ့နဲ့ ခြေလှမ်း ၊ေ၀၀ါးနေတဲ့ မျက်လုံးတွေကို လူမသိအောင် အလုပ်ထဲမှာ ဖုံးဖိရင်း တစ်ခုခုကို ကျွန်တော် စောင့်နေမိသလိုလို ..

သို့သော် .. ... သို့သော် .. အချိန်တွေ သာ ကုန်သွားသည် ...း((

အားလုံး တတ်ကြွနေကြတဲ့ ညနေ ၆ နာရီ ... ရောက်လာပေမယ့် ကျွန်တော့် အတွက်ကတော့ အရာအားလုံးက အဓိပယ် မဲ့နေဆဲ.. ။

ရင်ထဲက အပူတွေ သက်သာလို့ ၊ သက်သာငြား ရေအေး တစ်ခွက်သောက်ရင်း ရေချိုးခန်း ၀င်လိုက်သည် .. ။

ရေချိုးခန်းက ထွက်လာတော့ "ထမင်းပေါင်း ပူပူလေး လာစားအုံးနော်" တဲ့ ..
ကျွန်တော် ထမင်းပေါင်း အရမ်း ကြိုက်ပေမယ့် .. "ဒီနေ့ အပြင်မှာ စားလာလို့ မစားတော့ဘူး " အမလို့ပဲ ပြောပြီး ထွက်လာတော့ အားလုံးက ဒါကြောင့် ဒီနေ့ မိုးတွေ တစ်နေကုန် ရွာနေတာလို့ ပြောသံ သဲ့သဲ့ ကို တော့ ကျွန်တော်ကြားလိုက်တယ် ..

ခံစားချက် တစ်ချို့ ပြေပျောက်သွားစေဖို့ သီချင်းသံ တစ်ချို့ကို အခန်းထဲ လွင့်ရင်း အခန်းအပြင်က လမင်းကို ကြည့်တော့ မိုးကောင်းကင် အနီရောင်မှာ သာနေတဲ့ လမင်းတစ်ခြမ်းက " တစ်နေ့ ဒီလိုပဲ ဖြစ်လာမယ် ဆိုတာ ငါ ကြိုပြောထားတယ်လို့ " လှောင်ပြီး ပြောနေသလိုလို ... ခန်းစီး လိုက်ကာ ပိတ်ပြီး သိမ်းထားခဲ့တဲ့ သူမ နဲ့ ကျွန်တော် ကြိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ၊ သူမ တစ်ယောက်တည်း ဓာတ်ပုံ folder file တွေ ကို ပြန်ကြည့်နေမိလိုက်တယ် ..

တစ်ချို့ ဓာတ်ပုံတွေကလည်း ကျွန်တော့်ကို လှောင်ရယ် နေသလိုလို နဲ့ ပြန်ကြားနေမိတဲ့ စကားလုံးတွေနဲ့ ပုံရိပ်တွေ ..

လွမ်းစရာရှိရင် နာတာနဲ့ ဖြေ
နာစရာ မရှိတော့ ဘယ်လို အလွမ်းဖြေရလဲ ..
နာကျင်စရာတွေ ရှိခဲ့ရင်တောင်
ချစ်လွန်းလို့ နာမကျည်းနိုင်ခဲ့တော့ ........


မိုးသံ သဲ့သဲ့ နားထဲ ၀င်လာလို့ နာရီ ကြည့်လိုက်တော့ ၁၁ နာရီ ထိုးပြီ .. အပြင်က မိုးရည်တွေ နဲ့ အပြိုင် ရင်ထဲမှာလည်း မိုးစက်တွေ ပွင့်နေတာ ဆိုတာ နားလည်ပေးရင် ဘယ်လောက် ကောင်းမလဲ ..




တန်ဖိုးထား မြတ်နိုးလွန်းလို့
တယုတယ စိုက်ပျိုးထားတဲ့
ပန်းပျိုးပင် လေးဟာ
ဘာမဟုတ်တဲ့
လေဒဏ် ၊ မိုးဒဏ် လေးကြောင့်
ပြိုလဲ ပျက်စီးသွားပြီလား ..

ဖြစ်နိုင်ရင် မိုးစက်ပွင့်တွေရယ် .. !!!
ရင်ထဲက ခံစားချက်တွေကို
အေးချမ်းတဲ့ နံနက်ခင်း
နေ့သစ်တွေ အဖြစ်
ပြန်လည် ဖန်တီးပေးပါ ..










PS ... !...* ကိုယ်ပိုင် ကဗျာများ လုံးဝ မဟုတ်ပါ .. :D သူငယ်ချင်းတွေ ဆီက ယူသုံးထားတာပါ *...!

Author: ဆောင်းနှင်းရွက်
•11/17/2010 01:59:00 AM

အချစ်ဆိုတာ လူကို သေစေနိုင်တဲ့ အရာဆိုရင် အဲ့အချစ်ကို မလိုချင်ခဲ့တာ အမှန်ပါ ...
အခုအပြင်မှာ ရွာနေတဲ့ မိုးတွေနဲ့ အပြိုင် ငါ့ရင်ထဲမှာလည်း မိုးတွေ ရွာနေတယ် ..

အချိန်နာရီ ၊ နေ့ရက် ၊ နှစ် တွေ ပြောင်းသွားလဲ ကျန်နေခဲ့တဲ့ ပုံရိပ်တွေ ၀ိုးတ၀ါး မဖြစ်သေးဘူး ...

ဟုတ်မှာပါ ...
နင်ကတော့ ငါ့ကို ဘာအလွမ်း ၊ ဘာအချစ်မှ မပေး ခဲ့ပေမယ့်
ငါကတော့ နင်မပေးတဲ့ အလွမ်းတွေနဲ့ ........................................


PS ... !...* စာရေးရင်း မု့ ပျက်သွားလို့ တိုသွားသည် ..း))*...!

Author: ဆောင်းနှင်းရွက်
•11/03/2010 03:45:00 PM
ဘလော့လည်း ရေးချင်စိတ်မရှိပါ ...
ဘာရယ် ၊ ညာရယ် မဟုတ် တင်လိုက်တာပါ ...



မန်းကျည်းသီး ငါးပိကြော် ၊ ငါးရံ ခြောက်ကြော် ၊ အာပြဲ ခြောက် ကြော်
ငရုတ်သီးချက် ကြော် ၊ ငါးကျီးခြောက်ကြော် ၊ ပုစွန် ခြောက်ကြော် ၊



ပုစွန်ခြောက်ကြော် ၊ အာပြဲ ခြောက်ကြော် ၊ ငရုတ်သီး စိမ်းကြော်
(( အကြိုက်ဆုံးပဲ လို့ ))





ငါးကျီးခြောက်ကြော် ၊ ငါးရံခြောက်ကြော် ၊ မန်းကျည်းသီး ငါးပိကြော် ၊


လူကြုံ သူငယ်ချင်း တစ်ယောက် ပြန်တာနဲ့ ထည့်ပေးလိုက်တာတွေ ပါ ..
နောက်ထပ် တိုလီ မိုလီ ၊ အကြော်ထုပ် ၊ ဘာထုပ် တွေ မပါသေးဘူး ...

သယ်လာပေးတဲ့ သူငယ်ချင်းကိုလည်း အရမ်း အားနာတာပါပဲ ..
((သူငယ်ချင်း အရင်းမလို့သာပေါ့ ..)) ((ပစ္စည်းတွေ အရမ်းများလို့ ))

အိမ်က မေကြီး ကို လည်း အားနာတယ် ...
အငန်နံ့တွေ ရရင် ခေါင်းကိုက်တတ်တဲ့ မေမေ ... ကိုယ့်သမီး စားစေချင်လို့ ဆိုပြီး အမြဲ တကူးတက သေချာ ကြော်ထည့်ပေးရှာတယ် ..

လူကြုံမရှိလည်း ဘယ်လို ပို့ပေးရမလဲ နဲ့ .....
သြော် ...
မိဘ ... မိဘ ...




PS ... !...* ရေးမိရေးရာ ၊ တွေးမိတွေးရာ ၊ *...!
Author: ဆောင်းနှင်းရွက်
•9/17/2010 02:11:00 PM
~ သမီး ဘာစားမှာလဲ .. ?
~ မေကြီး သမီး က မနက်ဆို အဲ့လို အစားမစားလို့ လူက သေးနေတာ ..
~ ဒီနေ့ အတွက် စာရင်း လုပ်ပြီးပြီလား .. ?? ဘာတွေ ၀ယ်မှာလဲ ..
((အပြင်သွားမယ်ဆိုရင် ဒီမေးခွန်းတွေကို အရင် ဖြေပြီးမှ သွားခွင့်ရတာလေ))
~ ဒီနေ့ က ဘယ်ကို သွားမှာလဲ ... ??
~ ဒီနေ့ ဘယ်သူနဲ့ သွားမှာလဲ ... ??
~ ဒီနေ့ ဘယ်ကို သွားမှာလဲ ... ??
~ ဒီနေ့ ဘယ် အချိန် ပြန်ရောက်မှာလဲ ... ?? စောစော ပြန်လာခဲ့နော် .. နောက်မကျစေနဲ့ ..
~ တောင် သွား မယ် ပြောပြီး မြောက် မသွားနဲ့ နော် ...
~ မေကြီး .. ညနေ ၄ နာရီလောက် အပြင်သွားလို့ရမလား ...
နောက်ကျနေပြီ .... မသွားပါနဲ့တော့ သမီးရယ် .... ((( ဟုတ်ကဲ့ .. ဟုတ်ကဲ့ ပေါ့ .. သမီးလိမ္မာလေး ..း)))
~ မေကြီး .. ပြန်လာရင် မုန့်လင်မယား ၀ယ်ခဲ့နော် ..

~ နင် ငါ့အိမ်ကို ဖုန်းဆက်ပေး ..
~ ငါ့အိမ်ကို နင် ကူပြောပေးရင် ရပါတယ် ..


~ ဟာာ .. နင့် အိမ်ကလည်း .. အေးပါ .. ငါလည်း နင့်အိမ်ကို လာပြောပေးမယ် ..
~ သမီး .. ညနေ အပြန် အိမ်မှာ ထမင်း စားသွားပြီးမှ ပြန်နော် .. (( ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. အန်တီ ))
~ နင့် အဖေရော .. ငါ ပြောပေးမယ်လေ ..
~ ဟက် .. ငါလာတော့မယ် .. နင့် ခွေးကြီး သိမ်းထားအုံး ..
~ နင် အိမ်ရှေ့မှာ ထွက်စောင့်နေနော် ..
~ ဟက် .. လုပ်ဦးး .. နင့် ကြောင် ကြီး .. ငါ အဲ့ဒါတွေ ကြောင့် နင့် အိမ် မလာချင်တာ ..
~ အေးး .. ဘယ်လို သွားရရင် ကောင်းမလဲ ..
ဟင် .. . နင်လည်း မသွားတတ်ဘူး .. ငါ လည်း မသွားတတ်ဘူးလေ .. ဟာာာ... !!!!
~ အင်းး .. ငါ အဲ့ဒါ စားချင် ပေမယ့် အဲ့ထဲက အဖတ်တွေ ငါ မကြိုက်ဘူး ..



~ သမီး က ဒီနေ့ဘာလို့ ညနေစာ ဗိုက်မဆာရတာလဲ ..
~ အဲ့လိုပဲ အပြင်က ပေါက်ကရ အစာဆို အကုန်စားတယ် ..
~ အိမ်က ထမင်း ၊ ဟင်း ဆို မစားဘူး ...
~ ကဲ .. ဒီအပတ် စနေ ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ မေကြီး ဘာလုပ်ကျွေးရမလဲ ..
သမီးက ရှမ်းခေါက်ဆွဲ နဲ့ ထမင်းပေါင်း ... !!
~ ကဲ ... အားလုံး စားချင်တဲ့ .... " .......... " လုပ်ကျွေးတော့မယ် ..
~ မိုးအေးပါတယ် ဆို ခေါင်းလျှော်ပြန်ပြီ ...
~ ပြီးရင် ခြေထောက်တွေ ၊ လက်တွေ ကိုက်တယ် မပြောနဲ့ ... :(
~ သမီးရယ် ... စိတ်လျှော့ပါ ..
~ မေကြီးကလည်း .. ဘာကြီးဖြစ်ဖြစ် ... စိတ်မှ မပါတာ ကိုလို့ .. ဇွတ်ပဲ ..
~ အဲ့လို မိန်းမလေး ဆန်ဆန် အကျီကြီးတွေ မကြိုက်ပါဘူး ဆို ... !!!!


***********************************************


~ နေ့လည် ၂ နာရီ ထိုးပြီ ၊ ခုမှ စားမှာ ...
~ ညနေ ၅ နာရီလား .. ရတယ် လေ .. နင် ဘယ် MRT မှာ စောင့်နေမှာလဲ ..
~ ဟာာာာာ .. ပျင်းတယ် ဟာ .. မပြင်မသွားချင်ဘူး ...
~(( တစ်ခါတစ်လေကျတော့ ,, .. ဒီနေ့ ညနေ လား .. ငါ မအားဘူး .. အလုပ်သွားရအုံးမယ် .. ))
~ ဟက် .. ရှမ်းခေါက်ဆွဲ သွားစားမလား ..
~ စီးတီး ဟော က ဟာတွေ တစ်ခုမှ စားလို့မကောင်းပါဘူး ...
~ အဲ့ဒါတွေ မကြိုက်ရင်လည်း ရွေးစားရမှာပေါ့ နော် ...
~ ဒီအပတ် စနေ ၊ တနင်္ဂနွေ မနက်ကတည်းက အလုပ်သွားစရာရှိတယ် .. အားဘူး ...
~ မိုးအေးလည်း ခေါင်းလျှော်ရမှာပဲ .. တတ်နိုင်ဘူး ..
~ ငါ ဘာမှ မဖြစ်ပါဘူး .. အနေသာကြီး ..
သူဘာသာ ဘာဖြစ်ဖြစ် .. ဂရုကို စိုက်ဘူး .. ဒေါသလည်း ဖြစ်ဘူး .. စိတ်လည်း တိုပါဘူး ..


~ ဟင်းးး


~ နောက်ထပ် ဘယ် နှစ် နှစ် တဲ့ လဲ ...း(((



PS ... !...* ကျောင်းပိတ်တော့ အိမ်ကို ပိုသတိရတော့ပေါ့ *...!
Author: ဆောင်းနှင်းရွက်
•8/28/2010 12:01:00 AM


မ .... -ဲ -ဲ ဆေးခန်းသွားမလို့ ... လိုက်ခဲ့အုံးမလား ..?
-ဲ -ဲ .... ဝေးလား မမ .. ဝေးရင်တော့ လိုက်ချင်တော့ဘူး .. :D
မ .... ၀ပ်မာ့ကဒ် နားမှာ .. ၀ပ်မာ့ကဒ် နေရာသိရအောင် လိုက်ခဲ့လေ ..

ဘေးခန်းက အမကြီး အသည်းအသန် ဖျားတာ (မဟုတ်ဘူးလို့) အီစီကလီ ၊ မူယာမာယာ များနေတဲ့ အပျင်းရောဂါ အတွက် အန်မ်စီ သွားယူတာပါ .. (ကြားရင်လုပ်လိမ့်မယ်) ..
ဆေးခန်းရောက်တော့ တုံကင် ယူတော့ ၁၀ ယောက် တောင် စောင့်အုံးမယ် တဲ့ ..
အဲ့ဒါနဲ့ ၂ ယောက်သား ဘယ်သွားရမှာလဲ ပေါ့ .. ဆေးခန်း အပြင်ထွက်လို့ မျက်လုံးကစားလိုက်တာ အဲ့ "မ" က ထီ ထိုးမလားတဲ့ .. အင်းးး တစ်ခါမှ ဒီရောက်ကတည်းက မထိုးဖူးဘူး လို့ .. ကြားတော့ ကြားဖူးတယ် .. တိုတို ၊ ရှည်ရှည် ၊ ဖိုးဒီ ၊ ဖိုက်ဒီ .. နောက် 2.2 Million ဆိုလားပဲလို့ ... အင်းး.. ဒါဆို ၂ ယောက် စပ်လို့ ကံ ဘယ်လောက်ပါလဲ စမ်းကြည့်ကြတာပေါ့တဲ့ ...

တကယ်တော့ မြန်မာနိုင်ငံမှာ ကတည်းက ယောင်လို့တောင် ဘာ၂ လုံး ၊ ၃ လုံး မှ မထိုးဖူးပေ ... စိတ်လည်း မ၀င်စား .. ထိုးတဲ့သူတွေ ကြည့်ပြီး ပိုက်ဆံပဲ ကုန်တယ် လို့ .... အိမ်ကလူတွေ လည်း ၁ ယောက်မှ မထိုးပေ .. ဒါပေမယ့် အောင်ဘာလေ ထီကိုတော့ အနည်းနဲ့ အများ ထိုးဖြစ်ကြပါတယ် ... :))

Q တန်းစီ နေတဲ့ အချိန် အဲ့ အမ က သေချာရှင်းပြပေါ့ ...
" ...... ....... ...... Singapore Sweet ထိုးလို့ ပေါက်ရင် 2.2 Million ရမှာ ... .......... ........... "
ဟိုက်ရှားလပါးးးးးးးး ....!!!!!!
"ဆောင်းနှင်းရွက် တို့ အဲ့ အချိန် အံသြတကြီး နဲ့ မျက်လုံးထဲ နဲ့ အတွေးထဲမှာ ၁ စက္ကန့် လောက် စိတ်ကူးအမြန်ယဉ် လိုက်တယ်လေ ... :D .. "

အင်း .. ဒါဆိုလည်း ထိုးကြတာပေါ့ လို့ .... ((အဲ့လိုမျိုးဆို ဆုံးဖြတ်ချက် အရမ်းမြန်တယ်)) ..

ထီထိုးပြီးတော့ ဆေးခန်းပြန်ရောက်တော့လည်း LED လေး ကြည့်လိုက်တော့ လူက ၅ ယောက် ၊ ၆ ယောက် လောက် စောင့်ရအုံးမယ်. .
ကဲ .. အဲ့မှာ ဇာတ်လမ်း စတွေ့တာပဲ ...
" မ " 2.2 မီလီယံ ဆိုတော့ မြန်မာငွေ ဘယ်လောက်ရမှာလဲ လို့ ... (ပေါက်တာ မပေါက်တာ မသိဘူး) .. စပြီး တွက်နေပြီ ... သုည ဘယ်နဲလုံး ... ဘယ်လောက် ပေါ့ ...
သာမီး ရဲ့ ရိုးရိုး ဖုန်းလေးနဲ့ တွက်လိုက်တာ အဖြေက 1650 တဲ့ ... ဟုတ်သေးပါဘူးပေါ့ ...
တွက်နည်းလေးပြမယ်နော် ... :D (2.200000 x 750 = 1650) .... အဲ့လို သင်္ချာ အရမ်း တော်တာ ..

အဲ့ဒါနဲ့ မမ က သူ့ ရဲ့ အိုင်ဖုန်း ကြီး နဲ့ တွက်တာပေါ့ .. တွက်တော့ အဲရာ ပြတယ် လေ ... မြန်မာငွေ တန်ဖိုး ကြီးမားပုံများးးး .... :))

သူကရှင်းပြပေါ့ .... ဒီလို ... ဒီလို .... ခန့်မှန်းခြေ ဘယ်လောက် ဆိုတာကို .....

အယ် .... မြန်မာနိုင်ငံက " ...... " လောက်တော့ သနားတယ် ဆိုတဲ့ အမောက်ဗျာ .... !
ဆေးခန်း ၁ ခုလုံးလည်း ဆောင်းနှင်း တို့ ၂ ယောက် အသံချည်းပဲ .... အဲ့လို ပေါက်တတ်ကရ စိတ်ကူးယဉ် စကားများကို ပြောနေတဲ့ အချိန် ပေါ့ ... ဟို ထောင့် တစ်နေရာ က ကောင်မလေး ၁ ယောက်ကလည်း ပြုံးစိစိ ဆိုတာကိုတော့ သတိထားမိသားပဲ .... နောက်တော့ တူလေးးလည်း မြန်မာ ဖြစ်နေတယ် .... :D

အိမ်ပြန်ရောက်တော့
စာကျက်မယ်လုပ်တော့ စဉ်းစားမိလိုက်တယ် ....

ငယ်ငယ်ကလို ထီ ပေါက်ခဲ့ရင်ပေါ့ ... သာမီးးငယ်ငယ်က ထီ ၃ ကြိမ် ဆက်တိုက် တိတိ ပေါက်ဖူးတယ်လို့ ... ပေါက်တာက တော့ ၂ သောင်းဆုပါ ... အကြိမ် အရေအတွက် က မှတ်မိလွယ်တဲ့ အကြိမ် ဆိုတော့ မှတ်မိသေးတယ် .. ( အကြိမ် ၁၂၃ ၊ ၁၂၄ ၊ ၁၂၅ မှာ) ... :)) ... ကံကောင်းတာကို ပြောပါဒယ် ...

ခုလည်း ငါသာ အဲ့ဒီ 2.2 Million ဆု ပေါက်ခဲ့သော်ဝ် ပေါ့ ..... =D
ဟုတ်တယ်လေ ပြောလို့မှ မရတာ ... မပေါက်ချင်ရင် မပေါက်ဘူးပေါ့ ... ပေါက်ချင်ရင်လည်း ပေါက်မှာပေါ့ .. တကယ်လို့ ကံတရားက မျက်စိလည် လမ်းမှားပြီး ကိုယ့်ဘက် ပါလာရင် .... ဒန့်တန့်တန့် .. :)))

တိုက်ကြီးကြီးမှာ နေမယ် .. ဇိမ်နဲ့စားလို့ ဇိမ်နဲ့ သောက်မယ် (သားစိုး သီချင်း ပြောတာပါ ) အဲ့လို မနေပါဘူး .. ကျန်းမာရေးနဲ့ မညီညွှတ်ဘူး ...


ကဲကဲ .. ပြောပြမယ် .. စီမံကိန်းးးကို
မုဒိတာ လေးတွေ ပွားကြနော် .... ~!

၁ ။ စ လုံး မှာ ကျောင်းတတ်နေသမျှ ကာလပတ်လုံး လုံးဝ လုံးဝ PART TIME အလုပ် လုံးဝ မလုပ်ဘူးးးးးးးးးးးး .... ဘူးဆို ဘူးပဲ ..... ဟွင်း ဟွင်းး ...... B-)

၂ ။ အဲ့ အချိန် ကျောင်း စရိတ် လောက်ကတော့ ပျင်းသနားတယ် ပဲ .... ဌဲလျောင်းးး .. ဌဲလျောင်းးးး ...

၃ ။ လှူဒါန်းရေးတွေ လုပ်မယ် ... မြန်မာနိုင်ငံမှာ လှူဒါန်းဖို့လုပ်စရာ တွေ အများကြီးပဲ ... နယ်ဘက်တွေမှာဆို ပိုဆိုးးးး ..... မတတ်သာလို့ မျက်လုံး မှိတ်ထားရတာတွေ တစ်ပုံကြီးးး ....

၎ ။ ဘုရား ဆင်းတုတော် လုပ်ပြီး လှူမယ်လို့ စိတ်ကူးတယ် ..(ပြီးခဲ့တဲ့ ၁ နှစ် ကျော် နယ်ပြန်တော့ စိတ်ကူး ပေါ်လာခဲ့တာ)..

၅ ။ ပါးပါးနဲ့ မာမား နဲ့ အတူ ဗုဒ္ဓဂါယာ ကို ခရီးသွားမယ် ..

၆ ။ ပါးပါးနဲ့ မာမား ကျန်းမာရေး အတွက် စီစဉ် စရာတွေ စီစဉ် ရမယ် ...

၇ ။ မြန်မာပြည် အနှံ့ မရောက်ဖူးသေးတဲ့ နေရာ တွေ သွားရင်း ဘုရားစုံ လိုက်ဖူးမယ် ...

၈ ။ သွားချင်တဲ့ နိုင်ငံတွေ ကိုလျှောက်သွားမယ် ... ကမ္ဘာလှည့် တိုရစ်ဇင် လုပ်မယ်ပေါ့ကွယ် ....

၉ ။ စီင်္းပွားရေး လုပ်ငန်း တစ်ချို့လည်း လုပ်မယ်ပေါ့ ...
(အသက်ရှင်နေသမျှတော့ အလုပ် လုပ်ရအုံးမှာပဲ ... နို့မိုဆို ဥာဏ်ရည်တုံးလိမ့်မယ် လို့ .. )

၁၀ ။ လောလောဆယ် အကြမ်းဖျင်းတော့ အဲ့လောက်ပဲ တွေးနိုင်သေးတယ် .... :D

အဲ့ဒါ ထီက နောက် လ ပထမ အပတ် ဖွင့်မယ် ဆိုလားပဲ .. သေချာတော့ မချက် ရသေးဘူး ...း))


ကဲကဲ ..... ဆောင်းနှင်းရွက် ကို ကပ်ထားကြနော် .... ((ကော်နဲ့ ... ကော်နဲ့ ... :D .. ))


ဘိုင်သယ်ဝေးးး
တန်းပလိတ် ဘာဖြစ်တွားမှန်းးး မသိဘူးးးး ..... :(


စာကြွင်း .... ခေါင်းစဉ်နဲ့ စာနဲ့ ဘာမှ မဆိုင်သလိုပဲ .... စာကျက်နေရင်း ကောင်းကင်မော့ကြည့်ပြီး လပြည့်နေတာ တွေ့တာနဲ့ လှမ်းရိုက်လိုက်တာ ... အဲ့ဒါနဲ့ပဲ ဓာတ်ပုံ နဲ့ လိုက်လျော ညီထွေ တဲ့ ခေါင်းစဉ်ပဲ ပေးလိုက်ပါတော့တယ် ...




PS ... !...* နေ့လည်က အတွေး ညဘက် မှ ... မီမီ .. မီမီ ... ပြန်ခေါ်ပြီးးး ရေးလိုက်သှ် *...!

Author: ဆောင်းနှင်းရွက်
•8/23/2010 09:38:00 PM
Hi, Mommy.
I'm your baby. You don't know me yet, I'm only a few weeks old. You're going to find out about me soon, though, I promise. Let me tell you some things about me. My name is John, and I've got beautiful brown eyes and black hair. Well, I don't have it yet, but I will when I'm born. I'm going to be your only child, and you'll call me your one and only. I'm going to grow up without a daddy mostly, but we have each other. We'll help each other, and love each other. I want to be a doctor when I grow up.

You found out about me today, Mommy! You were so excited, you couldn't wait to tell everyone. All you could do all day was smile, and life was perfect. You have a beautiful smile, Mommy. It will be the first face I will see in my life, and it will be the best thing I see in my life. I know it already.

Today was the day you told Daddy. You were so excited to tell him about me! ...He wasn't happy, Mommy. He kind of got angry. I don't think that you noticed, but he did. He started to talk about something called wedlock, and money, and bills, and stuff I don't think I understand yet. You were still happy, though, so it was okay. Then he did something scary, Mommy. He hit you. I could feel you fall backward, and your hands flying up to protect me. I was okay... but I was very sad for you. You were crying then, Mommy. That's a sound I don't like. It doesn't make me feel good. It made me cry, too. He said sorry after, and he hugged you again. You forgave him, Mommy, but I'm not sure if I do. It wasn't right. You say he loves you... why would he hurt you? I don't like it, Mommy.

Finally, you can see me! Your stomach is a little bit bigger, and you're so proud of me! You went out with your mommy to buy new clothes, and you were so so so happy. You sing to me, too. You have the most beautiful voice in the whole wide world. When you sing is when I'm happiest. And you talk to me, and I feel safe. So safe. You just wait and see, Mommy. When I am born I will be perfect just for you. I will make you proud, and I will love you with all of my heart.

I can move my hands and feet now, Mommy. I do it because you put your hands on your belly to feel me, and I giggle. You giggle, too. I love you, Mommy.

Daddy came to see you today, Mommy. I got really scared. He was acting funny and he wasn't talking right. He said he didn't want you. I don't know why, but that's what he said. And he hit you again. I got angry, Mommy. When I grow up I promise I won't let you get hurt! I promise to protect you. Daddy is bad. I don't care if you think that he is a good person, I think he's bad. But he hit you, and he said he didn't want us. He doesn't like me. Why doesn't he like me, Mommy?

You didn't talk to me tonight, Mommy. Is everything okay?

It's been three days since you saw Daddy. You haven't talked to me or touched me or anything since that. Don't you still love me, Mommy? I still love you. I think you feel sad. The only time I feel you is when you sleep. You sleep funny, kind of curled up on your side. And you hug me with your arms, and I feel safe and warm again. Why don't you do that when you're awake, any more?

I'm 21 weeks old today, Mommy. Aren't you proud of me? We're going somewhere today, and it's somewhere new. I'm excited. It looks like a hospital, too. I want to be a doctor when I grow up, Mommy. Did I tell you that? I hope you're as excited as I am. I can't wait.

...Mommy, I'm getting scared. Your heart is still beating, but I don't know what you are thinking. The doctor is talking to you. I think something's going to happen soon. I'm really, really, really scared, Mommy. Please tell me you love me. Then I will feel safe again. I love you!

Mommy, what are they doing to me!? It hurts! Please make them stop! It feels bad! Please, Mommy, please please help me! Make them stop!

Don't worry Mommy, I'm safe. I'm in heaven with the angels now. They told me what you did, and they said it's called an abortion.

Why, Mommy? Why did you do it? Don't you love me any more? Why did you get rid of me? I'm really, really, really sorry if I did something wrong, Mommy. I love you, Mommy! I love you with all of my heart. Why don't you love me? What did I do to deserve what they did to me? I want to live, Mommy! Please! It really, really hurts to see you not care about me, and not talk to me. Didn't I love you enough? Please say you'll keep me, Mommy! I want to live smile and watch the clouds and see your face and grow up and be a doctor. I don't want to be here, I want you to love me again! I'm really really really sorry if I did something wrong. I love you!


I love you, Mommy.

Every abortion is just…

One more heart that was stopped.
Two more eyes that will never see.
Two more hands that will never touch.
Two more legs that will never run.
One more mouth that will never speak.

If you’re against abortion, reblog.


written by
Marian Alvear
Manila, Philippines


PS ... !...* I've read this on facebook since last two weeks *...!
Author: ဆောင်းနှင်းရွက်
•8/12/2010 01:48:00 AM
ဘာလိုလိုနဲ့ အဝေး တစ်နေရာမှ နေလာတာ တော်တော်ကြာတော့မယ် ..

ဘာလိုလို နဲ့ ချစ်တဲ့ မိသားစုနဲ့ ဝေးရာမှ ၃ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ အန်တီ ဆုံးတာလည်း ၅ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ အကို တစ်ယောက် ဆုံးတာလည်း ၇ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ခင်တာလည်း နှစ် ၂၀ ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ နောက် အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ခင်တာလည်း ၇ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ နောက်ထပ် အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက် ခွဲသွားတာလည်း ၄ လ ကျော်သွားပြီ ..

ဘာလိုလိုနဲ့ ၀မ်းနည်းခဲ့တဲ့ နေ့ရက်တွေ ရှိသလို ၊ ပျော်ခဲ့တဲ့ နေ့ရက်တွေလည်း ရှိခဲ့တယ် ..

ဘာလိုလိုနဲ့ မျက်လုံးတွေ ယောင်အောင် ငိုခဲ့ဖူးတဲ့ နေ့ရက်တွေ လည်း ရှိခဲ့တယ် ..

ဘာလိုလိုနဲ့ ပြန်မတွေ့တော့ဘူး ထင်ထားတာတွေလည်း ခဏတာ ပြန်တွေ့ခဲ့တယ် ..

ဘာလိုလိုနဲ့ MRT နားမှာ သီချင်းဆိုတဲ့ အဘိုးကြီးကို မတွေ့ရတာလည်း တော်တော် ကြာပြီ ..

ဘာလိုလိုနဲ့ တစ်နေ့ တစ်နေ့ အိပ်ချိန် ၇ နာရီ လောက် မအိပ်ရရင်လည်း ခေါင်းကိုက်တတ်လာပြီ ..

ဘာလိုလိုနဲ့ အိမ်ကို ဖုန်းမခေါ်ဖြစ်တာ လည်း တော်တော်ကြာပြီ ..(အိမ်ကပဲ ခေါ်နေလို့ပါ .. :) )

ဘာလိုလိုနဲ့ ဘလော့စရေးလာတာလည်း ၃ နှစ် ရှိတော့မယ် ..

ဘာလိုလိုနဲ့ ဘလော့ မရေးဖြစ်တာလည်း တော်တော်ကြာနေသလိုပဲ ..

ဘာလိုလိုနဲ့ ဖေ့ဘွတ် က ကစားနေတဲ့ ဂိမ်းတွေလည်း အဆင့် ၃၀ ကျော်ပြီ ..

ဘာလိုလိုနဲ့ ကြက်တောင် မရိုက်ဖြစ်တာတောင် တော်တော်ကြာသွားပြီ ..

ဘာလိုလိုနဲ့ တော်တော်လေးကိုလည်း ၀ လာပြီ .. (လူပါး )

ဘာလိုလိုနဲ့ ဆံပင် ဖြောင့်တာလည်း ၅ ခါ မက ရှိနေပြီ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..


PS ... !...* ဘာလိုလိုနဲ့ ပဲ ခုတလော *...!
Author: ဆောင်းနှင်းရွက်
•6/28/2010 05:59:00 PM
အပျော် လွန်နေတာလား .. ??

အပျင်းထူ နေတာလား .. ??

လမ်းများ နေတာလား .. ??

Chess ကိုက်နေတာလား .. ??

နား ပူ လို့ ညစ်နေတာလား .. ??

အအိပ် လွန်နေတာလား .. ??


ဘာဖြစ်နေမှန်း မသိ .. မသိ နဲ့ ။ " . . . " ရဲ့ ပွစိပွစိ ကို အကြောင်းပြု၍ စိတ်လေလွင့်ကာ စိတ်အလိုလိုက်တာတွေ တော်တော်ကို များနေပါပြီ ...

ထိုကြောင့် အချိန်မနှောင်းခင် ပြန်ပြီး ပြင်ဆင်စရာရှိသည်များ ပြင်ဆင်၍ အရင်လိုပဲ လိလိမ္မာမ္မာ (( ခုလည်း လိမ်မာပါတယ် .. :)) နဲ့ စာမေးပွဲမှာ ဂရိတ်ကောင်းကောင်း နဲ့ အောင်ဖို့ ကြိုးစားရပေမည် ... ။





PS ... !...* စာမေးပွဲ ဖြေဆိုရန် ၂ လ တိတိ သာ လိုပါတော့သည် *...!
အမှတ်နည်းတာ မျက်နှာငယ်ရတယ်လို့ ဒီနေ့ ခံစားမိလာလို့ပါ ..း(
Author: ဆောင်းနှင်းရွက်
•6/13/2010 03:24:00 AM
ဆောင်းနှင်းနဲ့ သူနဲ့ ဝေးကွာခဲ့သည်မှာ တော်တော်ကြာပါပြီ .. ကြာဆို ဆောင်းနှင်း ဒီရောက်ကတည်းက သူနဲ့ မတွေ့ဖြစ်ခဲ့ပါ .. ဆောင်းနှင်း ရဲ့ ၂၄ နာရီထဲမှာ သူ့ကို အချိန်ပေးချိန်မရအောင် ဘာတွေနဲ့ ပြည့်နေမှန်း မသိပြည့်နေခဲ့တယ်လေ .. ဒါပေမယ့် ဆောင်းနှင်း သူ့ကို တစ်ရက်မှ မေ့မရခဲ့ပါ .. အချိန်ရတိုင်း အွန်လိုင်းမှာ သူ့အကြောင်း စုံစမ်း ရတာ အမောပေါ့ .. ဆောင်းနှင်း သူ့ကို သတိရသလောက် သူကတော့ ဆောင်းနှင်းကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ ထင်မှာတောင် မဟုတ်ပါဘူး .. တော်တော် ရက်စက်တယ်နော် ..း(

သူ့ကို ဆောင်းနှင်း အကို မိတ်ဆက်ပေးလို့ စသိခဲ့တာပါ .. ဆောင်းနှင်း သူ့ကို တော်တော်လေး သဘောကျ၊ နှစ်သက်တယ် ဆိုတာ တစ်အိမ်လုံးလည်း သိပါတယ် .. တစ်ဆွေမျိုးလုံးလည်း သိသလို ဆောင်းနှင်းနဲ့ တော်တော်လေးခင်တဲ့ သူငယ်ချင်းများလည်း သိပါတယ် .. ဖေဖေကလည်း သူ့ကို သဘောကျ၊ နှစ်သက်သလို အကို နဲ့ မောင်လေးကလည်း နှစ်ကြိုက်ကြတယ် .. အန်တီကတော့ တစ်ခါတစ်လေ သူ့စိတ် မကြည်တာနဲ့တွေ့ရင် ကန့်ကွက်ချင် ကန့်ကွက် ပါတယ် .. ဒါပေမယ့် ဆောင်းနှင်း မေမေ ကတော့ သဘောမကျ ၊ မနှစ်သက် လို့ လားမသိ အစဉ်အမြဲ ကန့်ကွက်နေတတ်တယ်.. ((သို့သော်ဝ်)) အများနဲ့ အနည်း မလို့ မေမေလည်း အရမ်းတော့ မကန့်ကွက်နိုင်ပေ ..းD

အခု ကံကြမ္မာ က မျက်နှာသာ ပေးတယ် ပြောရမလား .. ဆောင်းနှင်း နဲ့ သူ့ကို တွေ့ဆုံခွင့် ရအောင် လုပ်ပေးခဲ့တယ် .. တိုက်တိုက် ဆိုင်ဆိုင် ဆောင်းနှင်းရဲ့ team break holidays နဲ့ ကြုံနေတော့ ဆောင်းနှင်း သူ့ကို တွေ့ခွင့်ရခဲ့တယ် .. ((တိုက်ဆိုင်လိုက်တာများကွာ)) .. holidays ရဲ့ ပထမဆုံး နေ့မှာပဲ သူ တို့အဖွဲ့တွေ ရောက်လာခဲ့တယ် .. နှစ် နှစ်ခွဲ ကျော်လောက် ကင်းကွာ နေရာကနေ ခု ပြန်လည် ဆုံတွေ့ခွင့် ရပြီ ဆိုတော့ ဆောင်းနှင်း တော်တော် ၀မ်းသွား သွားးတယ် ..းP

ဆောင်းနှင်း သူ့ကို အကျီင်္ အစိမ်းရောင်လေးကြောင့်ပဲ စွဲလမ်းခဲ့လေသလား.. သေချာ ရေရာတဲ့ အကြောင်းပြချက်မရှိပေမယ့် သူ့ကို တော်တော် ရူးရူးမူးမူးကို စွဲလမ်းပါတယ် .. စွဲလမ်းဆို ဆောင်းနှင်း အထင် ၁၉၉၆ လောက် ကတည်းကများ စွဲလမ်းခဲ့လေသလား မသိပါဘူး .. သေချာတော့ ခုနှစ် အတိအကျ မမှတ်မိပေမယ့် အဲ့နေ့ က သူ လုပ်သွားတာတွေကို မျက်စိထဲမှာ တော်တော် စွဲနေတယ် .. အဲ့အချိန်တုန်းကဆို ဆောင်းနှင်း တော်တော်ငယ်ပါသေးတယ် .. ဒါပေမယ့် ဆောင်းနှင်း လေ သူဘာလုပ်လုပ် အကောင်းပဲ မြင်တယ် .. သူတင် မက သူ့ရဲ့ ကိုယ်ပွားလေ တွေ ဘာပဲလုပ် လုပ် လည်း အကောင်းပဲ မြင်နေတယ် ..

သူဆိုတာလည်း သူ့ကိုယ်ပွားလေးတွေ ကြောင့် ဖြစ်လာရတာတော့ အမှန်အတိုင်း ပြောရရင် ဆောင်းနှင်း သူ့ရဲ့ ကိုယ်ပွားလေးတွေ ကို ပိုပြီး နှစ်သက်မိတယ် ..သူ့ရဲ့ ကိုယ်ပွားလေးတွေနဲ့ အလားသဏ္ဍာန် တူတာတွေ တစ်ခြားနေရာတွေ မြင်နေရပေမယ့် မျက်စိထဲမှာ ဘယ်လိုမှ အဆင်မပြေလှပေ .. တကယ်တော့ သူ့ရဲ့ မျိုးရိုး(ကိုယ်ပွား) တစ်ဝက်လောက်က တော်တော်လေးကို အသားမဲပါတယ် .. ဘယ်လောက်မည်းလဲဆို သွားလေးတွေပဲ မြင်ရပြီး ထိုသွားလေးများကလည်း အုန်းခြစ်လေးများနဲ့ တူလေရဲ့ .. ဒါကြောင့်လည်း ဆောင်းနှင်း သူ့ကို ပိုပြီး သံယောဇဉ် ဖြစ်မိ၊ တွယ်တာမိတာ ဖြစ်ကောင်းဖြစ်လိမ့်ပါလိမ့်မယ် .. B-)

သူက တစ်ခါတစ်လေ စိတ်ကျေနပ်အောင် ပေးစွမ်းနိုင်ပေမယ့် တစ်ခါတစ်လေမှ ဆောင်းနှင်း ရဲ့ heart beat ကို တော်တော် မြန်အောင် လုပ်ပြီး စိတ်ညစ်အောင် လည်း လုပ်ခဲ့ဖူးပါတယ်.. ဒါပေမယ့် ဆောင်းနှင်း လုံးဝ စိတ်မနာနိုင်ခဲ့တာ ခုချိန်အထိပါပဲ .. သူ့ကို စသိတဲ့ အချိန် ကနေ ခုချိန်ထိဆို ဆောင်းနှင်း သူ့အတွက် ပျော်ခဲ့၇တယ် ဆိုတဲ့ အချိန်က နည်းလွန်းလှပါတယ် .. တစ်ခါတစ်လေဆို သူပေးတဲ့ အရာတွေက တော်တော် ကို စိတ်ပျက်ဖွယ်ကောင်းလွန်းတာ အမှန်ပါ .. အဲ့လိုနဲ့ပဲ ခုဆိုရင် ၁၀ စု နှစ် တစ်ခုလည်း ကျော်သွားပါပြီ ...


!@#$%^&*()_+...................!@#$%^&*()_+


ဒါဆို ခု ၂ နှစ်ခွဲကျော်ကနေ ပြန်တွေ့တော့ရော .....
ထိုနည်း ၄င်းပါပဲ ......
မဖြစ်သင့်တာတွေ ဖြစ်သွားတယ် .. မပေးသင့်တာတွေ ပေးလိုက်ရတယ် ..
အဲ့လိုတွေကြောင့် သူ့ ပါပါးဆို ထိုင်ရမလို ၊ ထရမလို ကို ဖြစ်နေလေရက် ....

ဒါပေမယ့်လည်းလေး သူ့ကို ခွင့်လွတ်သည်းခံလိုက်ပါတယ် ...
ခွင့်မလွတ်ဘူး ပြောရင် လည်း ပြောင်းလဲလို့မှ မ၇တော့တာ .. ဘာမှ မတတ်နိုင်ပေ ... ပြီးတာတွေ က ပြီးသွားပြီး ပြီလေ .. ဘာလုပ်လို့ ရမှာလဲ ...
ဒီတော့ ကိုယ့်စိတ် ကိုယ်ပဲ အပြစ်တင်လိုက်ပါတယ် ...

ဟင်းးးးးး ......... သူရယ်
အခု အစမှာတောင် အဲ့လိုဆိုရင် ရှေ့လျှောက် ဘယ်လို လုပ်မလဲ ... ထပ်လွဲအုံးမှာပဲလား ဟင် ...!

စိတ်ပူတယ်ကွာ .... !!!!




PS ... !...* တကယ်တော့ အဓိက မဖြစ်သင့်ပဲဖြစ်သွားတာ ဂရင်း ကြောင့်ပါ *...!
((ဒါပေမယ့် ကျန်တဲ့သူတွေလည်း ပရောဂ သိပ်မကင်းပါ ))
Author: ဆောင်းနှင်းရွက်
•5/06/2010 06:00:00 AM
မနက် .....
အိပ်ကောင်းနေရင်းနဲ့ ၀င်လာတဲ့ ဖုန်းအလန်း ကြောင့် ထရတော့မယ် ...အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းထဲဝင် ၊ ရေချိုး ဖီးလိမ်း ပြင်ဆင် ၊ ကော်ဖီ တစ်ခွက် သောက် ၊ စာရွက်စာတမ်း ၊ ဘွတ်ခ် ၊ ကျောင်းသားကဒ် ၊ ပစ္စည်းစစ်ထည့် ၊ အိမ်တစ်ခါး သော့ပိတ်လို့ ခြေတစ်လှမ်း ကုဋေတစ်သန်းမဟုတ်တဲ့ လမ်းလျှောက်နှုန်းနဲ့ ကျောင်းသို့ သွားပေတော့ ..

!@#$%^&*()_+

နေ့လည် .....
နေ့လည် ထမင်းစားချိန်  ချိုပေါ့ရွတ် နေတဲ့ ပေါက်ဖော်ကြီးလက်ရာ စားမလား .. အီစိမ့်စပ် နေတဲ့ မလေးဆိုင်က ဟာ စားမလား .. ဒါမှ မဟုတ် မက်ဒေါနားရဲ့ အကို မက်ဒေါနယ် ဆီကို ဦးတည်မလား .. ဆောက်ကန်တင်း ၊ နှောက်ကန်တင်း ၊ အီ့စ်ကန်တင်း ၊ ၀က်စ်ကန်တင်း အကုန်လုံး ချက်တဲ့သူနဲ့ ဆိုင်နာမည်သာကွဲလွဲမယ် .. ထပ်တလဲလဲ နဲ့ တူညီနေတဲ့ အရသာတွေ .. ရှောင်လွှဲ၍လည်း မရ၊ စားရပေအုံးမည် ..

!@#$%^&*()_+

ညနေ .....

ညနေကျောင်းဆင်း အိမ်သို့ တစ်လှမ်းချင်း ဖြေးညင်းစွာနဲ့ အသာအယာ လျှောက်လို့ပြန် .။ အိမ်တံခါးလေး သော့ဖွင့်လို့ အိမ်ထဲဝင် ၊ အခန်းတံခါးဖွင့် ၊ လွယ်အိတ်ချ ၊ မျက်နှာသစ်လို့ ညနေ ထမင်းစားရန် ချက်ပြုတ်ပြင်ဆင် ...။ ရေမိုးချိုးပြီးလို့ ကိုယ်ချက်ထားတဲ့ လက်ရာ နဲ့ ထမင်းစားရတာမှ အရသာရှိသေးတယ်.. ။

!@#$%^&*()_+

စာလေး၊ ဘာလေး နဲနဲပါးပါး ကြည့် ၊ အများကြီး ကြည့်မိရင် ကရက်ဒဒ် ထွက်မှာ ဆိုးလို့ နဲနဲပါးပါး ပုံမှန်လောက်နဲ့ စာကြွေးမရှိဘူးဆို တော်ပြီ ... လူကစာကိုနိုင်ပြီး ၊ စာကလူကိုမနိုင်ဖို့ပဲ အရေးကြီးတာ .. သွေ့ပုသွေ့ .. B-)

!@#$%^&*()_+

နောက်နေ့ တစ်ဖန် ရောက်လို့ လာပြန်ပြီ ... မန်းဒေး တူ ဖရိုက်ဒေး တော့ အဲ့လိုနဲ့ပဲ ချာချာလည်..

စနေ၊ တနင်္ဂနွေ ပတ်တိုင်း နဲ့ အချိန်ပြည့် ..... :(
အံမယ် .. ကိုဖီအာနန် ၊ လီကွန်ယု ၊ ဗခမကြီး သရ တို့ထက်တောင် အလုပ်များနေလို့ သူတို့တောင် ဘေးနားက ထိုင်ငိုနေလေရက် ...


ဒီလိုနဲ့ပဲ နောင် ၃ နှစ် ဆိုတာ ကို လည်ပတ်သွားရမှာ မလွှဲဧကန် ... ကျောင်း ၃ နှစ် ပြီးရင် ဘာလုပ်မလဲ.. ရေစက်ချ .. အလှူလုပ်မှာပေါ့ ...(အဲ့လိုမဟုတ်ပါဘူး) ..ဒါဆို ယူနီ ဆက်တတ်ပေါ့ .. တတ်စရာလားး.. စိတ်ကူးထဲ ကို မရှိဘူး .. ထပ်ဆင့်အကယ်ဒမီ ရွှေစင်ဘွန်းတွေ ရပြီး ဒီနိုင်ငံမှာ တစ်သက်လုံးနေသွားရမှာ စိုးရိမ်လို့ပါ .. ခုတောင် မျက်စိထဲမှာ မြင်နေမိတဲ့ ဘွန်းစာချုပ်ကြီး .. အားလားလား ၃ နှစ် အလုပ် လုပ်ရပေအုံးမည် ။ ((အလုပ်လုပ်နေရင်း အလကား ဖရီးတတ်ခွင့်ရခဲ့ရင်တော့ စဉ်းစားမယ်လို့.. စလုံး စတိုင်လ်)) ..  ပြီးရင်တော့ မိသားစု ရှိတဲ့ နေရာလေးကိုပဲ အပြီးပြန်ပါတော့မယ် .. ကြိုက်တဲ့ အချိန်မရွေး ပြန်လာလို့ ရတယ်လို့ ပြောနေပေမယ့် ခုချိန် မှာ ဘာလို့ မပြန်ချင်သေးတာလဲ ဆိုတာတော့ ကိုယ့်ဘာသာလည်း သေချာမသိသလိုပဲ ..

ဒါဆို နောင် ၆ နှစ် အတွင်း ဒီကျွန်းနိုင်ငံမှာပဲ ရှိနေရအုံးမယ် ပေါ့ ..နောင် ၅ နှစ် ၊ ၆နှစ် အတွင်း ဆောင်းနှင်းကိုယ်တိုင် ဘာတွေပြောင်းလဲ သွားနိုင်လည်း ခုချိန်မှာ စဉ်းစားကြည့်ရင် အရွယ်ရောက်လာတဲ့ သူတိုင်းအတွက် အိမ်ထောင်မှု့ ဘုရားတည် ဆိုတာ ရှောင်လွဲလို့မှ မရတာ .. ကိုယ် အသက်ကြီးတဲ့ အချိန်ထိ ဖေဖေနဲ့ မေမေ ဘေးနားမှ နေသွားနိုင်ရင်တော့ အပျိုကြီးပဲ လုပ်မှာပေါ့ ..:P  ခုတောင် မိသားစု မရှိပဲ ၁ ယောက်တည်း နေ နေ၇တာ အထီးကျန် ၊ အမကျန်လို့ ... အင်းး.. အဲ့လိုတွေ ညည်းလွန်းလို့ ဖေဖေနဲ့ မေမေကလည်း စိတ်မချ ဖြစ်နေတာ နေမှာပါ .. ဒါပေမယ့်လည်း ကိုယ်ချစ် ၊ သူချစ် ပဲလိုချင်တာပေါ့ .. မတိုက်ဆိုင်တော့လည်း အိမ်က စီမံရာပေါ့ .. သမီးလိမ္မာလေးပဲ လုပ်တော့မယ် .... !

စီးပွားရေး စဉ်းစားကြည့်ပြန်တော့လည်း ယာယီ စဉ်းစားထားတာတွေ ရှိနေပေမယ့် နောင် နှစ် အများကြီးလိုသေးတော့ ........
ဘယ်လို ပြောမလဲပေါ့နော် ..(( လက်နဲ့စာရိုက်ပြီးပဲ ပြောရမှာပေါ့ ..)) စီးပွားရေးဆိုတာ က စဉ်းစားထားပေမယ့် အချိန်အခါ နဲ့ အခြေအနေ ပေါ်မှာ မူတည်သေးတယ် လေ ...

ဘာပဲဖြစ်ဖြစ် အသက်လည်း မငယ်တဲ့ အရွယ် ရောက်နေတဲ့ အတွက်  ကိုယ့်ရဲ့ life plan တစ်ခုတော့ ရှိသင့်တယ် ထင်တယ် .. ကိုယ်ဘာဖြစ်ချင်တာလဲ ... ကိုယ့်ကို ဘာဖြစ်စေချင်ကြတာလဲ ပေါ့ ..

စိတ်ရှိသမျှသာလုပ်ရရင်တော့ ......... လုပ်ချင်တာတွေ တော်တော်များနေတယ်လို့ ...
ဂယ် ...
ဂယ် ...
ဂယ် ပြောတာ ....





PS ... !.. မ၀ါ တဂ်ထားတာလည်း ၄ ၊ ၅ လ လောက် ရှိပြီထင်ပါတယ်.. ခုမှ ဖီးလ်လာလို့ပါ*...! 
တဂ်ထားတာနဲ့ ရေးထားတာနဲ့ ကိုက်ညီရဲ့လားတောင် သိတော့ဘူး ..
Author: ဆောင်းနှင်းရွက်
•4/18/2010 10:09:00 PM
နှစ်သစ်ကူးမှာ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်စုံနိုင်ကြပါစေ လို့ ပို့စ် မရေးခင် နှစ်သစ်ကူးမှာ ဆုမွန်ကောင်း ခြွေလိုက်ပါတယ် ..။


စိတ်ထဲ ရှိသမျှ ချရေးပြီနော် ...

~ အိမ်ကို အရမ်းသတိရနေတယ် ..။ အထူးသဖြင့် ဖေဖေနဲ့ မေမေကိုပေါ့ .. နောက်တစ်ခါ အိမ်ပြန်တဲ့ အချိန်မှာ ဖေဖေ နဲ့ မေမေ မျက်နှာကို မြင်ရဖို့ အမြဲ မျှော်လင့်နေတယ် .။
~ မနက်ဖန်ဆို ကျောင်းစဖွင့်တော့မယ် .။ နောင် ၆ ဆိုတဲ့ အတွေးက မတွေးပဲ မနေနိုင်အောင် ၀င်ဝင်လာတယ် .။
~ ၃ နှစ် ကျောင်းတတ်ပြီးတဲ့ အချိန် ဖေဖေနဲ့ မေမေ သက်ရှိထင်ရှား ရှိနေဖို့ အမြဲမျှော်လင့်နေမိတယ် .။
~ မိသားစုနဲ့ နေရတာ ဘယ်လောက် နွေးထွေးဖို့ကောင်းတယ်ဆိုတာလည်း တစ်နေ့တစ်ခြား ပိုသိလာတယ် .။

~ ကျောင်းတတ်ရမယ့် ၅ ရက်မှာ ၃ ရက် က မနက်အစော မသွားရတော့ အိပ်ရေး၀၀တော့ အိပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.။
~ ဒါပေမယ့် ညနေ ၆ နာရီ အထိ တတ်ရမယ့် နေ့ကိုတော့ ရင်မောတယ် . :(
~ စကောလားရှစ်နဲ့ တတ်ရဖို့လည်း Citizen ရှာလိုက်ရရင်ကောင်းမလား မသိဘူး .:P
~ ကျောင်းက မတတ်ရသေးဘူး .. Attachment ကိုလည်း Oversea မှာ ဆင်းချင်နေတယ်.. B-)
(မုန့်ဆီကြော် ဘယ်နားနေမှန်းမသိသေးဘူးး ... ((ဆက်ပြောကြရန်))..)

~ ရန်ကုန် က ဆံပင်ညှက်ပေးလိုက်တဲ့ ဆံပင်ညှက်ဆိုင်က အမကြီးကိုလည်း စိတ်တိုနေတယ် .။
~ ဒီက ပြောတဲ့စကားလုံးအတိုင်း ပြောရရင် Chicken Back Side ပုံစံ ပြောင်းဖို့ စိတ်ကူးနေရတယ် .။

~ အလုပ်က ဆယ်ပြားစေ့မျက်နှာ နဲ့ တရုတ်ကောင်ကိုလည်း အမြင်ကပ်တယ် .။
~ ဆရာကြီးဒီဇိုင်းနဲ့ ဘယ်လိုကြည့်ကြည့် မျက်စိထဲမှာ ကြည့်လို့ကို မရဘူး.။
~ ခဏ၊ ခဏ စကားမများချင်လို့ ရှောင်ရင်လည်း မရပြန်ဘူး.။

~ အနောက်တိုက်က သူငယ်ချင်း Malaysian မလေးအိမ်မှာ အမြဲ ထမင်းစားရရင်ကောင်းမလဲနော် ..
~ ချို၊ ပေါ့ နေတဲ့ ပေါက်ဖော်ကြီးလက်ရာရိုးသွားလို့ မလေးတွေရဲ့ အုန်းနို့နဲ့ ချက်တဲ့ ဟင်းတွေကို ခံတွင်းတွေ့နေတယ်.:)

~ မလေး ဘာသာစကားလည်း အရမ်းကို တတ်ချင်နေတယ်.။ တစ်နေ့ကို ၁၀ လုံးနှုန်း နဲ့ ကျက်နေတာလည်း မေ့မေ့သွားတယ်.။
~ ဒါပေမယ့် "အာကု ချင်သ ကောင်းမှု" ကျတော့ မေ့ဘူးဗျာ .။ ညဏ်ကောင်းတာ တွေ့တယ်မလား.?

~ Fujitsu & hp ထဲက Laptop အသစ် ၁ လုံးလည်း လိုချင်တယ် .။

~ ပရော်ဖက်ရှင်နယ်လ် ရိုက်တဲ့ ကင်မရာ ကောင်းကောင်းလည်း တစ်လုံးလည်း လိုချင်တယ် .။

~ SonyEricsson ဖုန်း အသစ် ၁ လုံး လည်း လိုချင်နေတယ် .။ ခုဖုန်းက နှာစေးချောင်းဆိုးဝင်နေပြီ .။

~ Student Ezlink Card လည်း မြန်မြန်ရဖို့ မျှော်လင့်တယ် .။ Adult Fees ကြောင့် ညစ်နေတယ်.:(

~ မလေးရှားလည်း သွားလည်ချင်နေတယ် .။ ဂျိုဟို တောင် မရောက်ဖူးသေးတဲ့ ဘ၀.. :(
သူများတွေ ပြောတာတော့ JB မှာ ဘာမှ ရှိဘူးတဲ့ ၊ မရှိလည်း သွားဖူးချင်တာ ..။

~ မြန်မာနိုင်ငံက မသွားဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုးလည်း သွားချင်တယ် .။ မြစ်ဆုံလည်း သွားချင်တယ် .။ တောင်ကြီးလည်း သွားချင်တယ် .။ အလောင်းတော် ကဿဖ လည်း သွားဖူးချင်တယ် .။

~ ဒီနေ့က စလို့ စကားလည်း တည်တည်တံ့တံ့နဲ့ မေးတာကိုပဲ ဖြေတော့မယ် လို့ စိတ်ကူးထားတယ် .။
မြန်မာဘာသာစကားသင်တန်းကျောင်း သွားပြန်တတ်ရရင်တောင် ကောင်းမလား မသိဘူး . B-)

~ သတိရတဲ့ စိတ်တွေကြောင့် ငိုနေမိတာတွေလည်း မရှိချင်ဘူး .။
~ ဒါပေမယ့် ငိုချင်ရက်လက်တို့ဆိုတော့ ငိုနေဆဲပဲ .. အဟင့် .!




ကဲ .. ကိုဏီလင်းညိုရေ ..
လောလောဆယ် ခေါင်းထဲ ရှိသမျှ အတွေးတွေနဲ့ ခံစားရတာတွေကို ရေးတတ်သလိုပဲ ရေးလိုက်တယ်..
အပျော်တမ်း၊ စိတ်ထဲရှိတဲ့အရာလေးတွေပဲ ပေါ်လာမှ ရေးတာဆိုတော့ ကိုဏီလင်းညိုရေးသလောက်တော့ ဖတ်လို့ကောင်းမယ် မထင်ပါ ..
ရေးတာ နောက်ကျနေတာ စိတ်မရှိပါနဲ့ .. တကယ်ကို မအားလို့ပါ .. ။