Author: ဆောင်းနှင်းရွက်
•3/27/2011 02:48:00 AM

ဖြူစင်ရှင်းသန့်
မြင့်မြတ်စိတ်ထား
အေးမြကြည်လင်
မေတ္တာ နှလုံးသား
မြင့်မိုရ်တောင်မက
ကြီးမားလှသော
မေမေ့ မေတ္တာ ။ ။

သန္ဓေမှတည်
ကြီးရင့်သော်လည်း
မည်သည့် အရာ
မည်သို့မျှပင်
တုနှိုင်းမယှဉ်သာ
ချစ်ခင်ယုယ
ပေးစွမ်းနိုင်သော
မေမေ့ ကရုဏာ ။ ။

ဘယ်သို့အချိန်
မည်သည့်ခါမျှ
မပြောင်းလဲသော
တုနှိုင်းမရှိသည့်
အကြင်နာနွေးထွေး
မေမေ့ရင်ခွင် ။ ။

xx. x. ၂၀၀၂ ။ ၂၀၀၆


၂၀၀၂ မှာ ကျရောက်ခဲ့တဲ့ ဆောင်းနှင်းရဲ့ မွေးနေ့မှာ မေမေ့ကို ပေးမယ်ဆိုပြီး ပထမဆုံး စပ်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ ... ဆောင်းနှင်းလည်း အရမ်း ငယ်သေးတော့ ကိုယ့် မွေးနေ့မှာ အဲ့လိုကြီး ပေးရမှာ ကောင်းပါ့မလား .. ဒါမှ မဟုတ် ရှက်နေခဲ့တာလား ဘာကြောင့်မှန်းမသိဘဲ မေမေ့ကို မပေးဖြစ်ခဲ့ပါဘူး ..

နောက် ၂၀၀၆ မှာ တစ်ခါ ၊ ဒီကဗျာလေးနဲ့ ပစ္စည်း တစ်ခု ပေးမယ် ဆိုပြီး ထပ် ရည်ရွယ်ခဲ့ပါသေးတယ် ..
အဲ့ဒါလည်း အကြောင်း အမျိုးမျိုးကြောင့် ပစ္စည်း လေးပဲ ပေးဖြစ်ခဲ့ပြီး .. စာရွက်အိတ်လေးကို သိမ်းထားခဲ့မိပြန်ပါတယ် ..

ဒီကဗျာလေးဟာ ခုချိန်ထိ ဆောင်းနှင်း ကိုယ်တိုင်ပဲ ဖတ်ဖြစ်နေတဲ့ ကဗျာလေး တစ်ပုဒ်ပါ ...
တကယ်တော့ အစက ဒီနေ့ ကျရောက်တဲ့ မေမေ့ မွေးနေ့မှာ ဒီကဗျာလေးနဲ့ အတူ ပစ္စည်းလက်ဆောင်လေး ထည့်ပေးမလို့ စိတ်ကူးထားပါသေးတယ် ..
ဒါပေမယ့် လက်ဆောင် သာ ပို့ပေးဖြစ်ပြီး ၊ ဒီ ကဗျာလေးကတော့ ဒီအတိုင်း ကျန်နေခဲ့ပါသေးတယ် ...
ဒါကြောင့် ဒီကဗျာလေးကို ဒီနေ့ ကျရောက်တဲ့ မေမေ့ မွေးနေ့အတွက် အမှတ်တရ လက်ဆောင် အဖြစ် စာအိတ်လေး ပျောက်သွားခဲ့ရင်တောင်မှ အမြဲ အမှတ်တရ ကျန်နေအောင် မိမိရဲ့ ဘလော့မှာပဲ ပြန်သိမ်းထားလိုက်ပါတယ် ..

မေမေ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်စုံ၍ အစဉ်သဖြင့် ကျန်းမာပျော်ရွှင်စွာ မေမေချစ်တဲ့ သားနဲ့ သမီး နဲ့အတူ နေနိုင်သွားနိုင်ပါစေ ...



PS ... !...* အဝေးရောက်နေတဲ့ သမီးငယ်လေး ဆီမှ *...!

(သန္ဒေ ဆိုတာ နဲ့ ပေါင်းပေ့မယ့် လက်ကွက် မရိုက်တတ်လို့ နဲ့ စာလုံးပေါင်းလိုက်တာပါ)

This entry was posted on 3/27/2011 02:48:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

11 comments:

On March 27, 2011 at 3:20 AM , khin oo may said...

happy birthday ပါ ဆောင်းနင်းမေမေ. ရေလိုအေးရွေ့ပန်းလိုလန်းပါစေ။

 
On March 27, 2011 at 4:21 AM , ကိုအောင်(ပျူနိုင်ငံ) said...

ဆောင်းနှင်း မေမေ အသက်ရာကျော် ရှည်ပြီး
ပျော်ရွှင်ချမ်းမြေ့ပါစေ ...

 
On March 27, 2011 at 4:24 AM , Angelhlaing(May everybody be happy and healthy! said...

မမဆောင်းနှင်းရဲ့ မေမေ မွေးနေ့မှ ကျန်းမာရွင်လန်းစွာ ပျော်ရွင်မှုတွေရပါစေရှင်။

 
On March 27, 2011 at 2:58 PM , Ko Boyz said...

သန္ဓေ အတွက် “ဓ” ကို shift+`+' နှိပ်ပေးလိုက်ပါဗျာ...။
မမကွမ် သတင်းလာပေးလို့ လာကူပေးတာပါ။
ဆရာ လာလုပ်တယ် မထင်ပါနဲ့ခင်ဗျာ.. :P

 
On March 27, 2011 at 7:25 PM , ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေး မေမေအတွက် ပျော်စရာ မွေးနေ့ဖြစ်ပါစေ။
အသက်ရာကျော်ရှည်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။ ဆန္ဒအားလုံး ပြီးပြည့်စုံပါစေနော်။
အမေနှင့်သမီး ချစ်ခြင်းတူမျှ ထာဝရ ပျော်ရွှင်စွာ နေနိုင်ကြပါစေ။ မိသားစုနဲ့ အသက်ထက်ဆုံး အတူတကွ နေကြရပါစေနာ်

 
On March 28, 2011 at 9:41 AM , ကိုဇော် said...

မေမေ့ကို အမှတ်တရ ကဗျာ ရေးပေးတယ် ဆိုတာ သမီးလိမ္မာလေးတွေ လုပ်တတ်တဲ့ အမူအကျင့်ပဲ။ ဘာပဲ ဖြစ်ဖြစ် ရောက်အောင် ပို့ပေးလိုက်ပါ။ မေမေလည်း ဝမ်းသာမှာပါ။

Copy ကူးယူပြီး ပြင်လို့ ရအောင် “ သန္ဓေ ” ဆိုပြီး ရေးပေးခဲ့တယ်။

 
On March 28, 2011 at 12:05 PM , ဆောင်းနှင်းရွက် said...

Ko Boyz => ကျေးဇူးပါရှင် .. ဆရာလုပ်တယ်လို့မထင်ပါဘူး .. မသိတာကို ပြောပေးခဲ့တာပဲ .. ဒါပေမယ့် shift + '+' နဲ့ ရိုက်တာပဲ ရိုက်လို့ မရဘူး .. copy ပဲ ကူးလိုက်တယ် ..

ကိုဇော် => တရီမာ ကာစေးး .. ကျေးကျူး.. မရိုက်တတ်လို့ ကော်ပီ ကူးလိုက်တယ် ..

 
On March 28, 2011 at 2:31 PM , မောင်မျိုး said...

သမီး အလိမ်မာလေးပေါ့ ကောင်းတယ်ဗျာ မိခင်တွေအတွက် ဒီလို အမှတ်တရလေးတွေ လုပ်ပေးသင့်တယ်နော့် ။

ဆောင်းနှင်း အမေ သက်တော်ရာကျော်ရှည်ပါစေဗျာ ။

 
On March 28, 2011 at 3:53 PM , နေ၀ဿန် said...

သြော်.. မေမေ့မွေးနေ့တောင်ရောက်ပြီကိုး.. (အဟီး... :P) ကျော်တောင်ကျော်သွားပြီ... မသိလို့ပါကွီ... ခွင့်လွှတ်ပါနော်... အဟိ


ခင်မင်လျက်
နေ၀ဿန်

 
On March 29, 2011 at 1:28 AM , akhayar said...

ဆောင်းနှင်းတော်တယ်မေမေကဗျာလေးရေးပေးနိုင်တယ်အမေ့အတွက်ကဗျာလေးကို
အမေ့ဆီရောက်အောင်ပို့ပေးပါ
သမီးလိမ္မာလေးရှိနေတယ်ဆိုတာအမေသိရင်
အမေကျေနပ်မှာပါ...ဆောင်းနှင်းမေမေပျော်ရွင်ပါစေ
ရက်နောက်ကျမှရောက်လာမိတယ်...

 
On July 29, 2011 at 12:38 AM , တောက်ပကြယ်စင် said...

ဟုတ်ပါ့ ကိုဇော်ပြောသလိုပဲ ဆောင်းနှင်းရယ် ပို့ပေးလိုက်ရင် ပြီးရော ဥစ္စာကို။ ကျန်းမာပျော်ရွှင်ပါစေ ဆောင်းနှင်းရေ...