Author: ဆောင်းနှင်းရွက်
•12/25/2009 02:40:00 AM

ကျနော်၊ကျမ တို့ စုပေါင်းအလှူမင်္ဂလာ တွင် ကျနော်၊ကျမတို့ ဘလော့ဂါ မောင်နှမများ၊ စာဖတ်သူများ နှင့် အလှူရှင်များ ပါဝင် လှူဒါန်းကြသည်မှာ စကာင်္ပူဒေါ်လာ (၁၇၀၀)နီးပါးခန့် ရရှိထားပြီး ဖြစ်ပါသည်။ ခန့်မှန်းပမာဏထက် အလှူငွေများ ပိုမိုရရှိတဲ့အတွက် ကျနော်တို့အားလုံး ပျော်မဆုံး တပြုံးပြုံးဖြစ်ရပါသည်။ ဆက်လက်လှူဒါန်းလိုသူများ အကြောင်းကြား ဆက်သွယ် လှူဒါန်းနိုင်အောင် မနက်ဖန် ကြာသာပတေးနေ့ ညနေ (၂၄.၁၂.၂၀၀၉)ထိ လက်ခံသွားမှာဖြစ်ပါသည်။


ရရှိလာသော အလှူငွေများထဲမှ ဘုန်းကြီးကျောင်းအတွင်းထားရန် ဘုရားတစ်ဆူ တွင် အလှူငွေ ထည့်ဝင်ထားပါတယ်။ အလှူနေ့တွင် ဘုရား အနေကဇာတင်မှာ ဖြစ်ပြီး ဘုရားရှင်အား ရည်မှန်း၍သင်္ကန်း၊ ထီး၊ဖိနပ် နှင့် အနေကထိုင် တစ်စုံကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ဘုရား ဒါယိကာ၊ ဒါယိကာမ များအဖြစ် ခံယူနိုင်မှာ ဖြစ်ပါသည်။


ထိုပြင် ကျောင်းနေဘုန်းတော်ကြီးများကို လက်ခံရရှိထားသော ဝတ္ထုငွေသားများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


အစီအစဉ်



မနက်(၉) နာရီ တိတိ တွင် အလှူငွေများဖြင့် စုပေါင်းလှူဒါန်းမည့် ဘုရားအား အနေကဇာ တင်ပါမည်။


မနက်(၁၀း၃၀) နာရီ တွင် လှူဒါန်းထားသော ဗုဒ္ဒဆင်းထုတော်အားရည်စူးပြီး သင်္ကန်း ၊ ထီး ၊ ဖိနပ် နှင့် အနေကထိုင် ကိုကပ်လှူ ပူဇော်ပြီး ကျောင်းနေ ဘုန်းကြီး (၆)ပါးကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းမှာ ဖြစ်ပါသည်။


ထိုနောက်ပရိတ်တရားတော် နာယူပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှဝေ ပါမည်။

တရားနာပြီးလျှင် ဘုန်းကြီး(၆)ပါးကို မောင်နှမများကိုယ်တိုင် ချက်ပြုတ်ထားသော ဆွမ်းထမင်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


မနက်(၁၁း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရီ ထိ တရားနာကြွလာသူများနှင့် ဧည့်သည်တော်များကို ထောပတ်ထမင်းနှင့် ကြက်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ရှိကြသော ဘလောဂါများ၊ စာဖတ်သူများ၊ အလှူရှင်များ မည်သူမဆို အလှူသို့ တရားနာကြွရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ...။



အလှူကျင်းပမည့်နေရာ - NO.2, Jalan Kerayong,Sembawang Straits Estate, Singapore 759300.
Sembawang MRT ရောက်ရင် ဘတ်စ်ကား (882) ကို (၇)မှတ်တိုင် စီးပြီး (၁၀၀)မီတာလောက်လမ်း ပြန်
လျှောက်လျှင် Jalan Kerayong ကိုမြင်ရမှာဖြစ်ပါသည်
Author: ဆောင်းနှင်းရွက်
•12/21/2009 09:59:00 PM
မူလတန်းကျောင်းသူဘ၀ ရဲ့ အကြီးဆုံး အတန်းဖြစ်တဲ့ ၄ တန်း ဆိုတဲ့ နှစ် ...

အ.မ.က (၄၃) ဆိုတဲ့ ကျောင်းတွင် သင်္ချာဆရာမ ဒေါ်ချိုလေးမာ ဆိုတာ ဘယ်လို ဆိုတာကို အတန်းကြီး ကျောင်းသား/သူတိုင်း သိကြတယ် ..
စာရတယ် ဆိုပြီး ထိုင်နေချိန် ၊ မေးလိုက်မှ မရလို့ကတော့ ထို ကျောင်းသား/သူ ကြိမ်စာနှင့် နှစ်ပါးသွားကလို့ မျက်ရည် ပေါက်ပေါက် ကျအောင် ငိုရတတ်တယ် ဆိုတာ အကုန်လုံးသိကြတယ် ..
ဆရာမ ရဲ့ ကြိမ်လုံးစာ အစွမ်းထက်ပေမယ့် ကျောင်းသား/သူ တိုင်း ဆရာမ ကို ချစ်ကြတယ် ..
ချစ် ၊ ကြောက် ၊ ရိုသေ ရတဲ့ ဆရာမ တစ် ဦး ပါ ..


ထိုနေ့ ...

မနေ့က ကျက်ခိုင်းလိုက်တဲ့ ပုံသေနည်း တွေ မရတဲ့ အတန်း ရှေ့ ထွက်ခဲ့ ...
အခု မေးတုန်း ထွက်လာရင် ဘယ် ၊ ညာ ၁ ချက် စီ (စုစုပေါင်း ၂ ချက်) အရိုက်ခံရပြီး အတန်းရှေ့ ထွက် ဒူးထောက်ရပ်ရမယ် ..
နောက် မေးလို့ မရရင် ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် နေရမယ် .. (ညာပြောတဲ့ အတွက် ပို ခံရမယ် ဆိုတဲ့ သဘောပါ )...
အဲ့တော့ သေချာ စဉ်းစားပါ ..

သေချာ စဉ်းစားလိုက်ပါတယ် ..
ငါ တကယ် စာ ရရဲ့လား ..?? စိတ်ထဲမှာတော့ စဝေစ၀ါ ဖြစ်နေသလိုပဲ ..

မနေ့က အိမ်က တစ်ဦးတည်းသော အဒေါ် နဲ့ စကားများပြီး ဆူငေါက်ခံရလို့ အစောကြီး အိပ်လိုက်မိတယ် ..
အဒေါ် ဖြစ်တဲ့ အန်တီ ကလည်း တူမ ကို အရမ်းချစ်ပြီး ပညာတတ်ကြီး ဖြစ်စေဖို့ ဆိုပြီး အမြဲ ကျောင်းက သင်လိုက်တဲ့ စာတွေကို အိမ်ပြန်ရောက် ရင် သူက တဖန် ပြန်သင် ၊ ပြန်ရှင်းပြ နဲ့ ..
ဒါကြောင့် စာသင်ရင်း ဂရုဏာ ဒေါသ နဲ့စကားများကြရတာကလည်း တစ်ပတ်ကို ၆ ရက် လောက် ရှိတယ် ..
ထားပါတော့ ...

မျက်လုံး မြင်ယောင်နေတာကတော့ မနက် ကမှ ကပျာကယာ ကျက်လာတဲ့ စာတွေ ဟိုရောက် ဒီရောက် နဲ့ .. တကယ်တော့ သေချာ တစ်လုံးချင်းစီ မမှတ်မိနေပါ ..
ဆရာမရဲ့ ကြိမ်စာ ကို ကြောက်သလို ၊ တစ်ခါမှ သူငယ်တန်း ကတည်းက အတန်းရှေ့မှာ စာမရလို့ ထွက် မရပ်ခဲ့ဘူးလို့ ထွက် ရပ် ရမှာကိုလည်း ရှက်နေမိတယ် ..
ငါ ဘယ်လို လုပ်ရမလဲ ..
ဘာဖြစ်လဲ .. ဆရာမ ငါ့ကို မေးချင်မှ မေးမှာပါ ..
မေးတော့ရော ... ငါ စိတ်အေးအေး ထားပြီး ဖြေရင် ကျက်ထားတာတွေ မှတ်မိမှာပါ ..
စိုးရိပ် နေလို့ ဖြစ်မယ် ဆိုပြီး ကိုယ့်ဘာသာ တွေးရင် ခပ်တည်တည် နဲ့ပဲ ထိုင်ခုံ မှာ ပဲ ထိုင်နေလိုက်တယ် ..
မျက်နှာမှာ စိုးရိမ် တဲ့ ပုံ မပေါ်အောင် လုပ်ထားတဲ့ အသွင်ကပဲ ဆရာမ ရဲ့ စာမေးခြင်းကို ခံရအောင် ပိုပြီး ဆွဲဆောင် နေလိုက်သလို ဖြစ်သွားလားမသိပါ ..
နောက်ဆုံးတန်းက သူ တွေ ကို စာမေးနေရာကနေ အရှေ့အထိ လျှောက် လာပြီး
" . . . . " မတ်တပ်ရပ် ၊ စာမေးမယ် ဆိုပြီး ပြောလိုက်တဲ့ အသံက လူကို ရင်ခုန်နှုန်း 100 heart beat လောက် ဖြစ်သွားစေတယ် ..
အဲ့ အချိန် ရင် ထဲမှာ တုန်နေတဲ့ ရင်ခုန်နှုန်းတွေ က အနားက ရပ်နေတဲ့ ဆရာမ တောင် ကြားလောက် တဲ့ အသံနှုန်း ..
အစကတော့ မေးတာတွေ ဖြေနေတာ ၂ ကြောင်း ၊ ၃ ကြောင်း အထိ ထစ် အ အ နဲ့ ဟုတ်သလို လို နဲ့ တစ်ဖြေးဖြေး ဆရာမ ကို ကြောက်နေသလား ၊ ကြိမ်စာကို ပဲ ကြောက်နေသလား .. ဘာမှန်း မသိဘဲ မေးတဲ့ မေးခွန်းကို မဖြေနိုင်တော့ပါ ...

သွားပြီ .... ငါ တော့ အရိုက်ခံရတော့မယ် ဆိုတဲ့ အတွေးက ဦးနှောက်ထဲကို ပြေးဆောင့်တတ်လာတယ် ..

၃ တန်း တုန်းကလည်း ဒီဆရာမ နဲ့ပဲ စာသင်ခဲ့ရလို့ ဆရာမ အကြောင်း ကောင်းကောင်း သိနေခဲ့တယ် ..
ဟုတ်ပါတယ် ..
အဲ့နေ့ က
ကျောင်းသူဘ၀ မှာ တစ်နေ့တည်းသော ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် လိုက်ရတာ ခုချိန်ထိ မျက်စိ မြင်နေတုန်းပါပဲ ..

ဆရာမ ရိုက်တဲ့ ၄ ချက် ဆိုတဲ့ အချိန် အတိုင်း အတာ ဟာ ခဏလေး ဆိုပေမယ့် ကြိမ် နဲ့ ခြေထောက် နဲ့ ထိ တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားမှု့ ပြောမပြတတ်လောက်အောင် နာကျင် ခံစားရတယ် ..
ကျမ အရမ်းကို ငိုချင်နေခဲ့တယ် ..
ဒါပေမယ့် အရမ်းကို စိတ်ထိန်းလို့ နှုတ်ခမ်း တင်းတင်း စေ့ ရင်း နားရွက် ဆွဲ ၊ ထိုင်ထ လုပ်ခဲ့တယ် .. အဒေါ် ကိုလည်း ပိုပြီး စိတ်ဆိုးမိသွားတယ် .. သူ နဲ့ စကားများနေခဲ့လို့ ငါ စာမရခဲ့တာပေါ့ .. (ပြစ်မှားလိုက်မိတာ)

ဖြစ်ချင်တော့ အဲ့နေ့ က ကျောင်းဆင်း မိုးအ၇မ်း ရွာနေလို့ အဒေါ် လာကြိုတာ နောက်ကျနေခဲ့တယ် ..
(( အိမ် နဲ့ ကျောင်း နဲ့ က နီးလို့ လမ်းလျှောက်ပြန်လို့ရနေပါတယ် ))
ခြေထောက် က ရထားတဲ့ ကြိမ်ဒဏ်ကြောင့် လမ်းမလျှောက် နိုင်ခဲ့ပါ ..
ဒါပေမယ့် စိတ်ညစ်ညစ် နဲ့ နာနေတဲ့ ခြေထောက် ကို မနည်း အားပြုလို့ မိုးရွာထဲမှာ လမ်းလျှောက်ပြန်ခဲ့တယ် ..
ဝတ်ထားတဲ့ စကပ် အောက်အဖျားနဲ့ အလျိုးရာ နဲ့ က ကွက်တိ .. ခြေလှမ်းတွေ လှမ်း လိုက် တိုင်း စကပ် အောက် အဖျားနဲ့ ထိလို့ ပိုပြီး တစ်ဆစ်ဆစ် နဲ့ နာကျင်စေခဲ့တယ် ..
မိုးရွာထဲ အပြန်လမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ရင်း တင်းထားတဲ့ မျက်ရည်တွေ ကျသွားခဲ့ရတယ် ..

နောက်နေ့ ..
ကျမ ခြေသလုံး တွေ ယောင်လို့ ၊ အသည်းအသန် ဖျားတဲ့ နေ့ ....


အခုချိန်ထိ ဆရာမ ကို အမြဲ မှတ်မိနေပါတယ် .. ပြီးခဲ့ တဲ့ June,09 ပြန်တုန်းက ဆရာမ မှာ နှလုံးရောဂါ ရှိတယ် ဆိုတာ ကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိတယ် ..





PS ... !...* အမြဲ ပြောနေတဲ့ ဆရာမ ရဲ့ စကားလေး တစ်ခွန်းကို လည်း အခုချိန်ထိ ကြားနေစဲပါ ..*...!
မိဘ ၊ ဆရာ သမား တွေကို ဘယ်တော့မှ ညာမပြောရဘူး တဲ့ ..
Author: ဆောင်းနှင်းရွက်
•12/09/2009 12:18:00 AM
မိဘ ၂ ပါး ရဲ့ မွေးဖွားလာမှု့ကနေ လူတစ်ယောက် ရဲ့ ဘ၀ တစ်ခု ဖြတ်သန်းတယ် ဆိုတယ် အချိန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေထိုင်လို့ မရပါဘူး .. ထိုသူဆီမှာ မိဘ အပြင် မောင်နှမ ၊ ဆွေမျိုး သားချင်းဆိုတာ ရှိနေမှာပါ .. တစ်ကောင်ကြွက် တစ်ယောက် ဖြစ်သည့် တိုင်အောင် ထိုသူ့ဆီမှာ သူ့ကို ကြည့်ရှု့ စောင့်ရှောင့် တဲ့ သူ တစ်ဦး တစ်ယောက် တော့ အမြဲ ရှိပါတယ် ..
ယခုလို လူ့ဘ၀ မှာ ဒီ အမေ ၊ အဖေ ကနေ ပေါက်ဖွား ကြီးပြင်းလာတယ်၊ ဒီလို မောင်နှမ ၊ ဆွေမျိုး တွေနဲ့ တွေ့ဆုံ ကြတယ် ဆိုတာ ရှေးကပြုခဲ့တဲ့ ရေစက် တွေကြောင့် တွေ့ဆုံကြရတာပါ ..

နောက် လူ တစ်ဖြည်းဖြည်း ကြီးလာတော့ သူငယ်ချင်း တွေ ရလာတယ် .. အပေါင်းအသင်း တွေ ရလာတယ် .. မိတ်ဆွေ တွေ ရလာတယ် .. ကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေ ၊ အပေါင်းအသင်း တွေ ရလာသလို ၊ မကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေ ၊ အပေါင်းအသင်း တွေ လည်း ရလာတယ် ..
ပုံစံ မျိုးစုံ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ တွေ့ဆုံရတယ် ဆိုတာကလည်း ရှေးက ရေစက်ကြောင့်ပါ ..

လူတစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း အဖြစ် လူ့ဘ၀မှာ တွေ့ဆုံ ဖို့ကြရာ အလွန် ခက်ခဲပါတယ် ..
တွေ့ဆုံလို့ ရေစက် ကုန်သွားကြတယ် ဆိုရင်လည်း ခွဲခွာ ကြရစမြဲပါ ..

တွေ့ဆုံကြပြီ .. ခင်ပြီး ပဲ ဆိုပါစို့ ...
ဘယ်လောက်ခင်ကြသလဲ .. ဘယ်လို ခင်လာလဲ .. တစ်ချို့လည်း ၁ လ အတွင်း အရမ်းခင်သွားကြတဲ့ သူ တွေ ရှိသလို ၊ သူ့နာမည် ကိုယ်သိ ၊ ကိုယ်နာမည် သူ့သိရုံလေးလောက် နဲ့ နေလာပြီး အကြောင်းအမျိုးမျိုးကြောင့် အခုမှ အရမ်းခင်သွားကြတဲ့ သူ တွေ ရှိပါတယ် ...
ခင်မင်ဖို့ အချိန် ဆိုတဲ့ အရာ ကို စောင့်စားရတာ ကြာပေမယ့် .. ထို ခင်မင်မှု့တွေ ပျက်သွားအောင် လုပ်လိုက်ဖို့ ဆိုတာ လွယ်လွယ်လေးပါ ..

အချိန် အများကြီး စောင့်ဖို့မလို .. ၁ မိနစ် အတွင်း လည်း ပျက်သွားနိုင်တယ် ..
ဘယ်လောက် နှမြောဖို့ကောင်းလဲနော် .. ကိုယ်နဲ့ သူနဲ့ ခင်လာတာ ကြာလာပြီ .. ဘာမဟုတ်တဲ့ ကိစ္စ လေးကြောင့် အခု ခင်မင်မှု့တွေ ပျက်သွားရတယ် ...

လူ့လောက မှာ အကြောင်းအမျိုးမျိုးကြောင့် ခင်မင်မှု့ ချစ်ခြင်း တွေ ပျက်သွားတာ ဒု နဲ့ ဒယ် ရှိပါတယ် ..
ကုန်းချော စကားတိုက်မှု့ကြောင့်လား ..
အထင်အမြင် လွဲသွားတာလားး ..
နားလည်မှု့ လွဲသွားတာလားး ..
ကုန်းချော စကားမဟုတ်သော်လည်း ထိုသူ ကြားသိရတဲ့ စကားက မှားနေတဲ့ အရာလားး ..
အကြောင်းအမျိုးမျိုးကြောင့် ............ ပေါ့ ...
ဒါပေမယ့် ထိုသူ သေချာသိသင့်ပါတယ် ..
အချိန်ပြည့် သည်းခံပြီး ပေါင်းသင်း ဆက်ဆံ ၊ နှလုံး စိတ်ကောင်းပဲ ဘယ်သူ က မွေးနိုင်မှာလဲ နော် ..

လူပဲ စိတ်သောက အပူအပင် ရှိရင် ရှိနေမယ် .. စိတ်တိုရင် တိုနေလိမ့်မယ် .. စိတ်မကြည်လင်စရာ လည်း ရှိကောင်းရှိနေလိမ့်မယ် ..
အဲ့လို အချိန် ကိုယ် စကားပြောလိုက်တာတော့ သာမန် သဘောရိုးပါပဲ .. ဒါပေမယ့် သူ က မကြည်မလင် ဖြစ်နေတဲ့ အချိန် လေ .. အဲ့မှာ စပြီး ကွဲအက်ခြင်း စပြီပေါ့ ...

တကယ်ဆို မဖြစ်သင့်ဘူးလို့ ထင်တာပါပဲ ...
မဖြစ်သင့်ဘူးဆိုလို့ ကိုယ် ကိုယ်တိုင်ရော .. သည်းခံစိတ်တွေ များနေလို့လားး .. ကြိုးစားနေဆဲပါ .. မကြည်လင်တဲ့ အခါ တွေ ရှိတာပေါ့ ..

လူတစ်ယောက်နဲ့ တစ်ယောက် အရင်ကမသိကြပေမယ့် အခု သိချိန်မှာ သူဟာ ကိုယ့် ရဲ့ သူငယ်ချင်း တစ်ဦးဦး ရဲ့ သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ..
တစ်ခါတစ်လေ ကြုံဖူးမှာပါ ..
ဟယ် .. နင် သူ့ကို သိတာလားး .. *.*.*.* .. သိတယ်လေ .. *.*.*.*. အဲ့လိုလားး .. နဲ့ စကားတွေ ပြောကြ ၊ ဆိုကြရင်း အသိရဲ့ သူငယ်ချင်းလည်း ဖြစ်နေတာတွေ ...
အဲ့လို စကားပြောကြ လို့ အရင်က ထိုသူ(ကြားလူ) သည် ကိုယ်နဲ့ ခင်မင်ပြီးမှ အကြောင်း တစ်စုံတစ်ရာကြောင့် ခင်မင်မှု့ ပျက်သွားတဲ့ သူဆိုရင် ... ထို သူ အတွက် မကောင်းသလို ၊ ကိုယ့် အတွက် လည်း မကောင်းပေ ..
တစ်ခါတစ်လေမှာ ကမ္ဘာကြီး က ကျဉ်းကျဉ်းလေးပါ ..
ချာလပတ် လည်ပြီး ..
အကြောင်းအမျိုးမျိုးကြောင့် ခင်မင်မှု့တွေ ပျက်သွားကြလို့ ချာလပတ်လည်ပြီး အကြောင်းတစ်စုံ တစ်ရာကြောင့် ပြန်ဆုံတွေ့ခဲ့ ကြရင် ရန်အငြိုး တွေ နဲ့ မခေါ်နိုင် ၊ မပြောနိုင် ဖြစ်နေကြရင် ဘယ်ကောင်းမလဲ ...


****************************************

လွန်ခဲ့တဲ့ ၂ နှစ် မတိုင်ခင် ...
ကိုယ့်ဘေး ပတ်ဝန်းကျင် မှာ ကြည့်ရင် ကိုယ့်ရဲ့ အမေ နဲ့ အဖေ ၊ မောင်လေး ၊ အကို နဲ့ ညီမလေး ၊ အဒေါ်တွေ ရှိတယ် .. ဘာဖြစ်ဖြစ် အချိန်ပြည့် ကိုယ်နဲ့ သွားအတူ ၊ လာအတူ လုပ်နေတဲ့ မွေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ရှိတယ် ..
ကိုယ့်ကို အရမ်းခင်တဲ့ သူငယ်ချင်းတွေ ရှိသလို ၊ ကိုယ်အရမ်းခင်နေတဲ့ သူငယ်ချင်း တွေ လည်း ပတ်ပတ်လည်လို့ ..
ခင်မင်သူ မိတ်တွေ ၊သူငယ်ချင်း အားကိုးစရာ တွေ များလွန်းလို့ .. ခင်မင်မှု့ ဆိုတဲ့ တန်ဖိုးကို နားမလည် ခဲ့ တဲ့ သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နေခဲ့ပါလိမ့်မယ် ..

ခုချိန်မှာတော့ ထို ခင်မင်မှု့ ဆိုတာကို တော်တော်လေး တန်ဖိုး ထားတတ်လာတယ် ... တစ်ယောက် နဲ့ တစ်ယောက် ခင်မင်ပြီး အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြတ်တောက်သွားမှာကို စိုးရိမ်နေမိတယ် ..

ခုချိန်မှာ တော်တော်ကို သည်းခံ ပြီး ပေါင်းသင်း ဆက်ဆံပါတယ် .. (လုံးဝ ကိုယ့်ကိုယ်ကို မွန်းပြီး မဟုတ်ပါ) ..
လွန်ခဲ့ တဲ့ ၂ နှစ် ကထက်စာရင်တော့ တော်တော် သည်းခံ တတ်လာ တယ် ထင်ပါတယ် ..

အသက်ရှိစဉ် အခု အချိန် မှာ တစ်ယောက် နဲ့ တစ်ယောက် ဘာမဟုတ်တဲ့ ကိစ္စ ၊ ဘာအကြောင်း ကြောင့်မှန်း မသိတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်ဆိုးပြီး ခင်မင်မှု့တွေ စကားမပြောတော့မှာ ဖြစ်သွားမှာကို စိုးရိမ်နေမိပါတယ် ..
တွေ့ကြလို့ မခေါ်နိုင် ၊ မပြောဆိုနိုင် ဖြစ်နေရတာ စိတ်ထဲမှာ ဘယ်လောက် အောင့်သီးအောက်သက် ဖြစ်လည်း ဆိုလည်း ကြုံရင် ကြုံဖူးကြပါလိမ့်မယ် ..

******************************************

ဒါပေမယ့် အခုချိန်မှာ ရုတ်တရက် အလွန်ခင်တဲ့ သူငယ်ချင်း တစ်ယောက် ရဲ့ စကားမပြောတဲ့ ကိစ္စ ကြောင့် နေမထိ ၊ ထိုင်မသာ ဖြစ်နေရလို့ စိတ်ပြေလက်ပျောက် ရေးလိုက်တာပါ .. တကယ်ဆို သူမကို အရင်က မသိခဲ့ပါဘူးး .. ခင်မင်ကြပြီးမှ စကားပြောကြတော့ မောင်လေး ရဲ့ တစ်တန်းတည်း သူငယ်ချင်း ဖြစ်နေခဲ့လို့ ပိုခင်မင်မိခဲ့ပေမယ့် ရုတ်တရက် စကားပြော၊ ခင်မင်မှု့တွေရပ်သွားလို့ အရမ်းကို အံသြမဆုံး ဖြစ်နေမိတယ် .. ဘာအကြောင်း ကြောင့်လည်း မေးတော့လည်း မဖြေ ...
ဘာလို့ မှန်း မသိတဲ့ ခေါင်းစဉ် နဲ့ ခင်မင်မှု့ က ပျောက်ဆုံးသွားခဲ့တယ် ..


ခုချိန်ထိ ... စိတ်ထဲမှာ တော်တော်ကို လေးပင်နေပါတယ် ..




PS ... !...* စိတ်ထဲမှာ ခံစားနေရတာ ၁ လ လောက် ရှိနေပြီဖြစ်သော်လည်း . . . . *...!
Author: ဆောင်းနှင်းရွက်
•12/08/2009 03:10:00 PM





PS ... !...* ခုတလော နားထောင်ဖြစ်နေတဲ့ သီချင်း .. နားထောင်လို့ ကောင်းနေတယ် *...!
( ဘယ်လိုဖြစ်လို့ သီချင်းက ၂ ပုဒ် ဆက်တိုက်တင်လို့မရဖြစ်နေတာလဲ သိဘူး .. )
Author: ဆောင်းနှင်းရွက်
•11/28/2009 11:44:00 PM



မနက် ၆ နာရီ ဆို ပုံမှန် ဖြစ်နေတဲ့ သမင်မျက်လုံးလေးနဲ့ တူတဲ့ မျက်ဝန်းလေး ၁ စုံ ပွင့်လို့ လာပါပြီ ..
အဟိ .. (ကိုယ့်စိတ်ကြိုက် တင်စားလိုက်တယ်) ..

ပြတင်းပေါက်ကနေ မသိမသာလေး တိုက်ခတ်နေတဲ့ မနက်ခင်း လေညင်းလေး တစ်ချို့ ကို အိပ်ယာပေါ်ကနေပဲ
အရင်ဆုံး တ၀ကြီး ရှူရှိုက်လိုက်ပါတယ် ..
အိပ်ချင်မူးတူး ဖြစ်နေတဲ့ မျက်လုံး အစုံ ရဲ့ တွန်းအားပေးမှု့နဲ့ နာရီဝက် လောက် နပ်မယ် စိတ်ကူးလိုက်တိုင်း တစ်ရေးနိုးလို့ ကြည့်လို့ရင် တော့ ကွက်တိ ၇ နာရီ ..

မျက်နှာသစ် .. သွားတိုက် .. ဘုရား ရှိခိုး ..

အားလုံး ပြီး လို့ ..
မနက်စာ ဘာစားရမလဲ စဉ်းစားလိုက်တိုင်း မျက်လုံးထဲ အရင်ဆုံး ၀င်လာတာက ဘီဒိုထဲက တုံယမ်း ခေါက်ဆွဲပြုတ် ၊ ပုစွန် ခေါက်ဆွဲပြုတ် ၊ spicy ခေါက်ဆွဲပြုတ် ..
ဒါပေမယ့် .. ဟိုနေ့ က ၀ယ်ထားတဲ့ ပလာတာ ထုတ် စားဖို့ ရှိတယ် ဆိုတာ ဦးနှောက်က သတိပေးလိုက်တယ် ..
ပလာတာ ထဲ ကြက်အူချောင်း လိပ်ပြီး စားကြည့်တော့ ကောင်းသလိုလို ပဲ ..
ကော်ဖီ လေး နဲ့ ဆိုတော့ ....
မဆိုးပါဘူးး .. ခံတွင်း နဲနဲ တော့ တွေ့သွားတယ် ..

စားသောက်ပြီးလို့ ဒီနေ့ တစ်နေ့တာ ကိုရော ဘယ်လို လုပ်ရမလဲ စဉ်းစားလိုက်တယ် ...

တကယ်ပြောတာပါ .. အဟုတ် ပြောတာ .. ညာပြောတာ (ဟုတ်ပါဘူးး ) ..
ငယ်ငယ် လေးကတည်းက ချလန်းးး ချလန်းးး သွားချင်တဲ့ စိတ်က ရှိကို မရှိတာ ..
ခြေထောက် တွေ very tired လေ ... မခံစားနိုင်ဘူးးး ..

ဒီတော့ ..
ထုံးစံ အတိုင်း အပြင်လည်း မထွက်ချင် .. အိမ်ထဲမှာ ပဲ နေချင်၏ ..
.... မထူးပါဘူးးး စာကျက်မယ် ပြင်ဆင်လိုက်ပါတယ် ..
ရိုးအီနေတဲ့ စာတွေ .. ဖြစ်နိုင်ရင် လှည့်ကို မကြည့်ချင်တော့ဘူး ..
ဒါပေမယ့် အဲ့လို လုပ် လို့ မဖြစ် ..
ကိုယ် က သူ့ကို မကြည့် လို့ ရက်စက်ထားရင် .. သူက ကြည့်သွားပြီး ရက်စက်သွားမှာပေါ့ ..
အဲ့တော့မှာ စာမေးပွဲ မှာ မေးခွန်းနဲ့ ကိုယ်နဲ့ မျက်လုံးချင်းဆုံလို့ ရင်တွေ ခုန်ပြီး ထိုင်နေရမယ် ..
မဖြစ်ချေ .. ကြည့်ရမယ် ဆိုတဲ့ အသိတရား က ခေါင်းထဲ ကို ရောက်လာတယ် ...
24 hr online radio လေးကို အရင်ဆုံး ဖွင့်လိုက်ပါတယ် ..
စပြီး ခပ်တည်တည် နဲ့ ကျက်ပါပြီ ..
ကျက် .. ကျက် .. (ကြာချိန် ၂ နာရီ)
ကျက်နေရင်း ကြာလှတော့ ဇာတ်ကြောတွေ တက်လာတော့ မအောင့်နိုင် .. မခံစားနိုင်တော့ဘူးး ..
အကြောပြေ .. အညောင်း အညာပြေ ..

Acid ရဲ့ စတင်ခြင်း က စပါပြီ ပေါ့ ..

ပြတင်းပေါက်ကနေ အဝေးကို ကြည့်လိုက်ပါတယ် .. လန်းလန်းဆန်းဆန်း လူသွားလူလာများမြင်ရမလား အထင်နဲ့ ပေါ့ .. မြင်လိုက်ပါတယ် .. PIE မှာ သွားနေတဲ့ ကားတွေ...
ဟွန်းးး .. ကဲ .. အဲ့ဒီ့တော့ computer မဖွင့်ပါဘူးလို့ အောင့်ထားတဲ့ စိတ်က မရတော့ ...
online က သူငယ်ချင်း ပေါင်းဖော်စစ်စစ် များနဲ့ အရည်မရ ၊ အဖတ်မရ သော စကားများကို ပြောဆိုပါပြီ ပြောရင်း ... ဆိုရင်း ..
အချိန်ကို အကျိုးရှိစွာ အသုံးချရမယ် ဆိုတာ သဘောပေါက်တော့ ပြောရင်းနဲ့ ပဲ ဖေ့ဘွတ် ဆိုလား ၊ မေ့ဘွတ် ဆိုလား ၊ အဲ့ဒီ့မှာ သွားပြီး အပင်များစိုက်ရ ၊ ပေါင်းသင်ရ ၊ မြေသြဇာဖြန်းရ ၊ ဗေဒင် စစ်ကြည့်ရ ၊ Lucky % ချက်ကြည့်ရနဲ့ ... 13.3 လက်မ ရှိတဲ့ screen ကို လှပတဲ့ မျက်ဝန်း တစ်စုံ (အဟိ) နဲ့ ကြည့်ရင်း keyboard မှာ တစ်ယောက်တည်း လက် ၁၀ ချောင်းနဲ့ ရှုပ်လို့ နေပါတော့တယ် ..
သုံးနေရင်းနဲ့ .. နဲနဲ စိတ်လန်းဆန်းပြီ ဆိုတော့ ဘာလုပ်ရမလဲ ...

screen ဒေါင့်နားက အချိန်ကို တစ်ချက် မျက်လုံးဝေ့လိုက်တော့ မန်မန် စားရတော့မယ် ..
ဘာနဲ့ စားရမလဲ တွေးကြည့်လိုက်တယ် ..
ဝက်သားဟင်း ၊ ဘဲသားဟင်း ၊ ဆိတ်သားဟင်း ၊ အဲ့ဒါတွေ တစ်ခုမှ မစားဘူးလို့ ပြောတာပါ ..
ဒါဆို ဘာတွေ စားလဲ .. (မမေးနဲ့) .. အရမ်း ဟင်းကောင်းတာ .. မပြောပြဘူး ..း)
စားပြီးတော့ ဟိုလျှောက် ၊ ဒီလျှောက် ၊ ဟိုလုပ် ၊ ဒီလုပ် ၊ စာကျက်သလိုလို ၊ ဘာလိုလို ၊ ရှေ့ဝင် ၊ နောက်သွား ၊ ရေချိုး လိုက် ၊ အိမ်သာ သွားလိုက် ..
တစ်ယောက်တည်း နေရင်းး အလကားမပေးရတဲ့ အတွေးတွေကို တွေးကြည့်ပြီး အခုမှ ရှေးဟောင်းနှောင်းဖြစ် အတွေးတွေ ချာချာလည် ရင်း အတိတ် က အကြောင်း ၊ ပစ္စုပ္ပုန်မှာ ဖြစ်ပျက်နေတာတွေ ၊ ဘာဖြစ်မယ်မှန်း မမြင်ရတဲ့ အနာဂတ် ကို တွေးကြည့်လိုက်တာ တစ်ချို့ ကိစ္စ တွေက တော်တော် တော့ ရယ်ဖို့ ကောင်းနေသလို ၊ တစ်ချို့ ကိစ္စ တွေက တော်တော်လည်း လွမ်းမောမိတဲ့ စိတ်တွေ ဖြစ်မိလိုက်ပါတယ် ..
(၀မ်းနည်းလိုက် ၊ ၀မ်းများလိုက် နဲ့ ပေါ့ ) ... တရားပဲ ပေါက်သလိုလို .. ဘာလိုလို .. ညာလိုလို ..
ထိုသို့သော ...
အတွေးလေးများနဲ့ တစ်ယောက်တည်း တစ်အိမ်လုံးမှာ နေ့နဲ့ ည နဲ့ မှားလို့မှား ၊ ရုံးပိတ်ရက်နဲ့ ရုံးဖွင့်ရက် လည်း မှားလို့မှားနဲ့ ..
ကြည့်လိုက်ရတဲ့ ထွေလာဆိုလား .. ထော်လာဆိုလားး နဲနဲပဲ ပြတဲ့ ကားတွေ လည်း အမြည်းလိုက်ကြည့် လို့ ကုန်တော့မယ် ...
ဟို သတင်း လိုက်ဖတ် ၊ ဒီ သတင်း လိုက်ဖတ် ၊
အလုပ်တွေ ရှုပ်နေတာပဲ ..

ကဲ ... ညဘက် လေး ရောက်လာတော့ မီမီဝင်းဖေရဲ့ တစ်ကိုယ်ရည် ညများ ပေါ့ ..
အဲ့မှာ စတွေ့တာပဲ .. ကြောက်ပါတယ် ဆိုမှ နော် ..
သီချင်းကို အကျယ်ဆုံး ဖွင့်ထားလို့ ရဲဆေး တင်ထားတယ် .. ဟွင်းးဟွင်းး .. ဘယ်ရမလဲ ...
နာကွ ... (တကယ်တော့ မကွနိုင်ပါ ) ...

PIE က ကားတွေ သွားနေတဲ့ အသံကိုပဲ ခြောက်ခြားနေတယ် ..
တစ်ခန်းလုံးမှာ ဘေးဘီကို ၀ဲ ပြီး မကြည့်ရဲ ၊ ကြည့်ရဲ နဲ့ အသာလေး ခိုးကြည့်လိုက်တော့ ကုတင်ပေါ်မှာ တင်ထားတဲ့ ခွေးရုပ် ကြီး နဲ့ ၀က်ဝံ ရုပ် ..
ဟွန်းးး ကြည့်ပါအုံးး .. ခွေးရုပ်ကြီး က ကြည့်နေတဲ့ မျက်လုံးကလည်း Feeling မလာလိုက်တာ .. ပြူးပြဲနေတာပဲ .. ခံစားလို့ကို မရဘူးးး .. တစ်ချို့ ခွေးရုပ်တွေ လှပါ့ရဲ့ .. ဒီခွေးရုပ်ကျမှ ဘယ်လို ဖြစ်လို့ Attraction မရှိဖြစ်နေပါလိမ့် .. Attraction မရှိတဲ့ အပြင် ကြောက်ဖို့ တောင် ကောင်းနေသလိုပဲ ..
စိတ်ပိန်ပိန်နဲ့ မျက်လုံးကို လွှဲပစ်လိုက်တယ် ..
စာပြန်ကျက်တာပဲ ကောင်းတယ်လို့ တွေးမိလိုက်ပေမယ့် ..
အာရုံ မလာ ...
ဒီတော့ ပျင်းပျင်းနဲ့ ကြောက်ကြောက်လို့ ရလာတဲ့ စိတ်နဲ့ ပို့စ် ရေးရရင် ကောင်းမယ် နဲ့ တူတယ် စဉ်းစားလိုက်တယ် ..
မဆိုးပါဘူးးး .. နဲနဲ တော့ Feeling လာသလိုပဲ ..
ရေးရင်းးး ရေးရင်းး ပို ပြီး feel လာပြီ ...
ကဲ ကဲ .. ဆက် ရေးမယ် ...
ရေးလိုက်တယ် ... ရေးပြီးသွားပြီ ...


အိပ်တော့မယ် ... ဂွတ်နိုက် .....
(နောက်တဖန် မိုးလင်းလို့ လာပြန်ပါပြီ )


ဒါနဲ့ စကားမစပ် ကွိစိ ကွစ ... (ဆိုင်းဆိုင်းခန်းလှိုင်)
မအိပ်ခင် ပြောသွားလိုက်အုံးမယ် ...


ပြောလို့ ပြောတာ မဟုတ်ဘူးနော် ... အလုပ်သွားရတာ ၊ ကျောင်းသွားရတာ ပင်ပန်းလိုက်တာ ဆိုပြီး .. အိမ်ထဲမှာ ၄ ၊ ၅ ရက်လောက် နေပြီး အနာယူလို့ရရင် ကောင်းမယ်လို့ တွေးမိတဲ့ ကိုကို ၊ မမ တွေ ဘယ်မှာ မသွားဘဲ နေကြည့်ပါ .. အများဆုံး နေနိုင် ၅ ရက် လောက် ပါပဲ .. ပြီးရင် အသံများ ထွက်လာမှာ သေချာပါတယ် ..
မှတ်ချက် .... ခံစားဖူးမှ သိ၏ စကားလုံးလေးက တော်တော်မှန်တယ် ...


PS ... !...* ထိုကဲ့သို့ နေတာ ၂ ပတ်ရှိတော့မယ် .. ပျင်းပြီး အရိုးဆွေးတော့မယ် *...!

စားလိုက် ၊ အိပ်လိုက် နဲ့ model girl body structrure လေးလည်း ပျောက်ကုန်ပြီနဲ့ တူတယ် .. အဟင့် ..း(
နောက် ၅ ရက်လောက်ဆိုရင်တော့ ok ပါပြီ




Author: ဆောင်းနှင်းရွက်
•11/21/2009 03:11:00 PM
လှေကားတက်နေရင်း လည်း ကြောက်၏ ..

ဓာတ်လှေကား စီးနေရင်း လည်း ကြောက်၏ ..

အိမ်ရှေ့က ဆုံလည် ကုလားထိုင် ကြီး ကြည့်ပြီး လည်း ကြောက်၏ ..

အိမ်တံခါး ဖွင့်ဖွင့် ချင်း မြင်နေရသည့် store တံခါး ပွင့်ပွင့် နေသည်ကို လည်း ကြောက်၏ ..

အိပ်သာ သွားရမည် ကိုလည်း ကြောက်၏ ..

မီးဖိုချောင်ထဲ သွားရမည် ကိုလည်း ကြောက်၏ ..

ညဘက် ပြတင်းပေါက်က လေတိုက်လာသည်ကိုလည်း ကြောက်၏ ..

ညဘက် တံခါး လာခေါက်လာမည်ကိုလည်း ကြောက်၏ ....

ညဘက် အခန်းထဲ က အပြင် ထွက်ရမည်ကိုလည်း ကြောက်၏ ..

ဆုတောင်းနေမိသည် ..... တည့်တည့် မတိုးမိရန် ....။



လန့်မှာ စိုး၍ တိုးတိုးပြောနေကြသော အသံများကိုလည်း သဲ့သဲ့ ကြားနေရပါသည် ...
ကြောက်စိတ်နဲ့ ကိုယ်တိုင် တည့်တည့် တိုးမည့် နေ့တွင် သတိလစ်သွားနိုင်သည် ..



ကြားရသည့် နေ့မှ စ၍ အပြင်မသွားသည်မှာ ၂ ပတ် ရှိသော်လည်း
ယနေ့ညဘက် အိမ်သို့ 1 နာရီ မှ ပြန်ရောက်မည် ကို တွေးမိပြီး ကြက်သီးများ ထမိပါတယ် ....


စိတ်ပိန် လွန်း လို့....................................
တွေးရင်း ခေါင်းတွေ ကိုက်လာသည် .......
Author: ဆောင်းနှင်းရွက်
•11/14/2009 01:04:00 PM
အမေရိကန်ပြုထောင်စု စတန့်ဖို့ဒ်တက္ကသိုလ်တွင် ဦးသန့်အား ဂုဏ်ပြုသည့် ဓာတ်ပုံပြပွဲ ကျင်းပ
(မင်းမဟော်) ရေးသားသည် .။..

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက

'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။

'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...

'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance; The Voice weekly Journal from internet news
ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမားလှစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........

၁ ။ တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
၂ ။ တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
၃ ။ အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
၎ ။ အေ၇ှ့အလယ်ပိုင်း အရေးအခင်း
၅ ။ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
၆ ။ ကမ္ဘာ့လောင်စာ ပြဿနာ
၇ ။ တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
၈ ။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
၉ ။ ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။

ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။



Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

ွှTaman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

what are they? where are they?

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

ကျေးဇူးတင်ပါသည်။

လေးစားစွာဖြင့်
မင်းမဟော်


(ယခု ဆောင်းပါးကို သင့် မိတ်ဆွေ များအား ဆက်လက် ပေးပို့ နိုင်ပါသည်။)




PS ... !...* ဗဟုသုတ အနေနဲ့ သိစေရန် ဝေမျှသည် ..။ *...!
ချောကလက်မြို့တော် webite မှ ကူးယူထားသည် ..

ကိုယ်တိုင်လည်း တစ်ခါမှ ဦးသန့်အကြောင်း အခုလောက် မဖတ်ဖူး၊ မသိ၍ ၊ ဗဟုသုတ ရစေရန် သက်သက်သာ ကူးယူ ထားပါသည် ... အပိုင်း ၁ နှင့် ၂ ကိုလည်း ဆက်လက် ကူးယူ ဖော်ပြပါအုံးမည် ...

(ပိုင်ရှင် မင်းမဟော် ဆီမှ ကူးယူထားသည်) ...။

Author: ဆောင်းနှင်းရွက်
•11/07/2009 11:11:00 AM
(27.June,2009)

To my lovely friend .,


You may be always wealthy, happy & lucky the whole your life.

How far are we, we are everytimes friends.

Our favourite is always opposite each others , but mind is always same .

how we was happy at our birthdays even 2 person .

Now ........

Even far away ., I can be celebrated & sent present for you every years .
( Smile ... Smile ... Smile ... )


.....

H@PPY B!rtHd@Y .... my lovely friend .!

I send my misses
to the wind and
ask the wind
to pass them to you.;

when you feel
the wind is blowing
against your face.,
That's when ..,

.. I miss you ..





PS ... !...* ဓာတ်ပုံကို ဓာတ်ပုံ ပြန်ရိုက်လို့ ၀ါးနေသည် *...!
Author: ဆောင်းနှင်းရွက်
•10/24/2009 08:49:00 AM

ခေါင်းထဲမှာလည်း နောက်ကျိကျိ ..

အရင်ဆိုရင် ပိတ်ရက်များ ရောက်လို့ ကတော့ မနက် အိပ်ယာ ထချိန်ဆိုတာ ၁၀ နာရီ ထက်မစောနိုင် ..

အခုတော့ ..
ညဘက် ၃ နာရီ အိပ်ပြီး မနက် ၆ နာရီ ကတည်းက အိပ်လို့ မပျော်တော့တာ အိပ်ရေးမ၀တဲ့ သူတစ်ယောက်အတွက် ခေါင်းထဲမှာ ရှင်းမနေဘူးဆိုတာ ဆန်းတော့ မဆန်းပါဘူး ..
အိပ်လို့ လည်း မပျော် လို့ စောစောထ သွားတိုက် ၊ မျက်နှာသစ် ၊ ဘုရားရှစ်ခိုး ၊ တောင်လျှောက် ၊ မြောက်လျှောက် ..
စာမေးပွဲ နီးနေလို့ စာကျက်ရမယ် ဆိုပေမယ့် ဘယ်လို မှ ဈာန်မ၀င် ..
စိတ်ပြေပျောက်မယ်အထင် ကုတင်ပေါ်ကို ကွန်ပြူတာ ယူလို့ ခေါင်းနောက်နောက် နဲ့ စာရေးမယ် စိတ်ကူးလိုက်မိတယ် ..

စိတ်ထဲမှာလည်း အတွေးတွေ ရှုပ်ထွေးနေတာပဲ ..
အလိုမကျ မှု့တွေ များနေတာလား ..
ပေါက်ကွဲမှု့ သံစဉ် တွေ ရိုက်နေတာလား ..
လူတွေကို ယုံကြည်မှု့ တွေ မထားချင်တော့တာလား ..
စိတ်ကူးတည့်ရာတွေ လျှောက်လုပ်နေတာလား ..
မပျောက်နိုင်တဲ့ အဖျားကိုလည်း စိတ်ညစ်လာတယ် ..
အိမ်ကိုလည်း ပိုပိုပြီး လွမ်းမိတယ် ..
တစ်ယောက်တည်းလည်း အလိုလို နေရင်းလည်း ဘယ်က ဘယ်လို ကျလာတဲ့ မျက်ရည်တွေမှန်းမသိ နဲ့ ၀မ်းနည်းနေမိတယ် ..

ကိုယ့်ကိုယ် ကိုလည်း ဘာတွေ လုပ်မိလို့ လုပ်မိ ၊ တွေးမိတွေးရာတွေး တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ..

စိတ်ပြေလက်ပျောက်ရှိမလားဆိုပြီး ခြေဦးတည့်ရာ လျှောက်သွားရင်း မပျောက်တဲ့ အပြင် အအေးပတ်ပြီး ပိုပိုဖျားလာတာပဲ ရှိတယ် ..

ဘယ်သူမှ မရှိတဲ့နေရာ တစ်ယောက်တည်း နေရတဲ့သူအတွက် တစ်ခါတစ်လေ စိတ်ညစ်မိတယ်ဆိုတဲ့အရာက ကိုယ်တစ်ယောက်တည်း မှ မဟုတ်တာ ဆိုတဲ့ အတွေးနဲ့ လည်း ဖြေဖျောက်လို့ မရ ..
( ခံစားဖူးသူတိုင်း နားလည်ကြမှာပါ ... )

တစ်ခါတစ်လေတော့လည်း ဒီကျွန်းပေါ်ကို ဘယ်လိုများ ရောက်လာပါလိမ့် တွေးမိတယ် ..
မိမိ ဆန္ဒ နဲ့ မိမိ လာခဲ့တာလား .. ( ဟုတ်ပါတယ် .. ကိုယ်လုပ်လိုက်လို့ ဖြစ်လာတာလည်း ပါတာပေါ့ )
ခံယူချက်တွေ ဖြစ်လာဖို့ လာခဲ့တာလား ..
ကံကြမ္မာ က တွန်းအားပေးပြီး သွားခိုင်းတာလား ..
တစ်စုံတစ်ဦး ရဲ့ တိုက်တွန်းနိုးဆော်မှု့ နဲ့ လာခဲ့တာလား ..
ဘယ်လိုပဲ ဖြစ်ဖြစ် .. သေချာတာ တစ်ခုကတော့ ခုချိန်ထိ တစ်ယောက်တည်း လျှောက်နေရင်း လမ်းမပျောက်သွားသေးတာပဲ ..

တစ်ခါတစ်လေ ထိုတစ်စုံတစ်ယောက်ဆိုတာကို အရမ်းမုန်းတယ် .. စဉ်းစားမိတိုင်း သေလောက်အောင် နာကျင် မိတယ် .. အတွေးထဲ ၀င်မလာဖို့ မောင်းထုတ်ပေမယ့် လည်း ပြန်ပြန်ဝင်လာတဲ့ အချိန်မှာ .. စိတ်တိုလွန်းလို့ ကိုယ့်အသားတွေ ကိုယ်ပဲ တဆက်ဆက် တုန်လာမိတယ် ..
ဘာပဲ ဖြစ်ဖြစ် အဝေးဆုံးနေရာကို ထွက်သွားဖို့ မျှော်လင့်ထားတဲ့ နေ့လေးတစ်ရက်တော့ ဖြစ်လာမှာပေါ့ ..

ပေါက်ကွဲမှု့တွေ နဲ့ ဘာတွေ ဖြစ်နေမှန်းလည်း မသိ ဘူး ..
........
........
........
........
........
ခေါင်းထဲမှာ အရမ်း နောက်ကျိနေလို့ ဆက်ရေးချင် စိတ် မရှိတော့ပါ ..

အမြဲတမ်း နားလည် ခံစားပေးနေတဲ့ ရန်ကုန် က ငယ် သူငယ်ချင်းကိုလည်း အားနာသလို
ဒီမှာ ရှိနေတဲ့ ငယ် သူငယ်ချင်း တစ်ယောက်ကိုလည်း တစ်နေ့နေ့ စိတ်ထဲ ရှိသမျှ ကို နားထောင်ပေးလို့ အားနာလှပြီ ...

စိတ်ညစ်နေချိန်မှာ ပျော်ရွှင်ခဲ့ရတဲ့ နေ့၇က်တွေကို လည်း သတိရမိတယ် ..

ကိုယ့်ကိုယ်ကိုလည်း ဘယ်လောက် အားတင်းပြီး လျှောက်နိုင်မလဲ ဆိုတာ .........................






PS ... !...* တောင်စဉ် ရေမရ အတွေးတွေ *...!
Author: ဆောင်းနှင်းရွက်
•10/14/2009 12:56:00 AM
1. What is your name : Saung Hnin Ywat

2. A four Letter Word : Song

3. A boy's Name : Stephen

4. A girl's Name : Sandi

5. An occupation : Scientist

6. A color : Sky Blue

7. Something you'll wear : Skinny jeans

8. A food : Shan Noodle

9. Something found in the bathroom : Soap

10. A place : Singapore

11. A reason for being late : Spoiled my watch

12. Something you'd shout : Shut up

13. A movie title : Spider Man

14. Something you drink : Sprite

15. A musical group : Symphony X

16. An animal : Sparrow

17. A street name : Seragoon Road

18. A type of car : Suzuki

19. The title of a song : Seasons in the Sun

20. A verb : See you Again

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.


သံလွင်HERO မွေးနေ့ အမှတ်တရ အဖြစ်
တဂ်ထားတာ အမှတ်တရ ရေးပေးလိုက်တယ် နော် ..


H@PPY B!RtHD@Y ...

THANlWIN HERO ရဲ့ ယနေ့ကျရောက်သော၂၁ နှစ်မြောက်
မွေးနေ့ မှသည် အစဉ်အမြဲ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း များကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ပါစေ ...


ဆက်လက်ပြီး ရေးဖို့ ကံစမ်းမဲ လက်မှတ်ပေါက်သွားသူကတော့
ဂျပန်ကောင်လေး ပါ ....
J နဲ့စတာ ဆိုတော့ အရမ်းတော့ ခေါင်းမစားလောက်ပါဘူး ... အဟိ ....
အားလို့ အချိန်ရတယ် ဆိုရင် ရေးပေးပေါ့နော် ...




PS ... !...* သံလွင်hero တဂ်ပို့စ် *...!
Author: ဆောင်းနှင်းရွက်
•10/10/2009 02:27:00 AM

သူမ



ကျွန်တော့် ရင် ထဲ က အလှနတ်သမီးလေး တစ်ပါး ..


ဝင်းဝါတဲ့ အသားအရေ ပိုင်ရှင်လေး တစ်ယောက် ..


အပြစ်ကင်းစင်တဲ့ မျက်နှာထားလေး တစ်ခု ကို ပိုင်ဆိုင်ထားတဲ့ သူမ ..


သေးသွယ်တဲ့ ခန္ဓာကိုယ်လေး နဲ့ အရပ်မြင့်မြင့် လေးနဲ့ သူမ ..


လက်ချောင်းသေးသေးသွယ်သွယ် လေးများနဲ့ ခြေဖမိုး လှလှ လေးကို ပိုင်ဆိုင်ထားတဲ့ သူမ ..


တစ်ခါ တစ်ရံမှာ ကတ္တီပါ ဖိနပ် အပြာရောင်လေး စီးထားတတ်တဲ့ ခြေချောင်းလေးတွေ ..


နူးညံ့တဲ့ ခန္ဓာကိုယ် လေးမှာ ကပ်ငြိနေတဲ့ တမူထူးခြားလှပနေသော သူမရဲ့ သဘာဝ ဆံနွယ် နီနီလေးမှာ မြင်ရသူတွေကို လည်ပြန်ကြည့်ရစေသည် ..


တစ်ခါတစ်ရံ သူမ ရဲ့ ဟန်ဆောင် မပါဘဲ လွတ်လပ်စွာ စကားပြောဟန် လေး သည်လည်း လူတစ်ယောက်ကို စွဲဆောင်လွန်းလှသည် ..


သူမ သည် ကျွန်တော့် သူငယ်ချင်း ရဲ့ ညီမလေး တစ်ယောက် ..

သူမ ၏ နာမည်ကို ကြားနေခဲ့သည်မှာ ကြာနေသည်မှာ လွှဲလို့ ကျွန်တော် မမြင်ဖူးခဲ့ပါ ..

တစ်နေ့ ..

အမှတ်မထင် သူမကို စတင် တွေ့ရသည့် နေ့တွင် ပင် ကျွန်တော် အရမ်း ချစ်မိသွားသည် ..


ကျွန်တော့်ရဲ့ ချစ်ခြင်း လင်္ကာတွေ ပြောပြလိုက်တိုင်း ပြောင်စပ်စပ် နဲ့ ရယ်စရာ လုပ်တတ်တဲ့ သူမ ..

ဒါပေမယ့် ကျွန်တော် စိတ်မဆိုးနိုင်ပါ ..


ကျွန်တော် တို့ မကုန်နိုင်တဲ့ စကားတွေ ပြောကြတဲ့ နေ့ရက် တွေ လည်း ရှိခဲ့ဘူးပါတယ် ..

ဒါပေမယ့် သူမ ရဲ့ စကားလုံးတွေ ကတော့ သူငယ်ချင်းဆိုတဲ့ စကားလုံး က မဆက်တော့ပါ ..


ကျွန်တော့် အတွက် သူမ နဲ့ ၂ ယောက် တည်း တွေ့ဆုံနိုင်ရန်မှာ အလွန် ခက်ခဲလွန်းလှသည် ..

အိမ်ထဲက အိမ်ပြင် တော်ရုံ မထွက်တဲ့ သူမ ကို တွေ့ဆုံနိုင်ရန်မှာ ပို၍ ခက်ခဲပါတယ် ..


..^..^..^..^..^..^..^..^..^..^..^..^..^..^..


တစ်ခါတစ်ရံ သူမ သည် ကျွန်တော့်ကို ရှောင်နေခဲ့သည်လား ..

တစ်ယောက်နဲ့ တစ်ယောက် မရှောင်ဘဲ နဲ့ပဲ ရှောင်သလိုဖြစ်ခဲ့သည်လား ..

ကျွန်တော် အတွက် သူမနှင့် တွေ့ရန်သာ စောင့်နေရသည် နေ့စွဲတွေ ..

ကံကြမ္မာကပဲ ဝေးကွာအောင် လုပ်သွားတာလား ..


အခုချိန်မှာ ဘယ် အကြောင်းတွေက သူမ နဲ့ ကျွန်တော် ကို ဝေးကွာစေခဲ့တယ် ဆိုတာတော့ သေချာ မသိပါ ။


ဒါပေမယ့် နောက်ဆုံး သူမ .. ကျွန်တော့် ကို ချစ်ခဲ့တယ်ဆိုတာ သိလိုက်တဲ့ အချိန်မှာ ..

သူမ သည် ကျွန်တော့် ရဲ့ အဝေးဆုံး အဝေးဆုံး အဝေးဆုံး ဆိုတဲ့ နေရာ တစ်နေရာကို ရောက်သွားပါပြီ ..


သူမ ရဲ့ အချစ်တွေ ဘယ်တော့မှ ပြန်မရနိုင်တော့သလို ..

ချစ်ခဲ့သော်လည်း ယခုအချိန်မှာ နာကျည်းသွားခဲ့ပြီဆိုတာ သိလိုက်ရတဲ့ အချိန် ..


ကျွန်တော့် ဦးနှောက် သွေးကြော တစ်ခုလုံး ပိုပြီး ဖြောင်းဆန်သွားတယ် ..




PS ... !...* တွေးမိတွေးရာ လေး တစ်ခုပါ *...!




Author: ဆောင်းနှင်းရွက်
•10/06/2009 12:13:00 AM


ငါတို့ တစ်ဦးနဲ့ တစ်ဦး အချင်းချင်း နားလည်မှုတွေရှိခဲ့ကြသလို အရမ်းချစ်ခဲ့ကြလို့ တစ်ဦး နဲ့ တစ်ဦး လက်တွဲပြီး အေးချမ်းစွာ ကျဆင်းနေတဲ့ နှင်းတွေနဲ့ လမ်းကို ကြည်နူးစွာ လျှောက်လှမ်းနေကြပြီပဲ ~~ ဘာလို့ လမ်းခွဲရမှာလဲ ~~ ဒါပေမယ့်လည်း မမျှော်လင့်တဲ့ အကြောင်းတစ်စုံ တစ်ရာများ ပေါ်ပေါက်လာရင် နင် ငါ့ရဲ့ လက်ကို မဖြုတ်ပါနဲ့ ~~ ငါရဲ့ လက်ကို သေချာ ကိုင်ထားပေးပါ ။ ငါ့ကို လွတ်မြောက်ခွင့် လည်း မပေးပါနဲ့ ~~

ဘာလို့လဲ ဆို ငါကိုယ်တိုင် ငါ့ရဲ့ မသိစိတ်ရော ၊ အသိစိတ်ရော က နင်ဆီမှာ ရောက်နေလို့ပါ ။ ငါ မြတ်မြတ်နိုးနိုး လိုလားတဲ့ လက်ဖ၀ါး တစ်စုံ ကို ဆုံးရှူံးရမှာ အရမ်းကြောက်တယ် ~~

ငါတို့ စကားတွေ အများကြီး ပြောမယ်လေ ။ ပုံပြင်တွေ အကြောင်း ပြောပြမယ်။ အိမ်မက်တွေ အကြောင်း ပြောပြမယ်။ စိတ်ခံစားမှုတွေ အကြောင်းပြောကြမယ် ~~ ဟော . . . ပြောရင်း မိုးတွေ ရွာလာပြီ ..! မိုးစက်ပွင့်တွေ အကြောင်း ဆက်ပြောကြမယ်လေ ~~ ငါတို့ရဲ့ စကားလုံးတွေထဲမှာ မက်မောမှု တွေ မပါဘူး ~~ အတ္တတွေ မပါဘူး ~~ မိန်းမောစေတဲ့ ရမ္မက်တွေ မပါဘူး ~~ အဆိပ်ငွေ့တွေ မပါသလို လိုလား တောင်းတမှု့တွေ မပါဘူး ~~

ငါတို့ရဲ့ လက်တွဲမှုမှာ တစ်ဦးကို တစ်ဦး အဖြူစင် ဆုံးသော မြတ်နိုးမှု ၊ နားလည်မှု နဲ့ ညစ်ညမ်းမှု့ တစ်စုံတစ်ရာ မပါတဲ့ အဖြူရောင် မိုးစက်တွေနဲ့ တည်ဆောက်ထားတာပါ ~~

ဒါပေမယ့် ငါတို့သိနေကြတယ် ~~ ပျော်ရွှင်မှုတွေ ဝေးလွှင့်ပျောက်ဆုံးသွားမယ့် အနာဂတ်ကို မလိုလားတဲ့ ငါ့အတွက် နင့်ကို မမေးရဲသလို နင်ကလည်း မျက်ရည်မိုးတွေနဲ့ အနာဂတ် ရရှိသွားမှာကို စိုးရွံ့နေလို့ ......

ငါတို့ ၂ ယောက်လုံး နူးညံနေတဲ့ လက်ဖ၀ါး တစ်စုံ မဆုံးရှူံးဖို့ အရမ်းကို မောပန်း နေကြပြီ ............

ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် နောက်ဆုံး ငါတို့ ရင်ဆိုင်ရမယ် ဆိုတာကို တစ်ဦး ကို တစ်ဦး သိနေကြတယ် ~~

~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~


ငါအသက်ရှုသံတွေ မရပ်သရွေ့ နင် ငါ့လက်ကို ကိုင်ထားပေးပါ ။





PS ... !...* မြတ်ခင်းသစ် တွင် ရေးခဲ့သော အတွေး ပို့စ်လေး တစ်ပုဒ် *...!
6th.Dec,2008
Author: ဆောင်းနှင်းရွက်
•9/22/2009 12:31:00 PM
ဒီနေ့မှ စလို့ ခဏ ကျောင်းပိတ်ထားတော့ မနက် စောစော အိပ်ယာက ထတဲ့ ဒဏ်ကနေလည်း ကင်းဝေးလို့နေတာ အရမ်းကို ပျော်နေမိတယ် ။
ကျောင်းပိတ်တော့ လည်း အားနေလား ဆိုတော့ မအားပေါင် .. အရှုပ်တွေ လုပ်လို့ .. အလုပ်တွေ ရှုပ်နေတာ ကိုဖီအာနန်တောင် ထိုင်ငိုရအောင် တန်းစီနေတာပဲ နော် ..။
တစ်နေ့ကို ၂၅ နာရီတောင် မလောက်သလိုပဲ ..

အလုပ်တွေ ရှုပ်လိုက်ပုံများကတော့ ..

~ အိမ်ကို ၂ ပတ် တစ်ခါ စာထည့်နေကျ စာလည်း ရေးရမယ် ..

~ ဘလော့အိမ်တွေ လိုက်ကြည့်ပြီး စာတွေလည်း လိုက်ဖတ်ချင်သေးတယ် ..

~ ကိုးရီးယား ဇာတ်လမ်းလေးတွေ ကလည်း ကြည့်လိုက်ချင်သေးတယ် ..

~ သရဲကားတွေ ကြည့်ဖို့လည်းတန်းစီ ပြီး ရှိနေတယ် ..

~ Online ကနေ စာအုပ်တွေ လည်း ဖတ်လိုက်ချင်သေးတယ် ..

~ Games အသစ်တွေ လည်း ကစားဖို့ ရှိတယ် ..

~ ဒီကြားထဲ Online Chess ကလည်း ထိုးလိုက်ချင်သေးတယ် ..

~ webiste အသစ်တွေ ကနေ ရှာစရာတွေကလည်း များနေတယ် ..

~ ဟိုသွား ၊ ဒီသွားကလည်း လုပ်လိုက်ချင်သေးတယ် ..

~ ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့လည်း စကားပြောဖို့ ချိန်းထားတာတွေက date အပြည့် ..

~ အားတဲ့ အချိန်လေးမှာ ကြက်တောင်လေးကလည်း ရိုက်လိုက်ချင်သေးတယ် ..

~ ကိုယ့်ရေးကိုယ်တာ data လေးတွေ လုပ်ဖို့တွေကလည်း တန်းစီနေတယ် ..

~ ဒီကြားထဲ ဘောလုံးပွဲ ကလည်း ကြည့်ဖို့ စိတ်ကူးလိုက်သေးတယ် ..

~ အဲ့လို အရှုပ်တွေ ကြားထဲက PT Job လေးလည်း ပြေးလုပ်မှ ဖြစ်မယ် ..

~ စာတွေ ရေးမယ်စိတ်ကူးပေမယ့် အားတဲ့ အခု အချိန်ကျတော့ Feel က မလာသေးတော့ ဘယ်လို လုပ်ရပါ့မလဲ ..




PS ...
!...*
လုပ်ချင်တာတွေ နဲ့ ဖြစ်ချင်တာတွေ များနေတယ် *...!
Author: ဆောင်းနှင်းရွက်
•9/21/2009 03:41:00 AM
မြန်မာလို တိုက်ရိုက် အသံထွက်ရင်တော့ ပူလာအူဘင် (သို့) ပိုလာအူဘင် ... ဘယ်လို အသံထွက်လဲ သေချာ တော့ မသိပါ ။
ပူလာအူဘင် သွားကြမည် ဆိုသော အစီအစဉ်ကို မည်သူ အစဖော်သည် မသိ .. (နောက်မှ သိတာ မရောင်ပါတဲ့) ~ ဒါပေမယ့် ဘယ်သူပဲ အစဖော်ပါစေ ~ အရမ်းကို ထိုနေရာသို့ သွားချင်နေသည် တော်တော်ကို ကြာနေပါပြီ ~ အရင် တစ်ခါလည်း သွားချင်လွန်းလို့ စီစဉ်ရင်းနဲ့ ဆန်ရှည်စာ သို့ ရောက်သွားသည် ။
မသွားခင် ၃ ရက်လောက်ကမှ မေးလ် ရ၍ မေးကြည့်လိုက်တော့ သေချာပေါက်သွားဖြစ်ပါမည် တဲ့ ..။


အားလုံး otrum park mrt ( 9:30 am - 10:00 am ) စုံကြပါမည် လို့ ပြောတာပါပဲ ..။


ဒီလိုနဲ့ ...
ယနေ့ သို့ ရောက်ရှိလာပါတော့သည် ။
မနက် ၈ နာရီခွဲ အိပ်ယာထ ~~ ရေချိုး ~~ သွားဖို့ပြင်ဆင် ~~ အိမ်ကထွက် ၉ နာရီ ၁၅ မိနစ် ~~ တစ်ကယ်ဆို ချိန်းထားတဲ့နေရာကို ၁၀ နာရီ တိတိ မှာ ရောက်နိုင်ပါတယ် ..။
ဒါပေမယ့် ဘယ်လို ~~ ဘယ်လို ~~ ဖြစ်ပြီး MRT က Dover & Clemeti မှာ delay တွေ ဖြစ်ကုန်တယ် မသိ .။ မဆိုစလောက် မသိမသာလေး ပဲ နည်းနည်း ပါးပါး နောက်ကျသွားပါတယ် ။
အားလုံး otrum park နေ TAXI နဲ့ သွားကြပြီး boat ferry ဆီသို့ ရောက်ချိန်မှာ တော့ ၁၁ နာရီ ခွဲ နေပါပြီ ။
စုစုပေါင်း သွားကြတာကတော့ ၁၂ ယောက်တိတိပါ ။
ဒါပေမယ့် အစဖော်လိုက်တဲ့ မရောင်တော့ မပါလာပါ ။

ရောက်ရောက်ချင်း အ၀င် တွင် အမှတ်တရ ..




ဟိုဘက် ရောက်တော့ အရင်ဆုံး အစာ အဟာရ ဖြည့် ကြ ပါတယ် ။






ခွန်အားတွေ ဖြည့်တင်းပြီးတဲ့ အချိန်မှာတော့ ဒီလို စက်ဘီး လေးများနဲ့ ချီတတ်ကြပါတယ် ~~




ပထမဆုံး ရောက်ရှိသွားတဲ့ နေရာကတော့ Ubin Quarry ဆိုတဲ့ နေရာလေးပါ ။




တောထဲမှာ ပတ်ချာ လည်အောင် မမောနိုင် မပန်းနိုင် စက်ဘီး စီးကြစဉ် ~~







စားသောက်စရာ များနှင့် အမောဖြေကြစဉ် ~~




ညနေ ၆ နာရီ အပြန် မြင်ကွင်း လေး ~~





ပျော်ရွှင်စရာ ကောင်းတဲ့ နေ့လေး တစ်ရက် ပါပဲ ။


(အပြန်ချိန်မှာတော့ TAXI ကို NET နဲ့ ပေးလို့ မရတဲ့ TAXI တွေလည်း ရှိတယ် ဆိုတာ သိလိုက်ရပါတယ် )





PS ... !...* *...!
၁ ။ တောင်ပေါ်သား
၂ ။ တလနွန်
၃ ။ ငချမ်းကောင်
၎ ။ ရေတမာ
၅ ။ သံလွင် hero
၆ ။ မျိုးထက်ဇော် (နာမည် မှန်လား မသိဘူး)
၇ ။
မြရေရင်
၈ ။
မိုးခါး
၉ ။ သဲသဲ
၁၀ ။ မေသူ
၁၁ ။
ဝိုင်း
၁၂ ။ ၀ိုင်း ရဲ့ သူငယ်ချင်း
Author: ဆောင်းနှင်းရွက်
•9/18/2009 03:24:00 PM

နားထဲကို ၀င်လာတဲ့ Wonderful Alarm သံစဉ်လေး ~~

မြည်နေတဲ့ ဖုန်း Alarm က မနက် (7:10) ဆိုပေမယ့် ချက်ချင်း မထနိုင်သေး ၊ နဲနဲ အိပ်ယာထဲမှာ နပ်ချင်သေးတယ် ~~ ထရတော့မယ် ဆိုတဲ့ အသိတရားလေး တော့ ခေါင်းထဲ နည်းနည်း ၀င်နေပြီ ~~

ခဏနေတော့ second times Alarm သံစဉ် က မြည်နေပြီ ~~

အိပ်ချင်မူးတူး နဲ့ ခေါင်းအုံးဘေးနားလေးမှာ ရှိနေတဲ့ ဖုန်း Alarm လေးကိုပိတ်ဖို့ မျက်လုံး ပိတ်လျှက် လက်နဲ့ လိုက်စမ်းနေရင်း ပိတ်လိုက်ပါတယ် .. ( ရ နာရီ နဲ့ ၁၅ မိနစ် တိတိ )

အိပ်ယာကနေ မဆင်းနိုင်သေး ၊ ငုတ်တုတ် ထိုင်လျှက် ငိုက်နေတာက ၅ မိနစ် ၊

ခဏနေတော့ မျက်လုံးကို ကြိုးစားဖွင့်ရင်း ၊ ရေချိုး ၊ ကျောင်းသွားဖို့ ပြင်ဆင် နဲ့ အားလုံး ပြင်ဆင် ပြီးလို့ နာရီကို ကြည့်လိုက်တော့ ၈ နာရီ ~~

အိမ် တံခါးလေး သော့ပိတ်လို့ အိမ်ရဲ့ အရှေ့ ကို ၅ မိနစ် လောက် လမ်းလျှောက်လိုက်ပါတယ် ~~

၈ နာရီ ၁၀ မိနစ်လောက်ဆို အချိန်မှန်မှန် စီးနေကျ ကိုယ်ပိုင် bus car ကြီး က စောင့်နေကျ မှတ်တိုင်လေး ရဲ့ ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာမှာ ဆိုတော့ အားလုံးကို အချိန်မီ အိပ်ချင်မူးတူးနဲ့ ပြင်ဆင် လိုက်ရတာ မောလို့ လမ်းလျှောက်ရင်း အမောဖြေ ပေါ့ ..။

၁၀ မိနစ်လောက် bus-car ကြီး စီးပြီး ရော MRT ကို ရောက်ရှိသွားပါတယ် ။ စက်လှေခါးလေးနဲ့ အပေါ်ကို အပြေးအလွှားလေး တတ်လို့ MRT က Light box ကို ကြည့်လိုက်တော့


... Marina Bay 1 min ၊ Next train 6 min …


အဲ့အချိန်မှာ သိလိုက်တာက ခြေတစ်လှမ်း ၊ ကုဋေ တစ်သန်း တန်တဲ့ ခြေလှမ်းမျိုးနဲ့ လျှောက်လှမ်းနေလို့ မဖြစ် ၊ နောက်ကျနေပါတယ် ဆိုမှနော် .. စောင့်ချင်ပါဘူး နောက်ထပ် ၆ မိနစ် … အဲ့တော့ မနက် စောစောစီးစီး မာရသွန် လုပ်လိုက်တာပေါ့ ။

ပြေးရင်း လွှားရင်း နဲ့ ဘယ်လို များ MRT ပေါ် ရောက်သွားပါလိမ့် ..

MRT တံခါး ပိတ်တော့မယ် ( ကျွီကျွီ .. ကျွီကျွီ .. ကျွီကျွီ .. Doors r closing now )

ဖြစ်တော့မယ် ဆိုတာ ကြိုပြီး မြင်လိုက်ပါတယ် ~~

ပိန်ပိန် သေးသေး သွယ်သွယ် မမ လှလှ တစ်ယောက် အပြေးအလွှားလေး ၀င်လာနေပါတယ် ~~

ဒိန်းးးးးးးးးးး

သွားပြီ . . .

လူတွေ အားလုံး လည်း မျက်လုံးလေး တွေ ၀ိုင်းစက်လို့ . . .

အားလုံးရဲ့ မျက်လုံးတွေက သူမရဲ့ ခြေထောက်လေးကို သာ အံ့သြစွာနဲ့ ပြူးပြီး ကြည့်နေကြတာ ထွက်ကြတော့မယ် ..

ဒေါက်ဖိနပ် အဖြူရောင် မြင့်မြင့်လေး platform နဲ့ MRT တံခါး ကြားထဲ ကျွံဝင်လို့ သွားတာကို မျက်တောင် တောင် မခက်နိုင် ဟာ … ဟင် … နဲ့ … ကြည့်နေကြလျှက် . . .

ကံကောင်းတာက မမ လှလှ ဆွဲလာတဲ့ အထုပ်ပါ တံခါးနဲ့ ညှက်နေခြင်း ..

လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် ကတော့ MRT ထဲ ရောက်နေပါပြီ ..

တံခါးက ချက်ချင်း ပြန်မဖွင့်နိုင်သေး .. တအောင့်လောက်လေးမှ ပြန်ဖွင့်တော့ မမ လှလှ လည်း ရှက်သွေးဖြန်းနေတဲ့ နီနီရဲရဲ မျက်နှာလေးနဲ့ ခြေထောက်နဲ့ လက်ဆွဲအိတ်လေး ဆွဲသွင်းလို့ MRT ထဲ ၀င်လာပါတယ် ..

မမ လှလှ ဆွဲလာတဲ့ အထုပ်လေး ကယ်ပေးလို့ သူမ ဘာမှ မဖြစ်သွားတယ် ..

နို့မို့သာဆို ငဖောင်ရိုးခြောက် ခြေသလုံးလေး သေချာ ပေါက် ကျိုးလောက်ပါတယ် ..

အင်းးး

သက်ပြင်းလေး တစ်ချက်လောက် တော့ ချလိုက်မိတယ် ထင်ပါတယ် ~~




PS ... !...* ပဲလေးနဲ့ ဖိနပ် မြင့်မြင့် လေးများ စီးတတ်သော မမ များအတွက် စေတနာ ဖြင့် ရေးသားသည် *...!

Author: ဆောင်းနှင်းရွက်
•9/06/2009 11:42:00 AM
!.. Yishun JC (8:30 am - 4:00 pm) ..!
5th.Sept,2009 လုပ်အားပေး
သနားစရာ သူ့တိုဘ၀ ။

~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*

မမရောင် အိမ်မှာ ပွဲစည်ခဲ့တဲ့ 5th.Sept,09 ညနေလေး အချိန် ( 5:30 pm - 7:30 pm )


မုန့်ညင်းရွက် သုပ်
(........ သုပ်တာ)



စားကြပါ ၊ သောက်ကြပါ ၊ အားမနာပါနဲ့ ..။
အရသာ ရှိသော ဟင်းများပါ ။

၁ ခါ စားပြီးရင် ဆွေမျိုး မေ့ရုံပေါ့..။ (မကောင်းလို့ ဟုတ်ဘူးလို့ ) ။
ဦးဆောင်ချက်သူ မမေလေး ရဲ့လက်ရာ ပါ ။



ညပိုင်း Pasir Park အမှတ်တရ လေး ( 9:00 pm - 10:30 pm )





PS ... !...* လမ်းလျှောက်လိုက်ရတာ ၁၀ ပေါင် လောက်ကျသွားပြီး
model leg လေး လို သေးသေးသွယ်သွယ် ဖြစ်သွားတယ် *...!
Author: ဆောင်းနှင်းရွက်
•9/04/2009 02:49:00 PM
ပြီးခဲ့တဲ့ ၂ ပတ်လောက် က စပြီး စိတ်လုံးဝ မကြည်လင်ဘူး ။
ဘာလို့လဲ ဆိုတဲ့ သေချာတဲ့ အကြောင်းပြချက် မရှိပေမယ့် လူတွေ နဲ့ ဆက်ဆံရတာ တော်တော် စိတ်ညစ်နေရတာတော့ အမှန်ပါပဲ ။
ညစ်တယ်ဆိုပေမယ့် ပျော်ပျော် အတတ်နိုင်ဆုံး ပဲ နေလိုက်ပြီး ဖြည့်တွေး ပေးလိုက်ပါတယ် ။
ညစ်နေတယ် ဆိုရင် စိတ်ပင်ပန်းရတယ် ။
ဒါကြောင့် ခုတော့ ပျော်ပျော်ပဲ နေလိုက်ပြီး အတွေ့အကြုံလေး ရလိုက်တယ် ပဲ မှတ်ယူလိုက်ပါတယ် ။

မိမိကိုယ်တိုင်လည်း ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ရင့်ကျက်မှု့ ဆိုတာ မရှိသေးတဲ့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ဘ၀ ရဲ့ သွန်သင်ဆုံးမမှု့ကို ကြိုးစားသင်ယူရင်း နေပါတယ် ။
ငယ်ငယ်ကတည်းက ခုချိန်ထိ ရှေ့ဆောင် လမ်းပြအဖြစ် သွန်သင် ဆုံးမ နေတဲ့ မိဘ ၂ ပါးရဲ့ ဆုံးမစကားတွေ ၊ ဘ၀ ရဲ့ တစ်ဆစ်ချိုး ၁၀ တန်း ပညာသင်ချိန်ခါ က ကောင်းတဲ့ စိတ်ဓာတ် ၊ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို သင်ကြားပေးခဲ့တဲ့ ဓာတုဗေဒဆရာ နဲ့ သင်္ချာဆရာ ရဲ့ စကားတွေကိုလည်း အစဉ်အမြဲ ကြားယောင်နေပြီး အတတ်နိုင်ဆုံး ဖြစ်အောင် ကြိုးစားနေပါတယ် ။

လူတစ်ဦး ချင်းစီမှာ တစ်ဦး နဲ့ တစ်ဦး အမြင် ၊ အကျင့်မတူ ၊ စရိုက်မတူကြဘူးဆိုတာ ထူးဆန်းတဲ့ အချက်တော့ မဟုတ်ပါဘူး ။
တစ်ခါတစ်လေ မိမိကိုယ်ကိုယ် အကောင်းဆုံး အတွေးလေး ၊ ချိုချိုသာသာ ပြောဆိုဆက်ဆံမှု့လေး ၊ တစ်ကြိမ် တစ်ခါလောက် ပြုမှု ကြည့်စေချင်ပါတယ် ။
ပြီးပြည့်စုံတဲ့ လူ ဆိုတာ မရှိပါဘူး ။ လူတိုင်းမှာ သူ့ လိုအပ်ချက်နဲ့ သူ တော့ အမြဲ ရှိနေကြတာပါပဲ ။
ဒါပေမယ့် . . .
လူတစ်ယောက်ဆီမှာ သူ့ အရွယ်နဲ့ ထိုသူရဲ့ လက်ရှိ အတတ်ပညာ နဲ့ ချိန်ဆ ကြည့်ရင် ရှိသင့် ရှိထိုက်တဲ့ စိတ်ဓာတ်ရင့်ကျက်မှု့ ၊ စိတ်သဘောထား လေး တော့ ရှိသင့်တယ် ။
မိမိ ပြုမှု လုပ်ဆောင်လိုက်တဲ့ အမူအရာ အားလုံးသည် မိမိရဲ့ စိတ်ဓာတ်ရင့်ကျက်မှု့ ၊ လိမ္မာပါးနပ်မှု့ ၊ အတွေးအခေါ် ၊ မိမိ ပေါက်ဖွားလာတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀န်း နဲ့ အများကြီး သက်ဆိုင် သွားပါတယ် ။

~ တစ်ခါတစ်လေမှာ မိမိ ပြောဆို ပြုမှု လိုက်သော အရာ တစ်ခု ဟာ ထို လူ တစ်ယောက်ကို အများကြီး ပြောင်းလဲ သွားစေနိုင်သလို ၊ မိမိ အတွက် လည်း ကြီးမားတဲ့ အန္တရာယ် တစ်ခု အနေနဲ့ ရောက်ရှိလာနိုင် ပါတယ် ။
~ ကိုယ်မုန်းနေတဲ့ သူဆီကို ပစ်မှတ်ထားပြီးလုပ်ဆောင်နေပေမယ့် ကိုယ်လုပ်ဆောင်လိုက်တဲ့ ပြုမှုခြင်းသည် အများအမြင်တွင် ရုပ်ဆိုးစေသော ဖြစ်ရပ်တစ်ခု ဖြစ်သွားစေပြီး မိမိဆီသို့ မဖိတ်ခေါ်ဘဲ အကျည်းတန်စေသော ဖြစ်ရပ်အဖြစ် ပြန်လည် ၀င်ရောက်သွားစေတယ် ဆိုတာ သတိပြုမိဖို့ ကောင်းပါတယ် ။

ဘယ် အကြောင်းပြချက်နဲ့များ မာန တွေ ကြီး၊ စကားလုံးမိုက်မိုက် ရိုင်းရိုင်း တွေသုံး၊ မျက်နှာထားတွေတင်းပြီး အသက်ရှူနေပါလိမ့် ..???

ကိုယ့် ထမင်း ကိုယ် စားပြီး ၊ ရည်မှန်းချက် ပန်းတိုင် အတွက် သွားနေကြတဲ့ သူတွေ အချင်းချင်း မှာ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်း ကူညီဖေးမပြီး သွားကြရင် ဘယ်လောက် ကောင်းကြမလဲ ။
အသက်ရှင်နေထိုင်နေကြတဲ့ လူ့ဘ၀ မှာ နောင် တစ်ချိန်တစ်ခါ အသက်ရှိစဉ် ပြန်မဆုံနိုင်ပါဘူး လို့ ဘယ်လိုမှ ပြောလို့မရနိုင်ပါ ။
ထိုအချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် နဲ့ ရန်အညှိုးပေါင်း မြောက်မြားစွာနဲ့ ဆိုရင် . . . . .




PS ... !...* ညဏ်မှီသလောက်လေး စကားကြီး၊ စကားကျယ် တွေ ရေးတာပါ ။ *...!
Author: ဆောင်းနှင်းရွက်
•8/12/2009 12:02:00 AM
သူရင်းရေ ...!


"H@ppy B!rhtd@y "
I w!sh u w!ll be h@ppy & lucky not only tod@y but @lso 'e whole your l!fe.
St@rt from now to unt!l al!ve u m@y be he@lthy .
All 'e b@d th!ngs m@y be f@r f@r @w@y.

တွေ့ဆုံခဲ့ကြတာ ၅ နှစ် ။
ရက်တွေ ၊ လတွေ ၊ နှစ်တွေ ပြောင်းလဲသွားလဲ ပေမယ့် လုံးဝ မေ့မသွားပါ ။
တွေ့ဆုံခဲ့ကြတဲ့ ၆ တန်း ကနေ ၁၀ တန်း အထိ (အထက(၁)ကမာရွက်) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာနို့ရည် အတူတူ သောက်ခဲ့တဲ့ နေ့ရက်တွေ တိုင်းက အမှတ်တရ အဖြစ်သတိရနေဆဲပါ ။
တစ်ခြားသူငယ်ချင်းတွေရဲ့ နာမည်တွေကို မေ့ကောင်းမေ့ပေမယ့် နင့် နာမည်ကတော့ အမြဲ သတိရနေဆဲပါ ။
မထင်မှတ်ဘဲ ဘ၀ ရဲ့ တစ်ခဏတာမှာ မွေးတဲ့နေရာ ၊ မွေးနေ့ ၊ မွေးရက် ၊ မွေးလ ၊ အားလုံးတူပြီး နာရီ ၁ နာရီ ပဲ ခြားခဲ့ကြတာ မသိခဲ့ကြပဲ အသက် ၁၁ နှစ် ရောက် ခဲ့မှ သိခဲ့ရတာ အံသြ ဖို့ ကောင်းလှပါတယ် ။
နောက်ဆုံး ငါတို့ တွေ့ဆုံခဲ့ကြတဲ့ လွန်ခဲ့တဲ့ ၃ နှစ် ကတော့ နင် S'pore မှာပဲ ရှိသေးတယ်နော် ။
အခု ရော .... Austrial မှာ အဆင်ပြေရဲ့လား ။
အစစ ၊ အရာရာ အဆင် ပြေ ပါစေလို့ ဆုတောင်းပါတယ် သူရင်းရေ ။

အကြောင်းကြောင့် အဆက်အသွယ် ပျက်သွားကြပေမယ့်
မတော်တဆ အခု (blog) ငါ့စာ ကို ဖတ်မိလို့ပဲ ဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ်
ငါတို့ ကံမကုန်သေးရင် တစ်နေ့တော့ ပြန်ဆုံကြတာပေါ့ နော် ။


PS ... !...* Happy Birthday Sandi *...!
Author: ဆောင်းနှင်းရွက်
•8/11/2009 10:10:00 PM
မွေးကတည်းက ခု အသက် အရွယ် အထိ ကြည့်ဖူးတဲ့ ရုပ်ရှင် ဇာတ်လမ်း တွေကို ရေတွက်ကြည့်ရင် ၁၀ ကား တောင် မပြည့် ။
ရုပ်ရှင် ကြည့်ချင်လွန်းတဲ့ စိတ်ဆန္ဒ ကလည်း ယောင်လို့ တောင် ပြင်းပြင်းပျပျ ဖြစ်ဖူးတယ်လို့လည်း မရှိပါဘူး ။
ခုချိန်ထိ ရန်ကုန် ရွှေမြို့တော် ကြီး မှာ ရှိတဲ့ အဆင့်မြင့် မင်္ဂလာ ရုပ်ရှင် ရုံ ဆိုတာ အပြင်ဘက် ကပဲ ဖြတ်သွားဖူးတယ် ။ တစ်ခါမှ အဲ့ ရုပ်ရှင် ရုံမှ မကြည့်ဖူးသေးဘူး ။
မှတ်မှတ် ရရ သေချာ စဉ်းစားလို့ ရှိတာ ဆို သမ္မတ ရုပ်ရှင်ရုံမှာ ၃ ခါ ၊ နဲ့ န၀ဒေး ရုပ်ရှင် ရုံ မှာ ၁ ခါ ပဲ ရှိသေးတယ် ။
တက္ကသိုလ် ကျောင်းတတ်ခဲ့တုန်းကလည်း သူငယ်ချင်း တစ်အုပ်စုလုံး ရုပ်ရှင် သွားကြည့် ကြမယ် ဆို dew မှာ တစ်ယောက်တည်း အတန်းတတ်ရင် တတ် ၊ မတတ် ဖြစ်ရင် အိမ်ပြန် ။
တက္ကသိုလ် တတ်ခဲ့တဲ့ ၃ နှစ်မှာ သူငယ်ချင်းတွေနဲ့ ကြည့်ခဲ့တာ ဆိုလို့ ၁ ခါပဲ ရှိသေးတယ် ။
"ဗိုက်ပူမ" ဆိုတဲ့ ကျော်ဟိန်းကား ကို န၀ဒေးမှာ သွားကြည့်တာ တစ်ခုပဲ ရှိသေးတယ် ။
သူငယ်ချင်းတွေကတော့ dew အတွက်ဆိုပြီး အဲ့နေ့ နဲ့ ရာဇ၀င် မှာ စာတင်ပြီး မှတ်တမ်းတင်ထားကြတယ်လေ ။
ဘယ်လောက် ကောင်းတဲ့ ရုပ်ရှင် ကားပဲ ဖြစ်ဖြစ် အဲ့ဒီ့ ရုပ်ရှင် ရုံ ဆိုတဲ့ အရာ ကြီးကို မသွားချင်တာ ဘာဖြစ်လို့မှန်း ကိုယ့် ကိုယ် ကိုယ်တိုင် ခုချိန်ထိ သေချာ မသိသေးပါဘူး ။
ဝါသနာ ပဲ မပါတာလား ။ မကြည့်ချင်တာလား ။
(dun know )

တစ်ကိုယ်လုံး ကိုက်ခဲပြီး ဖျားနေတာက မနေ့ ကတည်းက ။
ဒီနေ့ မနက် ကျောင်းသွားရမယ် ဆိုတဲ့ အသိက ရှိနေတော့ ဆေးတွေ သောက်ပြီး မနက်ထနိုင်အောင် လုပ်ရတာပေါ့ ။
မနက် မိုးလင်းတော့ လူက ယိုင်တိုင်တိုင် နဲ့ အခန်းဖော် မမ ပေးတဲ့ အားဆေးတွေ သောက် ကျောင်းသွားပေါ့ ။
ကျောင်းကပြီးတော့ အလုပ်ကသွားရအုံးမယ် ။
အလုပ်ကလည်း ကြိုတင်ပြီး ခွင့်မတိုင်ရသေးတော့ သွားရုံပေါ့ ။
ဟွန်းးးးး
လူက အရမ်းကို နုန်းနေတာပဲ ။ လုပ်ချင် စိတ်တောင် မရှိသလို ပဲ ။
ကဲ .... သူငယ်ချင်း နဲ့ ချိန်းပြီး အလုပ်သွားကြမယ်ပေါ့ ။
သွားနေတာတော့ အလုပ် ကို သွားနေတာပဲ ။
MRT စီးနေရင်း ၊ သူငယ်ချင်း ၂ ယောက် စကားတွေ ပြောရင်းနဲ့ ရုပ်ရှင် ကြည့်မယ် ဖြစ်သွားရော ။
အဲ့ဒါမှ ပြဿနာ ။
အလုပ်ကလည်း ခွင့်မတိုင်ရသေးဘူး ။
လူကလည်း နေလို့ထိုင်လို့ မကောင်းလို့ အလုပ်က မသွားချင် ဖြစ်နေ ။
ကဲ ..... ဖြစ်ချင်ရာဖြစ် ။
ရုပ်ရှင် သွားကြည့်ကြမယ် ဆိုပြီး ဘယ်လို လုပ်ပြီး ရုပ်ရှင် ရုံ ဆီ ခြေဦးတွေ ရောက်သွားလည်း ဆိုတာ သိတောင် မသိလိုက်ပါဘူး ။
ဒါကြောင့် dew အိမ်က အမြဲ ပြောတဲ့ စကားလေး ကြားယောင်မိလိုက်ပါသေးတယ် ။
တောင်ဘက်သွားမယ် ဆိုတာ မြောက်ဘက်ရောက်ချင် ရောက်သွားတတ်တယ် တဲ့ ..>>>

ha ha ..!
ဒီနေ့ ကတော့ ဒီကို ရောက်တဲ့ ၁ နှစ် - ၇ လ မှာ ပထမဆုံး ဦးဆုံး ရုပ်ရှင် ကြည့်ဖြစ်သွားတဲ့ နေ့လေး တစ်ရက်ပေါ့ ဗျာ ။

အလုပ်ကို တော့ ကလိကမာ လုပ်ပြီး sms နဲ့ ရုတ်တရက် နေမကောင်းလို့ မလာနိုင်တော့ဘူး ဆိုပြီး ပို့လိုက်တယ် ။
ခဏနေတော့ မန်နေဂျာ က ဖုန်းဆက်ပြီး ခေါ်တော့လည်း မကိုင်ရဲတော့ မကိုင်တော့ပဲ ထားလိုက်တာ နောက်နေ့ အလုပ်သွားရင် ဘာဖြစ်မလဲ မသိဘူးနော် ...။
(ဟွန်းးးး သက်ပြင်းပဲ ချလိုက်ပါတော့တယ် )



PS ... !...* G.I JOE *...!
Author: ဆောင်းနှင်းရွက်
•8/09/2009 02:14:00 PM
မမိုးခါး တဂ် ထား တဲ့ ပို့စ် လေး တစ်ပုဒ် ပါ ။
တဂ်ထားတာ တော့ ကြာ လှ ပြီ ။
မအားတာနဲ့ ခုမှ ရေးရတာ မမိုးခါး ကိုတောင် အားနာပြီး မျက်နှာပူလှပါပြီ ။
(သွေ့ပုချိ နော် ) မနောက်ရရင် မနေနိုင်လို့ ။

ငယ် ဘ၀ ကနေ ပဲ စပြောရမှာပေါ့နော် ။
ကလေး ကျောင်းသား ဘ၀ စကတည်းက သူငယ်ချင်း တွေ အများကြီး ရှိပေမယ့် ဘယ်သူ မှ dew ကို ကြီးကြီး မားမား ဆူးတွေ မပေးခဲ့ပါဘူး ။
မူလတန်း တတ်ခဲ့တုန်း ကတော့ အိမ်နားက ကျောင်းမှာပဲ တတ်ခဲ့တာပါ ။
အလယ်တန်း ရောက်တော့ တခြား နောက်တစ်ခု ကျောင်းကို ပြောင်းပေါ့ .။
အလယ်တန်းနဲ့ အထက်တန်း ကျောင်းကတော့ အတူတူပဲ တတ်ခဲ့တာပါ ။
မူလတန်း ကျောင်းသားဘ၀ ကတော့ မနက်ဆို ကျောင်းသွား ၊နေ့လည် ဆို ကျောင်းပြန် နဲ့ ပဲ တစ်နေ့တာ ကျောင်းတတ်တဲ့ ကိစ္စ က ပြီးသွားခဲ့တာပါပဲ။
နေ့လည် ကျောင်းဆင်းချိန်ဆို တစ်ခါတစ်လေ dew ရဲ့ အန်တီ လာကြိုရင် ကြို ၊
မကြိုနိုင်ရင် သူငယ်ချင်း တွေနဲ့ စုပြီး ပြန်ပေါ့ ..။
dew ၃ တန်း ရောက်တော့ မောင်လေး ကျောင်းစတတ်တော့ နေ့လည် ပြန်တော့ မောင်လေး နဲ့ အတူတူ မောင်နှမ ၂ ယောက် အတူတူ ပြန်တာပေါ့ ။
မိုးရွာထဲမှာ မှာ မောင်နှမ ၂ ယောက် မိုးကာတွေနဲ့ ထီးတွေနဲ့ အတူတူ လှမ်းလျှောက်ခဲ့တာတွေကတော့ အခုထိ အမှတ်ရနေဆဲပါ ။
dew အလယ်တန်း ကျောင်း ပြောင်းသွားတဲ့ အချိန်မှာလည်း ဘယ် သူငယ်ချင်း ကိုမှ စိတ်မနာခဲ့ဖူးပါဘူး ။
ကျောင်းမှာ ဘင်ခရာ အသင်းဝင်ပြီး သူငယ်ချင်းတွေ နဲ့ ဟိုဖွင့်ပွဲ သွား ၊ ဒီဖွင့်ပွဲ သွားနဲ့ ပျော်ဖို့ ကောင်းသလိုပါပဲ ။
ကျောင်းမှာ မရမ်းသီး ပေါ်ချိန် ဆို ကျောင်းဝန်းထဲက အပင်တွေက သီးတဲ့ မရမ်းသီးတွေ စားရတာ အပြင်က အသီး တွေနဲ့ အရသာ တစ်ခြားစီ ပဲ ဆိုတာ လည်း သတိရနေဆဲပါ ။
ကျောင်းတတ်ခဲ့တဲ့ အချိန်မှာ dew တို့ အဖွဲ့ကတော့ စုစုပေါင်း ၄ ယောက် တည်း ရှိခဲ့ပေမယ့် အရမ်း ပျော်ဖို့ကောင်းပါတယ် ။
အိမ်ချင်းကလည်း နီး ၊ ကျောင်းချင်းလည်း တူ တစ်ယောက် အကြောင်း တစ်ယောက်သိ နဲ့ ဆိုတော့ အေးအတူ ၊ ပူအမျှ ၊ သွားအတူ ၊ စားအတူ ၊ လာအတူ နဲ့ ပျော်ခဲ့ကြတာ မှတ်မိနေပါသေးတယ် ။
ဒါပေမယ့် အခု ချိန်မှာတော့ အကြောင်း အမျိုးမျိုး ကြောင့် အားလုံးကွဲသွားကြပြီး dew နဲ့ နောက်တစ်ယောက် ပဲ ကျန်တော့တာ စိတ်မကောင်းသလိုပဲ ။

ကျောင်းတတ်ခဲ့တဲ့ သူငယ်တန်းကနေ ၁၀တန်း အထိ အချိန် အတွင်းမှာ အရမ်းကို ပျော်ရွှင်ခဲ့တဲ့ အတန်း ကတော့ နောက်ဆုံး ၁၀ တန်း တတ်ခဲ့တဲ့ အတန်းလေး ပါပဲ ။
၁၀ တန်း ရောက်တော့ dew တို့ ကျောင်းမှာ S ခန်း ( Special Room ) မှာ ဆိုပြီး ရှိတယ်လေ ။
အဲ့အခန်းမှာ ရှိတာမှ အယောက် ၃၀ လောက် ပဲ ထားတယ် .။ လက်ရွေးစင် အနေနဲ့ပေါ့ ။ (မသိမသာ ကပ်ကြွားသွားတာ ) အဟိ !
နောက်ဆုံးနှစ် မလို့လားတော့ မပြောတတ်ဘူး ။ တစ်တန်းလုံး အရမ်း စည်းရုံးသလား မပြောနဲ့ ။
dew တို့ အဖွဲ့ပုံမှန် တွဲတာ ၄ ယောက် ဆိုပေမယ့် ကျောင်းကို ရောက်သွားရင် ဟိုလူကိုနောက် ၊ ဒီလူကိုနောက် နဲ့ အရမ်း ပျော်ဖို့ ကောင်းပါတယ် ။
အတန်းပိုင် ဆရာမ က စာအုပ်ဖိုး တောင်းရင်လည်း ဟိုနေ့ ရွှေ့ ၊ ဒီနေ့ ရွှေ့ နဲ့ ရူးချင်သလိုလို ဆောင်ပြီး ဆရာမကို လိမ့်ခဲ့တာတွေလည်း တော်တော် မှတ်မိပြီး ပျော်ရွှင် စေခဲ့တာပါပဲ ။

၅ တန်း ကနေ ၁၀ တန်း အထိ ကျောင်းတတ်ခဲ့စဉ် တွေ့ခဲ့ရတဲ့ သူငယ်ချင်း တွေ ထဲမှာ လူတိုင်းရဲ့ နာမည်တွေကို မမှတ်မိတော့ပေမယ့် သူငယ်ချင်း ၁ ယောက် ရဲ့ နာမည် ကတော့ ခုချိန်ထိ ရင်ထဲမှာ ရှိနေဆဲပါ ။
မွေးနေ့ ၊ မွေးလ ၊ မွေးတဲ့ နေရာ ၊ မွေးချိန် ၁ နာရီ ပဲ ခြားခဲ့ကြတာ ငယ်စဉ် အူဝဲ တုန်းက မသိခဲ့ကြပေမယ့် ၆ တန်း ရောက်တဲ့ အချိန် ကျောင်းကို သူမ ပြောင်းလာမှပဲ စကားပြောရင်း သိခဲ့ကြတာလည်း အမှတ်တရ တစ်ခုပါပဲ ။
သူရင်းရေ ... ( အ.ထ.က (၁) ကမာရွတ် ) ဆိုတာ ဒို့ ၂ ယောက် ကို တွေ့ဆုံ ဖို့ ဖန်တီးပေခဲ့တဲ့ နေရာ လေး တစ်ခု ပဲနော် ။

**********************************************

ဒါပေမယ့် dew ရဲ့ ငယ်စဉ် ကျောင်းသူ ဘ၀ ကနေ အထက်တန်း အထိ ဆုတွေ ကို ဆူးတွေ ကို ပြောင်းလဲ စေခဲ့သူ ရှိကောင်းရှိပါလိမ့်မယ် ။
ငယ်စဉ် ကျောင်းမှာ ဆုတွေယူခဲ့ချိန်ကတည်းက ကျောင်းကို မျက်နှာ နီနီ ရဲရဲ နဲ့ လိုက်ခဲ့တဲ့သူလား .?
၁၀ တန်း အထိ စိတ်ထဲမှာ မကျေနပ်ရင် ၊ မကောင်းတဲ့ အရည်တွေ ၀င်နေတဲ့ အချိန်မှာ "တောက်ချင်တဲ့ မီး တရဲရဲ " လို့ ဘေးနားကနေ အမြဲ ဆူပူ ပြောနေတတ် တဲ့ စကားတွေ ကို ကြားယောင်ရင်းနဲ့ ပဲ စာတွေကို ကြိုးစားပြီး လုပ်ခဲ့ရင်းနဲ့ ပဲ အခု ဒီ အချိန် ရောက်နေခဲ့ပါပြီ ။
ပြန်စဉ်းစားကြည့်ရင် အရမ်း ၀မ်းနည်း စရာ ကောင်းတာတွေ ချည်းလိုပါပဲ ။
ဒါပေမယ့် ဘယ်လောက် စိတ်နာအောင် ပြောပြော ၊ စိတ်နာအောင် လုပ်လုပ် စိတ်မငြိုငြင်ခဲ့ပါဘူး ။

~~~~~~~~~~~~~~~~~~

မှတ်မှတ်ရရ နောက်တစ်ခု ရှိတာကတော့
၁၀ တန်းရောက်တဲ့ အချိန်မှာတော့ dew ရဲ့ Physics ကျူရှင်ဆရာ ကို စိတ်ကွပ် ဖူးပါတယ် ။
တကယ်ဆို သွင်သင် ဆုံးမ မှု့ကို အမြင်လွှဲသွားတာပါ ။

စာမေးပွဲ ဖြေတဲ့ နေ့လေး တစ်ရက်ပါပဲ ။

အဲ့နေ့ကတော့ ဘယ်လို ဖြစ်ပြီး အရမ်း စိတ်တိုသွားလည်း သေချာ မသိတော့ပေမယ့် ဖြေထားတဲ့ စာမေးပွဲ စာရွက်ကို တစ်စစီ ဆွဲဖြဲ ပြီး အဝေးကို လွှင့်ပစ်လိုက်မိတဲ့ ပုံစံကို အခုထိ မှတ်မိနေဆဲပါပဲ ။
အခုကြီးတဲ့ အချိန်မှာ မျက်စိထဲ ပြန်မြင်ယောင်ပြီး " သြော် .. ငါ တော်တော် ရိုင်းစိုင်းတဲ့ အပြုအမှု လုပ်မိသွားတာပဲ လို့ " စိတ်မကောင်းဖြစ်မိပါတယ် ။
အဲ့တုန်း က အိမ်က မိဘတွေ သိသွားလို့ လက်အုပ်ချီပြီး ထိုင်ကန်တော့ ပြန်တောင်းပန်ခိုင်းတာကို စိတ်မပါတပါ ခပ်တင်းတင်း နဲ့ တောင်းပန်လိုက်တာ ဘယ်သူမှ မသိလိုက်ဘူးလေ ။
အဲ့ဒါကရော dew ရဲ့ ဆူးတစ်ခု အနေနဲ့ ကျောင်းသူဘ၀ တုန်းက ရှိခဲ့တဲ့ အရာ တစ်ခု လား ..?

ထို အရာတွေက တကယ့် ဆူး အစစ် မဟုတ်ခဲ့ရင်တောင် နဲနဲ တော့ စိတ် နာ စေခဲ့ အကြောင်းအရာ တွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။
ဒါပေမယ့် ခုချိန်မှာ အားလုံး က ဆု တွေ အဖြစ် ပြောင်းလဲ သွားပါပြီ ။

တကယ်လို့ အဲ့ဒါတွေသာ ဆူးတွေ အနေနဲ့ ရှိခဲ့ဖူးရင် ၊ ပစ်မှား မိခဲ့ရင် ခုချိန်မှာ စိတ်ထဲကနေ တကယ့် အသိစိတ် ၊ အမြင်မှန် အသိတရားစိတ် နဲ့ တကယ်ကို လှိုက်လှိုက် လှဲလှဲ တောင်းပန် နေပါတယ် ။



PS ... !...* အတိတ် တွေကို ပြန်ပြီး သတိရစေတယ် *...!