Author: ဆောင်းနှင်းရွက်
•10/06/2009 12:13:00 AM


ငါတို့ တစ်ဦးနဲ့ တစ်ဦး အချင်းချင်း နားလည်မှုတွေရှိခဲ့ကြသလို အရမ်းချစ်ခဲ့ကြလို့ တစ်ဦး နဲ့ တစ်ဦး လက်တွဲပြီး အေးချမ်းစွာ ကျဆင်းနေတဲ့ နှင်းတွေနဲ့ လမ်းကို ကြည်နူးစွာ လျှောက်လှမ်းနေကြပြီပဲ ~~ ဘာလို့ လမ်းခွဲရမှာလဲ ~~ ဒါပေမယ့်လည်း မမျှော်လင့်တဲ့ အကြောင်းတစ်စုံ တစ်ရာများ ပေါ်ပေါက်လာရင် နင် ငါ့ရဲ့ လက်ကို မဖြုတ်ပါနဲ့ ~~ ငါရဲ့ လက်ကို သေချာ ကိုင်ထားပေးပါ ။ ငါ့ကို လွတ်မြောက်ခွင့် လည်း မပေးပါနဲ့ ~~

ဘာလို့လဲ ဆို ငါကိုယ်တိုင် ငါ့ရဲ့ မသိစိတ်ရော ၊ အသိစိတ်ရော က နင်ဆီမှာ ရောက်နေလို့ပါ ။ ငါ မြတ်မြတ်နိုးနိုး လိုလားတဲ့ လက်ဖ၀ါး တစ်စုံ ကို ဆုံးရှူံးရမှာ အရမ်းကြောက်တယ် ~~

ငါတို့ စကားတွေ အများကြီး ပြောမယ်လေ ။ ပုံပြင်တွေ အကြောင်း ပြောပြမယ်။ အိမ်မက်တွေ အကြောင်း ပြောပြမယ်။ စိတ်ခံစားမှုတွေ အကြောင်းပြောကြမယ် ~~ ဟော . . . ပြောရင်း မိုးတွေ ရွာလာပြီ ..! မိုးစက်ပွင့်တွေ အကြောင်း ဆက်ပြောကြမယ်လေ ~~ ငါတို့ရဲ့ စကားလုံးတွေထဲမှာ မက်မောမှု တွေ မပါဘူး ~~ အတ္တတွေ မပါဘူး ~~ မိန်းမောစေတဲ့ ရမ္မက်တွေ မပါဘူး ~~ အဆိပ်ငွေ့တွေ မပါသလို လိုလား တောင်းတမှု့တွေ မပါဘူး ~~

ငါတို့ရဲ့ လက်တွဲမှုမှာ တစ်ဦးကို တစ်ဦး အဖြူစင် ဆုံးသော မြတ်နိုးမှု ၊ နားလည်မှု နဲ့ ညစ်ညမ်းမှု့ တစ်စုံတစ်ရာ မပါတဲ့ အဖြူရောင် မိုးစက်တွေနဲ့ တည်ဆောက်ထားတာပါ ~~

ဒါပေမယ့် ငါတို့သိနေကြတယ် ~~ ပျော်ရွှင်မှုတွေ ဝေးလွှင့်ပျောက်ဆုံးသွားမယ့် အနာဂတ်ကို မလိုလားတဲ့ ငါ့အတွက် နင့်ကို မမေးရဲသလို နင်ကလည်း မျက်ရည်မိုးတွေနဲ့ အနာဂတ် ရရှိသွားမှာကို စိုးရွံ့နေလို့ ......

ငါတို့ ၂ ယောက်လုံး နူးညံနေတဲ့ လက်ဖ၀ါး တစ်စုံ မဆုံးရှူံးဖို့ အရမ်းကို မောပန်း နေကြပြီ ............

ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် နောက်ဆုံး ငါတို့ ရင်ဆိုင်ရမယ် ဆိုတာကို တစ်ဦး ကို တစ်ဦး သိနေကြတယ် ~~

~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~


ငါအသက်ရှုသံတွေ မရပ်သရွေ့ နင် ငါ့လက်ကို ကိုင်ထားပေးပါ ။





PS ... !...* မြတ်ခင်းသစ် တွင် ရေးခဲ့သော အတွေး ပို့စ်လေး တစ်ပုဒ် *...!
6th.Dec,2008
This entry was posted on 10/06/2009 12:13:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On October 6, 2009 at 8:11 AM , moekhar said...

ဟင်းနော်
သဲ
မရိုးတော့ မရိုးတော့ဘူး :P

 
On October 6, 2009 at 9:10 AM , ဂျပန်ကောင်လေး said...

အင်းပါ.. ကိုင်ထားပေးပါ့မယ်ကွယ်.. ဟဲဟဲဟဲ...း)

 
On October 7, 2009 at 11:19 AM , မေလေး said...

ပန်ပန်ရေ မလွတ်စေနဲ့ သေချာကိုင်ထား