Author: ဆောင်းနှင်းရွက်
•10/24/2009 08:49:00 AM

ခေါင်းထဲမှာလည်း နောက်ကျိကျိ ..

အရင်ဆိုရင် ပိတ်ရက်များ ရောက်လို့ ကတော့ မနက် အိပ်ယာ ထချိန်ဆိုတာ ၁၀ နာရီ ထက်မစောနိုင် ..

အခုတော့ ..
ညဘက် ၃ နာရီ အိပ်ပြီး မနက် ၆ နာရီ ကတည်းက အိပ်လို့ မပျော်တော့တာ အိပ်ရေးမ၀တဲ့ သူတစ်ယောက်အတွက် ခေါင်းထဲမှာ ရှင်းမနေဘူးဆိုတာ ဆန်းတော့ မဆန်းပါဘူး ..
အိပ်လို့ လည်း မပျော် လို့ စောစောထ သွားတိုက် ၊ မျက်နှာသစ် ၊ ဘုရားရှစ်ခိုး ၊ တောင်လျှောက် ၊ မြောက်လျှောက် ..
စာမေးပွဲ နီးနေလို့ စာကျက်ရမယ် ဆိုပေမယ့် ဘယ်လို မှ ဈာန်မ၀င် ..
စိတ်ပြေပျောက်မယ်အထင် ကုတင်ပေါ်ကို ကွန်ပြူတာ ယူလို့ ခေါင်းနောက်နောက် နဲ့ စာရေးမယ် စိတ်ကူးလိုက်မိတယ် ..

စိတ်ထဲမှာလည်း အတွေးတွေ ရှုပ်ထွေးနေတာပဲ ..
အလိုမကျ မှု့တွေ များနေတာလား ..
ပေါက်ကွဲမှု့ သံစဉ် တွေ ရိုက်နေတာလား ..
လူတွေကို ယုံကြည်မှု့ တွေ မထားချင်တော့တာလား ..
စိတ်ကူးတည့်ရာတွေ လျှောက်လုပ်နေတာလား ..
မပျောက်နိုင်တဲ့ အဖျားကိုလည်း စိတ်ညစ်လာတယ် ..
အိမ်ကိုလည်း ပိုပိုပြီး လွမ်းမိတယ် ..
တစ်ယောက်တည်းလည်း အလိုလို နေရင်းလည်း ဘယ်က ဘယ်လို ကျလာတဲ့ မျက်ရည်တွေမှန်းမသိ နဲ့ ၀မ်းနည်းနေမိတယ် ..

ကိုယ့်ကိုယ် ကိုလည်း ဘာတွေ လုပ်မိလို့ လုပ်မိ ၊ တွေးမိတွေးရာတွေး တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ..

စိတ်ပြေလက်ပျောက်ရှိမလားဆိုပြီး ခြေဦးတည့်ရာ လျှောက်သွားရင်း မပျောက်တဲ့ အပြင် အအေးပတ်ပြီး ပိုပိုဖျားလာတာပဲ ရှိတယ် ..

ဘယ်သူမှ မရှိတဲ့နေရာ တစ်ယောက်တည်း နေရတဲ့သူအတွက် တစ်ခါတစ်လေ စိတ်ညစ်မိတယ်ဆိုတဲ့အရာက ကိုယ်တစ်ယောက်တည်း မှ မဟုတ်တာ ဆိုတဲ့ အတွေးနဲ့ လည်း ဖြေဖျောက်လို့ မရ ..
( ခံစားဖူးသူတိုင်း နားလည်ကြမှာပါ ... )

တစ်ခါတစ်လေတော့လည်း ဒီကျွန်းပေါ်ကို ဘယ်လိုများ ရောက်လာပါလိမ့် တွေးမိတယ် ..
မိမိ ဆန္ဒ နဲ့ မိမိ လာခဲ့တာလား .. ( ဟုတ်ပါတယ် .. ကိုယ်လုပ်လိုက်လို့ ဖြစ်လာတာလည်း ပါတာပေါ့ )
ခံယူချက်တွေ ဖြစ်လာဖို့ လာခဲ့တာလား ..
ကံကြမ္မာ က တွန်းအားပေးပြီး သွားခိုင်းတာလား ..
တစ်စုံတစ်ဦး ရဲ့ တိုက်တွန်းနိုးဆော်မှု့ နဲ့ လာခဲ့တာလား ..
ဘယ်လိုပဲ ဖြစ်ဖြစ် .. သေချာတာ တစ်ခုကတော့ ခုချိန်ထိ တစ်ယောက်တည်း လျှောက်နေရင်း လမ်းမပျောက်သွားသေးတာပဲ ..

တစ်ခါတစ်လေ ထိုတစ်စုံတစ်ယောက်ဆိုတာကို အရမ်းမုန်းတယ် .. စဉ်းစားမိတိုင်း သေလောက်အောင် နာကျင် မိတယ် .. အတွေးထဲ ၀င်မလာဖို့ မောင်းထုတ်ပေမယ့် လည်း ပြန်ပြန်ဝင်လာတဲ့ အချိန်မှာ .. စိတ်တိုလွန်းလို့ ကိုယ့်အသားတွေ ကိုယ်ပဲ တဆက်ဆက် တုန်လာမိတယ် ..
ဘာပဲ ဖြစ်ဖြစ် အဝေးဆုံးနေရာကို ထွက်သွားဖို့ မျှော်လင့်ထားတဲ့ နေ့လေးတစ်ရက်တော့ ဖြစ်လာမှာပေါ့ ..

ပေါက်ကွဲမှု့တွေ နဲ့ ဘာတွေ ဖြစ်နေမှန်းလည်း မသိ ဘူး ..
........
........
........
........
........
ခေါင်းထဲမှာ အရမ်း နောက်ကျိနေလို့ ဆက်ရေးချင် စိတ် မရှိတော့ပါ ..

အမြဲတမ်း နားလည် ခံစားပေးနေတဲ့ ရန်ကုန် က ငယ် သူငယ်ချင်းကိုလည်း အားနာသလို
ဒီမှာ ရှိနေတဲ့ ငယ် သူငယ်ချင်း တစ်ယောက်ကိုလည်း တစ်နေ့နေ့ စိတ်ထဲ ရှိသမျှ ကို နားထောင်ပေးလို့ အားနာလှပြီ ...

စိတ်ညစ်နေချိန်မှာ ပျော်ရွှင်ခဲ့ရတဲ့ နေ့၇က်တွေကို လည်း သတိရမိတယ် ..

ကိုယ့်ကိုယ်ကိုလည်း ဘယ်လောက် အားတင်းပြီး လျှောက်နိုင်မလဲ ဆိုတာ .........................






PS ... !...* တောင်စဉ် ရေမရ အတွေးတွေ *...!
This entry was posted on 10/24/2009 08:49:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

15 comments:

On October 24, 2009 at 11:02 AM , တလနွန် said...

သယ်ရင်းရေ

ဘဝဆိုတာလည်း ဒီလိုပါပဲ။ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းပစ်လိုက်။ ဒါပေမဲ့ လက်နက်ချဖို့ တော့ မဟုတ်ဘူး။

ရှေ့ ဆက်ပျော်ရွှင်သော နေ့ ရက်တွေသာ ပိုင်ဆိုင်နိုင်ပါစေဟ။

 
On October 24, 2009 at 11:13 AM , ပုံ့မေ said...

ချစ်သဲရွက်... ဝမ်းနည်းလို့ ငိုချင်ရင် ငိုပလိုက်ပါ... မေသူဆိုလဲ ငိုတာပဲ...

ဒါပေမဲ့ ငိုပြီးရင်တော့ အားမာန်အပြည့်နဲ့ ဆက်လျှောက်...
အလွမ်းတွေ၊ နာကျင်မှုတွေ၊ မုန်းတီးမှုတွေ မျက်ရည်အနေနဲ့ စီးဆင်းသွားပါစေ။ ရင်ထဲမှာ ဘာမှမကျန်ပါစေနဲ့ ကွယ်...

 
On October 24, 2009 at 11:22 AM , ညလင်းအိမ် said...

အင်း....
ဘ၀ဆိုတာ ဒီလိုပါပဲ...
ဒီနေရာမှာ ကိုယ်ရပ်နေရပြီပဲ...
လှမ်းတက်ခဲ့တဲ့ လှေကားထစ်တွေကို ပြန်မကြည့်ပါနဲ့တော့...
အားလုံးဟာ လိုရာခရီးကိုရွေ့နေကြတာပဲ...
သွားနေသရွေ့တော့ ခရီးဟာပေါက်နေမှာပါ...

ပျော်ရွှင်သောနေ့ရက်တွေကို ခြစ်ထုတ်နိုင်ပါစေ...

 
On October 24, 2009 at 12:13 PM , Waing said...

တခါတလေတော့လည်း ဘ၀မှာ စိတ်တိုင်းမကျတာတွေချည်းဖြစ်တတ်ပါတယ် စိတ်ညစ်စရာကလည်း ရှိတတ်စမြဲပါပဲ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ ဘက်ကတွေးပြီး ပျော်ပျော်နေပါ သူငယ်ချင်းရေ....... Life is struggle . Fighting !!!!!!

 
On October 24, 2009 at 3:39 PM , ဂျပန်ကောင်လေး said...

အော်.. သဲသဲရေ.. ဒီလို အကြောင်းတွေကြားရတာ စိတ်မကောင်းဘူး.. စလုံးမှာသာဆိုရင် လာချော့လိုက်ပါတယ်.. KFC နဲ့..း)

 
On October 24, 2009 at 5:23 PM , ညီညီ said...

သယ်ရင်းရေ.. နင်ဘာဖြစ်နေလဲ.။ စိတ်မညစ်နဲ့ဟာ. မတွေဝေနဲ့ဟာ. စိတ်လည်းမတိုနဲ့ . အားလည်းမငယ်နဲ့ .။ ဘာအကြောင်းနဲ့မှ စိတ်အားရော လူအားရော ကျမသွားပါစေနဲ့ .။ အရမ်းတင်းကြပ်လာရင် ထွက်ပေါက်တစ်ခု ပေးလိုက်ပါ..။ မလိုဘူးလို့ထင်တဲ့ အရာတွေကို ထည့်မစဉ်းစားနဲ့ဟာ.။ နေပြန်မကောင်းသေးဘူးလား. အဖျားအရမ်းကြာနေပြီနော်သယ်ရင်း.။ ဘာစားချင်လဲ ငါလာပို့မယ်..။
ပျော်ရွှင်ပါစေ သယ်ရင်းရေ. ပျော်အောင်နေပါ.။

 
On October 25, 2009 at 1:42 AM , မိုးခါး said...

သဲရေ
အားတင်းထားပါ
ကိုယ်ရွေးတဲ့လမ်း ကိုယ်ဆုံးအောင် လျှောက်ရုံပေါ့
လမ်းဆုံးဖို့ အင်အားတွေလည်း လိုတယ်
ကိုယ့်ကိုဂရုစိုက်း))
(နောက်မှ ဖုန်းဆက်လိုက်မယ် .. အဆင်ပြေ ပျော်ရွှင်ပါစေ)

 
On October 25, 2009 at 11:06 AM , မေလေး said...

ညီမလေးရေ ဘာတွေဖြစ်နေလဲ ညီမလေး
ညီမလေးဖုန်းဆက်တဲ့ညက အမက အိပ်ပျော်နေပြီ။
နောက်နေ့ပြန်ဆက်တာ ကိုင်လဲကိုင်ဘူး
စိတ်ညစ်နေရင် အိမ်လာခဲ့လေ ညီမလေး
ဘာစားချင်လဲပြော ချက်ကျွေးမယ်။
ပျော်အောင်နေပါညီမငယ်

 
On October 25, 2009 at 11:28 AM , သားကြီး said...

သူများတိုင်းပြည်မှာ စိတ်ညစ်စရာကတော့ပေါ်လာစမြဲပါပဲ
အဓိကကတော့ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေ
ပျော်အောင်နေပြီး ကိုယ့်ရည်မှန်းချက်ပြည့်အောင်ကြိုးစားဖို့ပဲ
ပျော်ရွှင်ပါစေ

 
On October 25, 2009 at 2:33 PM , သံလွင် HeRo said...

သယ်ရင်း...ဒါဟာ ဘဝအတွေ.ကြုံလို့ပဲမှတ်ပြီးသင်ခန်းစာယူ
ဒီထက်ကောင်းအောင်ကိုယ်ဘာလုပ်ရမလဲစဉ်းစား
နောက်ဘယ်လိုဆက်လျှောက်ရမလဲဆိုတာနှလုံးသွင်း
တစ်ခါတစ်ခါ ခလုတ်တိုက်လဲကျတတ်ပေမဲ့ အားငယ်တဲ့
စိတ်ကိုတက်နိုင်သလောက်ဖြောက်....အလွမ်းတွေလျှော့ပြီး
ပျော်ပျော်ပဲနေပါ။
မောတယ်ဆိုပြီးတော့လည်း ထိုင်ပြီးမလျှောက်ပဲကျန်ရစ်မနေနဲ့
အုံး....အားတင်းထားသယ်ရင်း

 
On October 26, 2009 at 10:12 AM , တောင်ပေါ်သား said...

အားတင်းပြီ ဆက်လျှောက်ပါ အချိန်တန်တော့ ပန်းတိုင် ရောက်မှာပါ ဘယ်သူတွေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လှမ်းနေတဲ့ခြေလှမ်းကို မယိုင်လှဲမိပါစေနဲ့ဗျာ ဆက်လျှောက်ပါ မဝေးတော့ပါဘူး ပန်းတိုင်ရှိတယ် ရှေ့မှာ

လေးစားလျက်
တောင်ပေါ်သား

 
On October 27, 2009 at 7:44 PM , kiki said...

ဘဝတူချငိးမို့  နားလည်စာနာ မိပါတယ် ။
ရုန်းကန်ရင်ဆိုင်ရမဲ့ ဘဝမှာ အားမလျှော့ စေချင်ဘူး ညီမလေးရေ ၊
ကျန်းမာရေးလည်း အရေးကြီးတယ် ။လူကျန်းမာ စိတ်ကျန်းမာမှ ဒီဘဝခရီးကို အောင်မြင်စွာ လျှောက်လို့ ရမှာ ပေါ့ ။
စိတ်ထွက်ပေါက်လေးလည်း ပေးသင့်တဲ့အချိန်ပေးရမယ် ။
ရွှင်လန်းချမ်းမြေ့ ပါစေ နော် ....

ခင်မင်စွာဖြင့်
မကိ ။

 
On October 29, 2009 at 12:09 PM , Mogok Thar said...

သဲရွက်လေးးး

အရာအားလုံးဟာ သဲပြင်ပေါ်မှာ ရေးခြစ်ထားသလို ပျောက်ရှ ပြီးဆုံးသွားကြမှာပါ။
အချိန်တစ်ခုတော့ လိုတာပေါ့။
မေ့လို့မရတာတွေကို ဇွတ်မမေ့နဲ့လေ။ အဲတာ ပို သတိတရ ဖြစ်စေ၊ နာကျင်စေတယ်။

ခင်မင်လျှက်

 
On October 31, 2009 at 12:15 PM , ကိုလိန် said...

ညီမရေ ... စိတ်တွေသိပ်ညစ်မခံနေပါနဲ့ ။ အားတင်းထားပါကွာ။

 
On November 9, 2009 at 11:26 PM , သီဟသစ် said...

ညီမသဲသဲရေ

အားတင်းပြီး လျှောက်နိုင်ပါစေကွယ်
ဘဝဆိုတာက ဒီလိုပါပဲ


ခင်မင်စွာဖြင့်
သီဟသစ်