Author: ဆောင်းနှင်းရွက်
•7/29/2009 11:47:00 PM





သူငယ်ချင်း တစ်ယောက်အတွက်

ဘ၀ ရဲ့တခဏတာမှာ တွေ့ဆုံကြုံကွဲ မှု ဆိုတာ ဘယ်သူမှ ရှောင်လွှဲ လို့ မရတဲ့ အရာ တစ်ခုပါ ။
ရှောင်လွှဲလို့ မရတဲ့ တခဏတာမှာ သူငယ်ချင်းတွေ တွေ့ဆုံကြတယ် ။
ပျော်ပါးကြတယ် ။
နောက်ပြောင် ကျည်စယ် ကြတယ် ။
တကယ် လည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မိသွားတတ်ကြပါတယ် ။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် ဆိုတာ ဘာနဲ့ မှ တိုင်းတာလို့ မရပါဘူး ။
သံယောဇဉ် နဲ့ လူတစ်ယောက်ကို တကယ်ကို ခင်မိဖို့ ဆိုတာ လည်း အရမ်းကို ခက်ခဲပါတယ် ။

တွေ့ပြီး ရင် နောက် တစ်ခါ ပြန်တွေ့ဆုံကြမယ့် အချိန်က ဘယ်အချိန်လဲဆိုတာ . . . . ???

တွေ့ဆုံခဲ့ကြတာ ၁ နှစ် မပြည့်ခဲ့ပေမယ့် အရမ်းခင်ခဲ့လို့ ခုချိန်မှာ စိတ်မကောင်းဖြစ်မိရုံမှ တစ်ပါး . . . ။

ဒါပေမယ့် လူဆိုတာ တစ်ချိန်ကျရင် ခွဲခွာကြရမှာပဲ လေ . . ။
အခု ချိန် မခွဲ ကြရပေမယ့် နောင် တစ်ချိန် သော အခါ ခွဲကြရမှာပဲ . . ။



PS...
!..* ကောင်းကင်မှာ မိုးတွေအုံနေတယ် *..!
Author: ဆောင်းနှင်းရွက်
•7/27/2009 01:09:00 AM
အဟင့် ..။
အဟင့် ..။
ငိုချင်တယ်နော် ..။

တစ်နှစ် မှာ တစ်လ
တစ်လ မှာ တစ်ရက်
တစ်ရက် မှာ တစ်နာရီ
တစ်နာရီ မှာ တစ်မိနစ်
တစ်မိနစ် မှာ တစ်စက္ကန့်
လေးမျှတောင်
မျက်နှာ မိတ်ကပ် လိမ်းဖို့ စိတ်ကူးမရှိခဲ့တဲ့ dew ..!

ဒီနေ့မှ ဘာစိတ်ကူးတွေ ပေါက်လို့ မျက်နှာကို မိတ်ကပ်တွေ လိမ်းမိပါ့လိမ့် .. ?

မိန်းကလေး ဖြစ်ပေမယ့် အခု ချိန်ထိ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါတစ်လေ မိတ်ကပ်ပါးပါး နဲ့ နှုတ်ခမ်းနီ ပါးပါးလေး ဆိုးရုံမှ တစ်ပါး အပြင်ထွက်ရင် မျက်နှာကို လိမ်းဖို့ အိပ်မက်ထဲမှာတောင် စိတ်ကူးမရှိခဲ့ဖူးပါဘူး .။

ဒီနေ့မှ ဘယ်က စိတ်ကူးအတွေးတွေ ပေါ်လာမှန်း မသိ မိတ်ကပ် လိမ်းချင်စိတ် ဖြစ်လာတာနဲ့ အလုပ်သွားတော့
မျက်နှာမှာ မျက်ခုံးမွှေး အမည်းဆိုး ၊
မျက်တောင်ကို ကော့ Mascara အပြာရောင် လေး နဲ့ ကော့ ၊
မျက်ခွံ ပေါ် ပန်းရောင်လေ ခြယ် ၊
မျက်လုံးအောက်ဘက် ကိုလည်း Eye Liner အနေနဲ့ အမည်းရောင်လေး ခြယ်ထားလိုက်သေးတယ် .။
ရွှေမှုန် လေးတွေ ပါတဲ့ ပါးနီ လေး ကို ပါးလေးမှာ ခြယ်လို့
နှုတ်ခမ်း နီ လေး က ပန်းရောင် လေးနဲ့ပေါ့ ..။
ဟဲဟဲ ..။
( မျက်စိ မြင်ကြည့်လိုက်ပါ ။ အေဗရာ လက်ဗင်းတောင် အရှူံးပေးရတယ် )

အဲ့လိုလေး ကျကျနန လေး ပြင်ဆင်ပြီး အလုပ် သွားပေါ့ . . ။
ဘယ်လောက်ထိများ ဒီနေ့ စိတ်မူမမှန် ဖြစ်နေလည်း ဆို . . အိမ်ကနေ အလှပြင်သွားတာ အားမရသေးလို့ ဆိုပြီး ၀ယ်ထားတာမှ သိပ်မကြာညောင်းသေးတဲ့ မိတ်ကပ် Set ဘူး ကြီး တစ်ခု လုံး အလုပ် ကို လျှာရှည်ပြီး သယ်သွားတယ်လေ.။
အလုပ် ရောက်တော့ လည်း အလုပ်က လူတွေ က မျက်လုံး တွေ ပြူးလို့ . . ။
အလုပ်ရောက်တော့ လက်မှတ်တွေ ဘာတွေ ထိုးပြီး Changing Room ထဲသွား မျက်နှာကို ထပ်ပြင်ဆင် ပေါ့ ..။
ဒီနေ့ အရမ်းကို လှချင်နေတာလား . ? ဘာဖြစ်နေတာမှန်းကို မသိတာ . . ??
အဟင့် ...။
အဟင့် ...။
အဲ့ဒီမှာ စတွေ့တာပဲ . . ။
ဘယ်လို ဘယ်လို ဖြစ်ပြီး လက်ထဲ က နေ မိတ်ကပ် Set ဘူးကြီး တစ်ခု လုံး ပြုတ်ကျ သွားလည်း မသိ . . ။
တစ်ဘူးလုံး ကို ရစရာ မရှိအောင် ကို ကြေမွ ပျက်စီး သွားပါလေရော . . ။
ငိုချင်လိုက်တာနော် . . ။
သြော် . . . ငါ ဒီနေ့ တော်တော် လျှာရှည် ပြီး မလုပ်ဖူးတာတွေ လျှောက်လုပ်လို့ ပျက်စီးသွားရတာ ကိုယ့် အပြစ် ကြောင့်လို့ ပဲ မှတ်ယူလိုက်ပါတယ် ..။


PS ... !...* ပြန်ဝယ်ပေးမယ့် သူ ရှိရင် warmly welcome ပါ *...!
Author: ဆောင်းနှင်းရွက်
•7/20/2009 01:29:00 AM
.. အချစ်များ သူ့ဆီမှာ .. ( ခွိ ခွိ )..



.. Sentosa ကို အပိုင်စီးထား သူများ ..



.. ကိုယ် လာ ပြီ နော် .. !



.. အရမ်း ချစ်စရာ ကောင်းတဲ့ ကောင်မလေး ၂ ယောက် ပုံ လေ ..



Sentosa မှာ အိတ်လွယ်ပြီး ရှောက်သီးဆေး ပြား တွေ ရောင်းနေတဲ့ ခေါက်ဆွဲပြုတ်
ို


ကိုသာအေး နဲ့ သက်မွန်မြင့် ပဲပိ နေကြတာ
( အဟိ ... အဟိ )


.. စက်ဘီး စုတ် လေး အမှတ်တရ ..



.. ညနေ ပြန်ခါနီး လူစုံ တတ်စုံ အမှတ်တရ ..



.. Siloso Beach မှာ စက်ဘီး စီးစဉ် ..



.. Siloso Beach အသွား ထရမ့် ပေါ် မှာ ..
.. မပြောကြပါနဲ့ .. သူ က ညဘက် ကင်းစောင့် ရလို့ပါ ..


July 19, 2009 အမှတ်တရ တင်လိုက်သည် ။ ဘ၀ ရဲ့ တစ်ခဏ တာ မှ စုံစည်း ခဲ့ကြတဲ့ သူငယ်ချင်း တွေ အမှတ်တရ ပေါ့ ..။ ရသလောက် ဓာတ်ပုံ တွေ ကို အရင် တင်လိုက်သည် ..။ နောက်ထပ် ထပ်ရရင် ထပ်တင် ပါ အုံးမည် ..>>>


July 22..,
ပုံလေး တွေ အားပေးလို့ ရအောင် ထပ် တင် လိုက်ပါတယ် ..။


PS ... !...* ပျော်စရာ ကောင်းတဲ့ နေ့လေး တစ်ရက်ပါပဲ *...!
Author: ဆောင်းနှင်းရွက်
•7/16/2009 09:39:00 AM
~ စဉ်းစားလိုက်တိုင်း အတွေးပေါင်း များစွာ က သူ့ထက်ငါ အလျှင် ၀င်လာသလို တားဆီး မရအောင် ဦးနှောက်ထဲကို ၀င်လာနေကြတယ် ။

~ ဘယ်လို လုပ်ရမလဲ ဆိုတာ ကိုယ်တိုင် ဝေခွဲ ဆုံးဖြတ်လို့ မရသလို ဘယ်သူ့ကိုမှ လည်း ဝေခွဲ ဆုံးဖြတ် ပေးဖို့ မတောင်းဆိုဝံ့ပါ ။

~ အရာ အားလုံးက ပြုလုပ်ခွင့် ပေးထားပေမယ့် တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း လုပ်နိုင်ဖို့ အင်အား တွေ ကုန်ခန်းနေတယ် ။

~ မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့ သတင်းတွေကို သိလိုက်ရတဲ့ အချိန်မှာ အတိုင်းအဆ မရှိ မျက်ရည်မိုးတွေ ရွာသွန်းသွားတယ် ဆိုတာ ဘယ်သူမှ မသိအောင် အတတ်နိုင်ဆုံး အတတ်နိုင်ဆုံး ကြိုးစား ခဲ့ပါတယ် ။

~ ဘယ်သူမှ ဘာမှ မတောင်းဆိုပေမယ့် လုပ်ပေးချင်တဲ့ ဆန္ဒတွေ အရမ်းပြင်းထန်နေလို့ အချိန်တိုင်း စိတ် ဂရောက်ဂယက် ဖြစ်နေရတာ ကိုလည်း မပြောဝံ့ပါဘူး ။

~ ဆာလောင်နေတဲ့ ဆန္ဒတွေ အတိုင်း လုပ်ပေးနိုင်မယ့် တစ်နေ့ က ဘယ်တော့လဲ ။

~~~ :: နောင် ၃ နှစ် လား . . ? ၅ နှစ် လား . . ? . . . . ? :: ~~~

~ ဘယ်တော့မှန်း မသိတဲ့ အချိန် ကာလ တစ်ခုကို ကြိုးစားနေချိန်မှာ မည်သူ့ကိုမှ ၊ မည်သည့် အကြောင်းပြချက်နဲ့ မဆုံးရှူံးဖို့ကို တောင်းဆိုပါရစေ ။

~ စိတ် ရဲ့ ခံစားမှု့ အတွေး ဆိုတာ ဘယ်သူမှ မသိအောင် ဖုံးကွယ်ရတယ် ဆိုတာ အရမ်း မောပန်းပါတယ် ။


PS ... !...* ရက်ပေါင်းများစွာကို ရေတွက်လျက် *...!




Author: ဆောင်းနှင်းရွက်
•7/03/2009 03:12:00 PM
မနေ့ က ညနေ 4:35 pm Flight (Myan Time) နဲ့ ပြန်လာခဲ့ပါတယ် ..။
ပြန်လာတဲ့ အချိန် လေဆိပ်မှာ တွေ့ကြုံ ခဲ့တာ လေး တစ်ခု ပေါ့ ..။
နာမည်ကြီး လေကြောင်းလိုင်းတစ်ခုပါပဲ ။

လက်မှတ်ကို အသွားအပြန် တစ်ခါတည်း ပဲ ၀ယ်သွားပါတယ် ..။
အခြေအနေ ကိစ္စ ကြောင့် အပြန် ticket date ကို ခဏ ၊ ခဏ ချိန်း ရပါတယ် ..။
29 June ---- 5 July ----- 2 July ဆိုပြီး ချိန်းလိုက်တာ သေချာသွားပြီ ဆိုတော့ ရန်ကုန် ရောက်တဲ့အချိန် "...." ရုံးမှာ confirm လုပ်ဖို့ ပြောလို့ 23 June မှာပဲ လူကိုယ်တိုင် သွားပြီး slice ပြ ပြီး သွားပြောပါတယ် ..။
ရုံးက ကောင်တာ မှာ ထိုင်တဲ့ မမ က 2 July 4:35 pm လိုက်လို့ ရတယ် ..။ သေချာပါတယ် လို့ ပြောလိုက်ပါတယ် ..။

******

လေဆိပ်ကို ဖေဖေ ၊ မေမေ နဲ့ အဒေါ် တို့ က လိုက်ပို့ပါတယ် ..။
အိမ်က စထွက် ကတည်းက မျက်ရည် စမ်းတ၀ါးဝါးနဲ့ ကားစီးလာတာ လေယာဉ်ကွင်းရောက်တဲ့ အထိပါပဲ ..။
လေယာဉ်ကွင်းရောက်တဲ့အချိန်မှာ 3:00 pm ..။ ဓာတ်ပုံ ရိုက်ကြ ၊ စကား ပြောကြ နဲ့ Check In ကို ၃ နာရီခွဲ မှ ၀င်ပါတယ် ..။
ဖေဖေ၊ မေမေနဲ့ အဒေါ်တို့ လည်း အပေါ်ထပ် Immegration စစ်တဲ့ အထိ လိုက်ပို့ လို့ ရအောင် ဆိုပြီး Vistor Card ယူလိုက်တာပေါ့ ..။
ဒါကြောင့် ဖေဖေ တို့ လည်း Check In ၀င်တဲ့ နေရာ မှလည်း ရှိနေပါတယ် ..။
Check In ၃ နာရီ ခွဲ ၀င်တဲ့အချိန်မှာ Kilo ချိန်ရင်း passport ပြ ၊ လေယာဉ်လက်မှတ် ပြ ပေါ့ ..။
ပြဿနာ က အဲ့မှာ စတွေ့တာပါပဲ ..။

လေယာဉ် လက်မှတ် စစ်တဲ့ မမ ပြောတဲ့ စကားကြောင့် ကျချင်နေတဲ့ မျက်ရည်တွေ တောင် ဘယ်ရောက်သွားမှန်း မသိဖြစ်သွားရတယ် ..။
"ညီမလေး လက်မှတ်က မနေ့က 1 July 4:35 pm ပါတဲ့ ။ ဘာလို့ မနေ့ က မလာတာလဲ တဲ့ "
လူတောင် ကြောင်တောင်တောင် ဖြစ်သွားတယ် ..။
ပြန်ပြောရတာပေါ့ ..။ "လက်မှတ် က 2 July ကို confirm ဖြစ်အောင် ရန်ကုန် ပြန်ရောက်တဲ့ အချိန်မှာ "....." ရုံးမှာ ပြောထားပါတယ်ပေါ့ ..။"
သူတို့ က အဲ့ဒါဆို counter ပိတ်တဲ့အထိ စောင့်ပေးပါတဲ့ ။ တကယ်လို့ ခုံပို နေရင် လိုက်လို့ ရမယ်ပေါ့ ။ မပိုရင်တော့ မနက်ဖြန် မနက် လေယာဉ်နဲ့ ထည့်ပေးပါမယ်တဲ့ ..။ ကောင်တာ က မမ က မနေ့က ညီမလေး နာမည်ကို သူ No Show လို့ ရိုက်ထားလို့သာ ပိုက်ဆံ ထပ်မပေးရတာပေါ့ ..။ နို့မို့ဆို ပိုက်ပိုက် တောင် ထပ်ပေးရမယ် ဆိုပဲ ..။
အဲ့ဒါနဲ့ ကျွန်မ လည်း တော်တော်တော့ စိတ်တိုသွားတယ် ..။
တကယ်ဆို သူတို့ ဘက်က မှားတဲ့ ကိစ္စ ကို ကိုယ့်ဘက်က ပဲ မှားသလိုလို လုပ်လို့ "....." ရုံးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောလိုက်တယ် ..။
သူတို့ကလည်း ရုံးကို ဖုန်း ဆက်ပြီး အသေအချာ မေး ၊ ကျွန်မ လည်း ရုံး က သက်ဆိုင်တဲ့ သူကို အသေအချာ ပြောပြ ရတာပေါ့ ..။
ကျွန်မ confirm သွားလုပ်တဲ့ နေ့မှာ လက်ခံလိုက်တဲ့ ကောင်တာ က မမ က date မှား ပြီး ရိုက်လိုက် တယ် ဆိုတယ် နောက်မှ သိလိုက်ရတယ် ..။
ကျွန်မ ရဲ့ confirm date 2 July ပါ ဆိုတာကို 1 July ပါ ဆိုပြီး လုပ်လိုက်တာလေ ..။

နာရီ ကြည့်လိုက်တော့ ၄ နာရီ ၁၅ မိနစ် ရှိနေပြီ ..။
Check In ၀င်လို့ မရသေးဘူး ..။
Check In ၀င်တဲ့ နေရာလည်း ကျွန်မတို့ က လွဲလို့ ဘယ်သူ မှ မရှိတော့ဘူး ..။

နောက် ၅ မိနစ်လောက် နေတော့မှာ ....
" ဟုတ်ပါတယ် ၊ သူတို့ ဘက် က မှားသွားတာ ပါ ဆိုတဲ့ အကြောင်း " အမြန် အမြန် Kilo ပြန်ချိန် ၊ ထိုင်ခုံ လက်မှတ် ယူ နဲ့ ပေါ့ ..။ "

ကဲ . . . ပြီးသွားတော့ Immegration ၀င်ပေါ့ ..။

မပြောချင်ဘူး..။ စာအုပ်မှာ စစ်အုံး ၊ ကြည့်အုံး နဲ့ ကျွန်မ လေယာဉ်ပေါ် ရောက်တဲ့ အချိန်မှာ ထွက်ဖို့ ၁၀ မိနစ်ပဲ လိုပါတော့တယ် ..။
Immegration စစ်တဲ့နေရာ အထိ လိုက်ပို့ တဲ့ ဖေဖေ နဲ့ မေမေ ကိုတောင် သေချာ မနှုတ်ဆက် ခဲ့ရပါဘူး ..။

နဲနဲတော့ စိတ်အေးသွားပါပြီ ..။ လေယောဉ်ပေါ် ရောက်ပြီပေါ့ ..။
လေယာဉ် ပေါ် ရောက်တော့ ခုံနံပါတ် ရှာပြီး တွေ့တော့ ထိုင်မယ် လုပ်တော့ အိန္ဒိယ ကုလားကြီး တစ်ယောက်က ထိုင်လို့ ..။
စိတ်ထဲ မှာ ထင်လိုက်တာက ဟိုဘက် ထိုင်ခုံက စင်ပေါ် ပစ္စည်းတင်နေလို့ ခဏ ထိုင်နေတယ်ပေါ့ ..။
အယ် ... အဲ့လူကြီး က ခပ်တည်တည်နဲ့ တုန်တုန် လှုပ်ဘူး ဗျာ ..။
အဲ့ဒါနဲ့ ခုံနံပါတ် ဘယ်လောက် ပါလဲ မေးတော့ လက်မှတ် ကြည့်တော့ 6 D ဆိုပြီး ထိုင်ခုံ နေရာ တူနေပြန်ရော။
ကွိုင်ပဲပေါ့ ..။
(စိတ်ထဲမှာ ငါ့ကို ထိုင်ခုံမရှိဘဲများ လေယာဉ်ပေါ် တင်လိုက်လားပေါ့)
လေယာဉ် မမ ကိုသွားပြောတာပေါ့ ..။
လေယာဉ် မမ ပြောပါတယ်..။
"မိန်းကလေးကို ဦးစားပေးပြီး ရွှေ့ပေးလို့ ရရင် ဟိုဘက်မှာ ထိုင်ပေးပါတဲ့ " ။
တော်သေးတာပေါ့ ....။
ဟူးးးးးးးးးး
လေယာဉ် 4:35 ဘီး စရွှေ့မှပဲ စိတ်အေးရတော့တယ် ..။



တကယ်ဆို ကျွန်မ ပြောချင်တာ သူတို့ သေချာသင့်ပါတယ်..။
တခြား Foreigner တစ်ယောက် ယောက် ဆိုရင် ဘယ်လောက် အထင်သေးခံရမလဲ ..။
မမှားသင့်တဲ့ အမှား ၊ delay ဖြစ်သွားမှု့ကြောင့် ဆိုတဲ့ အနောက်မှာ . . . . . . . . . . . . . . . . .။


PS ... !...* လူတိုင်းမှာ အမှားတော့ ရှိကြစမြဲပါ ..။ ဒါပေမယ့် . . . ။ *...!