Author: ဆောင်းနှင်းရွက်
•11/21/2009 03:11:00 PM
လှေကားတက်နေရင်း လည်း ကြောက်၏ ..

ဓာတ်လှေကား စီးနေရင်း လည်း ကြောက်၏ ..

အိမ်ရှေ့က ဆုံလည် ကုလားထိုင် ကြီး ကြည့်ပြီး လည်း ကြောက်၏ ..

အိမ်တံခါး ဖွင့်ဖွင့် ချင်း မြင်နေရသည့် store တံခါး ပွင့်ပွင့် နေသည်ကို လည်း ကြောက်၏ ..

အိပ်သာ သွားရမည် ကိုလည်း ကြောက်၏ ..

မီးဖိုချောင်ထဲ သွားရမည် ကိုလည်း ကြောက်၏ ..

ညဘက် ပြတင်းပေါက်က လေတိုက်လာသည်ကိုလည်း ကြောက်၏ ..

ညဘက် တံခါး လာခေါက်လာမည်ကိုလည်း ကြောက်၏ ....

ညဘက် အခန်းထဲ က အပြင် ထွက်ရမည်ကိုလည်း ကြောက်၏ ..

ဆုတောင်းနေမိသည် ..... တည့်တည့် မတိုးမိရန် ....။



လန့်မှာ စိုး၍ တိုးတိုးပြောနေကြသော အသံများကိုလည်း သဲ့သဲ့ ကြားနေရပါသည် ...
ကြောက်စိတ်နဲ့ ကိုယ်တိုင် တည့်တည့် တိုးမည့် နေ့တွင် သတိလစ်သွားနိုင်သည် ..



ကြားရသည့် နေ့မှ စ၍ အပြင်မသွားသည်မှာ ၂ ပတ် ရှိသော်လည်း
ယနေ့ညဘက် အိမ်သို့ 1 နာရီ မှ ပြန်ရောက်မည် ကို တွေးမိပြီး ကြက်သီးများ ထမိပါတယ် ....


စိတ်ပိန် လွန်း လို့....................................
တွေးရင်း ခေါင်းတွေ ကိုက်လာသည် .......
This entry was posted on 11/21/2009 03:11:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On November 21, 2009 at 4:17 PM , ဂျပန်ကောင်လေး said...

ငါစိတ်မကောင်းလိုက်တာ.. နင်အဲလောက်တောင်ကြောက်နေတာလား.. မကြောက်ပါနဲ့ဟာ... ပရိတ်ရွတ်ပေး.. ဘယ်သူမှ လာမနှောင့်ယှက်နိုင်ဘူး.. ဘုရားပုံမှန်ရှိခိုး... နော်.. ကြောက်ရင် ငါ့ကိုခေါ်လိုက်.. စကားပြောမယ်.း(

 
On November 21, 2009 at 7:28 PM , စိုင်းစိုင်းလားရှိုး said...

ဟင်..... သဲ.. ဘာကို ကြောက်နေတာလဲ ?

 
On November 21, 2009 at 7:51 PM , Waing said...

မကြောက်ပါနဲ့ သဲရယ် သရဲဆိုတာ တကယ်မရှိပါဘူး ကြောက်စိတ်ဝင်လာရင် သီချင်းအကျယ်ကြီး ဖွင့်နားထောင်ပြီး အကျယ်ကြီး အော်ဆိုနေလိုက် အာရုံကို တစ်နေရာရာကို ပြောင်းထားလိုက်ပေါ့ ဒါဆို ဘယ်သွားသွားအိုကေပြီနော်.......

 
On November 22, 2009 at 1:14 AM , သီဟသစ် said...

ဟေ သဲသဲကလည်း
အဲလောက် မကြောက်ပါနဲ့ကွယ်

ဘုရားစာလေး ပုံမှန်ရွတ်ပေးပေါ့.

 
On November 22, 2009 at 8:53 AM , ညလင်းအိမ် said...

ညီမက အဲ့ဒီလောက်မကြောက်ပါနဲ့...
သရဲက သူ့ဖာသာနေတာ...မသိချင်ယောင်ဆောင်နေလိုက်း)

 
On November 22, 2009 at 1:03 PM , Anonymous said...

ကောင်မလေးရယ် သရဲဆိုတာ ရှိတော့ရှိတယ် ဒါပေမဲ့ ကိုယ်မကြောက်တတ်ရင် သူက ကိုယ့်ကို ပြန်ကြောက်နေရတယ် တကယ် မကြောက်နဲ့ သူကိုယ့်ကို ပြန်ကြောက်သွားလိမ့်မယ် မယုံမရှိနဲ့ တကယ်

 
On November 26, 2009 at 10:22 AM , မိုးခါး said...

း(
ဘာတွေတုန်းးးးးးးးးးးးးးးးးးးးးးးးးးး

 
On November 26, 2009 at 1:00 PM , သိင်္ဂါကျော် said...

သူငယ်ချင်း တစ်ယောက်လည်း အဲလိုပဲ ကြောက်တတ်တာ...
အဲလောက် မကြောက်နဲ့ မကောင်းဘူး.... :)