Author: ဆောင်းနှင်းရွက်
•4/01/2011 10:19:00 PM
သူများတွေ ဧပယ်ရယ်လ် ဖူးလ် လား မဖူးလ်လား မသိ ၊ ဆောင်းနှင်းကတော့ မဖူးလ် ပေမယ့် ဘူတဲ့နေ့ပဲ ..

ဒီနေ့ ညနေဘက် ၆ နာရီက စလို့ ဆောင်းနှင်းတို့ အခန်းထဲက သူငယ်ချင်းတွေ စုပြီး ပါဆားရစ်ကနေ အော့ချက် ၊ အော့ချက် ကနေ ပါဆားရစ် ၊ (သို့) တစ်နေရာရာ ကို ညလုံးပေါက် စက်ဘီးစီးဖို့ တိုင်ပင်ထားပါတယ် .. နောက်နေ့ မနက် ၇ နာရီ အထိပေါ့ ...

****************************

ငါ့ကို မနက် ၈နာရီ ၁၅ မိနစ် မတိုင်ခင် လိုက်ဖြစ်တယ်၊ မလိုက်ဖြစ်တယ်ဆိုတာကို မက်ဆေ့ခ်ျ ပို့ ၊ နင် မလိုက်ဖြစ်ရင် အထုပ်တွေ နဲ့ အလုပ်ကို မသွားတော့ဘူး .. အဲ့ဒါ မနက်အကြောင်းပြန်ပါလို့ မှာထားတဲ့ သူငယ်ချင်းက ၈ နာရီ ၄၅ မှ မက်ဆေ့ခ်ျပို့တာနောက်ကျတော့ ၊ လိုအပ်တာရော ၊ မလိုအပ်တဲ့ ပစ္စည်း တွေရောကို ကျောပိုးအိတ်နဲ့ အပြည့်သယ်လို့ အလုပ် ကို သွားပေါ့ ... ကိစ္စမရှိပါဘူး .. နဲနဲ ပဲ ပိုသယ်သွား၇တာလို့မှတ်ယူလိုက်ပါတယ် ...

^^^^^^^^^^^^~~~~~~^^^^^^^^^^^^^^

ကျောင်းပိတ်တုန်းမလို့ ပတ်တိုင်းအလုပ်ပိုလုပ်ချင်တာနဲ့ ကိုယ်လုပ်နေကျ အလုပ်အပြင် အလုပ်တွေ လိုက်လျှောက်နေတာ ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းကပေါ့ ..(သူငယ်ချင်း တစ်ယောက်နဲ့အတူ) ဒါနဲ့ပဲ အလုပ်အသစ် တစ်ခုမှာ အတူတူ ရတယ်ပဲ ဆိုပါတော့ .. အင်တာဗျူးတဲ့နေ့က ဘာလုပ်ရမယ် ၊ ဘာလုပ်ရမယ် ဆိုပြီး ပြောထားပြီး .. ဒီနေ့ အလုပ်သွားလုပ်တော့ မပြောထားတာတွေပါ လုပ်ခိုင်းတာ ဆိုတော့ စိတ်ထဲမှာ တင်းသွားတယ် .. အဲ့ဒါနဲ့ နေ့လည်ထမင်းစားတော့ စားနေရင်း သူငယ်ချင်း ၂ ယောက် ငါတို့တို့ ပြန်စဉ်းစားရတော့မယ်လို့ ...နောက်စားနေရင်မှ ကြည့်မိလိုက်တယ် .. သောက်နေတဲ့ ကင်ချီဟင်းချိုက ၀က်သားတွေနဲ့ .. သေရော .. ထားလိုက်ပါတော့ .. မသိလို့စားမိလိုက်တယ်ပဲ သဘောထားလိုက်တယ် .. ;)
ဒါနဲ့ ညနေ အလုပ်လည်း ပြီးရော ဘာကြောင့်မလုပ်နိုင်တော့တဲ့ အကြောင်း ဆိုတာကို မက်ဆေ့ခ်ျ အရှည်ကြီး ရိုက် ရှင်းပြပြီး ပို့ပေးလိုက်တယ် .. ဒီနေ့လုပ်တာ ကံကောင်းရင်တော့ ရမှာပေါ့ .. ကံမကောင်းရင်တော့ ဧပရယ်ဖူးလ်မှာ ပျော်လွန်းလို့ ရက်ရောစွာနဲ့ သူများဆီမှာ အလုပ် အလကား သွားလုပ်ပေးလိုက်ပါတယ် လို့ပဲ သဘောထားလိုက်ပါတယ် .. :D


အလုပ်ပြီးတော့ ဖုန်းထဲကို မက်ဆေ့ခ်ျဝင်လာပါတယ်... ငါတို့ ဒီနေ့ စက်ဘီးမစီးဖြစ်ကြတော့ဘူးတဲ့ .. ကန်ဆယ် တဲ့ .. မျက်နှာ က ပိုပြီး မှုန်သုန်သွားတယ် ... -.- ဘာလို့လဲဆိုတော့ ဟိုလူကြောင့် ၊ ဒီလူကြောင့် နဲ့ တစ်တန်းလုံးမှာ ၃ ယောက်ပဲ မပါနိုင်တဲ့ ကိစ္စ က ဘာကိစ္စ နဲ့ ဒီနေ့ ညနေ ၄ နာရီကျမှ ရုတ်တရက် ပျက်သွားရတာလဲပေါ့ .. အဲ့ဒီ့ ၃ ယောက်ကလည်း အစကတည်းက မလိုက်နိုင်ကြောင်း အစောကြီးကတည်းက ပြောထားတဲ့ ဟာကို .. နင်တို့ အဓိပယ် ကို မ၇ှိဘူးလို့ .. နဂိုကမှ လူက ကြည်ကြည်လင်လင် မရှိတာ ဒေါသက ပိုထွက်သွားတယ် .. အထုပ်ကလည်း သယ်ရသေးတယ် .. (ပြောရင်းတောင် စိတ်တိုတယ်) ... အဲ့ဒါနဲ့ ဘာတဲ့ .. အိုင်စ်စကိတ်စီးမယ်တဲ့ .. မစီးချင်ရင် မုန့်သွားစားပြီး ရုပ်ရှင်ကြည့်မယ်တဲ့ .. တော်လို့ .. မသွားတော့ဘူးလို့ .. စိတ်တိုလိုက်တာ ... ဂူးးးဂူးးး ဂါးးးးဂါးးးး ပဲ ...


အဲ့ဒါနဲ့ ညနေ အလုပ်ကပြန်တော့ ဆီးသီးတောမှာ သူက ဘီးဇီး၊ ကိုယ်က ဘီးဇီး နဲ့ မတွေ့ဖြစ်တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့အတူ အကင်ဆိုင်အသစ် တစ်ခုမှာ ထမင်းသွားစားပါတယ် .. ခဏနေတော့ သူ့သူငယ်ချင်း တစ်ယောက်ပါ လာမယ်ဆိုပြီး ရောက်ချလာပါတယ် .. အဲ့ဒါနဲ့ စားစရာတွေ မှာပေါ့ .. မန်းမြီးရှည်နဲ့ ခေါက်ဆွဲကြော် ၃ ပွဲ ၊ ငါးကင် ၊ ကြက်ဖင်ဆီဖူးကင် ၊ အသဲအမြစ် ကင် နဲ့ ၀က်နံရိုးကင်ပါ ...
ပြောချင်တဲ့ဆီ မရောက်သေးဘူး .. ဆောင်းနှင်းက ၀က်သားမစားတော့ အကင်တွေကို ပန်းကန်ထဲ အကုန်စုထည့်မလာခဲ့ဖို့ မှာလိုက်ပါတယ် ..ခွဲပြီး ထည့်ပေးပါတယ် .. ဒုတိယ တစ်ခေါက် အကင်တွေ ထပ်မှာတဲ့ အချိန်မှာတော့ အကင်ကို ဘယ်လိုလာချလည်း ပြောပြပါမယ် ... ၀က်နံရိုးကင်တွေကို တော့ ပန်းကန်နဲ့ ထည့်လာပြီး တစ်ခြားအကင်တွေကို လက်နဲ့ ကိုင်လာပါတယ်.. ကိုင်လာပြီး ဆောင်းနှင်းရှေ့က ငါးကင်အရိုးတွေထည့်ထားတဲ့ ပန်းကန်းထဲ ထည့်သွားပါတယ် ..( ငါးကင် ပန်းကန် မဟုတ်ပါ ) ထိုင်နေတဲ့ ၃ ယောက်လည်း မျက်လုံးပြူး .. ဆောင်းနှင်းကတော့ ပွစိ ပွစိပေါ့ .. စိတ်ထဲမှာ ကောင်မလေးကို ခေါ်ပြီး အသစ်ပြန်လုပ်ခိုင်းမယ် ဆိုပြီးခေါ်မလို့ လုပ်လိုက်ပါသေးတယ် ..ဆောင်းနှင်း သူငယ်ချင်းရဲ့ သူငယ်ချင်းကို အားနာတာပါ .. ဆောင်းနှင်း သူငယ်ချင်းလည်း မဟုတ် ၊ ဘယ်လိုလုပ်ပြီး ဒီအရိုးပန်းကန်ထဲက ဟာကို ယူစားပါ့မလဲ .. ဆောင်းနှင်း သူငယ်ချင်းကတော့ သူငယ်ချင်း အချင်းချင်း မလို့ ထားလိုက်ပါတော့.. .. သူငယ်ချင်း က စိတ်လျှော့လိုက်ပါတဲ့ .. ယောက်င်္ကျားလေး ၀ိုင်း ဆိုတော့ ကောင်မလေး ရှက်ကိုးရှက်ကန်းနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာ နေမှာပါတဲ့ .. သူတို့ ၂ ယောက်က လျှောက်နောက်နေပေမယ့် ဆောင်းနှင်း စိတ်ထဲမှာ ကျလိကျလိနဲ့ တစ်ခုခုကို ပြောချင်နေတယ် .. ဒါနဲ့ ဘေလ်ရှင်းတော့ ဆိုင်ရှင်လား ၊ ဘာလားတော့ မသိ ၊ အကိုကြီးလား ၊ မောင်လေး လား ၊ ရွယ်တူ ပဲလား ..သန့်သန့် ပြန့်ပြန့်နဲ့ တစ်ယောက် လာရှင်းပါတယ် .. "အကို မေးကြည့်လို့ ရမှာလား လို့ .. ဘယ်လို မှတော့ စိတ်မရှိပါနဲ့ .. ဒုတိယ တစ်ခေါက် အကင်မှာတဲ့ အချိန်မှာ ဘာလို့ ပန်းကန်အသစ်နဲ့မချပေးဘဲ စားပြီးသား အရိုးပန်းကန်ထဲကို ထည့်ပေးသွားတာလဲလို့ " .. သူငယ်ချင်းက ၀င်ဖြေပါတယ် .. " ကျွန်တော်တို့က ကိစ္စ မရှိပါဘူးတဲ့ .. အစောက !@#$%^&*()_ နောင် ဧည့်သည် တွေကျတော့ မကောင်းဘူးပေါ့လို့ " ပြောလည်း ပြီးရော .. ဆောင်းနှင်းကို လျှာရှည်လို့တဲ့ .. အဲ့ဒါ လျှာရှည်တာမှ မဟုတ်တာ ...
(( စေတနာ ဗလပွ နဲ့ ပိုကောင်းလာစေချင်လို့ ဖိ့ဘက်ခ် ပေးတာလို့ ခေါ်တယ်လို့ .. :D ))
ဟုတ်တယ်လေ ... စားလို့ အရသာလည်း မဆိုးဘဲ ရောင်းအား ကောင်းတဲ့ ဆိုင်ကို ပိုပြီး ရောင်းအား တက်စေချင်လို့ ပြောတာ ..း))

မပြီးသေးပါဘူး .. နောက်တစ်ခု
မနက်ကတည်းက လူက နေမထိ ၊ ထိုင်မသာ ဖြစ်တဲ့ အထဲမှာ လက်ရှိလုပ်နေတဲ့ ပုံမှန်အလုပ်က ဘဏ်ထဲကို ၁ ရက်နေ့ ၀င်ရမယ့် ဟာကို မနက်ကတည်းက ညနေ အထိ ချက်နေတာ ပိုက်ပိုက် ၀င်မလာသေးဘူး ..
... ခု စာရေးနေတဲ့ ည ၁၀ နာရီ အထိ လည်း ၀င်သေးဘူး ... ;(
အရင်ဆို နောက်မကျတတ်ဘဲ ဒီနေ့ မှ တမင် ဖူးလ် အောင်များ တမင် နောက်ကျတာလား မသိဘူး ..း))

မဖူးလ်ပါ .. သို့သော် .. ညစ်တယ် ...



PS ... !...* မဖူးလ် သော်လည်း .. ဒီနေ့ ရေရေလည်လည် ညစ်တယ်.. ခုထိ စိတ်မကြည်ဘူးးး .. *...!

This entry was posted on 4/01/2011 10:19:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On April 2, 2011 at 12:51 AM , Anonymous said...

နင်ဆိုင်နာမည် ထည့်မပြောလည်း ငါသိတယ်. ငါတို့နှစ်ယောက် သွားစားရင် ဘေလ်ကို ထားက အမြဲတမ်းစစ်တယ်.။ မစားတာတွေပါ ပါပါနေတတ်လို့.။ ဘေလ် မလွဲရင် အမ်းငွေ လွဲတတ်တယ်။ အဲဒီဆိုင်က လွဲလွဲလေးနဲ့ ကောင်းနေတာ။ ကောင်းနေပုံများ ဒီနေ့ ညနေ ငါတို့နှစ်ယောက်သွားစားတယ်။ နင်ပြောတဲ့ ဆီးသီးတောရောက်တော့ ၆ ခွဲလောက်ပဲရှိသေးတယ်။ စောသေးလို့ သူက ဆံပင်အရင်ညှပ်ဆိုလို ၅ လွှာက နောက်ဖွင့်တဲ့ ဆိုင် G နဲ့စတာ. မမှတ်မိဘူး.နာမည် အဲဒီမှာ ညှပ်ပြီး ၇ နာရီထိုးလောက် အဲဒီဆိုင်ကို သွားတော့ ငါတို့ရှေ့မှာ ကြို ဘွတ်ခ် ထားတာ ၁၅ ၀ိုင်းတောင် ရှိသတဲ့.။ ၈ နာရီလောက်မှ ပြန်လာခဲ့ပါတဲ့.။ အောင်မလေး စားရဘို့အရေး ၁နာရီတော့မစောင့်နိုင်ဘူးဆိုပြီး သူ့ကို အတင်းချော့ပြီး သုံးလွှာက ဇေယျာမှာပဲ တင်းတိမ်လိုက်ရတယ်ဗျာ။ အံ့ရော.
စကားမစပ် နင်နဲ့ မတွေ့တာလည်းကြာပြီ. နင့်လခ ၀င်ရင်တော့ ဆီးသီးတောက အဲဒီဆိုင်မှာ ငါးကင် လိုက်ကျွေးဘို့ စိတ်ကူးလေးများ မရှိဘူးလာ ဒေါ်ပုန်းရည်ကြီး..

 
On April 2, 2011 at 5:41 AM , အဖြူရောင်နတ်သမီး said...

ဟုတ်ပ..
ဆောင်းနှင်းရွက်လေး သနားပါတယ်...။
ဧပြီဖူး တဲ့..
သူများတွေတော့ တယောက်မု့တယောက်
လှေခါးပေါ်ကခြေချော်ကျလို့..မူးလဲသွားလို့..ဘာလို့..ညာလို့..ဆိုပြီးတော့ “စ”နေကြတာပဲ..။
အမ ကတော့ အဲဒီလို “စ”ကြ နောက်ကြတာတွေကို သိပ်မကြိုက်ဘူး..။
ကိုယ်က “စ”တယ် ဆိုပေမယ့် တဖက်သားမှာ ကိုယ့်ကို စိုးရိမ်လွန်ပြီး အခက်ကြုံရတာမျိုးလေ...။

လူငယ်တွေ ဧပြီဖူးကြတယ် ဆိုပေမယ့် တဖက်သားကိုတော့ ငဲ့သင့်တာပေါ့နော်..။

ဆောင်းနှင်းရွတ်လေး အဆင်ပြေပါစေကွယ်...။

 
On April 2, 2011 at 9:35 AM , ကိုဇော် said...

ဟီးဟီး . .. အဲဒီလိုပဲ တစ်ခါတလေ ဖြစ်တတ်တယ်။
ပျော်ရွှင်ပါစေကွယ်..

 
On April 2, 2011 at 10:15 AM , နေ၀သန် said...

ဝက်သားမစားတာ မနှိပ်ဘူးကွယ်

 
On April 2, 2011 at 10:39 AM , မောင်မျိုး said...

အရိုးပန်ကန်ကြီးနဲ့ပေါ့လေ မနိပ်လိုက်တား)

 
On April 2, 2011 at 4:08 PM , ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
အရိုးပန်းကန်ထဲ ထည့်သွားတာတော့ လွန်လွန်းတယ်
ဒီကိစ္စ complaint တက်သင့်ပါတယ်..
သူသူကိုယ်ကိုယ် ဘယ်သူက စားချင်ပါ့မလဲ။
ညီမလေး လုပ်တာ မှန်တယ်..

 
On April 4, 2011 at 3:36 AM , ကိုအောင်(ပျူနိုင်ငံ) said...

ဆောင်းနှင်းရွက်လေး သနားပါတယ် ...