Author: ဆောင်းနှင်းရွက်
•4/09/2011 11:56:00 PM


ယဉ်ကျေး နားဝင်ချိုသာစွာ ပြောရင်တော့ ဘ၀ခြားများ ..
နဲနဲ လန့်အောင် ပြောရရင်တော့ သရဲများ ... :D

သရဲ .. သရဲ .. လို့ပဲ ခေါ်ရမလား .. ဘယ်လို နာမည် တပ်ရမလဲ ..

ထိုထိုသော ဘ၀ခြားများကို တွေ့ရမှာကို သေအောင်ကြောက်သည် . .. ဘ၀ခြားများကို ကြေက်သလို .. အမှောင်ကိုလည်း ကြောက်သည် .. ငယ်ငယ်ကဆို မီးပြတ်သွားပြီဆိုရင် သွေးပြတ်မတတ် ကြောက်သည် .. ငယ်ငယ်မဟုတ်ဘူး .. ခုချိန်ထိ ရန်ကုန်ပြန်သွားလို့ မီးပြတ်တာနဲ့ တိုးရင် ကြောက်တုန်း ... မီးပျက်ပြီ ဆိုတာနဲ့ အနားရှိတဲ့ သူနား ပြေးကပ်တာပဲ.. မတော်လို့များ မှောင်ထဲမှာ ရုတ်တရက် ၀ါးကနဲ လာပေါ်လိုက်ရင် ဆိုပြီး တွေးပြီး အသေကြောက်သည် .. ဒါမှ မဟုတ် ဇာတ်လမ်းတွေထဲကလို မှောင်ထဲမှာ လက်လာဆွဲသွားတို့ .. တစ်ခုခု ကိုယ့်ကို လာခြောက်မှာ အ၇မ်းကြောက်သည် .. တစ်ယောက်ယောက် လက်ကို ကိုင်ထားရင်းနဲ့ပဲ "သမီးနားမှာ မီးခြစ်ရှိတယ် ၊ ဓာတ်မီး ရှိတယ် " ဆိုပြီး ပြောရင်လည်း စမ်းရမှာ အရမ်းကြောက်သည် .. မတော်လို့ သူက လာမထိပါဘူး .. ကိုယ်က သွားထိလိုက်မှဖြင့် ဆိုပြီး တွေးပြီး ခြောက်ခြားနေတာ .. အဲ့လိုတွေ မဟုတ်တာတွေကို ကြောက်လွန်းလို့ အခန့်မသင့်ရင် မီးပြတ်တိုင်း အဆူခံရသည် .. အထူးသဖြင့် အဒေါ် နဲ့ မေကြီး ရဲ့ အော်တာကို တော်တော် ခံရတယ် .. " မဟုတ်တာ တွေ လျှောက်လျှောက်မတွေးနဲ့ တဲ့ .. ကိုယ့်အိမ့်မှာ ဘုရားနဲ့ တရား နဲ့ နေတာ ဘာမှ မရှိဘူး တဲ့ " ဟုတ်တော့လည်း ဟုတ်တာပဲ .. ဆောင်းနှင်း ကိုယ်တိုင်ကကို လွန်လွန်းနေတာ ... :D

ခုပြောမှာက ဘ၀ခြားတွေ ပါ .. လူတိုင်း တော့ ကြုံဖူးမှာမဟုတ်ပါဘူး .. လူတိုင်းမှာ ကံနှိမ့်တဲ့ အချိန် ၊ ကံ မြင့်ချိန် ဆိုတာ ရှိတာပဲ ...
တွေ့ဖူးရင် ကံနှိမ့်တယ်လို့လည်း မဆိုနိုင်ပါဘူး .. ဘာလို့လည်းဆို တစ်ဘက်က ဘ၀ခြားသွားပေမယ့် အရမ်း ကိုယ့်ကို အစွဲအလန်း ကြီးနေတာလည်း ဖြစ်နိုင်တာပါပဲ .. ထားပါတော့ .. ကိုယ်ရေးချင်တာပဲ ဆက်ရေးတော့မယ် .. :D

ဘ၀ခြား လားး .. ပထမဆုံး မြင်ဖူးတာကတော့ မူလတန်း တတ်ခဲ့တဲ့ ကျောင်းလေးမှာပါ .. (ဒီအဖြစ်အပျက်ကလေးကို ကောင်းကောင်းကို မှတ်မိနေပါသေးတယ်) အရွယ်ကတော့ မူလတန်း ကျောင်း စတတ်နေတဲ့ အရွယ် သူငယ်တန်းပေါ့.. လန့်ပြီး ဖျားတာ နောက်နေ့ ကျောင်းမတတ်နိုင်တော့ဘူး ...း)) ဆောင်းနှင်းတို့ ကျောင်းရဲ့ အနောက်ဖက်မှာ လမ်းကွင်းပြင်ကြီး တစ်ခု ရှိတယ် .. ယောကျာင်္လေး ၊ မိန်းကလေး အိမ်သာတွေကလည်း ကျောင်းရဲ့ အနောက်ဖက် တော်တော်ဝေးဝေးမှာ ရှိတာပါ .. အိပ်သာတွေရဲ့ အနောက်ဖက်မှာ ကျောင်းခြံစည်း၇ိုးက လွှဲလို့ ဘာမှ မရှိဘဲ မြေကွင်းပြင်ကြီးပဲ ရှိပါတယ် ... တစ်နေ့ ဆောင်းနှင်းတို့ သူငယ်ချင်း တွေ အိပ်သာ သွားရင်း အိပ်သာ မ၀င်ခင် ရုတ်တရက် ကွင်းပြင်ထဲကို မြင်လိုက်တာ .. လက်ကြီးးးး .. လက်ကြီးးး .. မြေကြီးထဲကနေ ထွက်လာပြီး ဆောင်းနှင်းတို့ကို ခေါ်တာပါ .. ဘယ်ပြောကောင်းမလဲ ... ပြေးလိုက်တာ တန်းစီနေတာပဲ ... ဆရာမကိုလည်း ပြန်ပြောပြ .. အိမ်ကိုလည်း ပြန်ပြောပြနဲ့ .. ကျောင်းအုပ်ဆရာမကြီးက ဘယ်ကနေ ၊ ဘယ်လို စုံစမ်းလဲ အဲ့ဒါတော့ မသိတော့ဘူး .. အဲ့ဒါ ကွင်းပြင်စောင့်တာတွေ .. ၊ ပသီ မောင်နှမ တွေတဲ့ ... အဲ့ဒါနဲ့ ကျောင်းမှာ တရားတွေ ဘာတွေနား .. ၊ အမျှအတန်းတွေ ပေးဝေတာတွေ လုပ်ကြပေမယ့် နောက်နေ့ ကျောင်းမသွားနိုင်တော့သလို ၊ မျက်လုံးထဲကနေလည်း မထွက်ဘူး ...

နောက် ၄ တန်းပြီးတော့ အဲ့ဒီ့ မူလတန်း ကျောင်းလေးကနေ မြို့ထဲက အထက်တန်းကျောင်းတစ်ကျောင်းကို ပြောင်းဖြစ်သွားတယ် .. အဲ့ဒီ့ ကျောင်းက ဗြိတိသျှ လက်ထက် က အင်္ဂလိပ်တွေ အခြေချ နေထိုင်သွားတဲ့နေရာတဲ့ .. ဟုတ်လား မဟုတ်လားတော့ မသိပါ .. ကျောင်းမှာ မ၇မ်းပင် အကြီးကြီးတွေ ၊ ညမွှေပန်း အပင်တွေ နဲ့ ဘော်ဒါဆောင် ကို ကြည့်ရတာ စိတ်ခြောက်ခြားလှတယ် ... ဆောင်းနှင်းကတော့ ကျောင်းက ဘော်ဒါမှာ မနေခဲ့ပေမယ့် အဆောင်က လူတွေပြောတာတော့ .. ဆပ်ပြာခွက်တွေ ဘာဖြစ်တယ် .. ရေကျသံတွေ ဘာဖြစ်တယ်ဆိုတာ နောက်နေ့ မနက် ကျောင်းကို ရောက်ရင် ကြားရတတ်ပါတယ် .. တကယ်တော့ သူတို့တွေလည်း သွေးခြောက်ခြားတာဖြစ်မှာပါ ...း)) အဲ့လိုပဲ ကျောင်းမှာ ၅ တန်းဆောင် အီးခန်း က ခြောက်တာတို့ .. ၉ တန်းဆောင်ဘက်မှာ စပရစ် ခေါ်ရင် ခဏလေးနဲ့ ၀င်တာတို့ .. အကြွေစေ့ နဲ့ခေါ်တာတွေ .. အမျိုးမျိုးတွေ နဲ့ပဲ ကိုယ့်စိတ်ကိုယ် ခြောက်ခြားအောင် လုပ်မိသလိုပဲ ..

နောက် ၇ တန်းတုန်းက အဖိုး ဆုံးတော့ တစ်ခါ ... အဖိုးက ကျောက်ပန်းတောင်းက ဆိုပေမယ့် ဆုံးတော့ မန်းတလေး ဆောင်းနှင်းတို့ ရှင်ပြု ၊ နားသ အလှူ ကို လာရင်းနဲ့ ရုတ်တရက် ဆုံးသွားတယ် .. မျက်စိရှေ့မှာတင် ပထမဆုံး အကြိမ် မြင်ဖူးတော့ အရမ်းလန့်သွားတယ် .. အိပ်လို့လည်း မပျော်သလို ၊ အရမ်းကြောက်မိတယ် .. နောက်ဆုံး အလှူ ရေစက်ချ လုပ်တဲ့နေ့ကတော့ အဖိုးလာသွားတယ်လို့ ပြောတော့ ဘာမှန်းမသိ လူက တုန်နေတယ် .. နောက် အလှူပြီးတော့ ကျောက်ပန်းတောင်းဘက် ဆက်သွားတော့လည်း ညဘက်တုန်းကဆိုရင် အဖေ့ လိမ်းနေကျ ပေါင်ဒါနံ့ ရတယ်လို့ မနက်ဘက် အဒေါ်တွေ ပြောတာ ကြားတော့ ညဆို အိပ်ပေါ်ထပ် မတတ်ရဲပြန်ဘူး ... ( တကယ်တော့ ရက်လည်ပြီးပြီ ပဲကိုး .. )

အဖိုးပြီးတော့ ဆောင်းနှင်းရဲ့ အချစ်ဆုံး အဒေါ် ၊ ၀မ်းနဲ့ လွယ်ပြီးဆောင်းနှင်း ကို မမွေးခဲ့ပေမယ့် အမေရင်း မခြား ဆောင်းနှင်းတို့ မောင်နှမ အပေါ် အရမ်း ဂရုစိုက်တဲ့ အမေ့ရဲ့ ညီမ .. ဆောင်းနှင်းရဲ့ ချစ်ဆုံး လေးလေး .. (လေးလေးဆိုတာ မန်းတလေး ဘက် က အန်တီတွေကို သုံးနှုန်းတာတဲ့) .. အဲ့တုန်းကတော့ ဆောင်းနှင်းမကြောက်ခဲ့ဘူး .. လေးလေးကို တွေ့တောင် တွေ့ချင်နေမိတယ် .. ဒါပေမယ့် လုံးဝ ဘာဆို ၊ ဘာမှ မတွေ့ခဲ့မိဘူး .. မေကြီးက ပြောတာတော့ သမီး ကြောက်တတ်မှန်းသိလို့ နေမှာပေါ့ ဆိုပြီး ခုချိန်မှာ ရယ်စရာ အနေနဲ့ တစ်ခါတစ်လေ နောက်နေပါသေးတယ် ...
နောက် အကို တစ်ဝမ်းကွဲ ဆုံးတော့ လည်း အိမ်မှာ ကိုယ့်ဘာသာ ခြောက်ခြားတာ ပြောမနေနဲ့တော့ .. ခြောက်ခြားဆို အကို က မန်းတလေး မှာ ဆုံးပြီး ရက်မလည်ခင်ပဲ အိမ်ရှေ့မှာ ဆောင်းနှင်းနဲ့ ဆောင်းနှင်း အမ ၀မ်းကွဲ တစ်ယောက်နဲ့ ရပ်နေရင်း အိမ်ထဲကို အဖြူရောင် ၀တ်စုံနဲ့ ကောင်လေးတစ်ယောက် ၀င်လာတယ်ဆိုတာ တွေ့လို့ မတ်တပ်ထပြီး တံခါးနားသွားမယ် အလုပ်မှာ ဘယ်ပျောက်သွားမှန်း မသိ .. ပျောက်သွားလိုက်တာ ညီမ ၂ ယောက်လုံး ဒူးကိုတုန်လို့ ..း))

နောက် ဒီကို ရောက်လာတော့ ပိုဆိုးတယ် .. ဒီမှာ အဲ့လို ဘ၀ခြားတွေ အရမ်းပေါတဲ့ အကြောင်း .. အထူးသဖြင့် တစ္ဆေကြီးများ ကန်တော့တဲ့ လတွေမှာဆို ပိုဆိုးတယ်တဲ့ ...
အလုပ်က ပြန်လာတာ တစ်ခါတစ်လေ နောက်ကျတဲ့နေ့ဆိုရင် ဓာတ်လှေကား စီးရင်းနဲ့ အနောက်ဘက်မှာ ပေါ်လာမှာတို့ .. အိမ်တံခါး ဖွင့်နေရင်း အနောက်ဘက် က နေ ကိုယ့်ကို လက်နဲ့ ပုတ်လိုက်မှာတို့ ဇာတ်လမ်းတွေ ကြည့်ကြည့်ပြီး သွေးခြောက်ခြားပြီး လန့်တာ .. :D တကယ်တော့ အဲ့လို ဇာတ်လမ်းကလည်း အရမ်းကြည့်ဖြစ်တာ မဟုတ်ပေမယ့် ၁ ကားကြည့်ပြီးရင် ၁ လ လောက် လန့်နေတယ် ... :D ခုလည်း အစောန (husk) ဆိုတဲ့ သရဲကား ကြည့်ပြီး စိတ်ကူးပေါက်တာ ပို့စ်ရေးလိုက်တာ .. ;))
လူက ကြောက်သာ ကြောက်တယ် .. နားထောင်ချင်လိုက်တဲ့ သရဲ အကြောင်း ၊ ကြည့်ချင်လိုက်တဲ့ သရဲကား .. ဖတ်ချင်လိုက်တဲ့ သရဲ အကြောင်းတွေ .. စိတ်ဝင်စားသလား မမေးနဲ့ .. ဖြစ်နိုင်ရင် ခရမ်းရောင်လိုင်းက ပိတ်ထားတဲ့ အမ်အာရ်တီ စတေးရှင်းကိုတောင် သွားကြည့်ချင်တာ .. တကယ်ပြောတာ .. :D
ကျောင်းမှာဆို လည်း သူငယ်ချင်းတွေ ပြောရင် အရမ်း စိတ်ဝင်စားတာ .. ညဘက် ဘာဘယ်အလုံးခေါက်သံ ကြားရင် အဲ့ဒါ ကလေး သရဲ တဲ့ .. အစုံ .. အစုံပဲ .. သူတို့ ပြောပြတာ .. B-)

အင်းး .. ဒါနဲ့ .. ပြောပြအုံးမယ်.. နောက်တစ်ခု ..
ဒီရောက်တော့ အဲ့လိုမျိုးတွေ တစ်ခါမှ မကြုံဖူးပေမယ့် ကိုယ့်ဘေး နားက တစ်ယောက် ကြုံသွားတာလေးပါ .. တစ်နေ့ ကြက်တောင်ရိုက်ကအပြန် ညဘက် ၁၁ နာရီလောက်ရှိနေပါပြီ .. အခန်းက အမ တစ်ယောက်ရယ် .. နောက် ကောင်လေးတစ်ယောက် ရယ် .. ဆောင်းနှင်းရယ် .. စုစုပေါင်း ၃ ယောက်.. အဲ့ဒီ့ ကောင်လေးမှာ ကားပါ တော့ ဆောင်းနှင်းတို့ သူ့ကားနဲ့ ပြန်လာရင်း အိမ်နားက ရှော့ အန် ဆေ့ ဆိုင် မှာ အချိုရည်ဗူး ၀ယ်ကြတဲ့ အချိန်ပေါ့ .. ဆောင်းနှင်းတို့ ချပေးပြီး သူကားပါကင်သွားထိုးလိုက်မယ်တဲ့ .. သူလည်း အိမ်သာ သွားချင်နေလို့တဲ့ .. အဲ့ဒါနဲ့ ဆောင်းနှင်းတို့လည်း သူချပေးတဲ့ ဆိုင်နဲ့ ဒလွဲခုတ် နေရာလေးကနေ ဆင်း ပြီး ၊ ဆိုင်မှာ အအေးဝယ်ကြတာပေါ့ .. အအေးဝယ်ပြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာ အဲ့ဒီ့ကောင်လေးလည်း ပြန်ရောက်လာတော့ ကားဘယ်နား ထားခဲ့လည်းလို့ အမမေးလိုက်တော့ .. " ကားက ဒီမှာပဲလေ " တဲ့ .. အခန်းက အမ က မျက်လုံးပြူးသွားတယ် .. ဒါဆို အဲ့ကားပေါ်ကနေ အစောက ဆံပင် အရှည်ကြီးနဲ့ ကောင်မလေး တစ်ယောက်ဆင်းသွားတယ်တဲ့ .. ဆံပင်ရှည်တာမှ တင်ပါးလောက်တောင် အထိ ဆိုပဲ .. သူကလည်း သူဘယ်လို မြင်လိုက်တဲ့အကြောင်း .. ဆောင်းနှင်းရော ၊ သူရော က ကားကို ကားပတ်ခ့် မှာ သွားရပ်ထားတယ် ထင်တော့ အဲ့ကားကို သူများ ကားပဲ ထင်ပြီး ဆောင်းနှင်းက သတိမထားလိုက်ပေမယ့် အခန်းက အမကတော့ သူသေချာ မြင်လိုက်ရတဲ့ အကြောင်း ပြောတော့ ၂ ယောက်သား ၊ ကားပေါ် တတ်ပြီး အိမ်ပြန်ရမလား .. ဒီအတိုင်းပြန်ရမလား .. ဒါနဲ့ပဲ ကားနောက်ခန်းထဲမှာ စီးနေရင်း အနောက်ဘက်ကနေ ဝေါကနဲ ပေါ်လာမလား .. အတွေးတွေနဲ့ .. အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲက အိပ်ပြင်တောင် မထွက်ရဲတော့ဘူး ... :D

နောက်ရှိသေးတယ် .. အိမ်ရှေ့ ဖိနပ် စီးတဲ့ ခုံပေါ်မှာ ဟိုဘက်အခန်းက အမ မြင်တာတွေ .. ကျန်သေးတယ် ..

ရေးရမယ်ဆိုရင် အများကြီးရှိနေသေးသလိုပဲ .. ဒါပေမယ့် ဆက်ရေးရမှာ ကိုယ့်ဘာသာ ကိုယ် ကြောက်နေပြီ ..
ရေးတော့ဘူး .. ဒီမှာပဲ ရပ်တော့မယ် ...


PS ... !...* ရေးချင်တာ တစ်ခြား ၊ ရေးမိလိုက်တာ တစ်ခြားတွေ ဖြစ်တွားတယ် . :D .. *...!

This entry was posted on 4/09/2011 11:56:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

10 comments:

On April 10, 2011 at 12:42 AM , Angelhlaing(May everybody be happy and healthy! said...

သရဲဆိုတာ ကြားဖူးတာပဲ ရှိတယ် ဒါပေမယ့် နေစရာ နေရာမရှိအောင် ကြောက်တာလည်း နှစ်ယောက်မရှိဘူး အခြောက်သာ ခံရမယ် ဆိုနေရာတွင် အသက်ပျောက်မယ့် ကိန်း...:P:P
အဲလောက်တောင်သတ္တိ ရှိတာသိလားးးး အဟီး ..

 
On April 10, 2011 at 5:02 AM , ချော(အစိမ်းရောင်လွင်ပြင်) said...

အဲ
ဖတ်ရတာ ကြက်သီးထတယ်
မနက် ၃နာရီလာဖတ်နေတာ
ကြောက်သွားတယ်.. တော်ပြီ အိပ်တော့မယ်

 
On April 10, 2011 at 11:54 AM , နေ၀သန် said...

ဥပါဒဏ်ကြောင့် ဥပါဒ်ရောက်ရသတဲ့.... ကြံဖန်ကြောက်မနေနဲ့..

 
On April 10, 2011 at 10:58 PM , ညလင်းအိမ် said...

လာခဲ့ old changi hospital သွားမယ် ... :P

 
On April 11, 2011 at 12:21 AM , rose said...

အစ်မလည်း ပာိုးအရင် ခပ်ငယ်ငယ်က သရဲ အရမ်း ကြောက်တတ်တယ်။ ဒါပေမယ့် အခုတော့ တစ်ခါမှလည်း သရဲ အတွေ့ အကြုံ့တွေ ဘာတွေ မရှိတော့ မကြောက်တော့ဘူး။ ဆောင်းနှင်း ရေးထားတာလေးက မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် စကားပြောနေသလိုမျိုးလေးမို့ ပို့စ်လေးကို နှစ်သက်မိတယ်။ အရမ်းတော့ တွေးပြီး မကြောက်ပါနဲ့ ညီမရေ...။

 
On April 16, 2011 at 6:53 AM , Z said...

သရဲကြောက်တတ်တာခြင်း တူနေပြီ။ အခုဆို ကြောက်တတ်လို့ သရဲကားမကြည့်တာတောင် တော်တော်ကြာနေပြီ။ :D

 
On April 29, 2011 at 12:13 AM , Han Kyi said...

သိပ်လည်းမကြောက်နဲ့လေ...ဒီကောင်တွေက ကြောက်တတ်တဲ့သူတွေကို ပိုခြောက်တတ်သတဲ့ဗျား...

 
On July 3, 2011 at 9:56 PM , ချစ်ခြင်းအလင်္ကာ said...

လာလည်တာသရဲနဲ့တိုးတယ်..
တွားပါဘီ..
များကတရဲဆိုအသေကြောက်တာ..
နောက်တခါလာရင်တရဲနဲ့မကြိုပါနဲ့ဂျာ...

ခင်တတ်တဲ့ပျော်တတ်တဲ့
ချစ်ခြင်းအလကာင်္

 
On July 22, 2011 at 3:11 AM , တောက်ပကြယ်စင် said...

အော် ဆောင်းနှင်းရယ် ဒီလောက်ကြီးတောင် ကြောက်နေရသလားကွယ်...(ဘုန်းဘုန်းလည်း ကြောက်...ကြောက်တတ်သည်....)ဟုတ်တယ် သူ့ရဲကား ကြည့်ပြီးရင် အရမ်းစွဲတယ်။ စွဲတယ်ဆိုတာ စိတ်ထဲမှာ မြင်ယောင်နေတာကို ပြောတာ။ အဲဒါကြောင့် မကြည့်ဘဲ နေလိုက်တယ်...ကျန်းမာပျော်ရွှင်ပါစေ...

 
On August 11, 2011 at 5:31 PM , ဆူးသစ် said...

ဘုရားတရား များများလုပ်ပေါ့ ညီမရေ။ ဒါဆို ကြောက်စိတ်တော်တော်လျော့သွားမှာပါ။