•3/05/2012 11:37:00 PM
အချစ်ဆိုတာ အေးချမ်းတဲ့ လေပြေလေညင်းတဲ့ ..
တကယ်လို့ အဲ့အချစ်တွေသာ လေပြေလေညင်း ဖြစ်ခဲ့မယ် ဆိုရင်
လေပြေလေညင်း ဆိုတာ ငါ့အတွက်တော့ ခဏလာတဲ့ ဧည့်သည်ပါ ..
အချိန်တန်တော့လည်း လေပြေဆိုတာ
မိုးငွေ့နဲ့ အတူ ပြန်သယ်ဆောင်သွားသလိုပါပဲ .. ချစ်သူ ..
(နင်)ပြောခဲ့ဖူးတဲ့ စကားလုံးတွေက
ငါ့စိတ်တွေကို တကယ် မသိမသာ ခိုးယူရင်း
တိုက်ဆိုင်မှု့တွေ ရှိတိုင်း ရလိုက်တဲ့ လက်ဆောင်က လွမ်းချင်းတဲ့ ..
ညတိုင်းရဲ့ အိမ်မက်တိုင်းမှာတော့
ငါ နင့်ကို အရမ်းလွမ်းတယ်လို့ ပြောမိတိုင်း
နင်ရဲ့ အေးစက်လှတဲ့ အပြုံးတွေ နဲ့ မိတ်တွေ ဖွဲ့လို့ပေါ့ ..
ဒီလိုနဲ့ပဲ
ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲတဲ့ စိတ်ကူးတွေ
ပြောပြချင်တဲ့ စကားတွေ
ငါ့ဆီမှာ တနင့်တပိုး ရှိနေသေးတယ် ချစ်သူ ..
တကယ်လို့
ချစ်ခြင်း ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် သင်ယူရမယ့် သင်ခန်းစာက
လွမ်းချင်းဆိုတာ ရှိခဲ့ရင်
အလွမ်းများ ကုန်ဆုံးနိုင်ပါစေ .. ချစ်သူ .. ..

7 comments:
ဟဲ့.. ဆောင်းနှင်းရွက်ကော ဟုတ်သေးရဲ့လား... စာသားတွေက လန်းလွန်းတယ်ကွာ.. ဒါမျိုးတွေ ရေးချင်တာ.. ဘယ်လိုမှ မထွက်ဘူး.. ချီးကျူးပါပေ့... ရင်တွင်းဖြစ်တွေထင်တယ်... :P
ခင်မင်လျက်
နေ၀သန်
အလွမ်းတွေကုန်လွန်ပါစေတော့ ကွယ် ...ပေါ်မလာတော်ကြာ မမဆောင်းနှင်းရွက်ကလေးရယ် ဟွင့်
ပျောက်နေတာကြာလှပေါ့ ခုမှမြင်ရတော့တယ်း))
ချစ်တဲ့
မဒိုးကန်
အလွမ်းများ ကုန်ဆုံးပါစေသတည်း ...း)
ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲတဲ့ စိတ်ကူးတွေ
ပြောပြချင်တဲ့ စကားတွေငါ့ဆီမှာ တနင့်တပိုး
ရှိနေသေးတယ်----ချစ်သူ တဲ့လားကွယ်
ချစ်တဲ့ မဂျီးဂျက်
ဟယ် .. ပြောင်းလဲနေပြီလားကွဲ့ ဂျစ်ညီမ :D
ထူးရင်လည်းပြောဦးနာ် ..း)
ချစ်ခြင်းမှာလူတိုင်းဟာကံမကောင်းတတ်ကြဘူးလို့ကျွန်တော်ထင်တယ်။လွမ်းချင်းတွေကတော့ကျန်ခဲ့မယ့်အရာပါပဲ။ကိုယ့်အတွက်လေပြည်လေညင်းမရှိလည်းချစ်တော့ချစ်နေနိုင်ကြတာပါပဲ။ကဗျာကောင်းတယ်ဗျာ။
😁😁