Author: ဆောင်းနှင်းရွက်
•4/12/2009 12:41:00 AM
!... အမှတ်တရ ...!


!... သွေးဖောက်နေခဲ့စဉ် ...!
3:20 PM


မနက် Alarm ပေးလို့ နာရီ ကြည့်လိုက်တော့ 10:30 AM . အင်းးးးးး နဲနဲစောသေးတယ် ထင်တာနဲ့ အိပ်ယာထဲ နှပ်နေလိုက်သေးတယ် ..။ ထဖို့ တော့ အရှိန်ယူနေပြီပေါ့နော် ..။ ( အပျင်းကြီးလို့ မဟုတ်ပါ ။ ညက အိပ်တာ နောက်ကျ၍ ) ။ အဲ့ဒါနဲ့ အိပ်ချင်မူးတူး နဲ့ ထရတာပေါ့..။

မျက်မှာသစ် ၊ သွားတိုက် ၊ ထမင်းအိုးတည် ၊ ဟိုဟာလုပ် ဒီဟာလုပ် ၊ နေ့လည်စာ စား ၊ ရေချိုး ချိန်းထားတဲ့ ရန်ရန် နဲ့ မမေသဲ (စုဗူး) ဆီ ဖုန်းဆက် ...။ အဲ့ဒါနဲ့ တင် 12:00 တိတိ က ထိုးသွားပြီ ..။ နေ့လည် 1 နာရီ မှာ ချိန်းထားတာ သေချာသွားပြီ ..။ အင်း ... ဒီနေ့ တော့ သေချာပေါက် သွေးလှူဒါန်း သွားဖြစ်ပြီပေါ့ ..။

ကဲ ... အိမ်ကနေ 12:15 PM ထွက်လာပေမယ့် Bus စောင့်၇တဲ့ အချိန် နဲ့ အရေးအကြောင်းတဲ့ဆို ph card ကလည်း အမြဲ ကုန်သွားတဲ့ ပြဿနာက စပါလေရော ..။ ( . . . . . ) အဲ့ဒါ နဲ့ ပဲ နောက်ကျပြီး ၁ နာရီခွဲ မှ ပဲ ရောက်ပါတော့တယ် ..။ တစ်လမ်းလုံး လာခဲ့ရတာ လည်း ရင်ခုန်မှု့ အပြည့်နဲ့ပေါ့ ..။

အင်းးး .... ချိန်ထားတဲ့နေရာ လည်း ရောက်ရော မမေသဲ၊ ကိုညီညီကျော် ၊ ရန်ရန် ၊ ကိုလေးလုံး (စုဗူး) အားလုံး ရောက်နေကြပြီလေ ..။ မမေသဲ က လည်း သူ့ သူငယ်ချင်း (ရည်မွန်) တစ်ယောက်နဲ့ ဆိုတော့ အားလုံး စုစုပေါင်း ၆ ယောက် ဖြစ်သွားတာပေါ့ ..။ အားလုံး အတူတူ သွေးလှူဘဏ် (Health Sciences Authority) ကို အတူတူ လမ်းလျှောက်သွားကြပါတယ် ..။

တကယ်လှူဖို့ သွားကြတာကတော့ ၄ ယောက်တည်းပါ ..။ ဒါပေမယ့် လှူ ဖြစ်ခဲ့တာ dew နဲ့ ရန်ရန် ၂ ယောက်ပဲ လှူဖြစ်ခဲ့ပါတယ် ..။ နောက်တစ်ယောက် ကတော့ အဖျားတတ်နေလို့တဲ့ (တကယ်တော့ မဖျားပါ) ..။ နောက်တစ်ယောက် ကတော့ ဒီနိုင်ငံမှာ အနည်းဆုံး ၆ လနေပြီးမှ ရမှာမလို့ပါ တဲ့ ..။

အဲ့ဒါနဲ့ပဲ သွေးလှူဒါန်းဖို့ Form တွေ ဖြည့်ပေါ့ ..။ Form ဖြည့်တော့ လည်း dew မှာ အနောက်ဘက် က စာတွေ ဘာမှ မဖတ်တော့ဘဲ အားလုံးကို NO တွေ ချည်း ပဲ အမှန်ခြစ် ခြစ်လိုက်ပါတယ်...။ ပထမ မေးခွန်း ၃ ၊ ၄ ခု လောက်ပဲ ဖတ်ပြီးရော ဒါတွေအားလုံးက NO လို့ ရေးရတာတွေပဲ ဖြစ်မယ်ဆိုပြီး အားလုံး NO ဆိုပြီး ခြစ်လိုက်တာပေါ့ ..။ အဲ့ဒါနဲ့ Form သွားပြန်ထပ် ..။ နာမည် ခေါ်တာ ကို ရင် တထိတ်ထိတ်နဲ့ ထိုင်စောင့်နေတာပေါ့ ..။

အကြောင်းကိစ္စတစ်ခုကြောင့် အခုလို သွေးလှူဖို့ ဆန္ဒ ပြင်းပြနေခဲ့တာ dew အသက် ၂၀ ကတည်းကပါ ..။ အကြောင်းမတိုက်ဆိုင်၊ အခွင့် အရေး မကြုံခဲ့ လို့ လှူခွင့် မရခဲ့တာ ဒီနေ့ တော့ တကယ် လှူခွင့် ရပြီ ဆိုပြီး အရမ်းကို ၀မ်းသာပိတီ ဖြစ်မိပါတယ် ..။ တကယ်တော့ နာမည် ခေါ်ဖို့ ထိုင်စောင့်နေတဲ့ အထိ လှူလို့ ရမယ် ၊ မရဘူး ဆိုတာ မသေချာသေးပါဘူးး ..။ Form ဖြည့်ထားရုံပဲ ရှိသေးတာလေ ..။ သွေးပေါင် မချိန် ရသေး၊ ပေါင် မချိန် ရသေး ၊ ဆ၇ာဝန် နဲ့ မတွေ့ရသေးတော့ လှူခွင့် ရပါ့မလားး ဆိုပြီး စိုးရိမ် ရနေရတာလေ ..။ စဉ်းစားနေရင်းနဲ့လည်း သွေးဖောက်တော့မယ့် အပ် ကို မျက်စိ ထဲ မြင်ပြီးတော့ လန့်နေသေးတယ်လေ ..။

ဟော ... နာမည် ခေါ်ပြီ ..။ အခန်းထဲ ၀င်သွားတာပေါ့ ..။ ဖြစ်ချင်တော့ မြန်မာ ဆရာဝန် နဲ့တွေ့တော့ အားရှိသွားတာပေါ့နော် ..။ အစောက Form ကို ဆရာဝန်မမက ပြန်စစ်တော့ YES လို့ တစ်ချို့ မေးခွန်းတွေကို ဖြေသင့်တာတွေကို ပြန်ပြင်ရပါသေးတယ် ...။ တကယ်ဆို သေချာ အကုန် တစ်ခုချင်း ဖတ်သင့်တာပေါ့နော် ...။ နောင်ဆို သေချာ မေးခွန်းတွေ ဖတ်၇မယ် ဆိုတဲ့ အသိတရား ရသွားတာပေါ့ ...။ အဲ့ဆရာဝန်မမ ကို ကျေးဇူးတင်မိပါတယ် ..။ နို့မို့ဆိုရင်တော့ ............. ။

ကဲ .... သွေးပေါင် ချိန် နေပြီလေ ..။ ဟယ်တော့ .... စက်မှာ ကြည့်လိုက်တော့ ဆရာဝန်မမ က ပြောတာ သွေးပေါင် တွေ အရမ်းကျနေတယ် တဲ့ ..။ ခဏနားနား နေနေ နေ ၊ ရေများများသောက် ပြီး ခဏနေလောက်မှ ပြန်ခေါ်လိုက်မယ်တဲ့ ..။ အဲ့အချိန်မှာလေ ... အဲ့လို ပြောလိုက်တာ စိတ်ကို မကောင်းဘူးး ။ ဘာလို့လဲဆို ခဏနေ ပြန်ခေါ်တဲ့ အချိန် ပြန်တိုင်းလို့ သွေးပေါင် မတတ်သေးရင် ဘယ်လို လုပ်မလဲ လို့ ..။ အဲ့ဒါဆို လှူလို့ မရဘူးညီမလေး တဲ့ ..။

အဲ့ဒါနဲ့ ပြန်ထွက် ...။ ရေသောက် ၊ ဘာညာလုပ်ပေါ့ ..။ အဲ့ချိန်မှာ အရမ်းကို စိတ်လှုပ်ရှားစရာ ဟာသ တစ်ခု ဖြစ်သွားသေးတယ် ..။ ( မရည်မွန် ရေ ... လုံးဝ မမေ့ဘူး ) ...။ အဟိ ...။

နောက်တစ်ခေါက် နာမည် ခေါ်တာကို စိတ်လှုပ်ရှားစွာ နဲ့ ပြန်ထိုင်စောင့်ပေါ့ ..။ ကဲ ... ခေါ်နေပြီ ...။ အခန်းထဲေ၇ာက်တော့ သွေးပေါင် ပြန်တိုင်းတော့ ကွက်တိ လောက်ပဲ ..။ ဖြစ်ချင်တော့ ပေါင်ချိန်က မပြည့်ပြန်ဘူးး ..။ အဲ့ဒါနဲ့ ဆရာဝန်မမ က ခဏလေးးပါ ရ၊ မရ ဆိုတာ သူ့အထက်က ဆရာဝန်ကို မေးလိုက်အုံးမယ် တဲ့ ..။ ဆရာဝန်မမ ပြန်လာတော့ " .. ရတယ် တဲ့ ညီမလေး .." ကြားလိုက်ရတာ အရမ်း ၀မ်းသာသွားတာပဲ ..။ ဒါနဲ့ မေးကြည့်လိုက်ပါသေးတယ် ..။ " စိတ်လှုပ်ရှားသွားမှု့နဲ့ရော ဆိုင်လား " လို့ပါ ..။ ပျော်ရွှင်စရာပဲ ဖြစ်စေ၊ စိတ်ဆိုး၊ ဒေါသ ထွက်တာပဲ ဖြစ်စေ စိတ်လှုပ်ရှားရင် သွေးတတ် တတ်ပါတယ် တဲ့ ..။ ဒေါသဖြစ်လို့ သွေးတက်လွန်းလို့ သတိမေ့ သွားတယ် ဆိုတဲ့ သဘောမျိုးပေါ့ တဲ့ ...။

ခဏနေတော့ သွေးစစ် ပြီး တကယ် သွေးဖောက်မယ့် ကုတင်ပေါ် ရောက်ခွင့် ရသွားတာပေါ့ ..။ ပထမဆုံး အကြိမ် လှူတာဆိုတာ ဘေးကုတင် က ဖောက်နေတဲ့ အပ်ကိုကြည့်ပြီး နဲနဲတော့ လန့်သွားတယ် ..။ ဒါပေမယ့် ထုံဆေးထိုးတဲ့ အချိန်ပဲ နဲနဲ နာတာပါ ..။ နောက်တော့ သွေးဖောက်တော့ ဘယ်အချိန် ဖောက်လိုက်မှန်းတောင် မသိပါဘူးး ..။ ဖောက်နေတဲ့ ၅ မိနစ် အတွင်း မေတ္တာပို့ ပေါ့ ..။ တကယ်ကို ကြည်နူးဖို့ကောင်းပါတယ် ..။

................................................


........ သွေးလှူဒါန်းမှု့မှ ရခဲ့တဲ့ ဗဟုသုတ များ .........



၁) သွေးပေါင်ချိန် အနည်းဆုံး အပေါ်သွေး ၁၀၀ ၊ အောက်သွေး ၆၀ ရှိရန် ...။


၂) ပေါင်ချိန် အနည်းဆုံး 50 kg ရှိရန် ...။


၃) သွေးမလှူဒါန်းခင် ၃ . ရက် အတွင်း တိုင်းရင်းဆေး မသုံးစွဲထားရန် ...။


၎) ရေများများ သောက်ထားရန် ၊ အိပ်ရေး၀၀ အိပ်ထားရန် ...။


၅) အဖျား မရှိစေရန် ...။


၆) ပေါင်ချိန် 50 kg ဆို 300 CC လှူခွင့်ရှိပြီး ၊ ပေါင်ချိန် 50 kg နဲ့ အထက် ဆို 450 CC လှူခွင့် ရှိပါတယ် ...။


၇) မိန်းကလေး ဆိုရင် သံဓာတ် ၁၂.၅ ရှိရပါမယ် ။


အရေးကြီးမယ် ထင်တဲ့ အချက် လောက်ပဲ ရေးလိုက်ပါတယ် ...။



11st April, 2009 ( 3:20 pm )


PS .. !...* နောင် ဘယ်အချိန်မှ နောက်တစ်ခေါက် လှူခွင့် ရပါ့မလဲ ...? *...!

This entry was posted on 4/12/2009 12:41:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: