Author: ဆောင်းနှင်းရွက်
•4/18/2009 11:56:00 AM
အရမ်းကို တောင့်တ နေမိပြီ ဂျွန် ...။
ခွဲခွာ ခဲ့ရတာ ဒီနေ့ဆိုရင် ၁ နှစ် ၂ လ နဲ့ ၁ဂ ရက် ရှိနေပြီ ..။
အမြဲ လည်း သတိရမိတယ် ..။
လူတိုင်း ဟာ မိဘနဲ့ အတူ အိမ်မှာနေချင်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ခွဲခွာ နေကြရတယ်..။
ခွဲခွာခဲ့တဲ့ နေ့ကလည်း ငိုခဲ့ရတဲ့ မျက်ရည်တွေ ဟာ မျက်နှာ တစ်ခုလုံး စိုရွှဲနေတာပါ ..။
ခွဲခွာ ပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီအခန်း ထဲ ငိုနေခဲ့တာ မျက်လုံးတွေ ယောင်နေတာတောင် ဘယ်သူ့မှ မသိခဲ့ကြပါဘူး ..။
အခက်အခဲ ရှိလို့ ၊ စိတ်ညစ်စရာ များခဲ့တဲ့ နေ့ရက်တွေဆို ပိုလို့ ၀မ်းနည်းမိပေမယ့် "နောင်တစ်ချိန်ဆိုတဲ့ အရာ" က စိတ်ကို လွှမ်းမိုးနေမိတယ် ..။
လုပ်ဆောင် သမျှ အရာတိုင်း သည် မည်သူ့အတွက်မှ မရည်ရွယ် ပဲ ငယ်စဉ် ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ ကျေးဇူးရှင် ၂ ပါး သာ မြင်ယောင် နေမိတယ် ..။

တစ်နေ့ ၊ တစ်နေ့ အိမ်က ဆက်လာမယ့် ဖုန်း ကို မျှော်နေမိတယ် ..။

နေ့တိုင်း လည်း ဖုန်းဆက်စကား ပြောချင်ပေမယ့် မသာတဲ့ အခွင့်ကြောင့် မဆက်နိုင်ခဲ့ဘူး ..။
ဒါကြောင့်လည်း လ တစ်လ ရဲ့ ဖုန်း ဆက်ရမယ့် နေ့တွေကို လက်ချိုးပြီး ရေတွက် နေရတာ လည်း မောတယ် ..။

--------------------

လွန်ခဲ့တဲ့ ၃ နှစ်ကလည်း ဘာမှ မဖြစ်ခဲ့သေးခင်ကလည်း လူတစ်ယောက် ကို ဆုံးရှူံးသွားရပြီး ပြီ ..။
အခုရော ..............။
လွန်ခဲ့တဲ့ ၃ နှစ် ထက်စာရင် မှန်းထားတဲ့ နေရာ ရဖို့ နဲနဲ လိုနေသေးတယ်လေ ..။

နောက်ထပ် ဘာမှ မဖြစ်သေးခင်မှ ဘာကိုမှ မဆုံးရှူံးဖို့ကို တကယ်ကို မျှော်လင့် တောင့်တ မိပါတယ် ..။
ဘာကိုပဲ လုပ်နေ ၊ လုပ်နေ အမြဲ တမ်း သတိရတဲ့ စိတ် က လွှမ်းမိုးနေတယ် ..။

PS ... !...* ခေါင်းထဲမှာ အရမ်းကို ထူပူနေပြီ ..။ *...!
This entry was posted on 4/18/2009 11:56:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On April 19, 2009 at 9:26 AM , ဂျပန်ကောင်လေး said...

အဲ.. ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး...

 
On April 23, 2009 at 3:01 PM , မိုးခါး said...

ပျော်ရွှင်ပါစေ သဲရေ