Author: ဆောင်းနှင်းရွက်
•4/15/2009 07:49:00 PM


ဒီနှစ်ကတော့ ဘာကို ပိုးထနေမှန်း မသိဘဲနဲ့ကို ရန်ကုန် သင်္ကြန်ကိုသတိရသလိုလို (တကယ်တော့ တစ်ခါမှ မလည်ဘူးပါ) ။ ၊ စိတ်ထဲမှာလည်း ကလိကလိနဲ့ တော်တော်ကို နေမထိ ၊ ထိုင်မသာ ဖြစ်နေတာသင်္ကြန်မတိုင် ခင် April လ ရောက်ကတည်းကပါ ..။ နေ့တိုင်း သင်္ကြန်သီချင်းတွေ နားထောင်နေလို့ပဲ ပိုရူးနေတာလားတော့ မသိပါဘူး ..။ မနှစ်ကလည်း ဒီနေရာမှာပဲ ဒီလိုပဲ နေခဲ့တာပါ ..။ ဒါပေမယ့် ဘာမှ မဖြစ်သလို အေးဆေးပဲ ..။

ဒီနေ့ ဆိုရင် သင်္ကြန် အကြတ်နေ့တောင် ရောက်နေပြီနော် ..။

ဒါပေမယ့် သင်္ကြန်ဆိုတာ ဘာမှန်းတောင် အရိပ်အရောင် မတွေ့ရဘူး ..။ နေ့ရက် တွေ ထဲ က ထူးမခြားနား၊ သာမန် နေ့တစ်နေ့ အသွင် တစ်ခု အတိုင်း နေပူတစ်လှည့် ၊ မိုးရွာတစ်လှည့် ကျော်ဖြတ်လာတာ မနက်ဖန် ဆို သင်္ကြန် အတတ်နေ့ပေါ့ ..။




သင်္ကြန် အကြိုနေ့ ....။

အရင် အိမ်မှာ ရှိတုန်းကတော့ မေမေက မနက်အစော ဈေးသွားရင်း သင်္ကြန် ကြိုဖို့ အတာပန်း ၀ယ်လာခဲ့တယ်လေ ..။ အိမ်ရောက်တော့ အတာပန်းတွေ ကို အိုးထဲမှာ ထည့်ပြီး အိမ်ရှေ့မှာ ချတာကို ခုချိန်ထိ သတိရမိပါသေးတယ် ..။ အိမ်ရှေ့မှာ လည်း အုန်းလက်တွေ နဲ့ မဏ္ဍပ်ဆောက်ထားပြီး တိုင်ကီတွေ ချထားတာ ကလေး တွေ လာဆော့နေတာ ဆူညံနေတာပါပဲ ..။ အိမ်မှာလည်း မနက် ၉ နာရီ လောက်ဆို ဘေးအိမ်တွေက လာပို့တဲ့ တစ်အိမ်တစ်မျိုး မရိုးရတဲ့ သင်္ကြန်မုန့် ( မုန့်လုံးရေပေါ် ၊ သာကူ ၊ .... ) တော်တော် စုံစုံ လင်လင် ရောက်လို့နေပြီ လေ ..။ အိမ်ကမုန့်တွေလည်း လိုက်ဝေပေါ့ ..။

အခုတော့ သင်္ကြန်အကြိုနေ့မှာပဲ ချစ်လှစွာသော ကျောင်းတော်ကြီးက ပြန်လည် ဖွင့်ပါတော့တယ် ..။
အိပ်ယာ ကနေ မုန်းတီးစွာနဲ့ ထွက်ပေါ်လာတဲ့ မနက် ၆ နာရီ Alarm ကို ပိတ် ၊ ရေချိုး ၊ ကျောင်းသွား ခဲ့ရတာပေါ့ ..။ ကျောင်းရောက်တော့လည်း ဘာမှန်း မသိတဲ့ များပြားလှသော Projects's Title တွေ က ဆီးကြိုနေတာ အဆင့်သင့် ..။ စိတ်မောတယ်နော် ..။



သင်္ကြန် အကျ နေ့ ( မနေ့က) ...။

အရင်တုန်းကတော့ အိမ်မှာ စတုဒီသာ ကျွေးတာကို ကူလုပ်နေတာပေါ့ ..။ အပြင်ထွက်လည်တယ် ဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး ..။ အိမ်မှာပဲနေရတာ ပျော်စရာ အရမ်းမကောင်းပေမယ့် ပျင်းစရာလည်း မကောင်းခဲ့ပါဘူး ..။ အိမ်ရှေ့က ကလေးတွေ ရေကစားတာ ကြည့်ရင်းနဲ့ ပဲ ဘယ်လို အချိန်ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး ..။

အခုတော့ ..... ( အင်းး ) မနက် ၈ နာရီ Alarm နဲ့ နှစ်ပါးသွားခဲ့ရပါတယ် ..။ နည်းနည်း ပိုအိပ်လိုက်ရတာပေါ့နော် ..။ ထူးမခြားနား ရေချိုး၊ ကျောင်းသွား ပေါ့ ..။ ကျောင်းရောက်တော့လည်း ယောင်လည် ၊ ယောင်လည် နဲ့ အတန်းတတ်ရင်း ၊ နဲ့ပဲ သင်္ကြန် အကျနေ့ တစ်နေ့ ကုန်ဆုံးသွားပြန်ပါတယ်..။
မနေ့က ခြေထောက်ခွေကျပြီး ဒူးပြဲ ၊ သွားဖုံးပေါက်သွားတာ သင်္ကြန်အကျ နေ့ အမှတ်တရပေါ့ ..။
(တစ်ခါမှ မဖြစ်ခဲ့ဘူးခဲ့ပါ )


သင်္ကြန် အကြတ်နေ့ (ဒီနေ့) ...။

အရင်တုန်းကတော့ အိမ်က ဘုရားစင်မှာ ပိတောက်ပန်းတွေ ကပ်လှူခဲ့ဖူးပါသေးတယ် ..။ မရိုးနိုင်သော မုန့်တွေကိုလည်း သူငယ်ချင်းအိမ် သွားပို့ရတာလည်း အမောပေါ့ ...။

အခုတော့ တစ်ဖန်ပြန်လည်လာတဲ့ မနက် ၆ နာရီ မြည်နေတဲ့ Alarm ကိုပိတ် ..။ ရေချိုး ၊ ကျောင်းသွားပေါ့ ...။ ဒီနေ့တော့ ကျောင်းမှာ ကြားခဲ့တာ သောကြာနေ့ ကျောင်းမှာ သင်္ကြန် လုပ်မယ်တဲ့ ..။ မုန့်လုံးရေပေါ်လည်း ကျွေးမယ်လို့ တော့ ပြောတာပဲ ..။ တကယ်တော့ သောကြာနေ့ က နှစ်ဆန်း တစ်ရက်နေ့ ရောက်နေပါပြီ ..။ ဒါပေမယ့် လည်း ကျောင်းချိန်ပေါ် မူတည်ပြီး လုပ်ရတော့ သောကြာနေ့ ဖြစ်သွားတယ် ထင်ပါတယ် ..။



သင်္ကြန် အတတ် နေ့ (မနက်ဖြန်) ...။

အရင်တုန်းကတော့ (ထူးမခြားပါ) အိမ်မှာ မေမေ လုပ်နေတဲ့ မုန့်တွေကို ကူလုပ်၊ ကလေးတွေ ရေကစားတာ ထိုင်ကြည့်နဲ့ပဲ အတတ်နေ့ဆိုတာ ကုန်သွားပါတယ် ..။ တစ်ခါတစ်လေ သင်္ကြန်တွင်း ကားဓာတ်ဆီ ထုတ်တဲ့ရက်နဲ့ တိုက်ဆိုင်ရင်တော့ အပြင်ကို ခဏလိုက်သွားဖူးတာလည်း အမှတ်တရပေါ့ ..။

သင်္ကြန်တွင်းမလို့ နည်းနည်းကံကောင်းနေတာလား မသိဘူး ။ မနက်ဖန်လည်း မနက်ပိုင်း အတန်း မရှိတော့ ၆ နာရီ Alarm အစား ၈ နာရီမှ ထရမှာပေါ့ ..။ ဒါပေမယ့် လည်း ကျောင်းရောက်ရင် သူများတွေ မရူးခင် ကိုယ်ပဲ အရင်ရူးတော့မယ့် Projects Form & Code များက သွား ၃၂ ချောင်းပေါ်အောင် ရယ်နေတဲ့ မျက်နှာများ နဲ့ စောင့်ကြို နေပါတယ် ..။ သင်္ကြန်ကို သင်္ကြန်နဲ့ တူအောင် အရူးအမူး ပျော်နေကြတဲ့ သူတွေထဲမှာ dew တစ်ယောက်တော့ အပျော်လွန်၍ မရူးဘဲ Coding များနဲ့တင် ရူးတော့မှာ သေချာပါတယ် ..။ (တော်တော်ကိုညစ်နေတာ)


နှစ်ဆန်းတစ်ရက်နေ့ (ကြိုတင်ရေးလိုက်သည်) ...။

အရင်ကတော့ မနက်စောစောထ အိမ်သန့်ရှင်းရေးတွေ လုပ် ၊ မေမေထမင်း ၊ ဟင်း ချက်တာကို ကူလုပ်ပြီး မေမေနဲ့ အတူ ဓမ္မာရုံကို ဥပုသ်စောင့် ဖို့ လိုက်သွားပါတယ် ..။ dew ရဲ့ တစ်နှစ်နေလို့ တစ်ရက်ပဲ စောင့်တဲ့ ဥပုသ်ပါ ..။ ဥပုသ်စောင့်ပြီး ပြန်လာတော့လည်း ဓလေ့ထုံးစံအတိုင်း နှစ်သစ်မှာ အညစ်အကြေးတွေ ကင်းစင်ဖို့ အိမ်မှာ မနက်က မပြီးသေးတဲ့ သန့်ရှင်းရေးတွေ ဆက်လုပ်ပေါ့ ..။ စောင်တွေ လျှော် ၊ ခြင်ထောင်တွေ လျှော် နဲ့ ညနေသို့ ရောက်ရှိသွားပြန်ပါတယ် ..။ ညနေရောက်တော့လည်း နှစ်တိုင်း ပရိတ်ရွတ်တဲ့သူတွေကို အအေးတိုက်တာလည်း ခုချိန်ထိ သတိရနေဆဲပါ ..။

အခုတော့ ....... ထုံးစံအတိုင်း Time Table ကြည့်လိုက်တော့ မနက် ၆ နာရီ Alarm နဲ့ သွားရမှာပါပဲ ...။ နှစ်သစ်ရောက်ပေမယ့်လည်း ဘာမှ ထူးမခြားပါဘူး ..။ ဥပုသ်လည်း စောင့်ဖြစ်တော့မှာ မဟုတ်ပါဘူး ..။ ကျောင်းမှာတော့ ဘယ်လို သင်္ကြန် ဘယ်လို လုပ်မလဲ မသိသေးဘူးလေ ..။ ဒါပေမယ့် လည်း အကျဉ်းချုံး ပြီးတော့ပဲ လုပ်မယ်ဆိုတာ ကြိုသိနေပါတယ် ...။




။.. တကယ်တော့ သူများတွေ ပျော်နေချိန်မှာ ပျော်ချင်နေတာထက် ဘာကိုညစ်မှန်းမသိ ညစ်နေတာကတော့ အမှန်ပဲ ..။

PS ... !...* သူများတွေ မရူးခင် ကိုယ်ပဲ အရင်ရူးတော့မယ် ...။ *...!
This entry was posted on 4/15/2009 07:49:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On April 15, 2009 at 9:06 PM , ဂျပန်ကောင်လေး said...

ညစ်မနေနဲ့... လာ.. နှစ်ဆန်းတစ်ရက်နေ့ ဥပုသ်သွားစောင့်မယ်...း)