Author: ဆောင်းနှင်းရွက်
•4/10/2009 12:01:00 PM

ဘယ်နားက စရေးရမလဲ မသိဘူး ။
သင်္ကြန်ကို သတိရလို့ ဒီ post လေးကို ရေးလိုက်တာပါ ။
တကယ်တော့ dew အတွက် သင်္ကြန် ဆိုတာ သူများတွေလို အမှတ်ရစရာလည်း မရှိပါဘူး ။
အခုချိန်ထိလည်း သင်္ကြန်ရောက်ပြီဆို သူများတွေလို သူငယ်ချင်းတွေ နဲ့ လျှောက်လည် ၊ မဏ္ဍပ် ထိုင် တာရယ်လို့လည်း မရှိခဲ့ပါဘူး ။
တစ်နှစ် တစ်နှစ် သင်္ကြန်ရောက်လည်း အိမ်မှာပဲ .။
အိမ်မှာ နေ့တိုင်း မုန့်လုပ် တယ် ။ တစ်နေ့ တစ်မျိုး မရိုးရဘူးးး ။ လူမရှိတဲ့ ကြားကကို မုန့်လုံးရေပေါ်ကို ရအောင် လုံးပြီး လုပ်သေးတယ် ..။ ရွှေရင်အေး ၊ သာကူ ၊ အုန်းနို့ကျောက်ကျော ၊ အုန်းနို့ ကောက်ညင်းးး အစုံ ပါပဲ ..။ အိမ်နီးနားချင်းတွေ ကို လိုက်ပေး ၊ ရှားရှားပါးပါး အချစ်ဆုံးသူငယ်ချင်း အိမ်ကို သွားပို့ရတာလည်း အမောပဲ ..။
သူက dew ထက်တောင် ပိုဆိုးသေးတယ် ..။ သင်္ကြန်ဆို အိမ်ထဲက အိမ်ပြင်ထွက်တောင် မထွက်ဘူး။
တစ်ခါတစ်လေ သူ့ အန်တီ အိမ် သွားလို့ ရေစိုလာတာပဲ ရှိတယ် .။
သူ့အိမ် မုန့်လုပ်ရင်တောင် လာပို့တာ မဟုတ်ဘူးး dew ကပဲ သွားရတာလေ .။
အဲ့လို မထွက်ရလို့ အိမ်ကို ထွက်လည်ချင်တယ်လို့ ပူဆာ ဖူးလား ဆိုတော့ လည်း တစ်ခါမှ ယောင်လို့တောင် မပြောမိဘူးး ။ ပြောလည်း ထွက်လို့ ရမှာ မှ မဟုတ်တာ ..။
ထွက်ချင် စိတ် အရမ်း ပြင်းပြတယ်လို့လဲ မရှိခဲ့ဘူး ။
ပြီးခဲ့တဲ့ ၃ နှစ်ကတော့ အတတ်နေ့ လား မသိဘူးးး ။ အိမ်က ကားနဲ့ မောင်နှမ တစ်စု ၊ အချစ်ဆုံး သူငယ်ချင်း နဲ့ သူ့ မောင်နှမတွေ နဲ့ လည်ခဲ့ဖူးသေးတယ် ..။
တော်တော် တော့ ပျော်ဖို့ကောင်းတယ် ထင်တာပဲ ..။
အဲ့တုန်းက ပထမဆုံးအကြိမ် လျှောက်လည်တာဆိုတော့ မျက်လုံးထဲမှာ မမြင်ဖူးတာတွေလည်း အထူးအဆန်း တွေ့ ရတယ် ..။ ဟီးးဟီးး ...။ မျက်လုံး တွေတောင် ကြိမ်းတယ် ..။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ် ကတော့ သင်္ကြန်ကို အိမ်က ချောင်းသာ လိုက်ပို့တယ် ..။
၎ ရက်တောင် နေခဲ့တာ ..။ အိမ်က မိသားစုနဲ့ ပဲသွားတာတောင် တော်တော် ပျော်ဖို့ကောင်းတယ် ..။
သူငယ်ချင်း တွေ နဲ့ သွားရင် ပိုတောင် ပျော်ဖို့ ကောင်းမလား မသိဘူးး။ အဟိ .. ။
ပြီးခဲ့တဲ့ မနှစ်က သင်္ကြန် ကတော့ ဒီမှာရောက်နေပါပြီ ..။ ဘယ်မှာလဲ မသွားဖြစ်ပါဘူးး ။ ဘုန်းကြီးကျောင်းသွားဖို့ စိတ်ကူးရင်းကနေ သူငယ်ချင်းက ဘဲ နဲ့ ပါသွားတော့ တစ်ယောက်တည်း အိမ်မှာပေါ့ ..။
နေ့လည် ၂ နာရီလောက်မှ ဟိုဘက်ခန်းက သူငယ်ချင်း က ခေါ်တာ နဲ့ မလိုက်ချင် ၊ လိုက်ချင် Sembawan Beach ပါသွားလိုက်သေးတယ် .။ မလိုက်ချင် ၊ လိုက် ချင် ဖြစ်မှာပေါ့ ..။ သူကလည်း ဘဲဘဲ နဲ့ ပဲ လေ..။
သူများမှာသာ ငုတ်တုတ် မေ့ ..။ ထိုင်လျှက် မေ့ နဲ့ပေါ့ ..။ အဟင့် ..။ အဟင့် ..။
အခုလည်း သင်္ကြန်နီးလာပြန်ပြီ ..။ ရန်ကုန်မှာ ဘာမှ ထွေထွေထူးထူး မလုပ်ခဲ့ဖူး ဘဲနဲ့ ဘာလို့ စိတ်ထဲ မှာ လွှမ်းနေမိတာလဲ မသိပါဘူး ။
အရင် ရန်ကုန်မှာ ရှိနေခဲ့တုန်းကတော့ တစ်ခါတစ်လေ စိတ်ကူးယဉ်ကြည့်မိသေးတယ် ..။ ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူးးး ဂျစ်ကားနဲ့ သူများတွေလို လျှောက်လည်ရရင်ကောင်းမယ်လို့ ပေါ့ ..။
တကယ်ဆိုရင် ရန်ကုန်မှာ သာ ရှိနေရင် အဲ့လောက် စိတ်ဆန္ဒ ပြင်းပြမှာ မဟုတ်ဘူးး
လူဆိုတာ ဝေးတော့ မှ ပိုသိတယ် ဆို တာ အမှန်ပဲလား မသိဘူးးး ။ ....။
ခုတော့လည်း အဝေး တစ်နေရာ ကနေ ရန်ကုန် သင်္ကြန်ကို လွှမ်းနေမိတယ်..။
ဘယ်ခုနှစ် သင်္ကြန်ေ၇ာက် မှ ပဲ ရန်ကုန် သင်္ကြန်ကို လျှောက်လည်ရပါ့မလဲ မသိဘူးးး ။

အဲ့ဒါနဲ့ ရှားရှားပါးပါး dew ရဲ့တစ်နှစ်တစ်ခါပဲ ဥပုသ်စောင့်တဲ့ နှစ်ဆန်း ၁ ရက် နေ့ကိုရောက်ရှိလာပြန်တာပေါ့ ..။
အဲ့နေ့ဆို မေမေ နဲ့နှစ်တိုင်း မပျက်မကွက် ဓမ္မာရုံကို ဥပုသ်လိုက်ယူလိုက်သေးတယ် ..။
တစ်နှစ် တစ်ခါ dew ရဲ့ ဥပုသ် ယူခြင်းပေါ့ ..။

.............................

Thursday , April 2, 2009

PS ... !...* သတိရဆဲပါ သင်္ကြန်ရယ် *...!


This entry was posted on 4/10/2009 12:01:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On April 10, 2009 at 12:21 PM , ဂျပန်ကောင်လေး said...

ဒီနှစ်တော့ ဥပုသ်ပါပျက်ပြီးပေါ့ ... :P

 
On February 9, 2010 at 1:58 AM , ဖိုးသင်္ကြန် said...

ခေါင်းစဉ်မြင်တော့ ရင်တွေတောင် ဖိုသွားတယ်
ဂယ်ပဲ
ဂယ်ပဲ

:D

(ပုံမှန်အခြေအနေပြန်ရောက်ကြောင်း သတင်းပို့ပါတယ်ဗျို့)