Author: ဆောင်းနှင်းရွက်
•4/10/2009 01:06:00 AM

ဥာဏ်ရည်ရှိသလောက် ပြောပြပါမယ်။

စိတ် ဆိုတဲ့ ခံစားမှုအရာ ရှိမှ စိတ်ဓာတ် ဆိုတာဖြစ်လာတာပါ။

စိတ် နှင့် စိတ်ဓာတ် ဆိုတာ မြန်မာလိုပဲဖြစ်ဖြစ်၊ အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ် မတူပါဘူး။

စိတ် ဆိုတာ အင်္ဂလိပ် လို mind

စိတ်ဓာတ် ဆိုတာ အင်္ဂလိပ် လို spirit.

စိတ် ဆိုတာ ရှိလို့ ပူပင်ရတယ်၊ ပျော်ရွှင်ရတယ်၊ စိတ်ညစ်ရတယ်။ သောက ရောက်ရတယ်။

ထို စိတ် ခံစားမှု တွေကြောင့် ပဲ လူ တွေရဲ့ စိတ်ဓာတ်တွေက နူးညံ့နေတာ က ကြမ်းတမ်းလာတယ်။

ကြမ်းတမ်း နေရာ က နူးညံ့လာကြတယ်။

ကိုယ့်ရဲ့ စိတ်ကို အမြဲ စမ်းစစ်သင့် ပါတယ်။

လူ ဆိုမှ တော့ ပူပင်ရတယ်၊ ပျော်ရွှင်ရတယ်၊ စိတ်ညစ်ရတယ်။ သောက ရောက်ရတယ် ဆိုတာ အနည်းအများပဲ ကွာခြားသွားမယ် ဆိုတာ လက်ခံရပါမယ်။

ချမ်းသာတဲ့ သူမှာလည်း ပူပင်ရတယ်၊ ပျော်ရွှင်ရတယ်၊ စိတ်ညစ်ရတယ်။ သောက ရောက်ရတယ် ဆိုတာ အနည်းအများ ရှိတာပဲ။

ဆင်းရဲ တဲ့ သူမှာလည်း ပူပင်ရတယ်၊ ပျော်ရွှင်ရတယ်၊ စိတ်ညစ်ရတယ်။ သောက ရောက်ရတယ် ဆိုတာ အနည်းအများ ရှိတာပဲ။

ကိုယ်အရမ်းပျော်ရွှင်နေရင် လည်း ကိုယ့်ရဲ့စိတ်ကို ပြန်မေးသင့်တယ်။

ကိုယ်အရမ်းစိတ်ညစ်နေရင် လည်း ကိုယ့်ရဲ့စိတ်ကို ပြန်မေးသင့်တယ်။

စိတ်ဓာတ်ကျနေရင် လဲရင် ပြန်ထ ဒါဘ၀ တဲ့။

နေမင်းကြီးနဲ့ လွဲလို့ သင်ငိုနေလျှင် ကြယ်တာရာတွေနဲ့ လည်း လွဲပေအုံး မည် တဲ့။

ကိုယ့်ရဲ့ စိတ်ကို အမြဲ ပေါ့ပါး တတ်ကြွနေအောင် ပြုပြင်သင့် တယ်။

ပေါ့ပါး တတ်ကြွ ပြီး ပျော်ပျော်ရွှင်ရွှင် နေတယ် ဆိုတာလည်း အတိုင်းအတာ တစ်ခုအထိပဲ ကောင်းပါတယ်။ လွန်လွန် ကြူးကြူး ပျော်ပါးရင်လည်း စိတ်ညစ်ရမှာပဲ။

ဘုရားနေ့စဉ် ရှိခိုးပြီး မေတာ (မြစ်တာ) ပွားများတာလည်း စိတ်ကို ငြိမ်းချမ်းစေပါတယ်။

အကောင်းဆုံးကတော့ ကိုယ့်ရဲ့ စိတ် ကို အမြဲ တည်ငြိမ်ပြီး နေနိုင်အောင် ကြိုးစားရင် စိတ်ဓာတ်တွေလည်း နူးညံ့ သိမ်မွေ့လာမှာပါ။

-----

သင် ဖတ်ပြီး ရင်တော့ သင့် စိတ်ထဲမှာ တစ်ခုခု ကို တွေးမိရင် တွေးမိမှာပါ။

Thursday, October 25th, 2007


PS ..!...* စိတ် အရမ်း ညစ်ခဲ့တုန်းက *...!

This entry was posted on 4/10/2009 01:06:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: