Author: ဆောင်းနှင်းရွက်
•8/12/2010 01:48:00 AM
ဘာလိုလိုနဲ့ အဝေး တစ်နေရာမှ နေလာတာ တော်တော်ကြာတော့မယ် ..

ဘာလိုလို နဲ့ ချစ်တဲ့ မိသားစုနဲ့ ဝေးရာမှ ၃ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ အန်တီ ဆုံးတာလည်း ၅ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ အကို တစ်ယောက် ဆုံးတာလည်း ၇ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ အရမ်းချစ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ခင်တာလည်း နှစ် ၂၀ ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ နောက် အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ခင်တာလည်း ၇ နှစ် ပြည့်တော့မယ် ..

ဘာလိုလိုနဲ့ နောက်ထပ် အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက် ခွဲသွားတာလည်း ၄ လ ကျော်သွားပြီ ..

ဘာလိုလိုနဲ့ ၀မ်းနည်းခဲ့တဲ့ နေ့ရက်တွေ ရှိသလို ၊ ပျော်ခဲ့တဲ့ နေ့ရက်တွေလည်း ရှိခဲ့တယ် ..

ဘာလိုလိုနဲ့ မျက်လုံးတွေ ယောင်အောင် ငိုခဲ့ဖူးတဲ့ နေ့ရက်တွေ လည်း ရှိခဲ့တယ် ..

ဘာလိုလိုနဲ့ ပြန်မတွေ့တော့ဘူး ထင်ထားတာတွေလည်း ခဏတာ ပြန်တွေ့ခဲ့တယ် ..

ဘာလိုလိုနဲ့ MRT နားမှာ သီချင်းဆိုတဲ့ အဘိုးကြီးကို မတွေ့ရတာလည်း တော်တော် ကြာပြီ ..

ဘာလိုလိုနဲ့ တစ်နေ့ တစ်နေ့ အိပ်ချိန် ၇ နာရီ လောက် မအိပ်ရရင်လည်း ခေါင်းကိုက်တတ်လာပြီ ..

ဘာလိုလိုနဲ့ အိမ်ကို ဖုန်းမခေါ်ဖြစ်တာ လည်း တော်တော်ကြာပြီ ..(အိမ်ကပဲ ခေါ်နေလို့ပါ .. :) )

ဘာလိုလိုနဲ့ ဘလော့စရေးလာတာလည်း ၃ နှစ် ရှိတော့မယ် ..

ဘာလိုလိုနဲ့ ဘလော့ မရေးဖြစ်တာလည်း တော်တော်ကြာနေသလိုပဲ ..

ဘာလိုလိုနဲ့ ဖေ့ဘွတ် က ကစားနေတဲ့ ဂိမ်းတွေလည်း အဆင့် ၃၀ ကျော်ပြီ ..

ဘာလိုလိုနဲ့ ကြက်တောင် မရိုက်ဖြစ်တာတောင် တော်တော်ကြာသွားပြီ ..

ဘာလိုလိုနဲ့ တော်တော်လေးကိုလည်း ၀ လာပြီ .. (လူပါး )

ဘာလိုလိုနဲ့ ဆံပင် ဖြောင့်တာလည်း ၅ ခါ မက ရှိနေပြီ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..

ဘာလိုလိုနဲ့ ..


PS ... !...* ဘာလိုလိုနဲ့ ပဲ ခုတလော *...!
This entry was posted on 8/12/2010 01:48:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On August 12, 2010 at 8:23 AM , မိုးခါး said...

သိပါဘူး
ဘာလိုလိုနဲ့ ဆိုတော့ ဟန်ထူးလွင်သီချင်းများဆိုမလို့လားလို့ :P

 
On August 12, 2010 at 10:56 AM , လင်းခေတ်ဒီနို said...

အင်း ဘာလိုလိုနဲ့ မိသဲတို့လည်း အပျိုကြီး စာရင်းဝင်သွားပီးး)))))

 
On August 12, 2010 at 11:57 PM , ~ဏီလင်းညို~ said...

ညီမလေးရေ့......

အောက်ဆုံးမှာရေးထားတဲ့ ဘာလိုလိုနဲ့ ခုတလော ဆိုတာကရောဗျ.........း)
ဘာလိုလိုပဲလား.......း)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

 
On August 13, 2010 at 12:11 PM , မေသူ said...

မေသူလဲ ဘာလိုလိုနဲ့ နေ့ လည်စာ စားချိန်မကျသေးဘဲ သွားတီးလိုက်တယ်...

=)

 
On August 16, 2010 at 7:24 PM , နေ၀သန် said...

:)... ဘာလိုလိုနဲ့.... တော့မယ်... ဟိဟိဟိ


ခင်မင်တဲ့
နေ၀သန်

 
On August 23, 2010 at 10:59 AM , ဏီ(န်)ကင်း said...

ဘာလိုလိုနဲ့.....အင်း....ဘာလိုလိုပါပဲ...
မသိတော့ဘူးဟ....

 
On August 24, 2010 at 5:42 PM , ကိုဇော် said...

ဘာလိုလိုနဲ့ ဖတ်စ်...မန်စ်...ပြန်စ်...