Author: ဆောင်းနှင်းရွက်
•8/28/2010 12:01:00 AM


မ .... -ဲ -ဲ ဆေးခန်းသွားမလို့ ... လိုက်ခဲ့အုံးမလား ..?
-ဲ -ဲ .... ဝေးလား မမ .. ဝေးရင်တော့ လိုက်ချင်တော့ဘူး .. :D
မ .... ၀ပ်မာ့ကဒ် နားမှာ .. ၀ပ်မာ့ကဒ် နေရာသိရအောင် လိုက်ခဲ့လေ ..

ဘေးခန်းက အမကြီး အသည်းအသန် ဖျားတာ (မဟုတ်ဘူးလို့) အီစီကလီ ၊ မူယာမာယာ များနေတဲ့ အပျင်းရောဂါ အတွက် အန်မ်စီ သွားယူတာပါ .. (ကြားရင်လုပ်လိမ့်မယ်) ..
ဆေးခန်းရောက်တော့ တုံကင် ယူတော့ ၁၀ ယောက် တောင် စောင့်အုံးမယ် တဲ့ ..
အဲ့ဒါနဲ့ ၂ ယောက်သား ဘယ်သွားရမှာလဲ ပေါ့ .. ဆေးခန်း အပြင်ထွက်လို့ မျက်လုံးကစားလိုက်တာ အဲ့ "မ" က ထီ ထိုးမလားတဲ့ .. အင်းးး တစ်ခါမှ ဒီရောက်ကတည်းက မထိုးဖူးဘူး လို့ .. ကြားတော့ ကြားဖူးတယ် .. တိုတို ၊ ရှည်ရှည် ၊ ဖိုးဒီ ၊ ဖိုက်ဒီ .. နောက် 2.2 Million ဆိုလားပဲလို့ ... အင်းး.. ဒါဆို ၂ ယောက် စပ်လို့ ကံ ဘယ်လောက်ပါလဲ စမ်းကြည့်ကြတာပေါ့တဲ့ ...

တကယ်တော့ မြန်မာနိုင်ငံမှာ ကတည်းက ယောင်လို့တောင် ဘာ၂ လုံး ၊ ၃ လုံး မှ မထိုးဖူးပေ ... စိတ်လည်း မ၀င်စား .. ထိုးတဲ့သူတွေ ကြည့်ပြီး ပိုက်ဆံပဲ ကုန်တယ် လို့ .... အိမ်ကလူတွေ လည်း ၁ ယောက်မှ မထိုးပေ .. ဒါပေမယ့် အောင်ဘာလေ ထီကိုတော့ အနည်းနဲ့ အများ ထိုးဖြစ်ကြပါတယ် ... :))

Q တန်းစီ နေတဲ့ အချိန် အဲ့ အမ က သေချာရှင်းပြပေါ့ ...
" ...... ....... ...... Singapore Sweet ထိုးလို့ ပေါက်ရင် 2.2 Million ရမှာ ... .......... ........... "
ဟိုက်ရှားလပါးးးးးးးး ....!!!!!!
"ဆောင်းနှင်းရွက် တို့ အဲ့ အချိန် အံသြတကြီး နဲ့ မျက်လုံးထဲ နဲ့ အတွေးထဲမှာ ၁ စက္ကန့် လောက် စိတ်ကူးအမြန်ယဉ် လိုက်တယ်လေ ... :D .. "

အင်း .. ဒါဆိုလည်း ထိုးကြတာပေါ့ လို့ .... ((အဲ့လိုမျိုးဆို ဆုံးဖြတ်ချက် အရမ်းမြန်တယ်)) ..

ထီထိုးပြီးတော့ ဆေးခန်းပြန်ရောက်တော့လည်း LED လေး ကြည့်လိုက်တော့ လူက ၅ ယောက် ၊ ၆ ယောက် လောက် စောင့်ရအုံးမယ်. .
ကဲ .. အဲ့မှာ ဇာတ်လမ်း စတွေ့တာပဲ ...
" မ " 2.2 မီလီယံ ဆိုတော့ မြန်မာငွေ ဘယ်လောက်ရမှာလဲ လို့ ... (ပေါက်တာ မပေါက်တာ မသိဘူး) .. စပြီး တွက်နေပြီ ... သုည ဘယ်နဲလုံး ... ဘယ်လောက် ပေါ့ ...
သာမီး ရဲ့ ရိုးရိုး ဖုန်းလေးနဲ့ တွက်လိုက်တာ အဖြေက 1650 တဲ့ ... ဟုတ်သေးပါဘူးပေါ့ ...
တွက်နည်းလေးပြမယ်နော် ... :D (2.200000 x 750 = 1650) .... အဲ့လို သင်္ချာ အရမ်း တော်တာ ..

အဲ့ဒါနဲ့ မမ က သူ့ ရဲ့ အိုင်ဖုန်း ကြီး နဲ့ တွက်တာပေါ့ .. တွက်တော့ အဲရာ ပြတယ် လေ ... မြန်မာငွေ တန်ဖိုး ကြီးမားပုံများးးး .... :))

သူကရှင်းပြပေါ့ .... ဒီလို ... ဒီလို .... ခန့်မှန်းခြေ ဘယ်လောက် ဆိုတာကို .....

အယ် .... မြန်မာနိုင်ငံက " ...... " လောက်တော့ သနားတယ် ဆိုတဲ့ အမောက်ဗျာ .... !
ဆေးခန်း ၁ ခုလုံးလည်း ဆောင်းနှင်း တို့ ၂ ယောက် အသံချည်းပဲ .... အဲ့လို ပေါက်တတ်ကရ စိတ်ကူးယဉ် စကားများကို ပြောနေတဲ့ အချိန် ပေါ့ ... ဟို ထောင့် တစ်နေရာ က ကောင်မလေး ၁ ယောက်ကလည်း ပြုံးစိစိ ဆိုတာကိုတော့ သတိထားမိသားပဲ .... နောက်တော့ တူလေးးလည်း မြန်မာ ဖြစ်နေတယ် .... :D

အိမ်ပြန်ရောက်တော့
စာကျက်မယ်လုပ်တော့ စဉ်းစားမိလိုက်တယ် ....

ငယ်ငယ်ကလို ထီ ပေါက်ခဲ့ရင်ပေါ့ ... သာမီးးငယ်ငယ်က ထီ ၃ ကြိမ် ဆက်တိုက် တိတိ ပေါက်ဖူးတယ်လို့ ... ပေါက်တာက တော့ ၂ သောင်းဆုပါ ... အကြိမ် အရေအတွက် က မှတ်မိလွယ်တဲ့ အကြိမ် ဆိုတော့ မှတ်မိသေးတယ် .. ( အကြိမ် ၁၂၃ ၊ ၁၂၄ ၊ ၁၂၅ မှာ) ... :)) ... ကံကောင်းတာကို ပြောပါဒယ် ...

ခုလည်း ငါသာ အဲ့ဒီ 2.2 Million ဆု ပေါက်ခဲ့သော်ဝ် ပေါ့ ..... =D
ဟုတ်တယ်လေ ပြောလို့မှ မရတာ ... မပေါက်ချင်ရင် မပေါက်ဘူးပေါ့ ... ပေါက်ချင်ရင်လည်း ပေါက်မှာပေါ့ .. တကယ်လို့ ကံတရားက မျက်စိလည် လမ်းမှားပြီး ကိုယ့်ဘက် ပါလာရင် .... ဒန့်တန့်တန့် .. :)))

တိုက်ကြီးကြီးမှာ နေမယ် .. ဇိမ်နဲ့စားလို့ ဇိမ်နဲ့ သောက်မယ် (သားစိုး သီချင်း ပြောတာပါ ) အဲ့လို မနေပါဘူး .. ကျန်းမာရေးနဲ့ မညီညွှတ်ဘူး ...


ကဲကဲ .. ပြောပြမယ် .. စီမံကိန်းးးကို
မုဒိတာ လေးတွေ ပွားကြနော် .... ~!

၁ ။ စ လုံး မှာ ကျောင်းတတ်နေသမျှ ကာလပတ်လုံး လုံးဝ လုံးဝ PART TIME အလုပ် လုံးဝ မလုပ်ဘူးးးးးးးးးးးး .... ဘူးဆို ဘူးပဲ ..... ဟွင်း ဟွင်းး ...... B-)

၂ ။ အဲ့ အချိန် ကျောင်း စရိတ် လောက်ကတော့ ပျင်းသနားတယ် ပဲ .... ဌဲလျောင်းးး .. ဌဲလျောင်းးးး ...

၃ ။ လှူဒါန်းရေးတွေ လုပ်မယ် ... မြန်မာနိုင်ငံမှာ လှူဒါန်းဖို့လုပ်စရာ တွေ အများကြီးပဲ ... နယ်ဘက်တွေမှာဆို ပိုဆိုးးးး ..... မတတ်သာလို့ မျက်လုံး မှိတ်ထားရတာတွေ တစ်ပုံကြီးးး ....

၎ ။ ဘုရား ဆင်းတုတော် လုပ်ပြီး လှူမယ်လို့ စိတ်ကူးတယ် ..(ပြီးခဲ့တဲ့ ၁ နှစ် ကျော် နယ်ပြန်တော့ စိတ်ကူး ပေါ်လာခဲ့တာ)..

၅ ။ ပါးပါးနဲ့ မာမား နဲ့ အတူ ဗုဒ္ဓဂါယာ ကို ခရီးသွားမယ် ..

၆ ။ ပါးပါးနဲ့ မာမား ကျန်းမာရေး အတွက် စီစဉ် စရာတွေ စီစဉ် ရမယ် ...

၇ ။ မြန်မာပြည် အနှံ့ မရောက်ဖူးသေးတဲ့ နေရာ တွေ သွားရင်း ဘုရားစုံ လိုက်ဖူးမယ် ...

၈ ။ သွားချင်တဲ့ နိုင်ငံတွေ ကိုလျှောက်သွားမယ် ... ကမ္ဘာလှည့် တိုရစ်ဇင် လုပ်မယ်ပေါ့ကွယ် ....

၉ ။ စီင်္းပွားရေး လုပ်ငန်း တစ်ချို့လည်း လုပ်မယ်ပေါ့ ...
(အသက်ရှင်နေသမျှတော့ အလုပ် လုပ်ရအုံးမှာပဲ ... နို့မိုဆို ဥာဏ်ရည်တုံးလိမ့်မယ် လို့ .. )

၁၀ ။ လောလောဆယ် အကြမ်းဖျင်းတော့ အဲ့လောက်ပဲ တွေးနိုင်သေးတယ် .... :D

အဲ့ဒါ ထီက နောက် လ ပထမ အပတ် ဖွင့်မယ် ဆိုလားပဲ .. သေချာတော့ မချက် ရသေးဘူး ...း))


ကဲကဲ ..... ဆောင်းနှင်းရွက် ကို ကပ်ထားကြနော် .... ((ကော်နဲ့ ... ကော်နဲ့ ... :D .. ))


ဘိုင်သယ်ဝေးးး
တန်းပလိတ် ဘာဖြစ်တွားမှန်းးး မသိဘူးးးး ..... :(


စာကြွင်း .... ခေါင်းစဉ်နဲ့ စာနဲ့ ဘာမှ မဆိုင်သလိုပဲ .... စာကျက်နေရင်း ကောင်းကင်မော့ကြည့်ပြီး လပြည့်နေတာ တွေ့တာနဲ့ လှမ်းရိုက်လိုက်တာ ... အဲ့ဒါနဲ့ပဲ ဓာတ်ပုံ နဲ့ လိုက်လျော ညီထွေ တဲ့ ခေါင်းစဉ်ပဲ ပေးလိုက်ပါတော့တယ် ...




PS ... !...* နေ့လည်က အတွေး ညဘက် မှ ... မီမီ .. မီမီ ... ပြန်ခေါ်ပြီးးး ရေးလိုက်သှ် *...!

This entry was posted on 8/28/2010 12:01:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On August 28, 2010 at 12:58 AM , Anonymous said...

ပေါက်ပါစေဗျာ .. (ထီပြောတာပါ)
ဒါနဲ့ ပတ်တိုင်းကို တော်တော်စိတ်နာနေပုံပဲ ...
အဲဒါဆိုရင် ဒီလိုလုပ်
ထီပေါက်ရင် ဒီက မြန်မာကျောင်းသားကျောင်းသူတွေကို ပက်တိုင်းမလုပ်ခိုင်းပဲ ပိုက်ဆံထောက်ပံ့ပေးလိုက် ...

နှစ်ဒသမနှစ် မီလီယံဆိုတာ ဘလာ ဘလာ .. :P :P : P

ခင်စွာဖြင့်
ညလင်းအိမ်

 
On August 28, 2010 at 2:52 AM , ကိုဇော် said...

အင်း..ကျနော်လည်း ဟိုနေ့ကမှ ဖိုးဒီ သွားထိုးတာ ၄ လုံးလုံး တူပြီး နေရာပဲ လွဲသွားတယ်။ ဒါကြောင့် အခု စနေ ၊ တနင်္ဂနွေလည်း ထပ်ထိုးမယ်လို့ စဉ်းစားမိတယ်။ မရှက်ပါဘူး ပြောရမှာ ၊ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ ထီပေါက်ရင် ချစ်သူကို စိန်ဘယက် ဝယ်ပေးချင်လို့ပါ။

( စိန်ဘယက် သွေးဆေး :P )

 
On August 28, 2010 at 11:23 AM , လင်းခေတ်ဒီနို said...

ဘလား ဘလား ၂.၂ ပါလားနော် ဒီမှာ ဆောင်းနှင်းရွတ် ဟင်းဟင်း ကောင်မလေးရဲ့ ၂.၂ လောက်များ ကျုပ်တို့ ဘကြီး ရွာသူကြီးရဲ့ ပွိင့် တူး တူး သေနတ်လောက် စိတ်မ၀င်စားပါဘူးကွာ ဌဲဌဲ . . .

 
On August 28, 2010 at 8:36 PM , နေ၀သန် said...

ထီတော့မသိဘူး..မနေ့ညကတော့ နင်ဘူကနဲ ပေါက်လိုက်တယ်မလား... :P

 
On August 29, 2010 at 6:46 PM , ပိုးဟပ်လေး said...

ဟီးဟီး သင်္ချာ တွက်တာလေး တော်တော် သဘောကျ မိတယ် ... :))

 
On August 31, 2010 at 6:00 PM , မြစ်ကျိုးအင်း said...

ထီထိုးရတဲ့ အထဲမှာ မထွက်ခင် ဒီလို စိတ်ကူးရတာကိုက အရသာ။
မပြောနိင်တဲ့ ကံကြမ္မာဆိုတော့ ထီဆုကြီး ပေါက်တာလည်း ဖြစ်နိင်တာပဲ။
လုပ်နိင်တာ တခုက ဆုတောင်းပေးခဲ့မယ်နော်။
ညီမလေး ထီဆုကြီးကြီး ပေါက်ပြီး ဆန္ဒတွေ ပြည့်ပါစေ။

 
On September 2, 2010 at 12:06 AM , ညီညီ said...

ကပ်တယ်ဟေးး ကပ်တယ်. အခုကပ်ထားမှ ပေါက်ရင်းတော့ မကပ်တော့ဘူး. နံလို့ :)

 
On September 2, 2010 at 8:31 PM , စိုင်းစိုင်းလားရှိုး said...

ပေါက်လားဟင် သမီးလေး