Author: ဆောင်းနှင်းရွက်
•6/28/2010 05:59:00 PM
အပျော် လွန်နေတာလား .. ??

အပျင်းထူ နေတာလား .. ??

လမ်းများ နေတာလား .. ??

Chess ကိုက်နေတာလား .. ??

နား ပူ လို့ ညစ်နေတာလား .. ??

အအိပ် လွန်နေတာလား .. ??


ဘာဖြစ်နေမှန်း မသိ .. မသိ နဲ့ ။ " . . . " ရဲ့ ပွစိပွစိ ကို အကြောင်းပြု၍ စိတ်လေလွင့်ကာ စိတ်အလိုလိုက်တာတွေ တော်တော်ကို များနေပါပြီ ...

ထိုကြောင့် အချိန်မနှောင်းခင် ပြန်ပြီး ပြင်ဆင်စရာရှိသည်များ ပြင်ဆင်၍ အရင်လိုပဲ လိလိမ္မာမ္မာ (( ခုလည်း လိမ်မာပါတယ် .. :)) နဲ့ စာမေးပွဲမှာ ဂရိတ်ကောင်းကောင်း နဲ့ အောင်ဖို့ ကြိုးစားရပေမည် ... ။





PS ... !...* စာမေးပွဲ ဖြေဆိုရန် ၂ လ တိတိ သာ လိုပါတော့သည် *...!
အမှတ်နည်းတာ မျက်နှာငယ်ရတယ်လို့ ဒီနေ့ ခံစားမိလာလို့ပါ ..း(
This entry was posted on 6/28/2010 05:59:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

11 comments:

On June 28, 2010 at 7:03 PM , နေ၀သန် said...

အလိုဗျာ.. ကိုယ့်ဘာသာကို အပျင်းထူ၊ အီးထူနေတာကို ဘလော့ခ်ပေါ်ထိ တက်ကြေငြာသဗျား..။ အေးအေး.. ဒီလို အမြင်မှန်ရလို့ကြိုးစားမယ်ဆိုပြီးတော့မှ နောက်ဆုတ်လို့မရတော့ဘူးနော်....။ ဒါ တရားဝင်ကြေငြာမှုဖြစ်သွားပြီ...။ ဟဲဟဲ.....


ခင်မင်တဲ့
နေ၀သန်

 
On June 28, 2010 at 8:56 PM , ကိုအောင် said...

အမှတ်များချင်ရင် ဆရာမကို ချိန်းခြောက်စကား
နည်းနည်း ပြောလိုက်ပါလား၊ မြောက်ပေးတာ သွား
မလုပ်နဲ့ ....း)

 
On July 9, 2010 at 1:35 AM , ပေါ့ဆိမ့် said...

ဟုတ်ကဲ့ပါ .. ဟုတ် ကဲ့ ပါ . . .
နောက် အဲ ရို နေ တော့ ၀ူး ...

 
On July 13, 2010 at 12:13 PM , Anonymous said...

မိုးလဲအတူတူပဲ ပွစိ ပွစိ နားပူအောင်လုပ်တာကြိုက်ဖူး အမှန်တော့ကျောပူလည်းမကြိုက်ဖူး ဟီးဟီး
အမှတ်ကောင်းကောင်းနဲ့အောင်မြင်ပါစေရှင်းးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

 
On July 17, 2010 at 9:44 PM , ညလင်းအိမ် said...

သာဓု ဗျာ သာဓု သာဓု ... :P

 
On July 22, 2010 at 7:49 PM , သူကြီးမင်း (တုံးဖလား) said...

ကျောင်းသားကျောင်းသူတွေအတော်များများဟာ ဒီလိုဘဲ ထင်ပါတယ်။ အကြောင်းမရှိအကြောင်းရှာပြီး စာမလုပ်ဖြစ်ကြဘူးလေ။ ကျနော်လဲ အတူတူပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

 
On July 23, 2010 at 12:29 AM , thawzin said...

ဒီကသူငယ်ချင်းဆီ အခုမှရောက်ဖြစ်တယ်။ လာလည်ဖူးတယ် ဟုတ် ကျွန်တော့် အိမ်ကိုလေ။ အိမ်လာလည်တာ link မရှိတော့ ပြန်လာစရာ လမ်းပျောက်နေမိတယ်။ အခုတော့ လာလည်မိပါတယ်။
အမှတ်နည်းရင် မျက်နှာငယ်တယ်ဆိုတဲ့ ခံစားချက်နဲ့ အမှတ်ကောင်းမဲ့ စာမေးပွဲအတွက် ကြိုးစားအောင်မြင်နိုင်ပါစေဗျာ။
ခင်မင်စွာဖြင့်-
သော်ဇင်

 
On July 25, 2010 at 1:27 PM , မြစ်ကျိုးအင်း said...

စာမေးပွဲ ဖြေပြီးတဲ့အထိ အမြင်မှန်လေးကို ဆုပ်ကိုင်ထားနိင်ရင် အိုကေပြီ။

 
On August 6, 2010 at 11:06 PM , ကိုဇော် said...

အမြဲဒီလို စိတ်လေး ထားလိုက်ပါစေ။

 
On August 6, 2010 at 11:20 PM , ~P~ said...

ပီနဲ့ အဖြစ်ကတော့တူပါ့ :D

 
On August 11, 2010 at 12:26 PM , Han Kyi said...

ကြိုးစားတာ မကြိုးစားတာ နောက်ထား၊ ကြိုးစားရမယ်ဆိုတဲ့ အသိ ၀င်လာပြီးတဲ့နောက်ကတော့ ပျက်စီးဖို့လမ်းစ နည်းသွားပါပြီ...အသိနဲ့ အလုပ်ထပ်တူကျပါစေ ညီမရေ...