Author: ဆောင်းနှင်းရွက်
•6/13/2010 03:24:00 AM
ဆောင်းနှင်းနဲ့ သူနဲ့ ဝေးကွာခဲ့သည်မှာ တော်တော်ကြာပါပြီ .. ကြာဆို ဆောင်းနှင်း ဒီရောက်ကတည်းက သူနဲ့ မတွေ့ဖြစ်ခဲ့ပါ .. ဆောင်းနှင်း ရဲ့ ၂၄ နာရီထဲမှာ သူ့ကို အချိန်ပေးချိန်မရအောင် ဘာတွေနဲ့ ပြည့်နေမှန်း မသိပြည့်နေခဲ့တယ်လေ .. ဒါပေမယ့် ဆောင်းနှင်း သူ့ကို တစ်ရက်မှ မေ့မရခဲ့ပါ .. အချိန်ရတိုင်း အွန်လိုင်းမှာ သူ့အကြောင်း စုံစမ်း ရတာ အမောပေါ့ .. ဆောင်းနှင်း သူ့ကို သတိရသလောက် သူကတော့ ဆောင်းနှင်းကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ ထင်မှာတောင် မဟုတ်ပါဘူး .. တော်တော် ရက်စက်တယ်နော် ..း(

သူ့ကို ဆောင်းနှင်း အကို မိတ်ဆက်ပေးလို့ စသိခဲ့တာပါ .. ဆောင်းနှင်း သူ့ကို တော်တော်လေး သဘောကျ၊ နှစ်သက်တယ် ဆိုတာ တစ်အိမ်လုံးလည်း သိပါတယ် .. တစ်ဆွေမျိုးလုံးလည်း သိသလို ဆောင်းနှင်းနဲ့ တော်တော်လေးခင်တဲ့ သူငယ်ချင်းများလည်း သိပါတယ် .. ဖေဖေကလည်း သူ့ကို သဘောကျ၊ နှစ်သက်သလို အကို နဲ့ မောင်လေးကလည်း နှစ်ကြိုက်ကြတယ် .. အန်တီကတော့ တစ်ခါတစ်လေ သူ့စိတ် မကြည်တာနဲ့တွေ့ရင် ကန့်ကွက်ချင် ကန့်ကွက် ပါတယ် .. ဒါပေမယ့် ဆောင်းနှင်း မေမေ ကတော့ သဘောမကျ ၊ မနှစ်သက် လို့ လားမသိ အစဉ်အမြဲ ကန့်ကွက်နေတတ်တယ်.. ((သို့သော်ဝ်)) အများနဲ့ အနည်း မလို့ မေမေလည်း အရမ်းတော့ မကန့်ကွက်နိုင်ပေ ..းD

အခု ကံကြမ္မာ က မျက်နှာသာ ပေးတယ် ပြောရမလား .. ဆောင်းနှင်း နဲ့ သူ့ကို တွေ့ဆုံခွင့် ရအောင် လုပ်ပေးခဲ့တယ် .. တိုက်တိုက် ဆိုင်ဆိုင် ဆောင်းနှင်းရဲ့ team break holidays နဲ့ ကြုံနေတော့ ဆောင်းနှင်း သူ့ကို တွေ့ခွင့်ရခဲ့တယ် .. ((တိုက်ဆိုင်လိုက်တာများကွာ)) .. holidays ရဲ့ ပထမဆုံး နေ့မှာပဲ သူ တို့အဖွဲ့တွေ ရောက်လာခဲ့တယ် .. နှစ် နှစ်ခွဲ ကျော်လောက် ကင်းကွာ နေရာကနေ ခု ပြန်လည် ဆုံတွေ့ခွင့် ရပြီ ဆိုတော့ ဆောင်းနှင်း တော်တော် ၀မ်းသွား သွားးတယ် ..းP

ဆောင်းနှင်း သူ့ကို အကျီင်္ အစိမ်းရောင်လေးကြောင့်ပဲ စွဲလမ်းခဲ့လေသလား.. သေချာ ရေရာတဲ့ အကြောင်းပြချက်မရှိပေမယ့် သူ့ကို တော်တော် ရူးရူးမူးမူးကို စွဲလမ်းပါတယ် .. စွဲလမ်းဆို ဆောင်းနှင်း အထင် ၁၉၉၆ လောက် ကတည်းကများ စွဲလမ်းခဲ့လေသလား မသိပါဘူး .. သေချာတော့ ခုနှစ် အတိအကျ မမှတ်မိပေမယ့် အဲ့နေ့ က သူ လုပ်သွားတာတွေကို မျက်စိထဲမှာ တော်တော် စွဲနေတယ် .. အဲ့အချိန်တုန်းကဆို ဆောင်းနှင်း တော်တော်ငယ်ပါသေးတယ် .. ဒါပေမယ့် ဆောင်းနှင်း လေ သူဘာလုပ်လုပ် အကောင်းပဲ မြင်တယ် .. သူတင် မက သူ့ရဲ့ ကိုယ်ပွားလေ တွေ ဘာပဲလုပ် လုပ် လည်း အကောင်းပဲ မြင်နေတယ် ..

သူဆိုတာလည်း သူ့ကိုယ်ပွားလေးတွေ ကြောင့် ဖြစ်လာရတာတော့ အမှန်အတိုင်း ပြောရရင် ဆောင်းနှင်း သူ့ရဲ့ ကိုယ်ပွားလေးတွေ ကို ပိုပြီး နှစ်သက်မိတယ် ..သူ့ရဲ့ ကိုယ်ပွားလေးတွေနဲ့ အလားသဏ္ဍာန် တူတာတွေ တစ်ခြားနေရာတွေ မြင်နေရပေမယ့် မျက်စိထဲမှာ ဘယ်လိုမှ အဆင်မပြေလှပေ .. တကယ်တော့ သူ့ရဲ့ မျိုးရိုး(ကိုယ်ပွား) တစ်ဝက်လောက်က တော်တော်လေးကို အသားမဲပါတယ် .. ဘယ်လောက်မည်းလဲဆို သွားလေးတွေပဲ မြင်ရပြီး ထိုသွားလေးများကလည်း အုန်းခြစ်လေးများနဲ့ တူလေရဲ့ .. ဒါကြောင့်လည်း ဆောင်းနှင်း သူ့ကို ပိုပြီး သံယောဇဉ် ဖြစ်မိ၊ တွယ်တာမိတာ ဖြစ်ကောင်းဖြစ်လိမ့်ပါလိမ့်မယ် .. B-)

သူက တစ်ခါတစ်လေ စိတ်ကျေနပ်အောင် ပေးစွမ်းနိုင်ပေမယ့် တစ်ခါတစ်လေမှ ဆောင်းနှင်း ရဲ့ heart beat ကို တော်တော် မြန်အောင် လုပ်ပြီး စိတ်ညစ်အောင် လည်း လုပ်ခဲ့ဖူးပါတယ်.. ဒါပေမယ့် ဆောင်းနှင်း လုံးဝ စိတ်မနာနိုင်ခဲ့တာ ခုချိန်အထိပါပဲ .. သူ့ကို စသိတဲ့ အချိန် ကနေ ခုချိန်ထိဆို ဆောင်းနှင်း သူ့အတွက် ပျော်ခဲ့၇တယ် ဆိုတဲ့ အချိန်က နည်းလွန်းလှပါတယ် .. တစ်ခါတစ်လေဆို သူပေးတဲ့ အရာတွေက တော်တော် ကို စိတ်ပျက်ဖွယ်ကောင်းလွန်းတာ အမှန်ပါ .. အဲ့လိုနဲ့ပဲ ခုဆိုရင် ၁၀ စု နှစ် တစ်ခုလည်း ကျော်သွားပါပြီ ...


!@#$%^&*()_+...................!@#$%^&*()_+


ဒါဆို ခု ၂ နှစ်ခွဲကျော်ကနေ ပြန်တွေ့တော့ရော .....
ထိုနည်း ၄င်းပါပဲ ......
မဖြစ်သင့်တာတွေ ဖြစ်သွားတယ် .. မပေးသင့်တာတွေ ပေးလိုက်ရတယ် ..
အဲ့လိုတွေကြောင့် သူ့ ပါပါးဆို ထိုင်ရမလို ၊ ထရမလို ကို ဖြစ်နေလေရက် ....

ဒါပေမယ့်လည်းလေး သူ့ကို ခွင့်လွတ်သည်းခံလိုက်ပါတယ် ...
ခွင့်မလွတ်ဘူး ပြောရင် လည်း ပြောင်းလဲလို့မှ မ၇တော့တာ .. ဘာမှ မတတ်နိုင်ပေ ... ပြီးတာတွေ က ပြီးသွားပြီး ပြီလေ .. ဘာလုပ်လို့ ရမှာလဲ ...
ဒီတော့ ကိုယ့်စိတ် ကိုယ်ပဲ အပြစ်တင်လိုက်ပါတယ် ...

ဟင်းးးးးး ......... သူရယ်
အခု အစမှာတောင် အဲ့လိုဆိုရင် ရှေ့လျှောက် ဘယ်လို လုပ်မလဲ ... ထပ်လွဲအုံးမှာပဲလား ဟင် ...!

စိတ်ပူတယ်ကွာ .... !!!!




PS ... !...* တကယ်တော့ အဓိက မဖြစ်သင့်ပဲဖြစ်သွားတာ ဂရင်း ကြောင့်ပါ *...!
((ဒါပေမယ့် ကျန်တဲ့သူတွေလည်း ပရောဂ သိပ်မကင်းပါ ))
This entry was posted on 6/13/2010 03:24:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

15 comments:

On June 13, 2010 at 9:07 AM , လင်းခေတ်ဒီနို said...

ညီမလေး ချောင်းနင်း စိတ်လျှော့ကွယ် စိတ်လျှော့ . . . ဖြစ်လေသမျှ အကောင်းချည်းပဲလိုမှတ်ပေါ့ ညီမလေး ချောင်းနင်းရယ်း))))))

 
On June 13, 2010 at 9:17 AM , ညီညီထွေး said...

ဘာတွေရေးထားတာလဲကွယ်... နားကို မလည်ဘူး.. အပြန်ပြန်အလှန်လှန်ကို ဖတ်တာပဲ... နားလည်စရာ တစ်ကွက်မှ မတွေ့ဘူး..... အရူးမ.. ဘာဖြစ်နေတာလဲ..... ရှင်းပြချက်တွေ အီးမေးလ်က ပို့လိုက်... ဒါဗြဲ... ဟဟ

ညီညီထွေး

 
On June 13, 2010 at 10:12 AM , Anonymous said...

သကြန်လည်း ဒါမျိုးးတွေရေးတယ်

 
On June 13, 2010 at 1:20 PM , ဏီလင်းညို said...

ညီမလေးရေ.....

ဘောလုံးအသင်းအကြောင်းရေးထားတာထင်တယ်နော်....။
(ရမ်းပြောကြည့်တာ..........း))
စာလေးဖတ်သွားတယ်.......။
ကိုဏီလင်းက......ဘောလုံးပွဲတော့ ဘယ့်နှယ်မှမခံစားတတ်......မကြိုက်တတ်တဲ့ အူကြောင်ကြားဗျ.............း))

ခင်မင်တဲ့
ဏီလင်းညို

 
On June 13, 2010 at 6:38 PM , မိုးခါး said...

ညလေး
စစ်စတာလား နားမလည်ဘူးပဲ
:D

 
On June 14, 2010 at 1:29 AM , မမပြာ said...

ဂရင်း ကို အပြစ်မတင်ပါနဲ့ မီးရယ်..ဘယ်တတ်နိုင်မလဲ...အားလုံး အကောင်းဆုံး လှုပ်ရှား သွားတာပဲ နော့...း)

 
On June 14, 2010 at 9:57 AM , Libratun said...

ဟိုဘက်က မြန်လွန်းတော့လည်း သူလည်း လေးဖက်ထောက်လေး ငိုရုံကလွဲလို့ ဘာတတ်နိုင်မှာလဲလေ။
Btw, I am USA this year. Sorry :P

 
On June 14, 2010 at 10:46 AM , ညီညီထွေး said...

နင့်စာကိုလည်း နားမလည်ဘူး.. အောက်ကရေးထားတဲ့ကွန်မန့်အချို့ကိုလည်း နားမလည်ဘူး.. ရူးတော့မယ်... ဟူး....


ညိညီထွေး

 
On June 15, 2010 at 6:59 PM , မမပြာ said...

အဲ့ ညီညီထွေးက လဲ ဂျပန် မှာ နေပြီး ခေတ်နောက်ကျ လိုက်တာ....အံ့ ရော ..အင်းလေ အဲ့ဒါ ကြောင့်လဲ....း)

 
On June 16, 2010 at 2:04 AM , Anonymous said...

ငါလည်း နားမလည်းဘူးဟာ. ရှင်းရှင်းပြောပါသူငယ်ချင်းရယ်.

ညီညီ

 
On June 16, 2010 at 2:10 AM , Anonymous said...

ငါလည်း နားလည်းဘူး သယ်ရင်းရယ်. ရှင်းရှင်းပြောဟာ. ဂရင်းက တော့ သောက်ပြီးရင် ခေါင်းကိုက်တယ်လို့ပြောကြတယ်. လျှော့သောက်ပေါ့ဟာ.

ညီညီ(အနာဂါတ်သံစဉ်)

 
On June 16, 2010 at 7:19 AM , ဆန်းဝင်း said...

စာရေးကောင်းတယ်..
ဒါပေမယ့် ဘာကို ဆိုလိုမှန်း အတွင်းလူသာ သိနိုင်တယ်. ပေးမသိချင်ဘူးထင်ပါရဲ့.. မစပ်စုတော့ပါဘူးလေ..

 
On June 16, 2010 at 9:04 AM , noblemoe said...

ဖြစ်မှဖြစ်ရလေ သဲရေးးးးးးးးဒီလိုပါပဲ မေတ္တာဆိုတာက ဘာလုပ်လုပ်အပစ်မမြင်ဖူး ခွင့်လွတ်ပေးတတ်တယ် ဆိုတာ သဲတွက်မှန်နေပြီပေါ့  ဘာဖြစ်ဖြစ်ပါလေ....ရှေ့လျှောက် စိတ်ပူစရာကင်းကင်းနဲ့ ပျော်ရွှင်တဲ့ဘဝခရီးကို လျှောက်နိုင်ပါစေရန် တောင်းဆုပြုပါတယ်။ ညီမရေးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

 
On June 18, 2010 at 4:34 AM , ကိုအောင် said...

တကယ့်အဖြစ်အပျက်လား ...း)

 
On August 12, 2010 at 5:26 AM , ကိုဇော် said...

ကိုဇော် >>> အော်...ဒီလိုလား.. .ဒါကြောင့်ကိုး . .ထင်တော့ ထင်နေသား. . .ဒီလိုပဲ ဖြစ်မှာပါလို့. . .ဒါကြောင့်ကိုလို့ ထင်ကို ထင်နေတာ. .ဖြစ်ကို ဖြစ်လာရမှာပဲလေ. . ဒါပဲပေါ့..နောက်ဆုံးတော့. .

မြောင်းနင်းထွက် >>> နေဦး ကိုဇော် သိလို့လား။

ကိုဇော် >>> သိဘူးလေ ခေတ်မမှီမှာ စိုးလို့ ဝင်ဖောတာ :P