Author: ဆောင်းနှင်းရွက်
•5/06/2010 06:00:00 AM
မနက် .....
အိပ်ကောင်းနေရင်းနဲ့ ၀င်လာတဲ့ ဖုန်းအလန်း ကြောင့် ထရတော့မယ် ...အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းထဲဝင် ၊ ရေချိုး ဖီးလိမ်း ပြင်ဆင် ၊ ကော်ဖီ တစ်ခွက် သောက် ၊ စာရွက်စာတမ်း ၊ ဘွတ်ခ် ၊ ကျောင်းသားကဒ် ၊ ပစ္စည်းစစ်ထည့် ၊ အိမ်တစ်ခါး သော့ပိတ်လို့ ခြေတစ်လှမ်း ကုဋေတစ်သန်းမဟုတ်တဲ့ လမ်းလျှောက်နှုန်းနဲ့ ကျောင်းသို့ သွားပေတော့ ..

!@#$%^&*()_+

နေ့လည် .....
နေ့လည် ထမင်းစားချိန်  ချိုပေါ့ရွတ် နေတဲ့ ပေါက်ဖော်ကြီးလက်ရာ စားမလား .. အီစိမ့်စပ် နေတဲ့ မလေးဆိုင်က ဟာ စားမလား .. ဒါမှ မဟုတ် မက်ဒေါနားရဲ့ အကို မက်ဒေါနယ် ဆီကို ဦးတည်မလား .. ဆောက်ကန်တင်း ၊ နှောက်ကန်တင်း ၊ အီ့စ်ကန်တင်း ၊ ၀က်စ်ကန်တင်း အကုန်လုံး ချက်တဲ့သူနဲ့ ဆိုင်နာမည်သာကွဲလွဲမယ် .. ထပ်တလဲလဲ နဲ့ တူညီနေတဲ့ အရသာတွေ .. ရှောင်လွှဲ၍လည်း မရ၊ စားရပေအုံးမည် ..

!@#$%^&*()_+

ညနေ .....

ညနေကျောင်းဆင်း အိမ်သို့ တစ်လှမ်းချင်း ဖြေးညင်းစွာနဲ့ အသာအယာ လျှောက်လို့ပြန် .။ အိမ်တံခါးလေး သော့ဖွင့်လို့ အိမ်ထဲဝင် ၊ အခန်းတံခါးဖွင့် ၊ လွယ်အိတ်ချ ၊ မျက်နှာသစ်လို့ ညနေ ထမင်းစားရန် ချက်ပြုတ်ပြင်ဆင် ...။ ရေမိုးချိုးပြီးလို့ ကိုယ်ချက်ထားတဲ့ လက်ရာ နဲ့ ထမင်းစားရတာမှ အရသာရှိသေးတယ်.. ။

!@#$%^&*()_+

စာလေး၊ ဘာလေး နဲနဲပါးပါး ကြည့် ၊ အများကြီး ကြည့်မိရင် ကရက်ဒဒ် ထွက်မှာ ဆိုးလို့ နဲနဲပါးပါး ပုံမှန်လောက်နဲ့ စာကြွေးမရှိဘူးဆို တော်ပြီ ... လူကစာကိုနိုင်ပြီး ၊ စာကလူကိုမနိုင်ဖို့ပဲ အရေးကြီးတာ .. သွေ့ပုသွေ့ .. B-)

!@#$%^&*()_+

နောက်နေ့ တစ်ဖန် ရောက်လို့ လာပြန်ပြီ ... မန်းဒေး တူ ဖရိုက်ဒေး တော့ အဲ့လိုနဲ့ပဲ ချာချာလည်..

စနေ၊ တနင်္ဂနွေ ပတ်တိုင်း နဲ့ အချိန်ပြည့် ..... :(
အံမယ် .. ကိုဖီအာနန် ၊ လီကွန်ယု ၊ ဗခမကြီး သရ တို့ထက်တောင် အလုပ်များနေလို့ သူတို့တောင် ဘေးနားက ထိုင်ငိုနေလေရက် ...


ဒီလိုနဲ့ပဲ နောင် ၃ နှစ် ဆိုတာ ကို လည်ပတ်သွားရမှာ မလွှဲဧကန် ... ကျောင်း ၃ နှစ် ပြီးရင် ဘာလုပ်မလဲ.. ရေစက်ချ .. အလှူလုပ်မှာပေါ့ ...(အဲ့လိုမဟုတ်ပါဘူး) ..ဒါဆို ယူနီ ဆက်တတ်ပေါ့ .. တတ်စရာလားး.. စိတ်ကူးထဲ ကို မရှိဘူး .. ထပ်ဆင့်အကယ်ဒမီ ရွှေစင်ဘွန်းတွေ ရပြီး ဒီနိုင်ငံမှာ တစ်သက်လုံးနေသွားရမှာ စိုးရိမ်လို့ပါ .. ခုတောင် မျက်စိထဲမှာ မြင်နေမိတဲ့ ဘွန်းစာချုပ်ကြီး .. အားလားလား ၃ နှစ် အလုပ် လုပ်ရပေအုံးမည် ။ ((အလုပ်လုပ်နေရင်း အလကား ဖရီးတတ်ခွင့်ရခဲ့ရင်တော့ စဉ်းစားမယ်လို့.. စလုံး စတိုင်လ်)) ..  ပြီးရင်တော့ မိသားစု ရှိတဲ့ နေရာလေးကိုပဲ အပြီးပြန်ပါတော့မယ် .. ကြိုက်တဲ့ အချိန်မရွေး ပြန်လာလို့ ရတယ်လို့ ပြောနေပေမယ့် ခုချိန် မှာ ဘာလို့ မပြန်ချင်သေးတာလဲ ဆိုတာတော့ ကိုယ့်ဘာသာလည်း သေချာမသိသလိုပဲ ..

ဒါဆို နောင် ၆ နှစ် အတွင်း ဒီကျွန်းနိုင်ငံမှာပဲ ရှိနေရအုံးမယ် ပေါ့ ..နောင် ၅ နှစ် ၊ ၆နှစ် အတွင်း ဆောင်းနှင်းကိုယ်တိုင် ဘာတွေပြောင်းလဲ သွားနိုင်လည်း ခုချိန်မှာ စဉ်းစားကြည့်ရင် အရွယ်ရောက်လာတဲ့ သူတိုင်းအတွက် အိမ်ထောင်မှု့ ဘုရားတည် ဆိုတာ ရှောင်လွဲလို့မှ မရတာ .. ကိုယ် အသက်ကြီးတဲ့ အချိန်ထိ ဖေဖေနဲ့ မေမေ ဘေးနားမှ နေသွားနိုင်ရင်တော့ အပျိုကြီးပဲ လုပ်မှာပေါ့ ..:P  ခုတောင် မိသားစု မရှိပဲ ၁ ယောက်တည်း နေ နေ၇တာ အထီးကျန် ၊ အမကျန်လို့ ... အင်းး.. အဲ့လိုတွေ ညည်းလွန်းလို့ ဖေဖေနဲ့ မေမေကလည်း စိတ်မချ ဖြစ်နေတာ နေမှာပါ .. ဒါပေမယ့်လည်း ကိုယ်ချစ် ၊ သူချစ် ပဲလိုချင်တာပေါ့ .. မတိုက်ဆိုင်တော့လည်း အိမ်က စီမံရာပေါ့ .. သမီးလိမ္မာလေးပဲ လုပ်တော့မယ် .... !

စီးပွားရေး စဉ်းစားကြည့်ပြန်တော့လည်း ယာယီ စဉ်းစားထားတာတွေ ရှိနေပေမယ့် နောင် နှစ် အများကြီးလိုသေးတော့ ........
ဘယ်လို ပြောမလဲပေါ့နော် ..(( လက်နဲ့စာရိုက်ပြီးပဲ ပြောရမှာပေါ့ ..)) စီးပွားရေးဆိုတာ က စဉ်းစားထားပေမယ့် အချိန်အခါ နဲ့ အခြေအနေ ပေါ်မှာ မူတည်သေးတယ် လေ ...

ဘာပဲဖြစ်ဖြစ် အသက်လည်း မငယ်တဲ့ အရွယ် ရောက်နေတဲ့ အတွက်  ကိုယ့်ရဲ့ life plan တစ်ခုတော့ ရှိသင့်တယ် ထင်တယ် .. ကိုယ်ဘာဖြစ်ချင်တာလဲ ... ကိုယ့်ကို ဘာဖြစ်စေချင်ကြတာလဲ ပေါ့ ..

စိတ်ရှိသမျှသာလုပ်ရရင်တော့ ......... လုပ်ချင်တာတွေ တော်တော်များနေတယ်လို့ ...
ဂယ် ...
ဂယ် ...
ဂယ် ပြောတာ ....





PS ... !.. မ၀ါ တဂ်ထားတာလည်း ၄ ၊ ၅ လ လောက် ရှိပြီထင်ပါတယ်.. ခုမှ ဖီးလ်လာလို့ပါ*...! 
တဂ်ထားတာနဲ့ ရေးထားတာနဲ့ ကိုက်ညီရဲ့လားတောင် သိတော့ဘူး ..
This entry was posted on 5/06/2010 06:00:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

12 comments:

On May 5, 2010 at 6:34 PM , ညီညီထွေး said...

:P,,,,

 
On May 5, 2010 at 6:36 PM , ညီညီထွေး said...

:P

 
On May 5, 2010 at 7:58 PM , ညီညီထွေး said...

နင့်ကို ကွန်မန့်ပေးရတာလည်း ခက်လိုက်တာ...ချက်ချင်းကို မပေါ်ဘူး................... စိတ်မပူပါနဲ့ ဒီကြားထဲမှာ အပြောင်းအလဲရှိမှာပါ... (ဥပမာ..... ဟီးဟီးx)

 
On May 6, 2010 at 3:30 AM , ဆောင်းနှင်းရွက် said...

အေးး ..
draft မှာ မရေးဖူးလို့ ရေးကြည့်လိုက်တာ ..
အဲ့ဒါကြောင့်လား မသိဘူးး..
ငါလည်း ရေးတုန်းက အဆင်မပြေတာတွေရှိတယ် ..
ပြီးတော့ ငါရိုက်သွင်းထားတဲ့ date အတိုင်းလဲ
မပေါ်ဘူးး.. :(
blogger.com မှာပဲ ရေးတော့မယ် .. !

 
On May 6, 2010 at 8:54 AM , လင်းခေတ်ဒီနို said...

ဘယ်လို အကျန်ပေးရမလဲပေါ့နော် ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပီးပေးရမယ်ပေါ့နော် ..း))) ဟီးဟီး

ဘယ်လိုလဲ အတွေးတွေ တကယ်စုံနေပါလားဟ

လုပ်ဟ အပျိုကြီး မဖြစ်ခင် လုပ်ထားနော် မိသဲ . . .

နောက်မို့ဆို ကျောက်ပြင်ကြီးနဲ့ နှစ်ပါးသွားနေရမယ် ။ ။

သိလား အဲဒီစကားပုံ မသိရင်ပြောပြမယ်

ဟိုတုန်းကဆို အပျိုလေးတွေက ငယ်သေးတော့ ဆရာဝန်မှယူမယ် အင်ဂျင်နီယာမှ ယူမယ်ဆိုပီး ရွေးကြတယ်ပေါ့ ရွေးရင်း ရွေးရင်း အရွေးလွန်နေပီး

အပျိုလတ်တွေ ဖြစ်လာရော ဒါနဲ့ တစ်မျိုးဖြစ်လာပြန်ရော . . . တကယ်ချစ်မှ သူချစ် ကိုယ်ချစ်မှ စီးပါးရေးကောင်းရဲ့လား ရုပ်ချေရဲ့လား ဆိုပီး ရွေးပြန်ကြရော ဒီလိုနဲ့ ရွေးရင်း ရွေးရင်း အရွေးလွန်ပြန်ရော

ဒီလိုနဲ့ အပျိုကြီး အရွယ်ရောက်သွားတော့တာပဲ

အယ် အဲဒီအချိန်ကျ ဘာဖြစ်လာလဲဆိုတော့

အသက်လဲ နည်းနည်းကြီးလာတော့ နည်းနည်း စိတ်လျှော့လာပီး ဒီတော့ ကျောက်ပြင်မှာ သနပ်ခါးသွေးရင်းတောင် သနပ်ခါးတုံး ရှေ့တခါတိုးသွေးရင် တခါ ရတာပဲယူမယ် နောက်တခါ သွေးရင် ရတာပဲယူမယ်ဆိုပီး ဖြစ်လာလေရောတဲ့း))
ဟားဟား

သိပ်မရွေးနဲ့ သယ်ချင်း ကြည့်ကျက်လုပ် ကျောက်ပြင်နဲ့ တိုးနေမယ် ဟားဟားဟား

 
On May 6, 2010 at 8:58 AM , စန္ဒကူး said...

ဆောင်းပြောမှဘဲ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိတယ်.
အခုတစ်လေစဉ်းစားနေတာ ဘ၀ကြီးက အရမ်းပျင်းပီး ငြီးငွေ့ဖို့ကောင်းတယ်..
အခြေနေအသစ်ကြောင့်စိတ်လှုတ်ရှားပျော်လဲခဏပေါ့ ကြာတော့ပြန်ငြီးငွေ့သွားပြန်ရော..
တစ်နှစ်တစ်နှစ် အသက်ကြီးလာလေလေ တွေးတာများလေလေ.. အမြင်တွေပြောင်းလာလေ လေ.. ခေါင်းထဲမှာရှုတ်နေတော့တာဘဲ။

 
On May 6, 2010 at 10:54 AM , မေဇင် said...

နင်ကမှ....လန်ပလိုက် ... လိုက်ပလန် ရှိသေး...

ငါ ဆို... ရုံး နဲ့ အိမ် .. အိမ် နဲ့ ရုံး ... ဘာပလန် မှ မရှိဘူး ... ပြန်ပြေးချင်နေတာကြာပေါ့..ဟိဟိ။

 
On May 6, 2010 at 11:34 PM , ညလင်းအိမ် said...

အဓိက ကတော့ တစ်ယောက်တည်း နေရတာကို ငြီးငွေ့နေတာ .. ဟုတ်တယ်ဟုတ် .. :P

 
On May 8, 2010 at 2:13 AM , ညီညီ said...

တစ်ကယ်ပေါ့.။ မယုံ. မယုံ. မယုံ.။

ခင်မင်လျှက်

ညီညီ

 
On May 10, 2010 at 3:34 PM , မိုးခါး said...

သိလိုက်ပါဘီ .. :D

 
On May 17, 2010 at 1:26 PM , SHWE ZIN U said...

စားချင်ရာ စားနိုင်ပါစေ
ချစ်ချင်သူ နဲ့ ချစ်နိုင်ပါစေ

ငယ်သေးတယ် စတာ

ခင်တဲ့
ရွှေစင်

 
On May 21, 2010 at 11:06 AM , Anonymous said...

လုပ်ချင်တာတွေ များသလို၊ လုပ်နိုင်အောင်လဲ ကြိုးစားပေါ့ဗျာ၊ စိတ်ကူးတွေကို စိတ်ကူးထဲမှာပဲ မထားနဲ့ အကောင်အထည် ပေါ်အောင် လုပ်နိုင်အောင် ကြိုးစားပါ .... ခွေလိုက်စား ဖြတ်မစားနဲ့ ... ဒါပဲ