Author: ဆောင်းနှင်းရွက်
•12/24/2010 02:22:00 PM

နှစ်တစ်နှစ် ရဲ့ ကုန်ဆုံးချိန် ဒီဇင်ဘာ လ မလို့ တခြား လ တွေ ထက် ပိုပြီး ဆိုင်တွေ လည်း ပရိုမိုးရှင်း လုပ်နေကြသလို လူတွေလည်း နေရာတိုင်းတိုင်းလိုလို မှာ ကြိတ်ကြိတ်တိုး စည်းကားနေ လေရဲ့ ..

မနက်ဖြန်ဆိုရင် ခရစ်စမတ်နေ့ ...
နောက် ၆ ရက် ဆိုရင် တစ်နှစ် ကုန်လို့ တစ်နှစ် သစ်ပြန်ပေလိမ့်အုံးမည် ..

မြို့ထဲမှာလည်း လူတွေ အပြည့်ဖြစ်နေလိမ့်မယ် ဆိုတာ သွားကြည့်စရာ မလိုပေ ... ဒါမှ မဟုတ် ကမ်းခြေတွေ သွားမလား .. ဘာဘီကျူ လုပ်စားနေကြတဲ့ သူငယ်ချင်း အဖွဲ့ ၊ မိသားစု တွေ ....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx


တစ်နှစ် ဆိုတာ တကယ်တော့ ခဏလေးပါတဲ့ ... ရှေ့ကို ကြည့်ရင် ရက်တွေ က အရမ်းများနေသလို ၊ ကုန်ဆုံးသွားတဲ့ နေ့ရက်တွေကို ပြန်ကြည့်တော့ အရာအားလုံးက မနေ့ တစ်နေ့ အဖြစ်အပျက်တွေ လိုလို ...
တစ်ချို့ အရာတွေ ပြောင်းလဲသွားပေမယ့် ၊ တစ်ချို့ အရာတွေ မပြောင်းလဲသေးဘူး ...

နေ့ရက်တွေ ၊ အချိန်တွေ ပြောင်းလဲနေသွားသလို နေထိုင်စားသောက်ပုံ ၊ အကျင့်တွေရော ပြောင်းလဲသွားပြီလား ... ဘာရယ်မဟုတ် ... တစ်နေ့ တစ်နေ့ ငါ ဘာတွေလုပ်ခဲ့လဲဆိုတာ ညအိပ်ယာ ပေါ် ရောက်ချိန် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ် ...

တစ်နှစ်ကို အနည်းဆုံး ၃ ခါလောက် တတ်ကြွတဲ့ စိတ်ဓာတ်တွေနဲ့ နှစ်သစ်တွေ ကြိုဆိုဖူးတယ် ဆိုရမလားပဲ ... မြန်မာနှစ်ကူး ၊ အခုလို ဒီဇင်ဘာလ နှစ်ကူး ၊ ကိုယ့်မွေးနေ့မှ နှစ်ကူး ... နှစ်ကူးတာတွေ က တော်တော်များတယ် .. :D

ခုလည်း နှစ် တစ်နှစ်ကို ကူးတော့မှာ ဖြစ်သလို ၊ ဒီကို ရောက်တာလည်း ၃ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့ ငါ ဘာတွေ များ လိုအပ်ပြီး ၊ ဘာတွေ များ ပြောင်းလဲလို့ ဘာတွေ များ လုပ်ခဲ့လဲ ပေါ့ ...

အင်းးး ဆောင်းတွင်းရောက်တိုင်း လေးလေးကို သတိရတယ် ..
လေးလေး ဆုံးပြီးနောက်ပိုင်းကတည်း နဲနဲ ပြောင်းလဲသွားတယ် ဆိုရမလား ...
ွှအဲ့တုန်းကတော့ အသက် ၂၀ ပတ်ဝန်းကျင်ဆိုတော့ လောက အကြောင်း အစုံ မသိသေးဘူးပေါ့ ...

သေချာတာကတော့ လိုအပ်ချက်တွေကတော့ ကိုယ့်ကိုယ်ကို များနေပေမယ့် သည်းခံနိုင်တဲ့ ခန္တီ ပါရမီ တော့ ရှိလာတယ် ထင်တာပဲ .. :D
အရင်ရန်ကုန်မှာတုန်းကတော့ စိတ်ထဲရှိရင် ရှိသလိုပဲ ...
အဲ့ဒါတွေကြောင့်လည်း အိမ်ကလူတွေက ဒီကို လွတ်ရမှာ စိတ်မချတာတွေ .. ဟိုမှာ တစ်ယောက်တည်း နေရင် ဘယ်လိုလုပ်မလဲတဲ့ ... ပြောလိုက်ပါတယ် .. စိတ်မပူပါနဲ့လို့ ... :D

စားသောက်ပုံလား .. အရင်အတိုင်းပဲ ... ဒါပေမယ့် ဘာလို့မှန်းမသိ ခုရက်ပိုင်း ကြက်သားကို တတ်နိုင်သမျှ ရှောင်နေတာ ၁ လ လောက်ရှိတော့မယ် ... စားချင်စိတ်မရှိတော့လို့ပါ ....
အစားနဲ့ ပတ်သက်ရင် အဒေါ်ရှိတုန်းက ပြောတာတွေကို သတိရမိတယ် ... အစားဆိုလည်း ဂျီးများလွန်းလို့ ၊ အသီးဆို ဟိုလို လှီးမှ စားတယ် .. ဒီလို လှီးရင်မစားဘူး ... အဲ့ဒါတွေကြောင့် အဒေါ်ရှိတုန်း အဒေါ်က ပြောပါတယ် ... နင်က ရူးနေတာတဲ့ ...
သူပြောလွန်းလို့ တစ်ခါတစ်လေ ကိုယ့်ဘာသာတောင် ပြန်စဉ်းစားမိတယ် ... ငါ စိတ္တဇ ရောဂါများ ရှိနေလားလို့ .. :D
သူပြောရင်လည်း ပြောချင်စရာ .... ဥပမာ ... နံနံပင် မစားတာမျိုး ... နာမည် က ကိုက နံနံပင်တဲ့ .. နံမှာပေါ့လို့ ... မစားချင်ပါဘူး ....အဲ့လိုမျိုး ... နာမည်ကြားရုံနဲ့တင် စားချင်စိတ်ကို မရှိတာ .... နောက် ရုံပတေသီး .. အလွန်မုန်းတယ် ... အသီးရဲ့ အပေါ်က အမွှေးသေးသေးလေးတွေကို ကြည့်ပြီး အူယားလွန်း လို့ .... အဲ့လိုပဲ .. ရူးတယ်ပဲ ပြောပြော ... ဇီဇာကြောင်တာပဲ ပြောပြော ၊ အူကြောင်ကြောင် နိုင်တာပဲ ပြောပြော ထူးထူးဆန်းဆန်း ဆို မစားတာတွေ က တော်တော်များတယ် ....

ဝတ်စားပုံ ... အရင်လိုပဲ ... ဘောင်းဘီတို ၊ ရှည်နဲ့ လုံခြုံမယ့် အရာမျိုးကိုပဲ ၀တ်ဆဲပဲ ... ခုတလော ဒေါက်မြင့် ဖိနပ် လေးကို ကြိုက်လာသလိုလိုပဲ ... လူကို လည်း အရပ်ရှည်စေတယ်လို့ မြင်မိတယ် .. :D ဟဲဟဲ ကြိုက်တာမှ ၂ လက်မ ဒေါက် ဟုတ်ဘူးနော် ... ၄ လက်မ ဒေါက် .. :D

သွားလာခြင်း ... မရောက်ဖူးသေးတဲ့ နေရာ ကလွဲလို့ ဘယ်မှကို သွားချင်စိတ် ထွေထွေထူးထူး လျှောက်လည် ချင်စိတ်မရှိပေ ... ဒါပေမယ့် တစ်ခါတစ်လေ စိတ်ပါရင် တောင်ဆို မြောက်ရောက်ချင် ရောက်သွားနေတတ်တယ် .. ခုလည်း တောင်သွားရမလား ၊ မြောက်သွားရမလား ... အိမ်မှာပဲ နေပြီး စာပဲ လုပ် နေရမလား .. စဉ်းစားရင်းနဲ့ ပို့စ် ရေးနေတာပါ ... :D

စိတ်ပိုင်းဆိုင်ရာ ... လောလောဆယ်တော့ ဒီဇင်ဘာကျောင်းပိတ်ထားလို့ နဲနဲပျော်နေသလိုလို ... ဒါပေမယ့် ကျောင်းဖွင့်ရင် အပ်ဖို့ ပရောဂျက် ၅ ခုနဲ့ အဆိုင်းမတ် ၂ ခု လား သိဘူးး .. လုပ်ဖို့ရှိတာ တွေ တွေး ပြီး စိတ်ပိန်နေတယ် ... သို့သော်ငြားလည်း အမြင်ကတ်လွန်းလို့ ခဏ ပစ်ထားတယ် .. :D
ဒီလိုပါပဲ ... ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိ ပြော ၊ မေးစရာရှိ မေး ၊ ပျော်ပျော် ပဲ .. ဒါပေမယ့် မသိမသာနဲ့ ပြောင်းလဲနေတယ် ... လူတွေ ကြောင့် ပြောင်းလဲသွားသလို ၊ ကိုယ့်ဘာသာ လိုအပ်တယ် ထင်တာတွေ ကို ပြုပြင်နေတယ် ....း)) ခုတလော စကားလုံး လေလုံးထွားတာတွေ နဲ့ တိုးနေလို့ သြော် .. လောကကြီးး .. လောကကြီးး လို့ လည်း အတွေးဝင်မိနေတယ် ..


စားချိန် ၊ သောက်ချိန် ၊ အိပ်ချိန် အချိန်တွေ မမှန်သလို အချိန်တွေက တစ်ခါ တစ်လေ အရမ်း ကုန်လွယ် မြန်နေတယ် ... တစ်ခါတစ်လေ ဆိုတာထက် ၁ ပတ် မှာ ၆ ရက် က တော်တော်ကို အချိန်ကုန် မြန်နေတယ်လို့ ခံစားနေမိတယ် ... အိပ်ချိန် ၆ နာရီ - ၇ နာရီ ပဲ ထားတာတောင် ၂၄ နာရီ ဆိုတာ က ဘယ်လို ကုန်သွားမှန်း မသိပေ ... ဒီလိုနဲ့ ... ပြုပြင်စရာတွေ ပြုပြင် လိုအပ်ချက်တွေ ကြိုးစားသင်ယူ ရင်းနဲ့ ပဲ နှစ် တစ်နှစ် သို့ စိတ်သစ်လူသစ် နဲ့ ရောက်လာပေလိမ့်ဦးမည် ... ;))))



နှစ်သစ်မှာ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ နိုင်ကြပါစေ ... :))

http://www.dancingsantacard.com/en/?santa=600266

မယ်ရီး ခရစ်စမတ် & ဟက်ပီးနယူး ရီးယား ပါ




PS ... !...* အိမ်မှာနေရင်း နှစ်လည်း ကုန်တော့မှာဆိုတော့ တွေးမိတွေးရာ ရေးလိုက်မိခြင်းပါ *...!

This entry was posted on 12/24/2010 02:22:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On December 24, 2010 at 2:43 PM , နေ၀သန် said...

မယ်ရီခရိစမတ်နဲ့ ဟက်ပီးနယူးရီးယားပါ...း))... နံနံပင်ဆို အသေကြိုက်.... ရုံးပတီသီးဆိုရင်လည်း ရေလည်ကြိုက်တယ်... :P... အစားချေးမများစမ်းပါနဲ့.. စားစရာရှိတာစား... :D.. အသက်လည်းကြီးလာပြီ..လောကမှာနေတုန်း စားဖူးတယ်ရှိအောင် အကုန်စားသွားချေ... :P

 
On December 25, 2010 at 2:54 AM , ကိုဇော် said...

သာမာန် လ တစ်လ လို့ပဲ ဒီဇင်ဘာကို မှတ်ယူထားမိပါတယ်။ တခြားတော့လည်း ဘာမှ မသိပါဘူး။ ထူးထူးထွေထွေ ဆိုလို့ တစ်ခုသာ ဖြစ်မိတာ။

Merry Christmas And Happy New Year ပါ။

 
On December 27, 2010 at 2:40 AM , လင်းခေတ်ဒီနို said...

ဒီဇင်ဘာတဲ့ အလွမ်း မျက်ရည် အေးချမ်းမှု သန့်စင်မှု တို့ ပေါင်းစုထားတဲ့ လ လေးပါပဲး)

 
On December 31, 2010 at 5:41 AM , Z said...

အမပြောသလိုပဲ နှစ်တနှစ် တနှစ်က မလာခင်ကတော့ တစ်နှစ်ကြီးများတောင် ကြာဦးမှာပါလားဆိုပြီး စိတ်မောရသလို ကုန်သွားပြန်တော့လည်း မြန်လိုက်တာပါလားလို့  အံ့သြရတယ်။
ဘာပဲဖြစ်ဖြစ် နှစ်တွေပြောင်းသလို ဘ၀မှာ အပြောင်းအလဲလေးတွေတော့ အနည်းအများရှိလာတတ်စမြဲပဲဆိုတော့ အမလည်း နှစ်သစ်မှာ ပြောင်းလဲမှုတွေနဲ့ ကြုံရင်တောင် ကိုယ်တိုင်ဖြစ်ချင်သော (သို့) ကောင်းသောပြောင်းလဲမှုတွေဖြစ်ပါစေ။ :)