Author: ဆောင်းနှင်းရွက်
•12/02/2010 10:57:00 PM

အရင်ဆို ၆ နာရီ ၄၅ အလန်းမြည်ရင်တောင် ၅ မိနစ်လောက် ထပ်ပြီး အိပ်လိုက်ရမှ ကျေနပ်တဲ့ ကျွန်တော် .. ဒီနေ့ အလန်းမမြည်ခင်ပင် နှိုးနေခဲ့သည် .. ဘေးနားက နာရီ နှိုးစက်ကို ကြည့်လိုက်တော့ ၆ နာရီ ၅ မိနစ် ...

ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ရေချိုးခန်းဆီ ဦးတည်သွားရင်း ကြားခဲ့ရတဲ့ စကားတွေဆီ အတွေးစတွေ ပျံ့နှံ့ သွားသည် ။ ရေချိုးခန်းထဲက မှန်မှာ ကိုယ့်မျက်မှန်ကို ကြည့်လိုက်တော့ မျက်လုံးတွေ အရမ်းရဲနေသည် ။

ရေချိုး ၊ မျက်နှာသစ်ရင်း ကျွန်တော် ထပ်ပြီး ငိုမိသွားသည် ။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးလိုက်တဲ့ မေးခွန်းက ဘာကြောင့်လဲ ။ ဘာအတွက်လဲတဲ့ ။ ကျွန်တော် ဖြေလိုက်တဲ့ အဖြေက မသိဘူးတဲ့ ..

ဘုရားသောက်တော်ရေ လဲရင်း တောင်းမိလိုက်တဲ့ဆုတောင်း "နောင်ဘ၀သာ ရှိခဲ့ရင် ဒီလို ခံစားမှု့မျိုး မခံစားရပါစေနဲ့ .. ၀ဋ်ကြွေးတစ်ခုဆိုလည်း ဒီဘ၀နဲ့တင် ကျေရပါလို၏ " ...

အမြဲတမ်း ဖယ်ရီ မှီဖို့ အပြေးအလွှား သွားခဲ့ပေမယ့် ဒီနေ့တော့ ဖြေးဖြေးဆေးဆေး သီချင်းလေး နားထောင်ရင်းနဲ့ပဲ အိမ်က ထွက်လာလိုက်သည် ။ အိမ်ပြင်က မနက်ခင်းတစ်ချို့ကို သက်ရှိုက်မိလိုက်တော့ ခေါင်းထဲ နောက်တာတွေ နဲနဲ သက်သာသွားသလိုလို ...

လမ်းဖြတ်ကူးဖို့ မီးစိမ်းစောင့်ရင်း ကိုယ့်ရှေ့နားကို လာရပ်တဲ့ အဖြူရောင် အင်္ကျီနဲ့ ကောင်မလေးကိုကြည့်ရင်း ကျွန်တော်နဲ့ သူမ စတွေ့တဲ့ နေ့က သူမ ၀တ်လာတဲ့ အဖြူရောင် အကျီနဲ့ ဂျင်းပန် ၀တ်ထားတဲ့ သူမရဲ့ ပုံရိပ်တွေ ကြောင့် ရုတ်တရက် ကျွန်တော့် မျက်လုံးတွေေ၀၀ါးသွားပြန်တယ် ..

ဖယ်ရီ စောင့်တဲ့နေရာ မှာ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ တီးတိုး ပြောနေကြတယ်ဆိုတာ ကျွန်တော် မလှမ်းမကမ်း ကတည်းကပင် မြင်နေတယ် .. ကျွန်တော့်ရဲ့ အီးယားပိစ့် တစ်ဘက်ကို ဖြုတ်ရင်း ဂွတ်မောနင်း ဆိုတာက လွှဲလို့ ကျွန်တော် ဘာမှ ဆက်ပြောချင်စိတ်မရှိပါ .. ဒါကြောင့်လည်း ကျွန်တော် ကိုင်ထားတဲ့ အိုင်ပေါ့ နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်ရင်း ဖယ်ရီ အလာ တစ်ယောက်တည်း ငူငိုင်စွာ မတ်တပ်ရပ် စောင့်နေလိုက်မိတယ် . ။

ဖယ်ရီ စီးရင်း နားထောင်နေတဲ့ သီချင်းနဲ့ စိတ်ကူးတွေ လွင့်ပါးလို့ပေါ့ .. တစ်ချို့ သီချင်းတွေက ခံစားချက်တွေ မဲ့နေပေမယ့် တစ်ချို့ သီချင်းတွေ က ကျွန်တော့် မျက်လုံးတွေကို ရီဝေ သွားစေပြန်ပြီ .. ရုတ်တရက် ခံစားချက်တွေ အပြင်မထွက်သွားအောင် ကျွန်တော် မျက်လုံးအစုံကို အဆုံးစွန် မှိတ်ပစ်လိုက်မိတယ် ..

ယိုင်နဲ့နဲ့ ခြေလှမ်း ၊ေ၀၀ါးနေတဲ့ မျက်လုံးတွေကို လူမသိအောင် အလုပ်ထဲမှာ ဖုံးဖိရင်း တစ်ခုခုကို ကျွန်တော် စောင့်နေမိသလိုလို ..

သို့သော် .. ... သို့သော် .. အချိန်တွေ သာ ကုန်သွားသည် ...း((

အားလုံး တတ်ကြွနေကြတဲ့ ညနေ ၆ နာရီ ... ရောက်လာပေမယ့် ကျွန်တော့် အတွက်ကတော့ အရာအားလုံးက အဓိပယ် မဲ့နေဆဲ.. ။

ရင်ထဲက အပူတွေ သက်သာလို့ ၊ သက်သာငြား ရေအေး တစ်ခွက်သောက်ရင်း ရေချိုးခန်း ၀င်လိုက်သည် .. ။

ရေချိုးခန်းက ထွက်လာတော့ "ထမင်းပေါင်း ပူပူလေး လာစားအုံးနော်" တဲ့ ..
ကျွန်တော် ထမင်းပေါင်း အရမ်း ကြိုက်ပေမယ့် .. "ဒီနေ့ အပြင်မှာ စားလာလို့ မစားတော့ဘူး " အမလို့ပဲ ပြောပြီး ထွက်လာတော့ အားလုံးက ဒါကြောင့် ဒီနေ့ မိုးတွေ တစ်နေကုန် ရွာနေတာလို့ ပြောသံ သဲ့သဲ့ ကို တော့ ကျွန်တော်ကြားလိုက်တယ် ..

ခံစားချက် တစ်ချို့ ပြေပျောက်သွားစေဖို့ သီချင်းသံ တစ်ချို့ကို အခန်းထဲ လွင့်ရင်း အခန်းအပြင်က လမင်းကို ကြည့်တော့ မိုးကောင်းကင် အနီရောင်မှာ သာနေတဲ့ လမင်းတစ်ခြမ်းက " တစ်နေ့ ဒီလိုပဲ ဖြစ်လာမယ် ဆိုတာ ငါ ကြိုပြောထားတယ်လို့ " လှောင်ပြီး ပြောနေသလိုလို ... ခန်းစီး လိုက်ကာ ပိတ်ပြီး သိမ်းထားခဲ့တဲ့ သူမ နဲ့ ကျွန်တော် ကြိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ၊ သူမ တစ်ယောက်တည်း ဓာတ်ပုံ folder file တွေ ကို ပြန်ကြည့်နေမိလိုက်တယ် ..

တစ်ချို့ ဓာတ်ပုံတွေကလည်း ကျွန်တော့်ကို လှောင်ရယ် နေသလိုလို နဲ့ ပြန်ကြားနေမိတဲ့ စကားလုံးတွေနဲ့ ပုံရိပ်တွေ ..

လွမ်းစရာရှိရင် နာတာနဲ့ ဖြေ
နာစရာ မရှိတော့ ဘယ်လို အလွမ်းဖြေရလဲ ..
နာကျင်စရာတွေ ရှိခဲ့ရင်တောင်
ချစ်လွန်းလို့ နာမကျည်းနိုင်ခဲ့တော့ ........


မိုးသံ သဲ့သဲ့ နားထဲ ၀င်လာလို့ နာရီ ကြည့်လိုက်တော့ ၁၁ နာရီ ထိုးပြီ .. အပြင်က မိုးရည်တွေ နဲ့ အပြိုင် ရင်ထဲမှာလည်း မိုးစက်တွေ ပွင့်နေတာ ဆိုတာ နားလည်ပေးရင် ဘယ်လောက် ကောင်းမလဲ ..




တန်ဖိုးထား မြတ်နိုးလွန်းလို့
တယုတယ စိုက်ပျိုးထားတဲ့
ပန်းပျိုးပင် လေးဟာ
ဘာမဟုတ်တဲ့
လေဒဏ် ၊ မိုးဒဏ် လေးကြောင့်
ပြိုလဲ ပျက်စီးသွားပြီလား ..

ဖြစ်နိုင်ရင် မိုးစက်ပွင့်တွေရယ် .. !!!
ရင်ထဲက ခံစားချက်တွေကို
အေးချမ်းတဲ့ နံနက်ခင်း
နေ့သစ်တွေ အဖြစ်
ပြန်လည် ဖန်တီးပေးပါ ..










PS ... !...* ကိုယ်ပိုင် ကဗျာများ လုံးဝ မဟုတ်ပါ .. :D သူငယ်ချင်းတွေ ဆီက ယူသုံးထားတာပါ *...!

This entry was posted on 12/02/2010 10:57:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On December 2, 2010 at 2:09 AM , ကိုဇော် said...

ဟာ . . .အခု တလော အချစ်ခံစားချက်တွေ တယ်လည်း ပေါက်ကွဲသံစဉ် အနေနဲ့ ထွက်ကျနေကြပါလား။
( ဘာမှ မဟုတ်ဘူး ၊ အဖော်ခေါ်ဖို့ တိုင်ကယ် ညှိလိုက်တာ )

 
On December 2, 2010 at 2:32 PM , ~ဏီလင်းညို~ said...

ဝတ္တုလေးဖတ်သွားတယ်......ညီမလေး....။
များများရေးဖြစ်စေချင်တယ်......။
ဝတ္တုလေးဖတ်ရင်း.....ဒီဇာတ်လမ်းလေးထဲက ဇာတ်ဆောင်ဟာ........လမ်းခွဲခြင်းကို ခံစားနေရတာလား.....၊ လမ်းကွဲခဲ့ရတာလားဆိုတာလေးကိုလည်း......တွေးနေမိခဲ့တယ်........

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

 
On December 3, 2010 at 3:19 PM , နေ၀သန် said...

ဘာကြီးလဲ...

 
On December 3, 2010 at 11:53 PM , မြစ်ကျိုးအင်း said...

ဘာအတွက် ဝေးသွားတာလဲ??

 
On December 6, 2010 at 9:58 AM , လင်းခေတ်ဒီနို said...

ပေါက်ထွက်နေတယ် နော် ပေါက်ထွက်နေတယ် နာတွေ့နေဒယ်နော် မိသဲ ဟဲဟဲး))))

ဘန်နာက အရူးမလေး ပုံ ဘယ်ရောက်သွားတာလဲဟ
အဲဒီအရူးမလေး လှပါတယ်ဟ ပြန်တင်ထားပါဟး)))))

 
On December 14, 2010 at 2:35 AM , ကိုအောင် said...

အရင်ဘန်နာလေး လှရဲ့သားနဲ့ .... ဟင်း၊
ဝေးသွားရင်လည်း နီးအောင် ပြန်လုပ်ပေါ့ ...