Author: ဆောင်းနှင်းရွက်
•2/16/2010 07:45:00 PM
~ စဉ်းစားသော်လည်း ခုချိန်ထိ အဖြေက ဇဝေဇ၀ါ ....

~ ကိုယ်တိုင် ဆုံးဖြတ်မှ ရမယ့် ကိစ္စ မှာ မသိချင်ယောင်ဆောင် ၊ အချိန် နဲ့ အခြေ အနေက ဆုံးဖြတ် ပေးလိမ့်မယ် ဆိုပြီး မသိကျိုးကျွံ ပြုထားရင် ကျမ တစ်ကိုယ်ကောင်းဆန်ရာ ကျသွားမလားး.. တစ်ခါတစ်လေမှာ ကျမ အရမ်းကို တွေဝေတယ် .. လုပ်ချင်နေတဲ့ ဆန္ဒတွေ ရှိနေပေမယ့် ဘာကြောင့်မှန်းမသိ စိတ်ရဲ့ တွန်းအားပေးမှု့ကို ကျမ လိုက်နေခဲ့တယ် .. အခု လည်း ကျမရဲ့ ကွန်ပြူတာ ဘေးက ပြက္ခဒိန်လေးဆီသို့ အမြဲ ကြည့်ပြီး ကိုယ့်ကိုယ် ကို မေးနေမိတယ် ..

~ တခဏတာ အတွက် ကြည့်မှာလား .. တစ်ဘ၀လုံးစာ အတွက် ကြည့်မှာလားးး
ဘယ်လို ဆုံးဖြတ်မှာလဲ တဲ့ ...
ကျမ မှာ တိကျ သေချာ တဲ့ အဖြေ ခုချိန်ထိ မရှိသေးပါဘူးး ..

~ အသက် ၂၀ ကတည်းက ကျမ ကြိုးစားလာခဲ့သမျှ အရာ အားလုံးဟာ ကျမ ကိုယ့် ခြေထောက် ကိုယ်ပေါ် ရပ်တည် နေနိုင်ခဲ့တာက လွှဲလို့ ကျမ မိဘ အပေါ်မှာ ဘာမှ သေချာ ရေရာတယ် ဆိုတဲ့ လုပ်ပေးနိုင်မှု့ မရှိ၊ ဘာမှ ထိုက်တန်တဲ့ ပြန်လည် ကျေးဇူး ဆပ်မှု့ ဆိုတာ မလုပ်နိုင်ခဲ့သေးဘူး ...

~ ခုချိန်မှာ ကျမ အသက်အရွယ် နဲ့ ဆိုရင် ဦးစီးပြီး အိမ်ကို ပြန်လည် ကြည့်ရှု့သင့်နေပြီ .. ဒါပေမယ့် ကျမ မလုပ်နိုင်သေးဘူး .. ဘာလို့လဲ .. ကျမ ဆုံးဖြတ်ခဲ့တဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ ကြောင့်လား ..

~ သေချာ စဉ်းစားရင်း၊ စဉ်းစားရင်း နဲ့ပဲ ...........
အရာ အားလုံး ဘယ်သူ့ မှ ချုပ်ချယ်မှု့ မရှိတဲ့ အောက်မှာ ကျမ စိတ်နဲ့ ကိုယ် လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း နောင်တ ဆိုတာ ကျမ မှာ မရှိ ၊ ဘယ်လို အကောင်းဆုံး ဖြစ်အောင် ကြိုးစားမလဲ ဆိုတာ စဉ်းစားပေမယ့် တစ်ခါတစ်လေ မှာ ကျမရဲ့ တင်းထားတဲ့ စိတ်တွေ လျှော့ချ လိုက်တဲ့ အချိန် ကျမ ရဲ့ ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းလာတတ်တယ် .. ဒါပေမယ့် ကျမ အတွက် မည်သူမှ စိတ်ညစ်ရတာ ၊ စိတ်ပူရတာကို မလိုလားတဲ့ အတွက် အမြဲ ပြုံးနေနိုင်အောင် ကြိုးစားတယ် ..

~ တကယ်ဆို အရာအားလုံးက ကျမ ကို ပြောင်းလဲအောင် လုပ်တာလား ..

~ ကျမ ကပဲ အရာအားလုံးကို ပြောင်းလဲ သွားအောင် လုပ်တာလား .. သေချာ မသိပေမယ့် တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်(ခု)ကြောင့် တွန်းအားပေးနေတဲ့ ကျမရဲ့ စိတ်ကို အရမ်း မုန်းတယ် .. ကျမ ထို တစ်စုံတစ်ခုကို အရမ်းမုန်းတဲ့ စိတ်တွေ အတားအဆီး မရှိ ဖြစ်လာလေလေ ၊ ကျမ အတွက် ခွန်အားတွေ ဖြစ်လာလေလေ နဲ့ပဲ ချာလပတ် လည်နေပြီလား ..

~ ဥပေက္ခာ ပြုထားချင်သော်လည်း ကျမရဲ့ ခွန်အားတွေ တစ်ခါတစ်လေ မောပန်းသွားတဲ့ အချိန်မှာ ကျမ ရဲ့ ခန္ဓာထဲကို မကောင်းတဲ့ စိတ်ထားတွေ ၀င်လာပြီး ထပ်မံတွန်းအားပေးနေတယ် ..

~ အဲ့ဒီ့ မကောင်းတဲ့ စိတ်တွန်းအားတွေ နောက် ကျမ လိုက်နေရင်း ဒုတိယ အကြိမ် ဆုံးရှုံးရမှာကိုလည်း မလိုလား .. ကျမရဲ့ ခေါင်းမာ ခဲ့မှု့က ရခဲ့တဲ့ သင်ခန်းစာကြောင့် နောက်တစ်ကြိမ် ဆိုတာကို ထပ်မံ မလိုချင်ပါ ..

~ သေချာတဲ့ အဖြေကို ကိုယ်တိုင် ဆုံးဖြတ်ဖို့ ရက်တွေ နီးကပ်လာလေလေ ၊ ကျမ စိတ်တွေ ထွေလေလေပဲ .. ငါ ဘာလုပ်သင့်သလဲ .. ခုချိန်မှာ ကျမကို အရင်က တစ်ယောက်သော သူ ပြောနေတဲ့ စကားလေး တစ်ခု ကို ကြားယောင်နေမိတယ် .. " မီးငယ် နင် တော်တော် တကိုယ်ကောင်း ဆန်တယ် " တဲ့ ..

~ တကယ်တော့ ကျမ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါ .. အားလုံး အတွက် အကောင်းဆုံး လုပ်ပေးချင်တဲ့ ဆန္ဒတွေကြောင့် ရွေးချယ်ရင်း ၊ ရွေးချယ်ရင်း တစ်ကိုယ်ကောင်းဆန် သလို ဖြစ်သွားတာပါ ..

~ ခုချိန်မှာလည်း ကြိုက်တာ ရွေးချယ်ခွင့် ရှိတယ် ဆိုတဲ့ လမ်းပေါ်မှာ "ထုတ်ဖော်ပြောပြခြင်း မရှိတဲ့ ဆန္ဒတစ်စုံတစ်ရာ" ဆိုသော ဆိုင်းဘုတ်ကို ကျမ မြင်မိတိုင်း ရွေးချယ်ထားတဲ့ လမ်းအတွက် ဇဝေဇ၀ါ တွေဝေ စိတ်တွေ ဖြစ်ပေါ်လာဆဲ .............................................



PS ... !...* လမ်းတ၀က်မှာ မည်သူ့ကိုမှ ထပ်မံ မဆုံးရှုံးချင်ပါ *...!
စိတ်ထဲ ရှိသမျှ ရေးထား၍ ဘာတွေ ရေးထားမှန်းမသိ ဆိုပြီး တွေးမိပါလိမ့်မယ်



This entry was posted on 2/16/2010 07:45:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On February 16, 2010 at 8:59 PM , နေ၀သန် said...

ကိုယ့်ကိုယ်ကို နတ်ဆိုးတစ်ကောင်လို ခံယူမထားပါနဲ့... မိန်းကလေးတစ်ယောက်အနေနဲ့ မိဘကို ပြန်မလုပ်ကျွေးနိုင်သေးတောင် မိဘတွေ စိတ်မဆင်းရဲအောင် လုပ်ပေးနိုင်တာကိုပဲ ဂုဏ်ယူလိုက်ပေါ့.... ဘ၀ဆိုတာ ဖြစ်ချင်တိုင်းဖြစ်တဲ့ အရာမှ မဟုတ်တာလေ....

 
On February 16, 2010 at 9:03 PM , ညလင်းအိမ် said...

ပန်ပန်ပြောတာလက်ခံတယ်...
ညည်းက အဲလိုပြောနေတော့ ကျုပ်တို့က ဘယ်လိုလုပ်မလဲ...ဟင်....

တခါတခါ တခဏသာ တစ်ကိုယ်ကောင်းဆန်မှုက ကိုယ့်အတွက် မဟုတ်ဘူးဆိုတာ ကိုကိုယ်တိုင်က လွဲရင် ဘယ်သူသိနိုင်မှာလဲ ညီမရယ်...

ဘာမှသိပ်မတွေးနဲ့ လုပ်စရာရှိတာသာလုပ်...

 
On February 17, 2010 at 1:00 AM , မြစ်ကျိုးအင်း said...

အများကြီးတွေးတဲ့သူနဲ့ ပေါ့ပေါ့လေးဖြတ်သန်း သူတို့ဟာ တနေ့မှာ ၂၄ နာရီစီ အညီအမျှ ရကြတယ်။ နောက်ဆုံးမှာ အားလုံးထားရစ် ပြီးသေဆုံးသွားကြတယ်။

ဘာအတွက်စိတ်ပင်ပန်းခံမလဲ ။
ကိုယ်နိင်သလောက်လုပ်ရင်း လုပ်သလောက် ကျေနပ်ကြည့်ပါ။

ကိုယ့်စိတ်နဲ့ကိုယ့်ကို သဟဇာတ ဖြစ်နေဖို့ ကြုံလာတဲ့ ပြဿနာတိုင်းကို ကြည့်တတ်တဲ့ ရှုထောင့်က အရေးကြီးပါတယ် ညီမလေး။

စိတ်ဓါတ်ကျစရာအနေနဲ့ တွေးရင် စိတ်ဓါတ်ကျစရာပဲပေါ့။

အတွေးတွေများနေရင် ခြေလှမ်းတွေ နောက်ကျတတ်တာ သဘာဝပါပဲ ညီမလေးရေ။

ခင်မင်သောအားဖြင့်...
(မြစ်ကျိုးအင်း)

 
On February 17, 2010 at 10:46 AM , တောင်ပေါ်သား said...

စိတ်မညစ်ပါနဲ့ လုပ်သင့်လုပ်ထိုက်တာကို သေချာစဉ်းစားပြီး လုပ်လိုက်ပါ လုပ်လိုက်ပြီးရင်လဲ နောက်လှည့်မကြည့်နဲ့ ဆက်လုပ် ဒါမှ အောင်မြင်မှာ


လေးစားလျက်
တောင်ပေါ်သား

 
On February 17, 2010 at 12:30 PM , Anonymous said...

မိသဲ နင်လဲ ငါ့လို နတ်ဆိုးလုပ်ပီးလား မလုပ်ပါနဲ့ဟာ ခံစားရတာတွေ ခါးတယ်ဟ . . . . နင် ရွေးခဲ့တဲ့လမ်း ဆုံးအောင်သာလျှောက် ပန်းတိုင်ရောက်မှာ သေချာတယ် ဇွဲမလျော့နဲ့

 
On February 17, 2010 at 1:52 PM , ပိုးဟပ်လေး said...

ပန်ပန်ပြောတာမှန်ပါတယ်...
ဒါဟာ အခိုက်အတန့်လေးတစ်ခု ဖြစ်မှာပါ
ဘာမှလည်း သိပ်အားငယ်မနေပါနဲ့
ကျွန်တော်တို့လည်း ဒီလိုပါပဲ
်မိဘ ကိုထောက်ပံ့ ပေးနိုင်ဖို့အတွက်
ဒီဘဝ သံသရာထဲမှာ ရုန်းကန်လှုပ်ရှားနေရတာပါ
စာဆိုတောင်ရှိသေးတယ်( သိပ်တော့ဆိုင်မယ်မထင်ဘူး)
မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ် ဆိုတာလေ

 
On February 17, 2010 at 6:55 PM , လသာည said...

ရောက်ခဲ့တယ် ဆောင်းကလေးရေ

ကိုယ့်အတွက် တကိုယ်ကောင်းဆန်တတ်ဖို့လည်း တခါတလေ(တခါတလေ) လိုအပ်တယ် ထင်တာပါပဲ.. ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အတွက် ကိုယ်ကမှ မကြည့်ရင် သူများက ကိုယ့်လောက်ကြည့်ပါ့မလား၊ အစ်မပြောတာ ဟုတ်တယ်ဟုတ်:P

 
On February 19, 2010 at 6:51 AM , ~ဏီလင်းညို~ said...

ညီမလေးရေ...
မိန်းကလေးတစ်ယောက်ပေမယ့် ပြည်ပမှာနေပြီး ကြိုးစားနေသူတစ်ယောက်လေ...။
ဟုတ်တယ်ဟုတ်....?
တစ်ကိုယ်ကောင်းဆန်တယ် မဆန်ဘူးဆိုတာ သူများတွေမြင်တဲ့ အမြင်၊ အခွင့်အရေးမို့ ထင်ကြပါစေပေါ့...။ အစ်ကိုကတော့ အဲ့သလိုမြင်တယ်လေ....။
ပြီးတော့ လျှောက်နေသူအတွက် ခရီးကတော့ ပေါက်နေမှာပါပဲ...။ အချိန်အတိုင်းအတာ တစ်ခုကျရင် သိလာလိမ့်မယ်...။ အချိန်က စကားပြောလာတဲ့အခါ... ကိုယ်တိုင်သတိမထားမိတဲ့ ပြောင်းလဲခြင်းတွေကို ကိုယ်တိုင် တစ်အံ့တစ်သြ တွေ့လာရလိမ့်မယ်...။ ကောင်းတာ လုပ်နေခဲ့တဲ့ သူအတွက် ကောင်းတဲ့ ပြောင်းလဲခြင်းမျိုးတွေပေါ့ဗျာ...။
ပျော်ပါစေဗျားးးးးးး
(ဟိုတစ်ခါ... ဘလော့ဂ်ကို ကလိလိုက်သေးတာ... ညီမလေးရဲ့ လင့်ခ်လေးပျောက်သွားတယ်လေ...။ အဲ့ဒါ ကိုတူးအိမ်ကနေလာခဲ့တာ...။ အခုပြန်ယူသွားပြီ...။ မွေးနေ့ဆုတောင်းပေးတာ...ကျေးဇူးပါဟေ့....း))
ခင်မင်တဲ့
ဏီလင်းညို