Author: ဆောင်းနှင်းရွက်
•2/24/2010 08:09:00 PM
၁၀ တန်း အောင်တော့ ဘာကြောင်း တတ်မလဲ တဲ့ .. မေမေ က မေးတယ် ..

မေမေ ငယ်ငယ် ငယ်စဉ်ကတည်းက တတ်စေချင်တာ ဆရာဝန်လိုင်း ၊ ဒါကြောင့် ငယ်ငယ်က သမီးကြီးရင် ဘာလုပ်မလဲ မေးရင် ဆောင်းနှင်း လည်း ဆရာဝန် လုပ်ချင်တယ်လို့ပဲ ဖြေခဲ့တယ် .. အဲ့လို ဖြေခဲ့တယ် ဆိုတာကလည်း ဆရာဝန်လိုင်းကို တတ်ချင်တာထက် duty coat အဖြူရောင် ၀တ်ရတာ ကို တကယ် သဘော ကျတယ် .. တကယ်တော့ မတတ်ချင်ပါ ..:)
ဒါဆို ဘာတတ်ချင်လဲ မေးရင် တတ်ချင်တာ တွေ က များနေတယ် .. Civil or Archit လိုမျိုး တွေ၊ (တကယ်တော့ ဖေဖေ့ကို ကြည့်ပြီး အားကျတာ ဖြစ်မယ် ) .. ၊ ကွန်ပြူတာ နဲ့ ပတ်သက်တာတွေ ၊ နောက်ပြီး Chemist Lab Technician .. ဘာရယ် ညာရယ် မဟုတ် ၊ chemical ပစ္စည်းတွေနဲ့ အရောင်လေး တွေ ပြောင်းသွားတာ ကြည့်ပြီး စိတ်ဝင်စားတယ် ..

အဲ့တော့ ၁၀ တန်း နှစ်ကတည်းက Chem , Phy, Bio ဆိုတဲ့ အတွဲ ကို ယူခဲ့တယ် .. သူငယ်ချင်းတွေက Chem, Phy, Ec0 ယူဖို့ ပြောပေမယ့် လုံးဝ စိတ်မ၀င်စား .. ၇ နဲ့ ၉ ပေါင်းတောင် လက်ချောင်း ထောင်ပြီး တွက်ရတာ ဆိုတော့ ဘယ်လို မှ Eco နဲ့ နှစ်ပါးသွားလို့ မဖြစ် ချေ ..

၁၀ တန်းအောင်တော့ အမှတ်စာရင်း ကြည့်တော့ GTC မှာ ကိုယ်လိုချင်တဲ့ လိုင်းမရ ၊ ရတဲ့ လိုင်းကိုလည်း ကိုယ်က မလိုချင် ၊ ဒီတော့ မတတ်တော့ဘူးပေါ့ ..
အဲ့ဒါနဲ့ ရိုးရိုးလိုင်းတွေထဲက ဒဂုံ တက္ကသိုလ် ရဲ့ အမှတ်အမြင့်ဆုံး IC (Industrial Chemistry) ကို ယူခဲ့တယ် .. အဲ့လို ကိုယ့်မေဂျာကိုယ် ဂုဏ်မြင့်လိုက်တာ .. (E မေဂျာ က Eng ဘာသာ တစ်ခုတည်း အမှတ်ကြည့်ပြီး ခေါ်တာ)..

ယောင်လည် ယောင်လည် ၁၇ နှစ် မပြည့်သေးတဲ့ ဘ၀ နဲ့ ဒဂုံ တက္ကသိုလ် ကျောင်းသူ ဘ၀ ကို စတင်ခဲ့တယ် ..
အဆောင်ပေါ် ရောက်တော့ List ကြည့်တော့ ကိုယ့် မေဂျာက အယောက် ၃၀၀ တောင် မပြည့် ၊ ချောက်ကပ်ကပ်နိုင်လွန်းတယ် လို့ တွေးမိလိုက်သေးတယ် ..
ဒီလိုနဲ့ ..
ကျောင်း စ တတ်တဲ့ ၁ ပတ် မှာပဲ ဟိုလူ နဲ့ စကားပြော ၊ ဒီလူ နဲ့ စကားပြောရင်း ၁၀ ယောက် အဖွဲ့လိုမျိုး ဖြစ်သွားတယ် .. မသွားဖူးတဲ့ အဆောင်တွေ သွားကြည့် ၊ မေဂျာတွေက King & Queen ရွေးတာတွေ သွားကြည့် .. အစ ၂ ပတ် ကတော့ အကုန်လုံးက အထူးအဆန်းတွေပေါ့ ..
စကားမစပ် .. ခု ရန်ကုန်မှာ တော်တော် နာမည်ကြီးနေတဲ့ မင်းသားအသစ်တစ်ယောက်က ဆောင်းနှင်းတို့ နှစ်က IC King ရဲ့ ညီအရင်းတဲ့ .. (ကြေငြာခ ရလို့ ) ... :P

အဲ့ဒါနဲ့ ကျောင်း စ တတ်တဲ့ ၂ ပတ် လောက် ကတော့ ပင်ပန်းမှန်း သိပ် မသိ ၊ သွားလို့ ကောင်း ၊ ကြည့်လို့ ကောင်း ၊ ဟိုလူ နဲ့ ဟို အဆောင် ပါသွား ၊ ဒီလူ နဲ့ ဒီ အဆောင် ပါသွား ၊ လိုက်သွားရင်းနဲ့လည်း "ငါ ဒီလောက် တစ်ဆောင်နဲ့ တစ်ဆောင် ဝေးမယ် မှန်း သိရင် မလိုက်ပါဘူး" လို့ ပြောရင်းး ၊ လျှောက်ရင်း နဲ့ လည်း ပါသွားဖြစ်တယ် ..

နောက် ၃ ၊ ၄ ပတ် လောက် နေတော့ ဘယ်မှ မသွားချင် တော့ .. စာသင်ခန်း ကနေ အပြင်ကို မထွက်ချင် ၊ လေတိုက် ၊ အသားမဲ မှာ စိုးလို့ လေ .. ဒါတောင် အဆောင် က လေကွယ်တဲ့ဘက် မျက်နှာမူ ထားလို့နဲနဲ တော်သေးတယ် ပြောရမယ် ..
ကိုယ်ကသာ မလိုက်ချင်ဘူး ပြောနေပေမယ့် အဖွဲ့ထဲက ဆရာသမားလေးတွေက Queen တွေကို ငမ်းချင်တယ်လေ .. ဒီတော့ သူတို့က ခေါ်သော်လည်း မိန်းကလေး တွေ က တုန်တုန်မလှုပ် ၊ နောက်တော့ သူတို့လည်း လေကုန် အာပေါက်တာပဲ ရှိတယ်ဆိုပြီး သူ့တို့ဘာသာ သွားကြ ၊ ပြန်လာရင် သူတို့ ရင်ဖွင့်တာ နားထောင် ပေးရင်းနဲ့ ပထမ နှစ် ရဲ့ 1 st sem ပြီးသွားခဲ့တယ် ..



ဆက်ပါဦးမည် ...



PS ... !...*ဘာရယ် ညာရယ် မဟုတ် ၊စိတ်ကူးထဲမှာ ကျောင်းတုန်းက ပျော်ခဲ့တာတွေ သတိရလို့*...!

အကြွေးတင်နေတဲ့ ပို့စ် တစ်ပုဒ် ရေးဖို့ရှိတာ မသိချင်ယောင် ဆောင်ထားတာ တော်တော်ကို ကြာနေပါပြီ ..
ခွင့်လွတ်ပါ လို့ လို့ လို့ .. မကြာမီ .. လာမည် ..
စိတ်ဆိုးနေလား မသိ .. အိမ်လည်တောင် မလာတော့ဘူးး .. အဟိ .. :P
This entry was posted on 2/24/2010 08:09:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

5 comments:

On February 24, 2010 at 9:14 PM , တလနွန် said...

ဆက်ပါ ဆက်ပါ...

 
On February 24, 2010 at 9:23 PM , ဂျပန်ကောင်လေး said...

ဆက်ပါ ဆက်ပါ...

 
On February 25, 2010 at 10:09 AM , ~ဏီလင်းညို~ said...

ညီမလေး....
အပေါ်က နှစ်ယောက်ပြောသလိုပဲ...။
ဆက်ပါ...ဆက်ပါ...လို့ ပြောချင်တယ်...။
ကျောင်းသားဘ၀ကတော့ ပြန်တွေးကြည့်မိလိုက်တိုင်း လွမ်းစရာပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒိုင်ယာရီ စာအုပ်ဟောင်းလေးလိုပဲဗျ.....း))
ခင်မင်တဲ့
ဏီလင်းညို

 
On February 25, 2010 at 5:45 PM , ပိုးဟပ်လေး said...

အဟင့်...
ကျောင်းတော်ကြီးကိုတောင်လွမ်းသလိုလိုရှိသွားပြီ

မိန်းကလေးတွေက တုန်တုန် မလှုပ် ဆိုတာလေးပြင်လိုက်ရင် ပိုပြီးဖတ်လို့ ကောင်းမယ်နော်၊

 
On February 25, 2010 at 7:46 PM , ညလင်းအိမ် said...

အင်း သဲသဲက ကျောင်းတွေအကြောင်းရေးတော့ အစ်ကိုလည်း ကျောင်းတက်ခဲ့တာကို သတိရမိပြန်တယ်...
ကျောင်းက သုံးကျောင်းတောင် တက်ခဲ့ဖူးတာဆိုတော့ အမှတ်ရစရာတွေက များနေတယ်..(ကြော်ငြာဝင်သည်)