•9/21/2009 03:41:00 AM
မြန်မာလို တိုက်ရိုက် အသံထွက်ရင်တော့ ပူလာအူဘင် (သို့) ပိုလာအူဘင် ... ဘယ်လို အသံထွက်လဲ သေချာ တော့ မသိပါ ။
ပူလာအူဘင် သွားကြမည် ဆိုသော အစီအစဉ်ကို မည်သူ အစဖော်သည် မသိ .. (နောက်မှ သိတာ မရောင်ပါတဲ့) ~ ဒါပေမယ့် ဘယ်သူပဲ အစဖော်ပါစေ ~ အရမ်းကို ထိုနေရာသို့ သွားချင်နေသည် တော်တော်ကို ကြာနေပါပြီ ~ အရင် တစ်ခါလည်း သွားချင်လွန်းလို့ စီစဉ်ရင်းနဲ့ ဆန်ရှည်စာ သို့ ရောက်သွားသည် ။
မသွားခင် ၃ ရက်လောက်ကမှ မေးလ် ရ၍ မေးကြည့်လိုက်တော့ သေချာပေါက်သွားဖြစ်ပါမည် တဲ့ ..။
အားလုံး otrum park mrt ( 9:30 am - 10:00 am ) စုံကြပါမည် လို့ ပြောတာပါပဲ ..။
ဒီလိုနဲ့ ...
ယနေ့ သို့ ရောက်ရှိလာပါတော့သည် ။
မနက် ၈ နာရီခွဲ အိပ်ယာထ ~~ ရေချိုး ~~ သွားဖို့ပြင်ဆင် ~~ အိမ်ကထွက် ၉ နာရီ ၁၅ မိနစ် ~~ တစ်ကယ်ဆို ချိန်းထားတဲ့နေရာကို ၁၀ နာရီ တိတိ မှာ ရောက်နိုင်ပါတယ် ..။
ဒါပေမယ့် ဘယ်လို ~~ ဘယ်လို ~~ ဖြစ်ပြီး MRT က Dover & Clemeti မှာ delay တွေ ဖြစ်ကုန်တယ် မသိ .။ မဆိုစလောက် မသိမသာလေး ပဲ နည်းနည်း ပါးပါး နောက်ကျသွားပါတယ် ။
အားလုံး otrum park နေ TAXI နဲ့ သွားကြပြီး boat ferry ဆီသို့ ရောက်ချိန်မှာ တော့ ၁၁ နာရီ ခွဲ နေပါပြီ ။
စုစုပေါင်း သွားကြတာကတော့ ၁၂ ယောက်တိတိပါ ။
ဒါပေမယ့် အစဖော်လိုက်တဲ့ မရောင်တော့ မပါလာပါ ။
ရောက်ရောက်ချင်း အ၀င် တွင် အမှတ်တရ ..

ဟိုဘက် ရောက်တော့ အရင်ဆုံး အစာ အဟာရ ဖြည့် ကြ ပါတယ် ။

ခွန်အားတွေ ဖြည့်တင်းပြီးတဲ့ အချိန်မှာတော့ ဒီလို စက်ဘီး လေးများနဲ့ ချီတတ်ကြပါတယ် ~~

ပထမဆုံး ရောက်ရှိသွားတဲ့ နေရာကတော့ Ubin Quarry ဆိုတဲ့ နေရာလေးပါ ။

တောထဲမှာ ပတ်ချာ လည်အောင် မမောနိုင် မပန်းနိုင် စက်ဘီး စီးကြစဉ် ~~

စားသောက်စရာ များနှင့် အမောဖြေကြစဉ် ~~

ညနေ ၆ နာရီ အပြန် မြင်ကွင်း လေး ~~

ပျော်ရွှင်စရာ ကောင်းတဲ့ နေ့လေး တစ်ရက် ပါပဲ ။
(အပြန်ချိန်မှာတော့ TAXI ကို NET နဲ့ ပေးလို့ မရတဲ့ TAXI တွေလည်း ရှိတယ် ဆိုတာ သိလိုက်ရပါတယ် )
PS ... !...* *...!
၁ ။ တောင်ပေါ်သား
၂ ။ တလနွန်
၃ ။ ငချမ်းကောင်
၎ ။ ရေတမာ
၅ ။ သံလွင် hero
၆ ။ မျိုးထက်ဇော် (နာမည် မှန်လား မသိဘူး)
၇ ။ မြရေရင်
၈ ။ မိုးခါး
၉ ။ သဲသဲ
၁၀ ။ မေသူ
၁၁ ။ ၀ိုင်း
၁၂ ။ ၀ိုင်း ရဲ့ သူငယ်ချင်း

12 comments:
ညီမသဲသဲရေ
ပျော်စရာကြီးနေမှာနော်
:)
ခင်မင်စွာဖြင့်
သီဟသစ်
ဘယ်နေရာတွေမှာ ဘယ်လိုပို့စ်ပေးပြီး
ဓာတ်ပုံရိုက်တယ်ဆိုတာထည့်ရေးအုံးလေ ဆရာသမား...
ခွိခွိ ...မသိမသာ နောက်ကျတာ ဟုတ်ဘူးထင်တယ်နော်...တဲလေး ဓာတ်ပုံတွေပါတယ်နော်။ ငှဲငှဲ..မေးလ်တောင်းပြီးပို့ ပေးမယ်... :P မေသူနော် တင်ပစ်လိုက်ရမလား...တဲ ဘယ်လို စက်ဘီးနင်းတယ်ဆိုတာ... :P
ပျော်စရာကောင်းတဲ့ ခရီးလေးဖြစ်မှာ သေချာတယ်။
အကိုလည်း လိုက်မလို့ပဲ အလုပ်က ပေါ်လာတော့
လိုက်လို့ မရတော့ဘူးဖြစ်သွားတာ။
နောက်တစ်ခေါက်ကျမှ တွေ့ကျတာပေါ့ကွာ။
ခင်တဲ့
ကိုရီနို
ပျော်စရာကြီးပါလားးးးးးးးးးးး
အားကျသွားပါသည်။
သူငယ်ချင်းတွေ ဆက်ပြီး ပျော်ရွှင်နိုင်ကြပါစေ။
မေးလိပ်စာပေးပါ ဓာတ်ပုံတွေပို့လိုက်ပါ့မယ်။ ရွေးမယ့်သူမရှိလို့ ဓာတ်ပုံဆရာအရင်းပြုတ်နေပါတယ်
နံပါတ်၆က ကိုမျိုးထက်ဇော်လားမသိ :)
အရမ်းကို ပျော်ပါတယ်
အားလုံးပျော်ပျော်ရွှင်ရွှင် စက်ဘီးစီးခဲ့ ကစားခဲ့ စခဲ့ နောက်ခဲ့ကြတာတွေကို မမေ့နိုင်ပါဘူး
အခုထိတော့ ကိုယ်တွေ လက်တွေ ကိုက်နေတုန်းပဲ
အမှတ်တရနေ့လေးတရက်ပေါ့နော်
ခင်လျက်
ဝိုင်း
သယ်ရင်းရေ
ဒီညီအစ်ကိုမောင်နှမတွေနှင့် အတူတူသွားခဲ့တဲ့ ပူလာအူဘင်ခရီးကို အမှတ်ရနေမှာပါပဲ။ နှစ်ယောက်စီး စက်ဘီးပေါ်ကနေ ညီ ဟီးရိုး နှင့်
အော်ထားတဲ့ recording လေးရော မတင်ဘူးလား :)
ပျော်ရွှင်ပါစေ
ခင်မင်ခြင်းနှင့်
တလနွန်
ဟုတ်ပါ့ ..>>>
သူ့ကို
နင်း နင်း လို့
ပြောရလို့
အခု အသံ တောင် မထွက်တော့ဘူးးး..း(
သဲသဲရေ ပုံလေးတွေ ရချင်တယ်။
:) must be great.
မဲဇာမှာနေတဲ့လူကို otrum park ကိုချိန်းပြီး မဲဇာကို အတူကားငှားပြီး သွားရအောင် ပညာခန်းတွေ ပြထားတဲ့ အကြောင်းလဲ ထည့်ရေးဦးလေ။