Author: ဆောင်းနှင်းရွက်
•9/18/2009 03:24:00 PM

နားထဲကို ၀င်လာတဲ့ Wonderful Alarm သံစဉ်လေး ~~

မြည်နေတဲ့ ဖုန်း Alarm က မနက် (7:10) ဆိုပေမယ့် ချက်ချင်း မထနိုင်သေး ၊ နဲနဲ အိပ်ယာထဲမှာ နပ်ချင်သေးတယ် ~~ ထရတော့မယ် ဆိုတဲ့ အသိတရားလေး တော့ ခေါင်းထဲ နည်းနည်း ၀င်နေပြီ ~~

ခဏနေတော့ second times Alarm သံစဉ် က မြည်နေပြီ ~~

အိပ်ချင်မူးတူး နဲ့ ခေါင်းအုံးဘေးနားလေးမှာ ရှိနေတဲ့ ဖုန်း Alarm လေးကိုပိတ်ဖို့ မျက်လုံး ပိတ်လျှက် လက်နဲ့ လိုက်စမ်းနေရင်း ပိတ်လိုက်ပါတယ် .. ( ရ နာရီ နဲ့ ၁၅ မိနစ် တိတိ )

အိပ်ယာကနေ မဆင်းနိုင်သေး ၊ ငုတ်တုတ် ထိုင်လျှက် ငိုက်နေတာက ၅ မိနစ် ၊

ခဏနေတော့ မျက်လုံးကို ကြိုးစားဖွင့်ရင်း ၊ ရေချိုး ၊ ကျောင်းသွားဖို့ ပြင်ဆင် နဲ့ အားလုံး ပြင်ဆင် ပြီးလို့ နာရီကို ကြည့်လိုက်တော့ ၈ နာရီ ~~

အိမ် တံခါးလေး သော့ပိတ်လို့ အိမ်ရဲ့ အရှေ့ ကို ၅ မိနစ် လောက် လမ်းလျှောက်လိုက်ပါတယ် ~~

၈ နာရီ ၁၀ မိနစ်လောက်ဆို အချိန်မှန်မှန် စီးနေကျ ကိုယ်ပိုင် bus car ကြီး က စောင့်နေကျ မှတ်တိုင်လေး ရဲ့ ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာမှာ ဆိုတော့ အားလုံးကို အချိန်မီ အိပ်ချင်မူးတူးနဲ့ ပြင်ဆင် လိုက်ရတာ မောလို့ လမ်းလျှောက်ရင်း အမောဖြေ ပေါ့ ..။

၁၀ မိနစ်လောက် bus-car ကြီး စီးပြီး ရော MRT ကို ရောက်ရှိသွားပါတယ် ။ စက်လှေခါးလေးနဲ့ အပေါ်ကို အပြေးအလွှားလေး တတ်လို့ MRT က Light box ကို ကြည့်လိုက်တော့


... Marina Bay 1 min ၊ Next train 6 min …


အဲ့အချိန်မှာ သိလိုက်တာက ခြေတစ်လှမ်း ၊ ကုဋေ တစ်သန်း တန်တဲ့ ခြေလှမ်းမျိုးနဲ့ လျှောက်လှမ်းနေလို့ မဖြစ် ၊ နောက်ကျနေပါတယ် ဆိုမှနော် .. စောင့်ချင်ပါဘူး နောက်ထပ် ၆ မိနစ် … အဲ့တော့ မနက် စောစောစီးစီး မာရသွန် လုပ်လိုက်တာပေါ့ ။

ပြေးရင်း လွှားရင်း နဲ့ ဘယ်လို များ MRT ပေါ် ရောက်သွားပါလိမ့် ..

MRT တံခါး ပိတ်တော့မယ် ( ကျွီကျွီ .. ကျွီကျွီ .. ကျွီကျွီ .. Doors r closing now )

ဖြစ်တော့မယ် ဆိုတာ ကြိုပြီး မြင်လိုက်ပါတယ် ~~

ပိန်ပိန် သေးသေး သွယ်သွယ် မမ လှလှ တစ်ယောက် အပြေးအလွှားလေး ၀င်လာနေပါတယ် ~~

ဒိန်းးးးးးးးးးး

သွားပြီ . . .

လူတွေ အားလုံး လည်း မျက်လုံးလေး တွေ ၀ိုင်းစက်လို့ . . .

အားလုံးရဲ့ မျက်လုံးတွေက သူမရဲ့ ခြေထောက်လေးကို သာ အံ့သြစွာနဲ့ ပြူးပြီး ကြည့်နေကြတာ ထွက်ကြတော့မယ် ..

ဒေါက်ဖိနပ် အဖြူရောင် မြင့်မြင့်လေး platform နဲ့ MRT တံခါး ကြားထဲ ကျွံဝင်လို့ သွားတာကို မျက်တောင် တောင် မခက်နိုင် ဟာ … ဟင် … နဲ့ … ကြည့်နေကြလျှက် . . .

ကံကောင်းတာက မမ လှလှ ဆွဲလာတဲ့ အထုပ်ပါ တံခါးနဲ့ ညှက်နေခြင်း ..

လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် ကတော့ MRT ထဲ ရောက်နေပါပြီ ..

တံခါးက ချက်ချင်း ပြန်မဖွင့်နိုင်သေး .. တအောင့်လောက်လေးမှ ပြန်ဖွင့်တော့ မမ လှလှ လည်း ရှက်သွေးဖြန်းနေတဲ့ နီနီရဲရဲ မျက်နှာလေးနဲ့ ခြေထောက်နဲ့ လက်ဆွဲအိတ်လေး ဆွဲသွင်းလို့ MRT ထဲ ၀င်လာပါတယ် ..

မမ လှလှ ဆွဲလာတဲ့ အထုပ်လေး ကယ်ပေးလို့ သူမ ဘာမှ မဖြစ်သွားတယ် ..

နို့မို့သာဆို ငဖောင်ရိုးခြောက် ခြေသလုံးလေး သေချာ ပေါက် ကျိုးလောက်ပါတယ် ..

အင်းးး

သက်ပြင်းလေး တစ်ချက်လောက် တော့ ချလိုက်မိတယ် ထင်ပါတယ် ~~




PS ... !...* ပဲလေးနဲ့ ဖိနပ် မြင့်မြင့် လေးများ စီးတတ်သော မမ များအတွက် စေတနာ ဖြင့် ရေးသားသည် *...!

This entry was posted on 9/18/2009 03:24:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On September 18, 2009 at 5:45 PM , မိုးခါး said...

ဟမ်
တကယ်တွေ့တာလား
အသည်းယားတယ်
အဲလိုဖြစ်မှာလည်း ကြောက်စ် :D
ဒေါက်ဒေါက်စီးထားမှတော့ကွယ်
နောက်ကျချင်လည်းကျပါစေတော့
ဖြည်းဖြည်းသွားမှပေါ့ .. :P
သဲလည်း ပြေးပြေးသွားနော် :P

 
On September 19, 2009 at 1:56 AM , သံလွင် HeRo said...

ကဲကဲကဲ ပြောနေပြီ...သတိထားကြပါ...
ဒေါက်ဖိနပ်စီးသောမမများသတိထားသင့်ပြီလေ...
ပလက်ဖောင်းမှာလျှောက်လည်း အောက်ကမြောင်းရှိနေရင်
သံဇကာကြားညှပ်မယ်...အဲဒါကတော့ တွေ.ဖူးလို့ ဟီး

 
On September 19, 2009 at 11:09 PM , တောင်ပေါ်သား said...

စီးချင်ဦးဟဲ့ ဒေါက်ဖိနပ် အဟားဟား တွေးပြီး သနားမိတယ် ပြီးတော့ တွေးပြီး ရီနေမိတယ် မြင်ယောင်မိတယ် သူတော့ ဘယ်လောက် လန့်သွားမလဲလို့ တခါတလေ တွေ့နေတယ် ရထားက ပိတ်တော့မယ်ဆိုပြောနေတာ အတင်း ပြေးဝင်လာတဲ့ လူတွေ ဘယ်နေ့ ညှပ်ပြီး ဘာဖြစ်မလဲ စဉ်းစားနေမိသေးတယ် သတိထား ပဲမများနဲ့


လေးစားလျက်
တောင်ပေါ်သား

 
On September 21, 2009 at 2:17 PM , သီဟသစ် said...

ညီမသဲသဲရေ

ပဲများချင်ရင် မပြေးနဲ့
ပြေးရင် ပဲမများနဲ့
လို့ ဆိုရမလိုပါလား


ခင်မင်စွာဖြင့်
သီဟသစ်