Author: ဆောင်းနှင်းရွက်
•6/07/2009 06:24:00 PM
မနက်ဖန် မနက် 7:55 ဆို ဒီကနေ ခဏတာ ခွဲခွာပြီး ပြန်ပါတော့မယ် . . ။
ရန်ကုန်မုန့်ဟင်းခါး စောစော စားဖို့ အချိန်ပိုရအောင် မနက် လေယာဉ်နဲ့ ပြန်တာပေါ့နော် . . ။
အရမ်းပျော်လို့ ဒီနေ့မနက်တောင် ၆ နာရီ ကတည်းက နိုးနေတာ ပဲ ကြည့်ပါတော့ . . ။
အခု ညရော အိပ်လို့တောင် ပျော်ပါ့မလားးး မသိဘူးးး ။
( တော်ကြာ ညဘက် အိပ်မပျော်ဘဲ မနက် ၃ နာရီ လောက်မှ အိပ်ပျော်ရင်တော့ ကွိုင်ပဲ ) ။
အဲ့လို ဖြစ်စရာ လားးး ။
Alarm ၄ ခု ပေးပြီးတောင် ပေးပြီး အိပ်မှာလေ . . ။
ခုချိန်မှာ တွေးကြည့်ပြီး အရမ်း အရမ်း အရမ်း အရမ်း ကို ပျော်နေတာပါ . . ။
တွေးပြီး လုပ်ဖို့ ၊ စားဖို့ ၊ သွားဖို့ လာဖို့ စဉ်းစားထားတာတွေ လည်း အများကြီးပါပဲ . . ။
တွေ့ရမယ့် သူငယ်ချင်း အသစ်တွေရော ၊ အဟောင်းတွေ ရော ကိုလည်း အရမ်းကို တွေ့ချင်ပါတယ် . . ။
မေမေ့ လက်ရာ တ၀ကြီး စားဖို့ စိတ်ကူးထားသလို ဖေဖေ နဲ့ စကားတွေ တ၀ကြီး စကားတွေ ပြောဖို့ အတွေးထဲ မှာ အပြည့်ပေါ့ . . ။
မောင်လေးနဲ့လည်း မကစားရတာ ကြာတဲ့ chess ကစားဖို့ ကလည်း တွေးထားသေးတယ် . . ။
မိုးတွေလည်း အရမ်းရွာနေတယ်တဲ့ . . ။
ကိစ္စမရှိပါဘူးးး . . ။
ရောက်တုန်း ထွက်ရတာမဖြစ် ဖြစ်တဲ့ နည်းနဲ့ အပြင် ထွက်မှာပဲ . . ။
ပြန်ရောက်တုန်း မိုးတွင်းကြီးကိုတောင် သူငယ်ချင်း နဲ့ ခရီးထွက်ဖို့ စဉ်းစားထားတာလည်း အဆင်ပြေပါစေ နော် . .။
၂၅ ရက် ခွဲခွာနေချိန် အတောအတွင်းမှာ ဘလော့လေး ကို လာရောက် ကူညီ ပြီး ဖုန်သုတ် သန့်ရှင်း လုပ်ပေးကြပါနော် ... ..။

ကဲ . . . အိပ်ပြီနော် . . . တာတာ့ ...!!!!




မတွေ့ရတော့တဲ့ သူမရှိတဲ့ နေရာကို ပြန်ရမှာ တွေးပြီးတော့လည်း ၀မ်းနည်းမိတယ်


PS ... !...* ခံစားမှု့ ၂ မျိုး *...!
This entry was posted on 6/07/2009 06:24:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On June 18, 2009 at 9:23 AM , မိုးခါး said...

ပျော်နေတယ် ..း)