Author: ဆောင်းနှင်းရွက်
•6/01/2009 10:35:00 PM
အခုဆိုအောင့်ထားရတာ ၁ နှစ်ခွဲ ရှိတော့မယ် ..။
ဟဲ ဟဲ . . . ။ ဘာကိုလဲ တော့ လျှောက်မထင်နဲ့နော် . . ။
စားချင်နေတဲ့ အစားအစာတွေလေ . . ။
ကြီးကြီးကျယ်ကျယ် စကားပြောတာတော့ မဟုတ်ပါဘူး . . ။
ငယ်ငယ်လေး ကတည်းက အချိုမှုန့် ၊ အငန် နဲ့ ဆီ မစားတတ်တဲ့ dew အတွက် အပြင်ဆိုင် တွေမှာ စားရတာ အရမ်းခက်ခဲလှပါတယ် . . ။
အရသာ လျှာမှာသိ ၊ ဆိုသလိုပေါ့ . . ။
အချိုမှုန့်များတဲ့ အစားအစာ စားမိရင် နောက်နေ့ ခြေဆစ်၊ လက်ဆစ် ကိုက်တတ်တော့ အတတ်နိုင်ဆုံး ရှောင်တာပေါ့ . . ။
အငန် ကျတော့ လည်း အိမ်က မေမေက သွေးတိုးရှိလို့ အမြဲ အပေါ့ ပဲ စားနေကျပေါ့ . . ။
မြန်မာလူမျိုး မဟုတ်သလိုပဲ . . . ဆီ တွေ အများကြီး နဲ့ ချက်ထားတဲ့ ဟင်းဆိုလည်း မကြိုက်ပြန်ဘူးးး ။
ရှင်းရှင်းပြောရရင် မြန်မာထမင်းဟင်း စစ်စစ် ၊ ဆီပြန် ဟင်းတွေကို အလွန် မုန်းတယ် . . ။

ဒါပေမယ့် အခုတော့ dew ကြိုက်တာတွေ တ၀ကြီး စားရဖို့ ၆ ရက် ပဲ လိုတော့တယ် . . ။
ဒီမှာလည်း မြန်မာထမင်းဟင်း နဲ့ မြန်မာအစားအစာ ၀ယ်စားလို့ ရပေမယ့် ဒီမှာ နေ နေတဲ့ သူတိုင်း သိပါတယ် . .။
ဘယ်လောက် အရသာ မချိုမြိန်လဲ ဆိုတာ . . .။
အစားအစာတွေက ပိုက်ပိုက်ပေးရသလောက် စားရကျိုး မနပ် သလို ဖြစ်နေတယ် ..။
(ဆိုင်ရှင်တွေ သိရင် နာတော့ ခေါင်းကွဲတော့မယ်) ..။ ဒီကိစ္စ ဒီနားပဲ ရပ်ပြီး ကိုယ့် ကိစ္စ ကိုယ် ပဲ ဆက်ရေးတော့မယ် ...။

ဘာတွေ စားချင်နေလဲ . . ။
စားချင်နေတာတွေက အရမ်းများနေတယ် ..။ ပြန်လာရင် ၀ လာမှာတောင် ကြောက်နေရတယ် ..။
ညနေက မေမေ ဖုန်းဆက်တော့လည်း ရောက်တဲ့နေ့ ဘာစားမလဲတဲ့ . . ။
ဘယ်ရမလဲ . . ။ မေမေလက်ရာ ထမင်းပေါင်း စားမယ်လို့ . . ။ ကြိုတင် booking ရိုက်ထားလိုက်တယ်လေ. . .။
ကြွားပြောလိုက်အုံးမယ် . . ။ dew မေမေရဲ့ ဟင်းချက်တဲ့ လက်ရာ ကအရမ်းမကောင်းပေမယ့် အစားအစာ အသောက် နဲ့ မုန့် လုပ်တဲ့နေရာ မှာ လက်ရာ အရမ်းကောင်းတယ်နော် .. ။

dew တို့ မိသားစု က အမြဲတမ်း အိမ်မှာ တစ်ပတ်တစ်ခါ စနေ (သို့) တနင်္ဂနွေ နေ့တိုင်း တစ်ခု မဟုတ် ၊ တစ်ခု မဟုတ် မညီးမညူ မေမေ က လုပ်ကျွေးနေကျလေ . . .။
dew တို့မှာ ရှိတာမှ dew နဲ့ မောင်လေး ။ စုစုပေါင်းမှ မောင်နှမ ၂ ယောက်ပဲ ရှိတာ . . .။
တစ်ခါတစ်လေ မောင်လေးက စားချင်တာ တစ်ခု၊ dew က စားချင်တာ တစ်ခုဆို မေမေ ခေါင်းရှုပ်ပြီပေါ့ . . .။
တွေးကြည့်ရင် ရက်သတ္တပတ် ၁ ပတ် ရဲ့ စနေ နဲ့ တနင်္ဂနွေ ဆိုတာ dew တို့ အိမ်အတွက် အရမ်းပျော်ဖို့ကောင်းပါတယ် ..။
ဝန်ထမ်းဖြစ်တဲ့ မေမေ ရဲ့ အားတဲ့ ရက် နဲ့ dew တို့ မောင်နှမ ကျောင်းပိတ်ရက်ပေါ့ ..။
ကံကြမ္မာက ဖန်တီးတာလားးး ။ လူက ဖန်တီးတာ လား မသိဘဲ ဝေးကွာနေရတယ် . . ။
စာရေးရင် အရမ်း ၀မ်းနည်းမိလာတယ် . . ။

ကဲပါ . . ။ ရေးလက်စ စကားပဲ ဆက်ရေးတော့မယ် . . ။
ပြန်ရောက်ရင် စားချင်တာတွေ မစားရသေးခင် ကြိုတင် စိတ်ကူးနဲ့ စားကြည့်တာပေါ့ . . ။
အဟိ . . ။ နံပါတ်စဉ် နဲ့ တောင် ရေးကြည့်အုံးမယ် . . ။
အရင်ဆုံး မေမေလုပ်ကျွေး ၊ ချက်ကျွေးနေကျ အစားအစာ တွေထဲက အစားချင်ဆုံးတွေ အ၇င်ဆုံး စာရင်းပြုစုလိုက်တယ် . . ။

၁ ။ မေမေ့လက်ရာ ဂျုံ ကြက်ဥ မုန့်
၂ ။ မေမေ့လက်ရာ ထမင်းပေါင်း
၃ ။ မေမေ့လက်ရာ ရှမ်းခေါက်ဆွဲ
၎ ။ မေမေ့လက်ရာ ကပ်ကြေးကိုက်
၅ ။ မေမေ့လက်ရာ အုန်းနို့ ခေါက်ဆွဲ
၆ ။ မေမေ့လက်ရာ ကြက်သားတုတ်ထိုး
၇ ။ မေမေ့လက်ရာ အသုတ်စုံ
၈ ။ မေမေ့လက်ရာ ရှောက်သီးသုတ်
၉ ။ မေမေ့လက်ရာ သင်္ဘောသီးထောင်း
၁၀ ။ မေမေ့လက်ရာ ပဲပင်ပေါက်သုတ်
၁၁ ။ မေမေ့လက်ရာ ကြက်သားကာလသားဟင်း
၁၂ ။ မေမေ့လက်ရာ ပဲကုလားဟင်း
၁၃ ။ မေမေ လုပ်ပေးတဲ့ ကုလားအော်သီးစပ်စပ်နဲ့ ဖျော်တဲ့ ငါးပိရည်

ဆက်လက်ပြီး အပြင် အစားအသောက် စာရင်း အလှည့်ပေါ့ .. .. ။
ကြေငြာခ ရတော့ ဆိုင်နာမည်တွေ ကြေငြာပေးမယ်နော် . . ။

၁၄။ မုန့်လင်မယား
၁၅ ။ လသာလမ်းက သတ်သတ်လွတ် စားသောက်ဆိုင်
၁၆ ။ YKKO ကြေးအိုး
၁၇ ။ ရသာ ကြေးအိုး
၁၈ ။ ရွှေယုန်လေး ကြေးအိုး
၁၉ ။ မန္တလေး ပဲကြော်
၂၀ ။ ရခိုင်မုန့်တီ
၂၁ ။ အိမ်ရှေ့အိမ်က ချက်ကျွေးတဲ့ ရခိုင် ငါးပိချက်
၂၂ ။ လမ်းမတော် လိုတရ မြီးရှည်
၂၃ ။ ဟိုဘက် လမ်းထိပ်က ဒိန်ချဉ်
၂၄ ။ ရေမုန့်
၂၅ ။ စဥ့်အိုးတန်းလမ်းထိပ်က ကြက်သားကောက်ညင်းထုပ်
၂၆ ။ အညာဘက် ခရီးထွက်ဖြစ်ခဲ့ရင်စားမယ့် အန်တီလက်ရာ မန်းကျည်းရွက်ကြော်နဲ့ အညာထန်းရည်

တော်သင့်ပြီ နဲ့ တူတယ် . . ။
ရေးရင်းရေးရင်း ဆက်ရေးရင် ပြီးတော့မှာ မဟုတ်တော့ဘူးးး . . ။
မေမေ က ဘာစားချင်လည်း ဆိုတာ သေချာ စဉ်းစားလာခဲ့ ပြောတာနဲ့ အတွေးထဲမှာလည်း အရမ်းပျော်နေတော့ ရေးချင်တာတွေ ၊ စားချင်တာတွေ ရေးလိုက်တာ . . ။
စဉ်းစားထားတာတွေက ဒီ့ထက်တောင် များသေးတယ် . .။

အကြောတတ်စာ ပုစွန်ချဉ်သုပ် နဲ့ ငါးချဉ်သုပ် ကလည်း စားလိုက်ချင်သေးးး ...။

ပြန်လာရင် ဘာတွေ ဘယ်လို အရသာ ရှိတယ် ဆိုတာကို စာဖတ်မိတဲ့သူတွေ စားချင်စိတ်တွေ ဖြစ်အောင် ထပ်ရေးလိုက်အုံးမယ် . . ။


PS ... !...* ကြွတတ်နေတဲ့ စိတ်ဓာတ်တွေ *...!
This entry was posted on 6/01/2009 10:35:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On June 2, 2009 at 8:06 PM , ဂျပန်ကောင်လေး said...

မေ့မေ့လက်ရာ.. ဘာမေမေ့လက်ရာလဲ.. ရောက်တုန်းရောက်ခိုက် မေမေ့ကို ပြန်လုပ်ကျွေးမယ်ဆိုတာကို မရှိဘူး.. ဟင်း..