Author: ဆောင်းနှင်းရွက်
•5/22/2009 10:59:00 PM

အေးချမ်းတဲ့ လေနုတွေသာ

တိုက်ခတ် နေပေမယ့်

ဥပေက္ခာပြုစွာ ကျောခိုင်းပြီး

နေထိုင်ခဲ့တာ

ကုသလို့ မရတဲ့ ရောဂါတွေရဲ့

နှောင့်ယှက်မှုကို မခံချင်လို့ပါ . . . ။

ကမ္ဘာ လောကထဲကို

ဝင်ရောက်လာတဲ့

လူသားတစ်ယောက် အတွက်

သင်ယူရမယ့်

ဘ၀ရဲ့ သင်ခန်းစာတွေထဲမှာ

ဦးနှောက် ဖောက်စားခံရတာလည်း

အရသာ သိရုံလောက်ပါတယ် . . . ။

လေညင်းဆိုတာ

ရေတွက် မရတဲ့ ကိန်းဂဏန်းတွေနဲ့

တည်ဆောက်ထားတဲ့

မခိုင်ခံသော ဒြပ်စင်တစ်ခု

အရိုးပြိုင်းပြိုင်း ကျနေတဲ့

သစ်ပင်အိုရဲ့ အောက်မှာ

ဆေးဆိုးရာဗလာ ရင်ခွင်တစ်စုံကို

ထွေးပိုက်ငေးမောရင်း

ပွတ်တိုက်သွားတဲ့

လေညင်းရဲ့ ထိတွေ့မှုကို

ခံစားလိုက်ရတယ် . . . ။ ။


Dec 2004


PS ... !...* ပထမဆုံး ရေးကြည့်ခဲ့တဲ့ ကဗျာ *...!

This entry was posted on 5/22/2009 10:59:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On May 25, 2009 at 9:36 PM , ဂျပန်ကောင်လေး said...

ရေလည်မိုက်တယ်ဟေ့.. ခံစားချက်တွေ..း)

 
On May 25, 2010 at 1:54 PM , ~P~ said...

ကဗျာလေးကိုကြိုက်တယ်...မိုက်တယ်..

 
On September 14, 2012 at 5:57 PM , စံပယ်ချို said...

ဥပေက္ခာပြုစွာ ကျောခိုင်းပြီးနေထိုင်ခဲ့တာ
ကုသမရတဲ့ရောဂါ တွေရဲ့ နှောင့်ယှက်မှုကို
မခဲချင်လို့ပါ
စကားလုံးသုံးထားတာလေးတွေအရမ်းကို
ချစ်ဖို့ကောင်းတယ် ဆောင်နှင်းလေးရေ
ကဗျာက နှစ်ပုဒ်ပဲတွေ့တယ် တွေ့တာလေးတော့
ဖတ်ခဲ့ပြီကွယ်
ချစ်တဲ့ မဂျီးဂျက်