Author: ဆောင်းနှင်းရွက်
•5/04/2009 06:41:00 PM
လုပ်လိုက်မှ ဖြင့် တလွဲချည်း ပဲ နော် ဆိုတဲ့ အထဲ ကပဲ ..။

တကယ်တော့ ကိုယ်က တလွဲလုပ်လိုက်တာ မဟုတ်ပါဘူးးး ။ သူ့ဘာသာ ကိစ္စ ကေ၇ာက်လာကတည်းက တလွဲရောက်လာတာ . . ။

မှတ်မိ သလောက် အလွှဲလွှဲအချော်ချော် များ ...။

- သူငယ်ချင်း တစ်ယောက်နဲ့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက် bus-car စီးရင်း ရုတ်တရက် တွေ့တဲ့ အကြောင်း ပေါ့ ..။
သူက dew ရဲ့ ငယ်သူငယ်ချင်းတဲ့ ..။ (သူက ပြောသွားတာပါ) ။ {သူက မိန်းကလေး နော် }
bus-car တတ်စီးလိုက်တော့ ခဏနေတော့ သူ တတ်လာတယ် ။ ကားပေါ်တတ်တတ်ချင်း တွေ့လည်း တွေ့ရော dew ကို နာမည်တွေ ခေါ် နှုတ်ဆက် စကားတွေ အရမ်းကို ဖလှယ် တကင်း ပြောပါလေရော ..။ dew လည်း အားနာနာ နဲ့ စကားတွေ ပြန်ပြောတာပေါ့ ..။ ဘယ်တွေ လုပ်နေလဲ ..။ ဘာသင်တန်းတွေ တတ်နေလဲ ..။ ဘယ်လို ၊ ဘယ်ညာ နဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေ ပြောရင်း သူ က dew ရဲ့ မူလတန်း တုန်းက အတန်း တစ်တန်း တန်း က သူငယ်ချင်း ဆိုတာ သေချာ ပါတယ် ဆိုတာတော့ သိပါတယ် ။ နာမည် လည်း မမှတ်မိသလို ... သူ ဟာ ဘယ်သူ ၊ ဘယ်ဝါ ဆိုတာ လုံးဝ မမှတ်မိပါဘူးးး ။ ဘယ်လို မှ စဉ်းစားလို့ လည်း ခုချိန်ထိလည်း မရဘူးးး ။ မူလတန်း ( ၄ တန်းအထိ) ကတည်းက သူငယ်ချင်း တစ်ယောက် က ဘယ်လို လုပ်ပြီး မှတ်မိလည်း dew ကိုယ်တိုင် ခုချိန်ထိ စဉ်းစားလို့ မရပါဘူးးး ..။ အဲ့ဒါနဲ့ တလမ်းလုံး စကားတွေ ပြောလာလိုက်တာ bus-car လည်း ဂိတ်ဆုံးရော ...။ မနေနိုင်တော့လို့ မေးလိုက်ရပါတယ် ..။

dew - နင့် နာမည် ဘယ်သူလဲ လို့ ..။
သူ - ဟမ် .. နင် ငါ့ကို မမှတ်မိဘူးလားတဲ့ ..။ ငါ က မှတ်မိတယ် ထင်လို့ တလမ်းလုံး စကားတွေ ပြောလာတာ ..။ မှားပါတယ် နော် ..။
dew - ငါ မှတ်တော့ မှတ်မိ သလို ပါပဲ ( တကယ်တော့ လုံးဝ အစဖော်လို့ မရပါ ) ။
သူ - အေးးး ဒါဆိုလည်း နင့် ဘာသာ စဉ်းစားတော့ . . . ငါ့မှာတော့ မှတ်မိတယ် ထင်လို့ စကားတွေ ပြောနေတာ . . . ။ စောစော က ပြောပါလားတဲ့ ..။
dew - စိတ် မဆိုးပါနဲ့ ဟယ် . . ။
သူ - လုပ်မနေ နဲ့ . . ။ နင် မမှတ်မိဘူးမလားးး ။ ငါ သွားတော့မယ် ။ ကိုယ့်ဘာသာ စဉ်းစားတော့တဲ့ . . ။

ကဲ . . . ။ တကယ်ဆိုရင် အစကတည်းက သူ က အရင် ပြောသင့်တာပေါ့ . . ။ ဒီလောက် မတွေ့တာ ကြာတာ ဘယ်လို လုပ် မှတ်မိမှာလဲ . . ? ဟုတ်တယ်မလားးး ..? အဲ့ဒါ dew လွှဲတာလားးး ... သူ ပဲ လွှဲတာလား မသိဘူးးး ...။ ခုချိန်ထိလည်း စဉ်းစားလို့ မရဘူးးး ..။ တော်တော် ဦးနှောက် စားအောင် လာလုပ်သွားတာ ခုချိန်ထိပဲ ..။

*~*~*~*~*~*~*~*~*~*

နာမည် များ မမှတ်မိခြင်းးး ။

တကယ်တော့ dew က လူ တစ်ယောက် ကို ခင်ရင် အရမ်းခင်တတ်ပါတယ် ..။ ဒါပေမယ့် ဘယ်တော့ မှ နာမည် မမှတ်မိဘူးးး . . ။ ဘာလို့မှန်းလည်း ကိုယ့် ကိုယ် ကို မသိပါ . . ။
အရင်တစ်ခါတည်း ကျောင်းတတ်ခဲ့တုန်းက ပေါ့ . . ။ dew တို့ အဖွဲ့ မှာ စုစုပေါင်းမှ ၆ ယောက်ပဲ ရှိတာပါ ။ အတူတူကျောင်းတတ်တာ ၁ နှစ် တတ်ပြီးသွားတာတောင် ကျောင်း ၂ လ လည်း ပြန်ဖွင့်ရော တစ်ယောက်ရဲ့ နာမည်ကို မေ့သွားလို့ လေ . . ။ ဘာပြောကောင်းမလဲ . . . သူငယ်ချင်း က စိတ်တွေ ဆိုးလိုက်တာ တအားပဲ . . .။ အဲ့ဒါ နဲ့ ပြန်ချော့ရတာပေါ့ . . .။

*~*~*~*~*~*~*~*~*~*

mail address မှား၍ ချက်တင် ထိုင်မိခြင်းးး ။

အများကြီး မရှင်းပြတော့ပါဘူးးး ။ စာအရှည်ကြီး ရိုက်ရမှာ ပျင်းလို့ ...။ လိုရင်းနဲ့ တိုရှင်း ပြောရရင်တော့ ချက်တင် ထိုင်ပြီး သူ sign out လုပ် သွားတော့မှပဲ လူမှားသွားပြီ ဆိုတာ သိတော့တယ် . . ။ ဟီးးး ဟီးးး. . ။

*~*~*~*~*~*~*~*~*~*

မေဒေးနေ့ အလွှဲ . . . ။

မေဒေး နေ့မတိုင်ခင်၂ ရက် အလို အလုပ်ကို ခွင့်တိုင်လိုက်တာ . . ။သောကြာနေ့ (မေဒေး) ညနေဘက် ကျောင်းမှာ စာမေးပွဲ ရှိလို့ မလာနိုင်တော့လို့ခွင့် တစ်ရက် ပေးပါ ဆိုပြီး . . ။ မန်နေဂျာ က မေဒေးနေ့ ( public holiday ) လေလို့ ပြောမှပဲ . . ။( ငါ့နှယ်နော် . . ။ ) မန်နေဂျာ က နောက်နေ့ အလုပ် လာစရာ မလိုတော့ ဘူး အပြောမခံ ရတာ ကံကောင်း သွားတယ် . . ။ တော်ကြာ မရှိမယ့် ရှိမယ့် အလုပ် လေး ပြုတ် သွား မှ ဖြင့်နော် . . ။






ရေးရင်း ရေးရင်း စိတ်မပါတော့ပါ . . ။
အစကတော့ စိတ်ပါပါနဲ့ ရေးနေရင်း စိတ်မပါတော့လို့ ဒီနားမှာပဲ အဆုံးသတ်လိုက်တော့တယ် ..။


PS ... !...* ရေးပြီးသားတွေ ဖျက်ရမှာ နှမြော၍ မဖျက်ဘဲ post တင်လိုက်သည် ..။ *...!
This entry was posted on 5/04/2009 06:41:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On May 4, 2009 at 9:35 PM , ဂျပန်ကောင်လေး said...

ငါသိတယ် စာဥ... ငါ့နာမည်ကိုတောင် နင်မသိတာ.. ဟွန်း...း)

 
On May 13, 2009 at 10:09 AM , မိုးခါး said...

တူတူပါပဲကွယ် ..း))