Author: ဆောင်းနှင်းရွက်
•8/29/2011 02:01:00 AM


ကိုအောင် (ပျူနိုင်ငံ) စစချင်း ဘလော့ဒေးအတွက် အမှတ်တရ ဆိုတာ မြင်တာနဲ့ ဟိုးအရင် စစချင်း စာတွေ ရေးတာလေး ကို သွားတော့ သတိရမိလိုက်တာတော့ အမှန်ပါပဲ .. အပိုင်း ၂ လည်း ဖတ်ရော တဂ်ထားတာ တွေ့တော့ စိတ်ထဲ မှာ ကိုအောင့် ကို အားနာသွားမိတာတော့ အမှန်ပါပဲ .. ဘာလို့လဲ ဆိုရင် အလုပ်နဲနဲများနေတာနဲ့ ချက်ချင်း မရေးပေးနိုင်လို့ပါ ..း))

စာ စစချင်း ရေးဖြစ်တာကတော့ ( ၂၀၀၇ )လွန်ခဲ့တဲ့ ၄ နှစ်လောက်က
စုဗူးဆိုတဲ့ ဆိုဒ်လေး ကပါ .. အဲ့နေ့က အလုပ်ကနေ အင်တာနက် ဂျာနယ် ဖတ်နေရင်း အဲ့ဒီ့ ၀က်ဆိုဒ် အသစ်လေး အကြောင်း ရေးထားတာ လေး တွေ့တော့ ဖတ်လည်းပြီးရော ချက်ချင်းပဲ အလုပ်ကနေအကောင့်ဖွင့်လိုက်ပါတယ် .. နောက် အဲ့ဒီ့ ဆိုဒ်လေးမှာ ဖွင့်ပြီး နောက် သိပ်မကြာလိုက်ပါသလိုပဲ .. ဘလော့ဂါ ဒေး ဆိုပြီး မြန်မာ အိုင်စီတီ ပတ်ခ် မှာလား မသိဘူး လုပ်မယ် ဆိုတာလည်း အင်တာနက် ကနေ ကြားလိုက်ပါသေးတယ် .. အဲ့ဒါ ဘလော့ဂါ ၄ ယောက်လား ၊ ၅ ယောက်လား မသိဘူး .. သူတို့ တွေ (..... ) ပြောကြမှာပေါ့ ဆိုပြီး အွန်လိုင်းမှာ ကြေငြာတာတွေ့လိုက်ပါတယ် .. အဲ့ဒါနဲ့ ဘလော့ဂါ ဒေါ့ ကွန်း မှာ ဘလော့ တစ်ခုပါ ထပ်ဖွင့်လိုက်ပါသေးတယ် (ယေးတေးတေးပဲ) .. ဒါပေမယ့် အဲ့ဒီ့ ဘလော့ က လုံးဝ စာမရှိပဲ အကောင့်ပဲ တတ်စတင် အနေနဲ့ ဖွင့်ကြည့်ထားခဲ့တဲ့ ဘလော့ပါ ..

တကယ်တော့ လွန်ခဲ့တဲ့ ၄ နှစ် (၂၀၀၇) က စလို့ စာရေးတယ်လို့ ပြောပေမယ့် လုံးဝ ဟုတ်တိပတ်တိ ရေးတဲ့ သူတစ်ယောက် မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ့် ကိုယ်ကို စာရေးနေတဲ့ သူတစ်ယောက်လို မသတ်မှတ်မိသလို ၊ ခုချိန်ထိ စာကောင်း ပေကောင်း တွေလည်း မရေးတတ်သေးပါဘူး .. မအားလို့ မရေးဖြစ်တာ တွေ နဲ့ပဲ ကီးဘုတ်မှာ နှိပ်မိတဲ့ လင့်ခ် တွေ သွားရင်း သူများရေးထားတဲ့ စာတွေ ကိုပဲ လိုက်ဖတ်ခဲ့တာများပါတယ် .. ဆိုဒ်တွေ နဲ့ လင့်ခ်တွေ တော်တော်များများကို ရောက်ပေမယ့် ကွန်မန့်တွေ တော့ အရမ်း မရေးဖြစ်ပါဘူး ..
အထူးသဖြင့် နာမည်ကြီး ဆိုဒ်တွေပါ .. ကိုယ်က ပေါ့ပေါ့ပါးပါးကွန့်မန့်လောက်ပဲ ပေးဖြစ်တော့ ကိုယ်ရေးတဲ့ ကွန့်မန့်နဲ့ ရေးထားတဲ့ စာနဲ့ မကိုက်ဘဲ တစ်မျိုးထင်ပြီး လွဲကုန်ရင် မကောင်းဘူးလေ .. အဲ့ဒါကြောင့်ပါ .. B-) ဒါပေမယ့် ဆိုဒ်တွေမှာ စကားလုံး ဖောင့်သေးနေတဲ့ ဆိုဒ်တွေ ဆိုရင်တော့ လုံးဝ မဖတ်ဖြစ်ပါဘူး .. ဘာလို့လဲ ဆိုရင် မျက်လုံး အာရုံစိုက်ရတဲ့ အတွက်ပါ ..(ကိုယ့်ဆိုဒ်က ဖောင့်တောင် သေးနေသေးတယ် ထင်တာ).. ပုဂ္ဂိုလ်စွဲ နဲ့ ဖတ်တာ မဟုတ်ပေမယ့် ကိုယ်ခင်တဲ့ သူငယ်ချင်း ဆိုဒ်တွေကတော့ အမြဲတမ်းတမ်း လိုလို ရောက်ဖြစ်ပါတယ် ..

ပြန်ဆက်ရမယ် ဆိုရင် အဲ့ဒီ့ စစချင်း စုဗူး ဖွင့်လိုက်တုန်းက လူ အယောက် ၅၀ လောက်ပဲ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် နဲ့ လည်း ပျော်ဖို့ကောင်းပါတယ် .. နောက် ၁ ယောက်နဲ့ ၁ ယောက် အပြင်မှာ တွေ့ရအောင် ဆိုပြီး ပထမဆုံး စုဗူး တွေ့ဆုံပွဲလေးကို မြေနီကုန်းမှာ လုပ်ခဲ့ကြတော့
ကိုလူလိန် ၊ ကိုရွှေဘုန်းလူ ၊ ၀ိုင် ၊ ကိုစိုးမိုး ၊ ကိုလူစိမ်း ၊ ကောင်းကင်ပြာ၊ မငယ် ၊ သံယောဇဉ်လေး ၊ ဆာမူရိုင်း ( ၁၅ ယောက် ) လောက် လာခဲ့ကြပေမယ့် ကျန်တဲ့ သူတွေကို မမှတ်မိတော့တာ ခွင့်လွှတ်ပါ ..တွေ့ခဲ့ကြတယ်ဆိုပါတော့ .. နောက် ပရဟိတ တွေ လုပ်ဖို့ လည်း ပြောခဲ့ကြတာ မှတ်မိပါသေးတယ် .. အဲ့ဒီ့နောက်ပိုင်း မနက်ရုံးရောက်ရင် ဘယ်သူတွေ ဆိုဒ်မှာ စာအသစ်တင်လည်း အမြန်ဖွင့်ကြည့်ရတာ အမော ..း)) အဲ့ဆိုဒ်မှာ ရေးခဲ့မိတာလည်း စုစုပေါင်း ၁၀ ပုဒ် လောက်ပဲ ၇ှိမယ် ထင်ပါတယ် .. နောက်ပိုင်း သူတို့တွေလည်း ကိုယ်ပိုင် ဘလော့ဖွင့် စာရေးတဲ့ အပြင် ဆိုရှယ်ဆိုဒ်တွေပါ လုပ်လာခဲ့တယ် ..

အဲ့ဒီ့ ဆိုဒ်လေး မှာ အကောင့်ဖွင့်ပြီး နောက် ၆ လ လောက် နေတော့ ဒီကို ထွက်လာတော့ ရောက်ရောက်ချင်း ကွန်ပြူတာ မရှိတဲ့ အတွက် ၆ လ လောက် ဆိုဒ်ထဲလည်း မ၀င်ဖြစ်တော့သလို ၊ ဘယ်လင့်ခ်ဆိုဒ်မှလည်း မရောက်ဖြစ်တော့ပါဘူး .. ဒါပေမယ့် ကွန်ပြူတာ ၀ယ် ပြီး နောက် ဆိုဒ်ထဲ ပြန်ဝင်တဲ့အခါကျတော့ အရင်လို ပျော်ဖို့ မကောင်းတော့သလို ၊ ပြသာနာတွေ ကို တွေ့နေပေမယ့် အဲ့စုဗူးကနေပဲ သူငယ်ချင်း အသစ်တွေ ထပ်ရခဲ့ပါတယ် .. နာမည်မှတ်မိတာ
ဇီးရိုး ၊ သူရဿဝါ နဲ့ ပင်ဂွင်း မှတ်မိတော့လို့ ကျန်တဲ့သူများ ခွင့်လွတ်ကြပါ .. နောက် ဆက်ပိုင် (ဗညားရှိန် ၊ လင်းခေတ်ဒီနို) ကို စုဗူးကဓာတ်ပုံတွေထဲမှာ တော့ မြင်နေရပေမယ့် အဲ့တုန်းကမမြင်ဖူးသေး၊ မခင်သေးပါဘူး .. အဲ့နောက်ဒီမှာ ပထမဆုံး သိတာကတော့ မက်ရှိမိုရိုး နာမည်နဲ့ (ကိုသားဇော်) ၊ သူကနေ သိတာ နာမည် ခဏ၊ ခဏ ပြောင်းရတာ ၀ါသနာ ပါတဲ့ ညီညီထွေး (ခ) နာကာမူယာ (နေ၀သန်) ၊ မေသဲ (မိုးခါး) ၊ ညီညီကျော် (ညီညီကျော်) ၊ သိပြီး သိပ်မကြာပါဘူး .. အပြင်မှာပါ တွေ့ရအောင်ပါ ဆိုပြီး ချိန်းလိုက်တာကနေ လူချင်းပါတွေ့ ၊ ပိုရင်းနှီးသွားခဲ့တယ် ... တွေ့တွေ့ချင်းနေ့ပဲ နေ၀သန် ရဲ့ လမ်းညွှန်မှု့ ကြောင့် ဂျလန်းဂျလန်း ထလိုက်ကြတာ ခြေထောက်တွေ တောင် ကိုက်တယ် .. ((မှတ်မိကြလားတော့ သိဘူး)) :D

အဲ့နောက် မိုးခါးက သူ စုဗူးမှာ စာမရေးတော့ဘဲ အပြင် ကိုယ်ပိုင် ဆိုဒ်နဲ့ ရေးနေပါတယ် တဲ့ .. နောက် ပိုးတွေကူးကုန်ပြီး .:D နေ၀သန် ကလည်း သူလည်း စာမရေးတော့ဘဲ ဘလော့ဂါ ဒေါ့ကွန်မှာ ရေး၊ ညီညီကျော် ကလည်း ဘလော့ဖွင့်ပြီး ရေးကြရာကနေ ဆောင်းနှင်းရွက် လည်း ဘလော့ဖွင့်ရကောင်းနိုးနိုး ၊ မဖွင့်ရ ကောင်းနိုးနိုးနဲ့ မိုးခါး ၊ နေ၀သန် ၊ ညီညီကျော် အကူအညီနဲ့ပဲ အရင် တတ်စတင် လုပ်ထားတဲ့ ဘလော့စပေါ့ဒေါ့ကွန်းကို ပစ်ပြီး ဆောင်းနှင်းရွက် ဆိုပြီး ဘလော့ ဖွင့်လိုက်ရာကနေ ခု လက်ရှိ ဖွင့်ထားတဲ့ ဘန်နာမှာ ဆိုဒ်နာမည် ပျောက်နေတဲ့ ဆောင်းနှင်းရွက် ဆိုတဲ့ ဆိုဒ်လေးပါပဲ ..

အဲ့ဒီ့နောက်ပိုင်း တစ်ယောက် နဲ့ တစ်ယောက် ဟိုဆိုဒ်သွားဖတ်ကြည့် ၊ ဒီဆိုဒ် သွားဖတ်ကြည့် ပြောရင်း စုဗူးပြင်ပ ကနေ ဘလော့ထဲက စသိလာတာ
တောင်ပေါ်သား ၊ အဆိပ်ခွက် ၊ ဦးရှင်ကြီး ၊ မေလေး ၊ မကောင်းကင်ပြာ ၊ မေတ္တာရောင်ပြန် ၊ ဘိုဘိုဟန်(မိုးကုတ်) ၊ ရီနိုမာန် ၊ ဦးသီဟသစ် ၊ နွေးနေခြည် ၊ မ၀ါ ၊ နွေးနွေးသဲမွန်.. သူတို့တွေနဲ့ သိလာခဲ့တယ် .. နောက် ကိုဖိုးစိန်၊ မေသူ ၊ မြရေသျှင် ၊ မျိုးထက်ဇော် ၊ သက်ပိုင်သူ ၊ ဆောင်းချမ်းမိုး ၊ သံလွင်ဟီးရိုး ၊ ညလင်းအိမ် ၊ မင်းကိုချစ်တဲ့သူ ၊ တလနွန် (( ကွိုင်ပဲ ရေးနေရင်း နာမည်တွေ မေ့ကုန်ပြီ ..)) စိတ်မရှိကြပါနဲ့ ... နောက်ပိုင်း ဟိုသွား ၊ ဒီသွား အဖွဲ့လိုက်တွေ ရှိလာခဲ့ပေမယ့် မအားတဲ့နေ့တွေက များနေတော့ တော်ရုံ တန်ရုံ မသွားဖြစ်တာ နဲ့ နောက်ပိုင်းမှာ ဘယ်သူနဲ့ အရမ်း မတွေ့ဖြစ်တာ က များလာခဲ့တယ် .. :))

ဒီထဲက ခုနောက်ပိုင်း စာရေးတာ ကျန်တာ ဆိုလို့လည်း နေ၀သန် ၊ မိုးခါး ၊ လင်းခေတ်ဒီနို ၊ ညလင်းအိမ် ၊ သက်ပိုင်သူ ၊ ကိုဖိုးစိန် ၊ မင်းကိုချစ်တဲ့သူ ၊ လောက်ပဲ ရှိပါတော့တယ် .. အဲ့နောက် ဘလော့ တော်တော်များများလည်း ပိုရောက်ဖြစ်လာတယ် .. ဘယ်ဘလော့ တွေ ရောက်လည်း ဆိုရင် တော်တော်များများကို ရောက်တယ်လို့ ဆိုချင်ပေမယ့် အကုန်တော့ မဖတ်ဖြစ်ပါဘူး .. ဘလော့ အသစ် တစ်ခုတွေ့တိုင်း ၊ စိတ်ဝင်စားစရာတွေ ရှိတိုင်း အမြဲ လင့်ခ်ယူပြီး ချိတ်ထားလိုက်ပါတယ် . . ရှေ့က သူဘာတွေ ရေးခဲ့လဲ ဆိုတာ မဖတ်နိုင်ပေမယ့် နောက်ပိုင်း ရေးမယ့်ဟာတွေကို ဖတ်ချင်တာနဲ့ တင်တိုင်းသိရအောင် လင့်ခ် ယူလာတာပါ ..
ဥပမာ - ကိုအောင်(ပျူနိုင်ငံ)ပဲ ဆိုပါစို့ .. :D သူ့လင့်ခ် ကို စတွေ့တုန်းက ဘန်နာ နဲ့ ဘလော့နိမ်း ကြောင့် စိတ်ဝင်စားသွားတယ် .. နောက် အထဲမှာ ၀င်ဖတ်ကြည့်တော့ သရဲ အကြောင်း တွေ ရေးထားတာ တွေ တွေ့တယ် .. ကိုယ်ကသာ သရဲ တုန်အောင် ကြောက်ပေမယ့် အဲ့လို ဖတ်ရတာတွေကို ကြိုက်တယ် ..း))
နောက် ဟိုနေ့က မောင်မျိုးရဲ့ ဆားချက်ခြင်းမှာ ဆောင်းနှင်းရွက် သူ့ကို သိပုံကိုပါ ချက်ထားတာ တွေ့လိုက်ပါသေးတယ် .. အဲ့လိုပေါ့ .. သူဆိုရင် သူရဲ့ မဲဆောက် ကဗျာ ဖတ်ရင်း သိသွားရာက သူ့ဘလော့ ဖတ်ဖြစ်သွားတာ အဲ့လိုမျိုးတွေပေါ့ ...
ဘလော့က လူတွေ ဘယ်လို သိလည်း ဆိုတာကို တစ်ယောက်ချင်းစီကို ရေးနေရင် အများကြီး ဖြစ်သွားမှာ စိုးလို့ မရေးတော့ပါဘူး .. :))
ခု ဘယ်ဘလော့တွေ ရောက်ဖြစ်လည်းဆို စလုံးက စာရေးတဲ့ သူတွေရဲ့ ဘလော့တွေ ၊ စာဖတ်သူ အရမ်းများတဲ့ ဘလော့တွေ ၊ နေ၀သန် ၊ လင်းခေတ်ဒီနို ၊ ကိုအောင် (ပျူနိုင်ငံ) ၊ ကိုဇော် ၊ မချော ၊ မရို့စ် ၊ မောင်မျိုး ၊ ငွေလမင်း ၊ သက်တန့်ချို ၊ မိုးယံ ၊ မြစ်ကျိုးအင်း၊ ရွှေစင်နု၊ မေဓာဝီ ၊ ညီလင်းသစ် ၊ ကိုကိုမောင်(ပန်းရနံ့) ၊ အန်ဂျယ်လှိုင်း ၊ သီဂီကျော် ၊ တီဆွီ ၊ မနတ်သမီး၊ ဦးဟန်ကြည် (
ရောင်စုံလေးတွေ နဲ့ ရေးလို့ :P နာမည် ကြီးတာလား ၊ ဘာလို့လဲ မသိဘူး .. ခုနောက်ပိုင်း နာမည် တော်တော်ကြီးနေသလိုပဲ .. :D ) ၊ ရှုပ်ပါတယ် .. ခု ဆောင်းနှင်း ဆိုဒ်မှာ လင့်ခ်ချိတ်ထားတဲ့ သူမှန်သမျှ ဆီ အကုန် ရောက်ပါတယ် ပဲ ပြောလိုက်တာ ကောင်းပါတယ် .. ဟီး ;-) နာမည်တွေ တပ်ပြီး မရေးတာ စိတ်မဆိုးကြပါနဲ့ ..း)

ခုလို အွန်လိုင်းမှာ စာရေးတာ ၊ စာဖတ်တာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ် .. စိတ်လည်း ပြေသလို ၊ ဗဟုသုတ တွေလည်း ရပါတယ် .. ခုလို စုဗူးက စလို့ ခုချိန်ထိ စာရေးနေရင်း သိတဲ့ သူငယ်ချင်းများအားလုံး ထဲမှာ ပြောမနာ ၊ ဆိုမနာ ၊ တကယ် ခင်ရတဲ့ သူငယ်ချင်းတွေ ၊ အကူအညီ လိုအပ်ခဲ့တဲ့ အချိန်တွေ မှာပဲ အကူအညီ ပေးခဲ့တဲ့ သူငယ်ချင်း တွေ ၊ အဝေးရောက်သွားပေမယ့် တတ်နိုင်သလောက် အမြဲ ကူညီပေးခဲ့တဲ့ သူငယ်ချင်း နေ၀သန် ၊ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..

နောက် .. ကွန့်မန့် တွေမှာ နောက်နောက်ပြောင်ပြောင် နဲ့ ပေးခဲ့တာတွေကိုလည်း စိတ်မဆိုးကြပါနဲ့ ပြောပါရစေ .. တစ်ခါတစ်လေ ပေးလိုက်တဲ့ ကွန့်မန့်နဲ့ စာနဲ့ တစ်လွှဲ ဖြစ်သွားမှန်း .. ကိုယ် ကိုယ်တိုင်လည်း သိပါတယ် .. အဲ့ဒီ့အတွက်လည်း စကောပန်ပါတယ် ..း)))
ဒါကြောင့် ခုချိန်မှာ ကိုယ်တိုင်သာ အတွေးပေါ် ၊ စိတ်ကူးပေါက် မှ အရည်မရ ၊ အဖတ်မရ တွေ ထရေး ပြီး စာတွေ ရေးတာ အရမ်း ကျဲ ပေမယ့် ဘလော့မှ ရေးတဲ့ သူတွေရဲ့ စာတွေကို အားတာနဲ့ ၀င်လာပြီး အမြဲ အားပေးနေရင်း ဆက်လက် ပြီး စာတွေ ရေးသားနိုင်ကြပါစေ လို့ ပြောလိုက်ပါရစေ ..

တကယ်တော့ ဆောင်းနှင်းရွက် ဆိုတာ စာရေးတဲ့ သူတစ်ယောက် မဟုတ်ဘဲ အားရင် ဘလော့က စာတွေ လိုက်လိုက်ဖတ်တဲ့ ပရိတ်သတ် တစ်ယောက်ပါ ..

PS ... !...* စာတစ်ပုဒ်ရေးတိုင်း အတွေးနဲ့ အရေးနဲ့ တစ်ခြားစီ ဖြစ်ဖြစ်သွားတတ်တာလည်း ခုချိန်ထိ မပျောက်သေးသလို မြန်မာလက်ကွက် ရိုက်ရာမှာလည်း စကားလုံး အဆင့်တွေ နဲ့ ရိုက်ရတဲ့ တစ်ချို့ စကားလုံးကို မရိုက်တတ်တာကြောင့် စာလုံးပေါင်းတွေ မှားနေပါတယ် .. *...!

Author: ဆောင်းနှင်းရွက်
•8/12/2011 10:43:00 PM


သူမ ..

အပြင်မှာ မိုးတွေ သည်းကြီး မည်းကြီး ရွာနေတဲ့ မိုးသံ နဲ့ အတူ ဆေးရုံအခန်းတွင်းမှာ လည်း ရင်သွေးငယ် တစ်ယောက်ကို လူ့လောကထဲ ရောက်ဖို့ မွေးဖွားနေတဲ့ အမျိုးသမီး တစ်ယောက် ရဲ့ အသံက လည်း မိုးသံ နဲ့ အတူပေါ့ … သွေးအရမ်း သွန်နေလို့ ဆရာဝန်တွေ ချွေးပြန်နေသလို ၊ အပြင် မှာ စောင့်နေတဲ့ သူမ ရဲ့ ခင်ပွန်း သည် လည်း စောချွေးပြန်နေသည် .. ဒါပေမယ့် မနက် ၂ နာရီ စွန်းစွန်းမှာပဲ ခက်ခက်ခဲခဲ နဲ့ သူမ ကို သူမ ရဲ့ မိခင်က လူ့လောကထဲ ပို့ပေးခဲ့တယ် .. နောက်တော့ မွေးဖွားပေးတဲ့ ဆရာဝန်ကို သမီးလေး ခြေလက် အဂါင်္ ပြည့်စုံရဲ့လား .. မျက်နှာ အနေအထား အားလုံး မှန်ကန်ရဲ့လား သူမ မေးချင်တာတွေ မေးပြီး .. ဆရာဝန်က အားလုံးပြည့်စုံပါတယ် နေကောင်း ကျန်းမာပါတယ် အဖြေ ရရချင်းပဲ မေမေ သတိလစ်သွားခဲ့တယ် .. အဲ့ဒီ့နေ့ က အဲ့ဆေးရုံမှာ သူမ နဲ့ ရက်အတူတူ လူ့လောကထဲ ရောက်လာတာ ၇ ဦး ရှိတယ်လို့ ဆရာဝန် ပြောပြတာကို သူမ မေမေ ပြန် ပြော လို့ သိခဲ့ရတယ်..

သူမ ကိုမွေးဖွားနေချိန်မှာပဲ သူမ မေမေရဲ့ အမေ သည်လည်း အသည်း အသန် ဖြစ်နေခဲ့တယ် .. ဒါပေမယ့် အိမ်က လူတွေ က အားလုံးကလုံးဝ မပြောဘဲ နှုတ်ပိတ်နေခဲ့ကြပေမယ့် .. နောက်ထပ် ၁၅ ရက်အကြာမှာ ပဲ ဆုံးသွားခဲ့တာကို မပြောမဖြစ်လို့ ပြောခဲ့ကြရင်း ချက်ချင်းပဲ မေမေ့ဆန္ဒအတိုင်း ကျောက်ပန်းတောင်းကို ပြန်ခဲ့ကြတယ် .. ဒါပေမယ့် အရမ်း ကို သွေးနု သားနု ဖြစ်နေတဲ့ မေမေ့အတွက် လမ်း မှာတင် သွေး အရမ်းထပ်သွန်လို့ ရထားကို ရပ်ခိုင်းပြီး တပ်ကုန်းမှာ ဆေးရုံတတ်ခဲ့ရပြန်တယ် .. အဲ့ဒါနဲ့ သူမ သည် လည်း တပ်ကုန်းဆေးရုံက အမျိုးသမီး တစ်ယောက်ရဲ့ နို့နဲ့ အသက်ရှင်ခဲ့ရတယ် .. အဲ့လို အကြောင်း အမျိုးမျိုးကြောင့်ပဲ သူမ တစ်ယောက် သူမ ရဲ့ မိခင် နို့နဲ့ ဝေးခဲ့တယ် ..

အဲ့ဒီလို မိခင်နို့နဲ့ ကင်းကွာခဲ့တဲ့ အတွက်ပဲလား မသိ.. သူမ ၁ နှစ် သမီး လောက်မှာ အသည်းရောင် အသည်းဝါ ဖြစ်ခဲ့တယ် .. နောက် သူမကို မွေးပြီး ၁ နှစ်လောက်မှာ ရန်ကုန်ကနေ ရေနီစက္ကူစက်ရုံကို မေမေပြောင်းခဲ့ရလို့ မေမေ ညီမ က မေမေနဲ့ လိုက်နေခဲ့တယ် .. ဖေဖေကတော့ ရန်ကုန်မှာ ကျန်နေခဲ့ပါတယ် ..

ဒီလိုနဲ့ သူမ မွေးကတည်က သူမ ဆီမှာ မိခင်ပမာ စောင့်ရှောင့်တဲ့ မေမေရဲ့ ညီမ(လေးလေး) လက်ပေါ်မှာ သူမ တစ်ဖြေးဖြေး ကြီးပြင်းလာခဲ့တယ် … လေးလေးသည်ပဲ သူမကို မီးငယ် ဆိုတဲ့ နာမည် ကို တစ်ဆွေလုံး တစ်မျိုးခေါ်ဖို့ အစပြုခဲ့ပေမယ့် ရေနီမှာ စက္ကူစက်ရုံက မေမေ သူငယ်ချင်းက သဲသဲဆိုတဲ့ နာမည်ကို အစပြုလိုက်ရာက စက်ရုံကလူတွေ ခေါ်ရင်းခေါ်ရင်း သဲသဲ ဆိုတဲ့ နာမည်ကို သူငယ်ချင်းတွေ ခေါ်ဖို့ပေးသလို ဖြစ်သွားခဲ့တယ် .. ဒီလိုနဲ့ အစစ အရာရာ လေးလေးသည်ပဲ သူမ တို့ အတွက် လိုလေးသေးမရှိအောင် ဖေဖေ နဲ့ မေမေ အလုပ်သွားနေချိန်မှာ လုပ်ပေးခဲ့တယ် .. လေးလေးသည်ပဲ သူမ ကို ကျူရှင်မယူစေဘဲ ၈ တန်းအထိ တောက်လျှောက် စာပြပေးခဲ့တယ် .. တစ်ခါတစ်လေ သင်္ချာပြတာနဲ့ကြုံရင် အမြဲ အဆူခံရတတ်တယ် .. ဘယ်လောက်ရှင်းပြပြ ၊ သင်္ချာဆိုတဲ့အတိုင်း သင်လေချာလေ များ ဖြစ်နေလားမသိဘူး ဆိုပြီး အဆူခံ ၊ ခေါင်းခေါက်ခံ ၊ ပေတံစာ မိခံရတယ် ..

သူမ မွေးမွေးချင်း ၀န်ထမ်း အိမ်ယာ မှာနေခဲ့ရပေမယ့် သူမ ၃ နှစ်သမီးမှာ ဖေဖေ ရဲ့ ၀န်ထမ်းက ရတဲ့ မြေကွက်လေးမှာ အိမ်ဆောက်ရင်း သူမ တို့ မိသားစု ပြောင်း ခဲ့ကြတယ် .. ပြောင်းပြီး သိပ်မကြာမှာပဲ သူမ အသည်းအသန် ဖျားခဲ့တယ် .. သူမ ရဲ့ မေမေရော ၊ ဖေဖေ ရော မျက်လုံးတွေ ပျာဝေသွားရအောင်ကို သူမ အသည်းအသန် ဖျားပြီး ဆေးရုံပြန်ရောက်ခဲ့တယ် ..
နောက် သူမ ၃ နှစ် သမီးအရွယ်မှာပဲ နောက်ထပ် သူမအတွက် နေ့နံ့တူ ၊ လတူ ၊ ရက်သိပ်မကွာတဲ့ မောင်လေး တစ်ယောက် ၇ခဲ့တယ် ..

၎ နှစ်သမီး အရွယ်မှာ သူမကို ဖေဖေက ကြက်တောင်ရိုက်နည်း စ သင်ပေးခဲ့တယ် .. ငယ်ငယ်လေးကတည်းက ဖေဖေ့ရဲ့ သင်ပေးခဲ့မှု့ကြောင့် ခုချိန်မှာ သူမ ၀ါသနာ နဲ့ အကျွမ်းကျင်ဆုံး အားကစားဆို ရင် ကြက်တောင်ရိုက်ခြင်း တစ်ခု ဖြစ်လာခဲ့တယ် .. ။

သူမ ၅ နှစ် သမီး အရွယ် .. သူငယ်တန်း စတတ်မယ့် နေ့မှာပဲ ကျောင်းအဖြူအစိမ်း အကျီ် ၀တ်ပြီးခါမှ ကျွတ်ကျွတ် ပူ နေတဲ့ မီးပူ ကို ခလုတ် တိုက်မိရင်း ပေါင်ကို မီးပူလိုက်သွားလို့ မသွားခဲ့၇ဘဲ ၂ ပတ်လောက် ဆေးခရမ်းပြာတွေ လိမ်းခဲ့ရပါသေးတယ် ..
သူငယ်တန်းကစလို့ အဒေါ် နဲ့ မေမေ ရဲ့ သွန်သင်ဆုံးမ တွေက တစ်ဖြေးဖြေးခေါင်းထဲ ၀င်လာခဲ့တယ် .. ညတိုင်း ဘုရား ၇ှိခိုးပြီးမှ အိမ်ရသလို၊ ဖေဖေနဲ့ မေမေကို ကန်တော့ ၊ လေးလေးကို ကန်တော့ပြီးမှ အိပ်ယာဝင်ရတာကတော့ ခုချိန်ထိ စွဲကျန်နေသေးတဲ့ တစ်ခုပါ..

သူမ ၄ တန်း အရွယ်မှာ သူမ ရဲ့ လေးလေး ကြိုးစားပမ်းစား သင်ပေးမှု့ကြောင့် သူမ စက်ဘီးစစီးတတ်ခဲ့တယ် .. ။ အဲ့ဒီ့ သူမ ၄ တန်းအရွယ်လောက်မှာ တစ်ရက် ..ငရုတ်သီး နဲ့ မတည့်တဲ့ သူမ အတွက် နဲနဲစားတာ များများစားသလိုဖြစ်သွားရင်း ဆီး သွားလွန်နေခဲ့တယ် .. ခဏနေ မေမေပြန်လာတော့ ဆေးတိုက်ရင်း အိမ်နားက မြို့နယ်ကျန်းမာရေး ဆေးခန်းကို သွားခဲ့ကြတယ် .. ခဏ သက်သာပေမယ့် ညဘက် ၈ နာရီ လောက်က စပြီး တစ်ခါ ပြန်ပြီး ၅ မိနစ် တစ်ခါ လောက်သွားလိုက်တာ ညတွင်းချင်း ဆေးရုံသွားတဲ့ လမ်းမှာတင် မျှောသွားလို့ အားလုံး ရင်ဘက်တုန်ခဲ့ရသေးတယ်.. ။ အဲ့ဒီ့ ၄ တန်း နှစ်မှာပဲ ကျောင်းမှာ ရန်ဖြစ်ရင်း လက်မှာ ခဲတံ စိုက်ဝင်သွားပြီး ခဲဆစ် ၁ ခုလုံး လက်ထဲ စိုက်ဝင်သွားတဲ့ ဒဏ်ရာက ခုချိန်ထိ လက်မှာ ၇ှိနေသေးတယ် ..

ဒီလိုနဲ့သူမ ၃၊ ၄ တန်းရောက်တော့ အိမ်မှာ တောက်တိုမရ အဒေါ် လုပ်တဲ့ အိမ်တွင်းစီးပွားရေး ဖြစ်တဲ့ စက်ချုပ်တဲ့ အလုပ်နဲ့ ၊ ရေခဲထုပ် ထုပ်တဲ့ အလုပ်လိုက်လုပ်ရတယ် .. နောက် တစ်ဖြေးဖြေး ၆ တန်း ၊ ၇ တန်း ရောက်လာတော့ ညနေဆို ရေခဲပုံးလိုက်သိမ်းရတယ်.. စနေ၊ တနင်္ဂနွေ ဆိုရင် ရေခဲထုပ်ပုံးတွေ လိုက်ပို့ရတယ် .. ပိုက်ဆံ လိုက်ကောက်ရတယ် .. ညနေဆို ရေခဲပုံးထဲမှာ အပေါက် ဘယ်နှစ်ထုပ် ၊ ကျန်တာ ဘယ်နှစ်ထုပ်နဲ့ ပိုက်ဆံ မမှားအောင်လည်း သေချာတွက်ရသေးတယ် .. သေချာဘာလို့တွက်ရသလဲဆိုရင် သူမ အတွက်အချက်ဆို အ၇မ်းကို လျှမ်းပြီး ညံ့လည်း ညံ့လို့ပါ .. ၀န်ထမ်းမိသားစု ဖြစ်တဲ့ သူမ တို့ မိသားစုမှာ ငွေပိုငွေလျှံဆိုတာ မရှိတဲ့ အတွက် သူမ ရဲ့ အဒေါ်က အိမ်မှာနေပြီး သူမ ၃၊ ၄ တန်းကစလို့ အိမ်တွင်းစီးပွားရေး စက်ချုပ် ၊ ရေခဲထုပ် ၊ ပန်းကုံးညှပ် .. အိမ်တွင်းစီးပွားရေး မှန်သမျှအကုန်လုပ်တာ လေးလေး သူမဆုံးသွားခင်အထိပါပဲ .. ဖေဖေ၊ မေမေ နဲ့ လေးလေးတို့ ခြိုးခြံချွေတာ စုကြရင်းနဲ့ပဲ သူမ ၄ တန်းအရွယ် အိမ်မှာ ကားပြာရောင်လေး တစ်စီးဝယ်ခဲ့တယ် .. အဲ့ကားလေး ၀ယ်တာ ၇ သောင်း ပေးရတယ် လို့ စိတ်ထဲမှာ ဇဝေဇ၀ါ နဲ့တော့ ပြန်ကြားနေသလို ပဲ .. ခြိုးခြံချွေတာဆိုလို့ ငယ်ငယ်က စာရေးဖို့ကို ခဲတံ ၁ ချောင်းကို ၂ ပိုင်း ဖြတ်ပြီး သုံးရတယ်.. ခဲတံ တစ်ချောင်းလုံး အရှည်ကြီးပျောက်ရင် နှမြောစရာဆိုပြီး တော့ပေါ့ ..

နောက် ၅ တန်း ရောက်တော့ သူမ အုန်းနို့ခေါက်ဆွဲစားတာ များသွားလို့ အပူကန်ပြီး ခေါင်းမှာ အဖု တွေ ပေါက်တာကနေ ပြည့်တွေတည် အနာတွေ ဖြစ်လို့ ကတုံးမ ဆိုတဲ့ နာမည် ခဏ တွင်သွားပါသေးတယ် .. သူမ ၅ တန်းမှာပဲ သူမ ဖေဖေ ၀န်ထမ်းဘ၀ ကနေ ထွက်လိုက်ပြီး အပြင် အလုပ် ကို လုပ်ခဲ့တယ် .. ။

နောက် ၇ တန်းရောက်တော့ အိမ်ကို မန္တလေးက ဖေဖေ့ညီနဲ့ တူ အလည်လာရင်း သင်ပေးခဲ့လို့ သူမ ဆိုင်ကယ်စီးတတ်ခဲ့သလို .. သူမကို ဖေဖေစပြီး ချက်စ် ကစားနည်းသင်ပေးခဲ့တယ် .. နောက် ဖေဖေရဲ့ အိမ်ဆွဲတဲ့ ဒီဇိုင်းတွေ နဲနဲပါးပါးသိလာခဲ့တယ် .. သူမ ၇ တန်းလောက်က စပြီး သူမ ကြီးလာတာနဲ့ အမျှ ဘာရောဂါမှ မဖြစ်တော့ပေမယ့် သူမ လက်သည်းရှည်ထားရင် ဖျားနာတတ်တာ တိုက်ဆိုင်မှုလား ၊ ဘာလဲတော့ မသိပေမယ့် လက်သည်းတွေရှည်လာရင် ဖျားလာတတ်တယ် .. (အယူမဆွဲပေမယ့်အမြဲတိုက်ဆိုင်နေတာ ခုထိပါပဲ) ။

၆ တန်း ၇ တန်း ရောက်တော့ မေမေ ဟင်းချက်ရင် ဘေးနားက ၀ိုင်းကူလုပ်ပေးရတာကို ကြည့်ပြီး ဟင်းချက်ရမှာကို ကြောက်လာတယ်.. အထူးသဖြင့် ငါးကြော်လို့ ဆီ မတော်မစ စင်ပြီး မေမေ့လက်မှာ အနာရည်ဖု ထွက်တိုင်း ဟင်းချက် ရမှာဆို အ၇မ်းကြောက်တယ် .. ဒါပေမယ့် မေမေ က ဘယ်တော့မှ သူဒဏ်ရာရတာကို ဘယ်သူ့ကိုမှ ပြန်မပြောပြဘူး .. အဲ့ဒါကို အလိုက်မသိတတ်တဲ့ သူမ ရဲ့ မောင်လေး ဟင်းဂျီးများတဲ့ အခါတိုင်း သူမ နဲ့ မောင်လေး နဲ့ စကားများရတယ် .. ဒီလိုနဲ့ပဲ မေမေဘေးမှာ ဆေးတဲ့ကြောတဲ့ လုပ်တဲ့ ဆေးကျောင်းပဲ တတ်ခဲ့တာ သူမ လေးလေး ဆေးရုံတတ်ခဲ့တဲ့အချိန်မှာ သူမ စပြီး ချာလည်လိုက်တော့တာပါပဲ ..

ဒီလိုနဲ့ စည်းစနစ် ကြီးတဲ့ အဒေါ် နဲ့ မေမေ ရဲ့ သွန်သင်ပြမှု့အောက်မှာ သူမ ကြီးပြင်းလာခဲ့တယ် .. ကြီးပြင်းလာတာနဲ့အမျှ ၁၀ ခါ့ တစ်ခါလောက် အပြင်သွားတာနဲ့ ကြုံလို့ ပြန်လာရင် ပြောသွားတဲ့ နေရာအပြင် ဘယ်သွားခဲ့သေးလဲ .. ဘယ်သူတွေ ပါသေးလဲ .. ဘာလုပ်ခဲ့လဲ .. ဘာစားခဲ့သေးလဲ .. ဘယ်လောက်သုံးခဲ့လဲ .. ဘာလို့ ပြောသွားထက် အချိန်ထက် နောက်ကျတာလဲ .. “ဘ” ကုန်းပေါင်းများစွာကို အပြင်က ပြန်လာတိုင်း ဖြေရလွန်းလို့ အိမ်ထဲက အိမ်ပြင်ဆိုတာ အိမ်မက်ထဲမှာပဲ ထွက်ချင်တော့တယ် ..


အိမ်က မေမေက သူ သူနာပြု ဆရာမ ဖြစ်နေလို့ သားနဲ့ သမီးကို ပိုပြီး တက်စေချင်တဲ့ ဆန္ဒ ရယ် ၊ လေးလေး ရဲ့ ကျန်းမာရေး မကောင်းတာတွေကြောင့် ဆရာဝန် အရမ်း ဖြစ်စေချင်တယ် .. အဲ့ဒါကြောင့်လည်း ၁၀ တန်း မတိုင်ခင်အထိ ဘာလုပ်မှာလဲ မေးရင် သူမသည် လည်း ဆရာဝန် ပဲ လုပ်မှာလို့ ပြောခဲ့တယ် .. ဒါပေမယ့် သူမ လုံးဝ စိတ်မ၀င်စားခဲ့ပေ .. စိတ်မ၀င်စားဆို .. သူမ ရဲ့ အဓိကအချက်က လူသေတွေကို ကြောက်တယ် ..
အဲ့ဒါနဲ့ပဲ သူမ အိုင်တီ ပိုင်းဆိုင်ရာ နဲ့ ကယ်မီကယ်ပိုင်း ဆိုင်ရာ နှစ်ခုကို တွဲတတ်ခဲ့တယ် .. သူမ ကျောင်းပြီးသွားတော့ လူ့လောက အကြောင်း သိအောင် ဆိုပြီး ခဏ ဖေဖေက သူလုပ်နေတဲ့ ကုမဏီမှာ လခ မပေးဘဲ အစစ အရာရာ သင်ပေးပါ ဆို ပြီး ကျောင်းအပ်သလို အပ်ခဲ့တယ် .. သူမ အဲ့အလုပ်စ၀င်ခါစမှာပဲ လေးလေး တစ်ယောက် ဆုံးသွားခဲ့တယ် ..

ဒီလိုနဲ့ သူမ အဲ့အလုပ်ကို စလုပ်ရာကနေ အစစ အရာရာ တော်တော်များများ နားလည်ခဲ့တယ် .. တစ်နေ့လုပ်မှ တစ်နေ့စား၇တဲ့ လူတွေ အဆင့်ကနေ တစ်နေ့တည်း ဆာလာအိတ်ခွံ နဲ့ ၀င်ငွေ ရှိတဲ့ လူတွေ လုပ်ကိုင်ပုံအထိ သူမ သိခဲ့တဲ့ အချိန်မှာ အပြင်လောကမှာ လူတွေ ကွာဟ နေကြတာ ၊ သနားဖို့ ကောင်းတာတွေ ၊ ဘာလို့ ငွေကို တမ်းတမ်းတတ ရှာဖွေနေရတာလည်းတွေ .. တစ်ယောက်နဲ့ တစ်ယောက် ကူညီ ၇ိုင်းပင်းတာ ၊ မျက်နှာလွှဲလုပ်တာ ၊ မသိချင်ယောင် ဆောင်တာ တွေ .. သြော် .. လောကကြီးက ဒီလိုပါလား ဆိုတာ သိလာတယ် .. တကယ်တော့ လောကမှာ ငွေနဲ့ ၀ယ်လို့ ရတာတွေ ရှိသလို ၊ ၀ယ်လို့ မရတာတွေလည်း အများကြီး ရှိနေပါတယ် …

၆ လ လောက် ကြာတော့ မလုပ်တော့ဘဲ ကိုယ့်ဘာသာရပ်နဲ့ ဆိုင်တဲ့အလုပ်ပဲ လုပ်ခဲ့တယ် .. မှတ်မိပါသေးတယ် .. စစချင်း ၃ သောင်း ခွဲ ပဲ ၇ခဲ့တယ် .. လစာ ရတဲ့နေ့က ပျော်လိုက်တာ .. ဘယ်လို ပျော်မှန်းမသိဘူး .. ဘာလုပ်ရမှန်းလည်းမသိဘူး.. ဒါနဲ့ အိမ်ရောက်တော့ မေကြီးကို အကုန် ပေးလိုက်တယ် .. နောက် ၃ လ ပြီးတော့ သူမ ၁ သိန်း အထိ ၇တယ် .. အဲ့နေ့ကဆို ပျော်လို့ မိုးပေါ်တောင် တက်သွားလား အောင်မေ့ရတယ် .. ဒါပေမယ့် သူမ အဲ့အလုပ်မှာ မပျော်တော့ပေ … ဘာလို့လဲဆို မန်နေဂျာ နဲ့ အင်ဂျင်နီယာ တွေ ကြားမှာ သူမ နဲ့ မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ဘာမဟုတ်တဲ့ ကိစ္စ တွေနဲ့ သူမ ဖြေရှင်း ရတာ တွေ မလုပ်ချင်ပေ .. သူမ ဘာလုပ်ရမလဲ .. နိုင်ငံခြားကိုပဲ သွားပြီး အလုပ် လုပ်ရမလား .. ကျောင်းဆက်တတ်၇မလား .. ဒါမှ မဟုတ် မေမေ့လိုပဲ အစိုးရ ၀န်ထမ်း လုပ်ရမလား .. သူမ ဝေခွဲမရ ဖြစ်နေချိန် .. သူမ အလုပ်ကနေ သူမ နိုင်ငံခြား အလုပ်နဲ့ ကျောင်းတွေဆီ အီးမေလ်တွေ ပို့ခဲ့တယ် .. အဲ့ချိန် သတင်းစာထဲမှာ ကယ်မီကယ်ပိုင်းဆိုင်ရာ အရာရှိစာမေးပွဲ ဖြေဖို့ ခေါ်တာ တွေ့တာနဲ့ ၀င်ဖြေလိုက်ပါသေးတယ် .. ၀င်ဖြေလို့အောင်ရင် နောက်ထပ် ၃ လ ဆို နောက်တစ်ဆင့် ရာထူးကို ထပ်တတ်ပေးပါမယ်လို့ပါတာနဲ့ ဘာပဲဖြစ်ဖြစ် မေမေကလည်း သူ အစိုးရ ၀န်ထမ်းဆိုတော့ .. မဆိုးဘူးပေါ့ .. ဖြေကြည့်လိုက်ပါ ဆိုတာနဲ့ ဖြေလိုက်တာ .. ကံပဲကောင်းတာလား ၊ ဘာလည်း မသိဘူး .. သူများတွေ အဲ့ ပိုဆေရှင် ရဖို့ ဟိုလူ့ပြော ၊ ဒီလူပြော ပြော၇တဲ့ အချိန်မှာ သူမ အတွက် လျှောလျှောရှူရှူ ရသွားခဲ့တယ် .. အဲ့ဒါနဲ့ သူမ ကုမဏီကနေ အလုပ်ထွက်လိုက် ပြီး ဆေးဝါး စက်ရုံမှာ အလုပ်လုပ်ခဲ့သေးတယ် .. နောက် လုပ်နေရင်း ၁ လ လောက်နေတော့ နောက်ထပ် ရာထူးဆိုတာ ဘွန်းထိုး၇မှာတဲ့ .. ဟင် .. အဲ့လိုလား .. သူမ ပြန်စဉ်းစားရသည် .. ဘာလုပ်ရမလဲ .. မေမေကတော့ မိန်းကလေး အိနြေ္ဒ ရှိရှိ ၀န်ထမ်းပဲ လုပ်စေချင်တယ် .. ဒါပေမယ့် သူမ မလုပ်ချင်ပါ .. အဲ့ချိန်မှာပဲ ကျောင်းလျှောက်ထားတာ ၇တယ် ဆိုပြီး ဖြစ်လာပြန်တယ် .. ဖေဖေကတော့ ဘာမှ မပြော .. သွားချင်သွားပါ .. ဒါပေမယ့် သွားပြီးရင် အချိန်တန်ရင် ပြန်လာရမယ်.. သူများနိုင်ငံမှာ သမီး တစ်ယောက်တည်း တစ်သက်လုံးကိုတော့ နေခွင့်မပြုဘူးတဲ့ .. သူမ စဉ်းစားရပြန်ပြီ .. သူမ မလုပ်ချင်တာ အတူတူ ထွက်လိုက်ပြီး ပိုလည်း မျက်စိ ပွင့်အောင် ဆိုပြီး သူမ သူများ နိုင်ငံ သွားဖို့ကို ရွေးလိုက်တယ် ..

အဲ့ဒါနဲ့ပဲ မျက်စိလည်ပြီး နေရာ အသစ်ကို ရောက်ခဲ့တယ် .. ခုနေရာအသစ်မှာပဲ သူငယ်ချင်းအသစ်တွေ ရခဲ့တယ် ၊ ခုချိန်ထိ မေ့လို့မရတဲ့ အမှတ်တရ ရှိခဲ့တာတွေလည်း ရှိနေခဲ့သလို သူမ ရဲ့ မသိစိတ်ကို ပိုပြီးကောင်းမွန် ရင့်ကျက်အောင် ပြောင်းလဲပေးခဲ့တဲ့ သူတွေနဲ့လည်း ကြုံခဲ့တယ် .. သူမ ဒီရောက်နေတဲ့ ပထမနှစ်အတွင်းမှာပဲ ဖေဖေ အသည်းအသန် ဖြစ်ပြီး ဆေးရုံ ၂ ခါ တတ်ခဲ့ရပေမယ့် အိမ်က မေမေက လုံးဝ မပြောဘဲ ဖုံးဖိထားတယ် .. မေးလိုက်တိုင်း နေကောင်းတယ် .. ဟိုနားခဏ သွားတယ် .. ဒီနား ခဏ သွားတယ်နဲ့ ပဲ ပြောနေခဲ့တယ် ..
အဲ့ဒါကို ဒီမှာ နေတဲ့ သူမ မသိနားမလည်ဘဲ အိမ်ကို ကလေး တစ်ယောက်လို တစ်တွတ်တွတ်နဲ့ မပျော်တဲ့ အကြောင်း ၊ နဲနဲ အဆင်မပြေတာ တွေ့တာနဲ့ မေမေ ပိုစိတ်ပူအောင် ပြောနေခဲ့တယ် .. နောက် တစ်နှစ် အိမ်ကို ပြန်မှ လေဆိပ်မှာ ဖေဖေ အ၇မ်း ပိန်ကျသွားတာကို မြင်ပြီး ရင်ထဲမှာ တစ်ဆစ်ဆစ် နဲ့နာနေခဲ့တယ် .. အဲ့လိုတွေ သိပြီးနောက်ပိုင်း ခုဆိုရင် သူမ ဒီမှာ ဖြစ်သမျှသည်လည်း အားလုံးပြေသည်ဖြစ်စေ ၊ မပြေသည် ဖြစ်စေ … အားလုံး အဆင်ပြေသည်သာ ပြောခဲ့တယ် .. ဒါပေမယ့် သူမကို မွေးထားတဲ့ ဖေဖေ နဲ့ မေမေပဲ သိတာပေါ့ .. တမင်ဖြေမှန်း သိနေခဲ့တယ် .. သူမ သည် လည်း အိမ်နဲ့ ၃ ရက် တစ်ခါ လောက် အိမ်က အသံ ကြားရမှ စိတ်အေးရတဲ့ အထိ ဖြစ်ခဲ့တယ် ..
ဒီလိုနဲ့ပဲ ဒီကျွန်းပေါ်မှာ ကျောင်းတတ် ၊ ကျောင်းသွား ၊ စာလုပ် ၊ ပတ်တိုင်း အလုပ်လုပ် ၊ ကျသွားတဲ့ စိတ်ဓာတ် ပြန်တင်လိုက် ၊ စိတ်ညစ်စရာရှိရင် ဒီဘက်နားက ၀င် ဟိုဘက်နားက ထွက်လိုက် နဲ့ တစ်နေ့တစ်နေ့ ၂၄ နာရီ ပတ်ချာလည် နေခဲ့တယ် ..


ခုချိန်မှာ အားလုံးကို ပြန်စဉ်းစားကြည့်ရင် သူမ တို့ မိသားစုမှာ တကယ်တော့ အခက်အခဲ တွေ အများကြီး ရှိနေခဲ့ပေမယ့် သားနဲ့ သမီး မသိစေဘဲ .. လိုလေသေး မရှိအောင် အမြဲ လုပ်ပေးတယ် .. လူကြားထဲမှာ ဘယ်တော့မှ မျက်နှာ မငယ်စေ၇ဘူး .. အထူးသဖြင့် သူမ ကို မွေးတဲ့နေ့မှာ သူမ တို့ မိသားစုမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိလို့ နောက်ဆုံး ဖေဖေ က သူ့ အလုပ်မှာ သုံးတဲ့ အမြတ်တနိုးဈေးကြီးပေးဝယ်ထားတဲ့ ဆေဗဲလ် နဲ့ ဆိုင်တဲ့ ပစ္စည်း အစစ် အကောင်းစားတွေ ကို ရောင်းခဲ့ရတာ ၊ မေမေ နို့မထွက်လို့ တစ်လ တစ်လ အလျှင်မှီအောင်
နို့မှုန့်ဘူး အတွက် ဘယ်လို စုဆောင်း ၀ယ်ခဲ့ရတာတွေ၊ နောက်ထပ် ခက်ခဲခဲ့တဲ့ အချိန်တွေ အများကြီး ရှိနေခဲ့တာတွေ ကို တစ်ခါတစ်လေ ပြန်ပြောပြရင် ရင်ထဲမှာ မကောင်းပေ .. ဘယ်လို အခက်အခဲတွေ ရှိပါစေ .. သူမတို့ မိသားစု လေးဟာ တစ်ပတ်တစ်ခါ မေမေက ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ မှာ အပတ်တိုင်း သားနဲ့ သမီး ၊ ဖေဖေ စားချင်တဲ့ မုန့်မှန်သမျှ လုပ်ကျွေးတာ .. မိသားစုအပြင်သွားတာတွေ နဲ့ ပျော်ရွှင်ဖွယ် ကောင်းခဲ့တယ် .. ခုချိန် တစ်ယောက်တည်း နေ နေရတဲ့ အချိန်မှာ တစ်ခါ တစ်လေ သူမ စိတ်ဓာတ်ကျချိန်တိုင်း ဖေဖေဆီက ခွန်အားသံတွေ ကြားရင်း သူမ အားတွေ ပြန်ဖြည့်ခဲ့တယ် သလို မေမေ့ ရဲ့ လမ်းမှားမရောက်အောင် ဖေးမ သွန်သင် ဆုံးမ မှု့တွေနဲ့ လျှောက်နေခဲ့တယ် …
စာတစ်ပုဒ်မှာ ဖတ်ဖူးတဲ့ အတိုင်း အဖေသည် သားသမီးတို့အတွက် နေ့မင်းကြီး တစ်ခု ဖြစ်ပြီး မိခင်ရင်ခွင်သည် သားသမီးတို့ အတွက် နွေးထွေးဆုံး ရင်ခွင်ဖြစ်တယ် ဆိုတာ တကယ်မှန်ပါလား ဆိုတာ စိတ်ထဲမှာ တစ်ခုခု ခံစားရတိုင်း ၀င်လာခဲ့မိပါတယ် …


video

ဖြစ်သင့်တာတွေ ၊ ဖြစ်နေတာတွေ ၊ ဖြစ်ချင်တာတွေ ထက် ခုချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဖို့ပါ .. အနာဂတ် ဆိုတာ ဘာမှ မမြင်နိုင်ပါဘူး ..

PS ... !...* အသက်ကြီးလာတာနဲ့ အမျှ ငယ်ငယ်က ပုံရိပ် တွေ ကို အမှတ်တရ ရေးလိုက်တာပါ .. တစ်ချို့ စာလုံးပေါင်း ဆင့်ပြီး ရိုက်ရတဲ့ စကားလုံးတွေ လည်း လက်ကွက် မရိုက်တတ်တဲ့အတွက် မှားနေပါတယ် *...!