Author: ဆောင်းနှင်းရွက်
•8/29/2011 02:01:00 AM


ကိုအောင် (ပျူနိုင်ငံ) စစချင်း ဘလော့ဒေးအတွက် အမှတ်တရ ဆိုတာ မြင်တာနဲ့ ဟိုးအရင် စစချင်း စာတွေ ရေးတာလေး ကို သွားတော့ သတိရမိလိုက်တာတော့ အမှန်ပါပဲ .. အပိုင်း ၂ လည်း ဖတ်ရော တဂ်ထားတာ တွေ့တော့ စိတ်ထဲ မှာ ကိုအောင့် ကို အားနာသွားမိတာတော့ အမှန်ပါပဲ .. ဘာလို့လဲ ဆိုရင် အလုပ်နဲနဲများနေတာနဲ့ ချက်ချင်း မရေးပေးနိုင်လို့ပါ ..း))

စာ စစချင်း ရေးဖြစ်တာကတော့ ( ၂၀၀၇ )လွန်ခဲ့တဲ့ ၄ နှစ်လောက်က
စုဗူးဆိုတဲ့ ဆိုဒ်လေး ကပါ .. အဲ့နေ့က အလုပ်ကနေ အင်တာနက် ဂျာနယ် ဖတ်နေရင်း အဲ့ဒီ့ ၀က်ဆိုဒ် အသစ်လေး အကြောင်း ရေးထားတာ လေး တွေ့တော့ ဖတ်လည်းပြီးရော ချက်ချင်းပဲ အလုပ်ကနေအကောင့်ဖွင့်လိုက်ပါတယ် .. နောက် အဲ့ဒီ့ ဆိုဒ်လေးမှာ ဖွင့်ပြီး နောက် သိပ်မကြာလိုက်ပါသလိုပဲ .. ဘလော့ဂါ ဒေး ဆိုပြီး မြန်မာ အိုင်စီတီ ပတ်ခ် မှာလား မသိဘူး လုပ်မယ် ဆိုတာလည်း အင်တာနက် ကနေ ကြားလိုက်ပါသေးတယ် .. အဲ့ဒါ ဘလော့ဂါ ၄ ယောက်လား ၊ ၅ ယောက်လား မသိဘူး .. သူတို့ တွေ (..... ) ပြောကြမှာပေါ့ ဆိုပြီး အွန်လိုင်းမှာ ကြေငြာတာတွေ့လိုက်ပါတယ် .. အဲ့ဒါနဲ့ ဘလော့ဂါ ဒေါ့ ကွန်း မှာ ဘလော့ တစ်ခုပါ ထပ်ဖွင့်လိုက်ပါသေးတယ် (ယေးတေးတေးပဲ) .. ဒါပေမယ့် အဲ့ဒီ့ ဘလော့ က လုံးဝ စာမရှိပဲ အကောင့်ပဲ တတ်စတင် အနေနဲ့ ဖွင့်ကြည့်ထားခဲ့တဲ့ ဘလော့ပါ ..

တကယ်တော့ လွန်ခဲ့တဲ့ ၄ နှစ် (၂၀၀၇) က စလို့ စာရေးတယ်လို့ ပြောပေမယ့် လုံးဝ ဟုတ်တိပတ်တိ ရေးတဲ့ သူတစ်ယောက် မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ့် ကိုယ်ကို စာရေးနေတဲ့ သူတစ်ယောက်လို မသတ်မှတ်မိသလို ၊ ခုချိန်ထိ စာကောင်း ပေကောင်း တွေလည်း မရေးတတ်သေးပါဘူး .. မအားလို့ မရေးဖြစ်တာ တွေ နဲ့ပဲ ကီးဘုတ်မှာ နှိပ်မိတဲ့ လင့်ခ် တွေ သွားရင်း သူများရေးထားတဲ့ စာတွေ ကိုပဲ လိုက်ဖတ်ခဲ့တာများပါတယ် .. ဆိုဒ်တွေ နဲ့ လင့်ခ်တွေ တော်တော်များများကို ရောက်ပေမယ့် ကွန်မန့်တွေ တော့ အရမ်း မရေးဖြစ်ပါဘူး ..
အထူးသဖြင့် နာမည်ကြီး ဆိုဒ်တွေပါ .. ကိုယ်က ပေါ့ပေါ့ပါးပါးကွန့်မန့်လောက်ပဲ ပေးဖြစ်တော့ ကိုယ်ရေးတဲ့ ကွန့်မန့်နဲ့ ရေးထားတဲ့ စာနဲ့ မကိုက်ဘဲ တစ်မျိုးထင်ပြီး လွဲကုန်ရင် မကောင်းဘူးလေ .. အဲ့ဒါကြောင့်ပါ .. B-) ဒါပေမယ့် ဆိုဒ်တွေမှာ စကားလုံး ဖောင့်သေးနေတဲ့ ဆိုဒ်တွေ ဆိုရင်တော့ လုံးဝ မဖတ်ဖြစ်ပါဘူး .. ဘာလို့လဲ ဆိုရင် မျက်လုံး အာရုံစိုက်ရတဲ့ အတွက်ပါ ..(ကိုယ့်ဆိုဒ်က ဖောင့်တောင် သေးနေသေးတယ် ထင်တာ).. ပုဂ္ဂိုလ်စွဲ နဲ့ ဖတ်တာ မဟုတ်ပေမယ့် ကိုယ်ခင်တဲ့ သူငယ်ချင်း ဆိုဒ်တွေကတော့ အမြဲတမ်းတမ်း လိုလို ရောက်ဖြစ်ပါတယ် ..

ပြန်ဆက်ရမယ် ဆိုရင် အဲ့ဒီ့ စစချင်း စုဗူး ဖွင့်လိုက်တုန်းက လူ အယောက် ၅၀ လောက်ပဲ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် နဲ့ လည်း ပျော်ဖို့ကောင်းပါတယ် .. နောက် ၁ ယောက်နဲ့ ၁ ယောက် အပြင်မှာ တွေ့ရအောင် ဆိုပြီး ပထမဆုံး စုဗူး တွေ့ဆုံပွဲလေးကို မြေနီကုန်းမှာ လုပ်ခဲ့ကြတော့
ကိုလူလိန် ၊ ကိုရွှေဘုန်းလူ ၊ ၀ိုင် ၊ ကိုစိုးမိုး ၊ ကိုလူစိမ်း ၊ ကောင်းကင်ပြာ၊ မငယ် ၊ သံယောဇဉ်လေး ၊ ဆာမူရိုင်း ( ၁၅ ယောက် ) လောက် လာခဲ့ကြပေမယ့် ကျန်တဲ့ သူတွေကို မမှတ်မိတော့တာ ခွင့်လွှတ်ပါ ..တွေ့ခဲ့ကြတယ်ဆိုပါတော့ .. နောက် ပရဟိတ တွေ လုပ်ဖို့ လည်း ပြောခဲ့ကြတာ မှတ်မိပါသေးတယ် .. အဲ့ဒီ့နောက်ပိုင်း မနက်ရုံးရောက်ရင် ဘယ်သူတွေ ဆိုဒ်မှာ စာအသစ်တင်လည်း အမြန်ဖွင့်ကြည့်ရတာ အမော ..း)) အဲ့ဆိုဒ်မှာ ရေးခဲ့မိတာလည်း စုစုပေါင်း ၁၀ ပုဒ် လောက်ပဲ ၇ှိမယ် ထင်ပါတယ် .. နောက်ပိုင်း သူတို့တွေလည်း ကိုယ်ပိုင် ဘလော့ဖွင့် စာရေးတဲ့ အပြင် ဆိုရှယ်ဆိုဒ်တွေပါ လုပ်လာခဲ့တယ် ..

အဲ့ဒီ့ ဆိုဒ်လေး မှာ အကောင့်ဖွင့်ပြီး နောက် ၆ လ လောက် နေတော့ ဒီကို ထွက်လာတော့ ရောက်ရောက်ချင်း ကွန်ပြူတာ မရှိတဲ့ အတွက် ၆ လ လောက် ဆိုဒ်ထဲလည်း မ၀င်ဖြစ်တော့သလို ၊ ဘယ်လင့်ခ်ဆိုဒ်မှလည်း မရောက်ဖြစ်တော့ပါဘူး .. ဒါပေမယ့် ကွန်ပြူတာ ၀ယ် ပြီး နောက် ဆိုဒ်ထဲ ပြန်ဝင်တဲ့အခါကျတော့ အရင်လို ပျော်ဖို့ မကောင်းတော့သလို ၊ ပြသာနာတွေ ကို တွေ့နေပေမယ့် အဲ့စုဗူးကနေပဲ သူငယ်ချင်း အသစ်တွေ ထပ်ရခဲ့ပါတယ် .. နာမည်မှတ်မိတာ
ဇီးရိုး ၊ သူရဿဝါ နဲ့ ပင်ဂွင်း မှတ်မိတော့လို့ ကျန်တဲ့သူများ ခွင့်လွတ်ကြပါ .. နောက် ဆက်ပိုင် (ဗညားရှိန် ၊ လင်းခေတ်ဒီနို) ကို စုဗူးကဓာတ်ပုံတွေထဲမှာ တော့ မြင်နေရပေမယ့် အဲ့တုန်းကမမြင်ဖူးသေး၊ မခင်သေးပါဘူး .. အဲ့နောက်ဒီမှာ ပထမဆုံး သိတာကတော့ မက်ရှိမိုရိုး နာမည်နဲ့ (ကိုသားဇော်) ၊ သူကနေ သိတာ နာမည် ခဏ၊ ခဏ ပြောင်းရတာ ၀ါသနာ ပါတဲ့ ညီညီထွေး (ခ) နာကာမူယာ (နေ၀သန်) ၊ မေသဲ (မိုးခါး) ၊ ညီညီကျော် (ညီညီကျော်) ၊ သိပြီး သိပ်မကြာပါဘူး .. အပြင်မှာပါ တွေ့ရအောင်ပါ ဆိုပြီး ချိန်းလိုက်တာကနေ လူချင်းပါတွေ့ ၊ ပိုရင်းနှီးသွားခဲ့တယ် ... တွေ့တွေ့ချင်းနေ့ပဲ နေ၀သန် ရဲ့ လမ်းညွှန်မှု့ ကြောင့် ဂျလန်းဂျလန်း ထလိုက်ကြတာ ခြေထောက်တွေ တောင် ကိုက်တယ် .. ((မှတ်မိကြလားတော့ သိဘူး)) :D

အဲ့နောက် မိုးခါးက သူ စုဗူးမှာ စာမရေးတော့ဘဲ အပြင် ကိုယ်ပိုင် ဆိုဒ်နဲ့ ရေးနေပါတယ် တဲ့ .. နောက် ပိုးတွေကူးကုန်ပြီး .:D နေ၀သန် ကလည်း သူလည်း စာမရေးတော့ဘဲ ဘလော့ဂါ ဒေါ့ကွန်မှာ ရေး၊ ညီညီကျော် ကလည်း ဘလော့ဖွင့်ပြီး ရေးကြရာကနေ ဆောင်းနှင်းရွက် လည်း ဘလော့ဖွင့်ရကောင်းနိုးနိုး ၊ မဖွင့်ရ ကောင်းနိုးနိုးနဲ့ မိုးခါး ၊ နေ၀သန် ၊ ညီညီကျော် အကူအညီနဲ့ပဲ အရင် တတ်စတင် လုပ်ထားတဲ့ ဘလော့စပေါ့ဒေါ့ကွန်းကို ပစ်ပြီး ဆောင်းနှင်းရွက် ဆိုပြီး ဘလော့ ဖွင့်လိုက်ရာကနေ ခု လက်ရှိ ဖွင့်ထားတဲ့ ဘန်နာမှာ ဆိုဒ်နာမည် ပျောက်နေတဲ့ ဆောင်းနှင်းရွက် ဆိုတဲ့ ဆိုဒ်လေးပါပဲ ..

အဲ့ဒီ့နောက်ပိုင်း တစ်ယောက် နဲ့ တစ်ယောက် ဟိုဆိုဒ်သွားဖတ်ကြည့် ၊ ဒီဆိုဒ် သွားဖတ်ကြည့် ပြောရင်း စုဗူးပြင်ပ ကနေ ဘလော့ထဲက စသိလာတာ
တောင်ပေါ်သား ၊ အဆိပ်ခွက် ၊ ဦးရှင်ကြီး ၊ မေလေး ၊ မကောင်းကင်ပြာ ၊ မေတ္တာရောင်ပြန် ၊ ဘိုဘိုဟန်(မိုးကုတ်) ၊ ရီနိုမာန် ၊ ဦးသီဟသစ် ၊ နွေးနေခြည် ၊ မ၀ါ ၊ နွေးနွေးသဲမွန်.. သူတို့တွေနဲ့ သိလာခဲ့တယ် .. နောက် ကိုဖိုးစိန်၊ မေသူ ၊ မြရေသျှင် ၊ မျိုးထက်ဇော် ၊ သက်ပိုင်သူ ၊ ဆောင်းချမ်းမိုး ၊ သံလွင်ဟီးရိုး ၊ ညလင်းအိမ် ၊ မင်းကိုချစ်တဲ့သူ ၊ တလနွန် (( ကွိုင်ပဲ ရေးနေရင်း နာမည်တွေ မေ့ကုန်ပြီ ..)) စိတ်မရှိကြပါနဲ့ ... နောက်ပိုင်း ဟိုသွား ၊ ဒီသွား အဖွဲ့လိုက်တွေ ရှိလာခဲ့ပေမယ့် မအားတဲ့နေ့တွေက များနေတော့ တော်ရုံ တန်ရုံ မသွားဖြစ်တာ နဲ့ နောက်ပိုင်းမှာ ဘယ်သူနဲ့ အရမ်း မတွေ့ဖြစ်တာ က များလာခဲ့တယ် .. :))

ဒီထဲက ခုနောက်ပိုင်း စာရေးတာ ကျန်တာ ဆိုလို့လည်း နေ၀သန် ၊ မိုးခါး ၊ လင်းခေတ်ဒီနို ၊ ညလင်းအိမ် ၊ သက်ပိုင်သူ ၊ ကိုဖိုးစိန် ၊ မင်းကိုချစ်တဲ့သူ ၊ လောက်ပဲ ရှိပါတော့တယ် .. အဲ့နောက် ဘလော့ တော်တော်များများလည်း ပိုရောက်ဖြစ်လာတယ် .. ဘယ်ဘလော့ တွေ ရောက်လည်း ဆိုရင် တော်တော်များများကို ရောက်တယ်လို့ ဆိုချင်ပေမယ့် အကုန်တော့ မဖတ်ဖြစ်ပါဘူး .. ဘလော့ အသစ် တစ်ခုတွေ့တိုင်း ၊ စိတ်ဝင်စားစရာတွေ ရှိတိုင်း အမြဲ လင့်ခ်ယူပြီး ချိတ်ထားလိုက်ပါတယ် . . ရှေ့က သူဘာတွေ ရေးခဲ့လဲ ဆိုတာ မဖတ်နိုင်ပေမယ့် နောက်ပိုင်း ရေးမယ့်ဟာတွေကို ဖတ်ချင်တာနဲ့ တင်တိုင်းသိရအောင် လင့်ခ် ယူလာတာပါ ..
ဥပမာ - ကိုအောင်(ပျူနိုင်ငံ)ပဲ ဆိုပါစို့ .. :D သူ့လင့်ခ် ကို စတွေ့တုန်းက ဘန်နာ နဲ့ ဘလော့နိမ်း ကြောင့် စိတ်ဝင်စားသွားတယ် .. နောက် အထဲမှာ ၀င်ဖတ်ကြည့်တော့ သရဲ အကြောင်း တွေ ရေးထားတာ တွေ တွေ့တယ် .. ကိုယ်ကသာ သရဲ တုန်အောင် ကြောက်ပေမယ့် အဲ့လို ဖတ်ရတာတွေကို ကြိုက်တယ် ..း))
နောက် ဟိုနေ့က မောင်မျိုးရဲ့ ဆားချက်ခြင်းမှာ ဆောင်းနှင်းရွက် သူ့ကို သိပုံကိုပါ ချက်ထားတာ တွေ့လိုက်ပါသေးတယ် .. အဲ့လိုပေါ့ .. သူဆိုရင် သူရဲ့ မဲဆောက် ကဗျာ ဖတ်ရင်း သိသွားရာက သူ့ဘလော့ ဖတ်ဖြစ်သွားတာ အဲ့လိုမျိုးတွေပေါ့ ...
ဘလော့က လူတွေ ဘယ်လို သိလည်း ဆိုတာကို တစ်ယောက်ချင်းစီကို ရေးနေရင် အများကြီး ဖြစ်သွားမှာ စိုးလို့ မရေးတော့ပါဘူး .. :))
ခု ဘယ်ဘလော့တွေ ရောက်ဖြစ်လည်းဆို စလုံးက စာရေးတဲ့ သူတွေရဲ့ ဘလော့တွေ ၊ စာဖတ်သူ အရမ်းများတဲ့ ဘလော့တွေ ၊ နေ၀သန် ၊ လင်းခေတ်ဒီနို ၊ ကိုအောင် (ပျူနိုင်ငံ) ၊ ကိုဇော် ၊ မချော ၊ မရို့စ် ၊ မောင်မျိုး ၊ ငွေလမင်း ၊ သက်တန့်ချို ၊ မိုးယံ ၊ မြစ်ကျိုးအင်း၊ ရွှေစင်နု၊ မေဓာဝီ ၊ ညီလင်းသစ် ၊ ကိုကိုမောင်(ပန်းရနံ့) ၊ အန်ဂျယ်လှိုင်း ၊ သီဂီကျော် ၊ တီဆွီ ၊ မနတ်သမီး၊ ဦးဟန်ကြည် (
ရောင်စုံလေးတွေ နဲ့ ရေးလို့ :P နာမည် ကြီးတာလား ၊ ဘာလို့လဲ မသိဘူး .. ခုနောက်ပိုင်း နာမည် တော်တော်ကြီးနေသလိုပဲ .. :D ) ၊ ရှုပ်ပါတယ် .. ခု ဆောင်းနှင်း ဆိုဒ်မှာ လင့်ခ်ချိတ်ထားတဲ့ သူမှန်သမျှ ဆီ အကုန် ရောက်ပါတယ် ပဲ ပြောလိုက်တာ ကောင်းပါတယ် .. ဟီး ;-) နာမည်တွေ တပ်ပြီး မရေးတာ စိတ်မဆိုးကြပါနဲ့ ..း)

ခုလို အွန်လိုင်းမှာ စာရေးတာ ၊ စာဖတ်တာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ် .. စိတ်လည်း ပြေသလို ၊ ဗဟုသုတ တွေလည်း ရပါတယ် .. ခုလို စုဗူးက စလို့ ခုချိန်ထိ စာရေးနေရင်း သိတဲ့ သူငယ်ချင်းများအားလုံး ထဲမှာ ပြောမနာ ၊ ဆိုမနာ ၊ တကယ် ခင်ရတဲ့ သူငယ်ချင်းတွေ ၊ အကူအညီ လိုအပ်ခဲ့တဲ့ အချိန်တွေ မှာပဲ အကူအညီ ပေးခဲ့တဲ့ သူငယ်ချင်း တွေ ၊ အဝေးရောက်သွားပေမယ့် တတ်နိုင်သလောက် အမြဲ ကူညီပေးခဲ့တဲ့ သူငယ်ချင်း နေ၀သန် ၊ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..

နောက် .. ကွန့်မန့် တွေမှာ နောက်နောက်ပြောင်ပြောင် နဲ့ ပေးခဲ့တာတွေကိုလည်း စိတ်မဆိုးကြပါနဲ့ ပြောပါရစေ .. တစ်ခါတစ်လေ ပေးလိုက်တဲ့ ကွန့်မန့်နဲ့ စာနဲ့ တစ်လွှဲ ဖြစ်သွားမှန်း .. ကိုယ် ကိုယ်တိုင်လည်း သိပါတယ် .. အဲ့ဒီ့အတွက်လည်း စကောပန်ပါတယ် ..း)))
ဒါကြောင့် ခုချိန်မှာ ကိုယ်တိုင်သာ အတွေးပေါ် ၊ စိတ်ကူးပေါက် မှ အရည်မရ ၊ အဖတ်မရ တွေ ထရေး ပြီး စာတွေ ရေးတာ အရမ်း ကျဲ ပေမယ့် ဘလော့မှ ရေးတဲ့ သူတွေရဲ့ စာတွေကို အားတာနဲ့ ၀င်လာပြီး အမြဲ အားပေးနေရင်း ဆက်လက် ပြီး စာတွေ ရေးသားနိုင်ကြပါစေ လို့ ပြောလိုက်ပါရစေ ..

တကယ်တော့ ဆောင်းနှင်းရွက် ဆိုတာ စာရေးတဲ့ သူတစ်ယောက် မဟုတ်ဘဲ အားရင် ဘလော့က စာတွေ လိုက်လိုက်ဖတ်တဲ့ ပရိတ်သတ် တစ်ယောက်ပါ ..

PS ... !...* စာတစ်ပုဒ်ရေးတိုင်း အတွေးနဲ့ အရေးနဲ့ တစ်ခြားစီ ဖြစ်ဖြစ်သွားတတ်တာလည်း ခုချိန်ထိ မပျောက်သေးသလို မြန်မာလက်ကွက် ရိုက်ရာမှာလည်း စကားလုံး အဆင့်တွေ နဲ့ ရိုက်ရတဲ့ တစ်ချို့ စကားလုံးကို မရိုက်တတ်တာကြောင့် စာလုံးပေါင်းတွေ မှားနေပါတယ် .. *...!

This entry was posted on 8/29/2011 02:01:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

16 comments:

On August 29, 2011 at 3:32 AM , Angelhlaing(May everybody be happy and healthy! said...

Happy Blog day ပါမမရေ...:)
ပါဝင်ဆင်နွဲခွင့်ရလို့ ကျေးဇူးပါလို့..
အစဉ်အမြဲ အားပေးလျှက်...

 
On August 29, 2011 at 3:38 AM , တောက်ပကြယ်စင် said...

ဟင့် အင့် မရဘူး မရဘူး နာမည်ပြန်ထည့်ပေး ပြန်ထည့်ပေး မထည့်ပေးရင် စိတ်ဆိုးမှာနော်။ ဒီညတော့ အိပ်ပျော်မှာ မဟုတ်တော့ဘူး။ (ခင်လို့ နောက်တာပါ ဆောင်းနှင်းရယ်)

ဘလော့ဒေးအတွက် အမှတ်တရများ လာဖတ်သွားတယ် ဆောင်းနှင်းရေ။ ကျန်းမာပျော်ရွှင် အောင်မြင်ပါစေ ဆောင်းနှင်းရေ။

 
On August 29, 2011 at 4:20 AM , ကိုအောင်(ပျူနိုင်ငံ) said...

အခုလည်း အကို့ဘလော့က ဟိုပြောင်း ဒီပြောင်းနဲ့ သရဲလိုက်ခြောက်တာ ခံနေရတုန်း၊ တက်ဂ်ကို အခုလို ပျော်ပျော်ရွှင်ရွှင် ရေးပေးတာ ကျေးဇူးပါ ညီမလေး ...

 
On August 29, 2011 at 5:07 AM , ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာကောင်းတဲ့ ဘလောဂ့်ဒေးပိုစ့်လေးပါဘဲ
ဘလော်ဂါတွေ စုံစုံညီညီ တွေ့ရသလို ၊ ဘလောဂ့်ထဲ ရောက်လာပုံလေးတွေပါ ဖတ်ရလို့ ပျော်စရာကောင်းတယ်လို့ ထင်မိတာ
စာတွေ အများကြီး ရေးနိုင်ဖတ်နိုင်ပါစေ ညီမလေးရေ

 
On August 29, 2011 at 7:53 AM , လင်းခေတ်ဒီနို said...

မိသဲတို့ ကတော့ လုပ်ပီ . . . ငါ့ကို နာမည်တွေ တလှေကြီးရေးထားပေးရတယ်လို့ .. .း))

 
On August 29, 2011 at 8:16 AM , အလင်းသစ် said...

ပြန်ရောက်ရောက်ချင်း ဖတ်ဖို့စာတွေက တဂ်ပို့စ်တွေချည်းပါပဲလား။။။
တဂ်ပို့တွေကို တစ်ခါတစ်လေ ပြုံးပြီး၊ တစ်ခါတလေ တခွိခွိ၊တဟိဟိနဲ့ လိုက်ဖတ်နေပါသည်။။

 
On August 29, 2011 at 8:34 AM , အဖြူရောင်နတ်သမီး said...

Happy Blog Day...

 
On August 29, 2011 at 10:44 AM , နေ၀သန် said...

ဟမ်ဒါဆန် ဝေ့ဗ်ကိုသွားကြတာလေ... ဟုတ်????.. :P.. ခြေထောက်ကိုက်ရင် ပြန်ကိုက်လိုက်ဟ.... ဟဟ

ခင်မင်လျက်
နေ၀သန်

 
On August 29, 2011 at 8:13 PM , Sonata Cantata said...

ဒီပို့စ်လေးကို S-C ဆိုက်ဘားမှာ ထင်ထားပါရစေနော်

 
On August 30, 2011 at 7:37 AM , သူကြီးမင်း (တုံးဖလား) said...

စာလာဖတ်တာတော့ သတိထားမိတယ်။ လင့်ခ်မချန်ထားခဲ့တော့ စာရေးမှန်းမသိဘူး။ ဒါကြောင့် အခု ဆောင်းနှင်းရွက်ဆိုပြီး ဂူးဂဲလ်ထဲ ရိုက်ရှာကြည့်လိုက်မိတယ်။ ဒါကြောင့် အခုမှ ရောက်ဖြစ်တယ်။ နောက်တော့ ရောက်ဖြစ်မှာပါ။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

ခင်မင်လျက်

 
On September 1, 2011 at 3:13 PM , မဒမ်ကိုး said...

ချစ်စရာဆောင်းနှင်းရွက်ကလေးရေ..
ဆုတောင်းပြည့်ရင်တော့နောက်တစ်ကြိမ်ထပ်သွားရမယ်ပေါ့..အသိပေးတာကျေးဇူးနော်..

စာတွေအများကြီးဆက်ရေးနိုင်ပါစေ
ဆက်လဲဖတ်နိုင်ပါစေလို့

ချစ်တဲ့

မဒိုးကန်

 
On September 6, 2011 at 3:59 PM , စံပယ်ချို said...

ဆောင်းနှင်းရေ.....ခံစားဖတ်သွားပါတယ်နော်...
နောင်လဲဒီထက်မက စာတွေအများကြီးရေးနိုင်ပါစေလို့
ချစ်ခင်တဲ့ jasmine

 
On November 7, 2011 at 5:16 PM , ဆူးသစ် said...

စာရေးသူတစ်ယောက် သိပ်မဟုတ်ပေမယ့် စာဖတ်သူတစ်ယောက်ဆိုတာသိရလို့ ဆောင်းနှင်းရွက်ကို အားပေးသွားပါတယ်။ ရံဖန်ရံခါ ကျွန်တော့်ဘလော့ကို လာလည်တတ်တာလည်း သတိပြုမိပါတယ်။ စာတွေလည်း ရေးနိုင်ပါစေခင်ဗျာ။

 
On November 22, 2011 at 1:15 AM , ...အလင်းစက်များ said...

ကျနော်ကတော့ ဗလစ်ဗလစ်နဲ့  လျောက်သွားနေတာပဲ ခြေရာချန်ဖြစ်တဲ့ အခါလည်း ချန်ဖြစ်တယ် မချန်ဖြစ်တဲ့ အခါလည်း မချန်ဖြစ်ဘူးရယ်။ ဒေါ့ကွန်းပြောင်းပြီး နောက်ပိုင်း လင့်တွေ ပြုတ်သွားတဲ့နောက် အဆက်အသွယ် အတော်များများ ပြတ်ကုန်တယ်။ ကိုယ့်ဆီပြန်လာမှ၊ ကိုယ်က လိုက်ရှာမှပဲ ပြန်ရတော့တယ်။

အချိန်၇တဲ့ခါ ရေးပါဗျာ။ ၀ါသနာက ကိုယ့်အတွက် ၀န်ထုတ်ဝန်းပိုး မဖြစ်တာ အကောင်းဆုံးပါပဲလေ။

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

 
On January 23, 2012 at 11:29 AM , ဆူးသစ် said...

စာသိပ်မရေးပေမယ့် လင့်တော့ ချိတ်ထားလိုက်ပါပြီ။ ရေးနိုင်တဲ့အချိန်ရေးပေါ့။ အားပေးပါတယ်။ လင့်ကို ခွင့်ပြုမယ်လို့ ထင်ပါတယ်။

 
On September 28, 2012 at 9:16 AM , San San Htun said...

ကွန့် မန့် ရေးထားခဲ့ပေမယ့် လင့်မထားခဲ့လို့  မသိခဲ့ဘူး.ခုမှပဲ နေဝသန်ဆီက ရောက်လာခဲ့တယ်..နောက်ကျနေပေမယ့် ဟတ်ဘီးဘလော့ဒေးလေး ဖြစ်ပေါစေ..