Author: ဆောင်းနှင်းရွက်
•4/18/2010 10:09:00 PM
နှစ်သစ်ကူးမှာ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်စုံနိုင်ကြပါစေ လို့ ပို့စ် မရေးခင် နှစ်သစ်ကူးမှာ ဆုမွန်ကောင်း ခြွေလိုက်ပါတယ် ..။


စိတ်ထဲ ရှိသမျှ ချရေးပြီနော် ...

~ အိမ်ကို အရမ်းသတိရနေတယ် ..။ အထူးသဖြင့် ဖေဖေနဲ့ မေမေကိုပေါ့ .. နောက်တစ်ခါ အိမ်ပြန်တဲ့ အချိန်မှာ ဖေဖေ နဲ့ မေမေ မျက်နှာကို မြင်ရဖို့ အမြဲ မျှော်လင့်နေတယ် .။
~ မနက်ဖန်ဆို ကျောင်းစဖွင့်တော့မယ် .။ နောင် ၆ ဆိုတဲ့ အတွေးက မတွေးပဲ မနေနိုင်အောင် ၀င်ဝင်လာတယ် .။
~ ၃ နှစ် ကျောင်းတတ်ပြီးတဲ့ အချိန် ဖေဖေနဲ့ မေမေ သက်ရှိထင်ရှား ရှိနေဖို့ အမြဲမျှော်လင့်နေမိတယ် .။
~ မိသားစုနဲ့ နေရတာ ဘယ်လောက် နွေးထွေးဖို့ကောင်းတယ်ဆိုတာလည်း တစ်နေ့တစ်ခြား ပိုသိလာတယ် .။

~ ကျောင်းတတ်ရမယ့် ၅ ရက်မှာ ၃ ရက် က မနက်အစော မသွားရတော့ အိပ်ရေး၀၀တော့ အိပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.။
~ ဒါပေမယ့် ညနေ ၆ နာရီ အထိ တတ်ရမယ့် နေ့ကိုတော့ ရင်မောတယ် . :(
~ စကောလားရှစ်နဲ့ တတ်ရဖို့လည်း Citizen ရှာလိုက်ရရင်ကောင်းမလား မသိဘူး .:P
~ ကျောင်းက မတတ်ရသေးဘူး .. Attachment ကိုလည်း Oversea မှာ ဆင်းချင်နေတယ်.. B-)
(မုန့်ဆီကြော် ဘယ်နားနေမှန်းမသိသေးဘူးး ... ((ဆက်ပြောကြရန်))..)

~ ရန်ကုန် က ဆံပင်ညှက်ပေးလိုက်တဲ့ ဆံပင်ညှက်ဆိုင်က အမကြီးကိုလည်း စိတ်တိုနေတယ် .။
~ ဒီက ပြောတဲ့စကားလုံးအတိုင်း ပြောရရင် Chicken Back Side ပုံစံ ပြောင်းဖို့ စိတ်ကူးနေရတယ် .။

~ အလုပ်က ဆယ်ပြားစေ့မျက်နှာ နဲ့ တရုတ်ကောင်ကိုလည်း အမြင်ကပ်တယ် .။
~ ဆရာကြီးဒီဇိုင်းနဲ့ ဘယ်လိုကြည့်ကြည့် မျက်စိထဲမှာ ကြည့်လို့ကို မရဘူး.။
~ ခဏ၊ ခဏ စကားမများချင်လို့ ရှောင်ရင်လည်း မရပြန်ဘူး.။

~ အနောက်တိုက်က သူငယ်ချင်း Malaysian မလေးအိမ်မှာ အမြဲ ထမင်းစားရရင်ကောင်းမလဲနော် ..
~ ချို၊ ပေါ့ နေတဲ့ ပေါက်ဖော်ကြီးလက်ရာရိုးသွားလို့ မလေးတွေရဲ့ အုန်းနို့နဲ့ ချက်တဲ့ ဟင်းတွေကို ခံတွင်းတွေ့နေတယ်.:)

~ မလေး ဘာသာစကားလည်း အရမ်းကို တတ်ချင်နေတယ်.။ တစ်နေ့ကို ၁၀ လုံးနှုန်း နဲ့ ကျက်နေတာလည်း မေ့မေ့သွားတယ်.။
~ ဒါပေမယ့် "အာကု ချင်သ ကောင်းမှု" ကျတော့ မေ့ဘူးဗျာ .။ ညဏ်ကောင်းတာ တွေ့တယ်မလား.?

~ Fujitsu & hp ထဲက Laptop အသစ် ၁ လုံးလည်း လိုချင်တယ် .။

~ ပရော်ဖက်ရှင်နယ်လ် ရိုက်တဲ့ ကင်မရာ ကောင်းကောင်းလည်း တစ်လုံးလည်း လိုချင်တယ် .။

~ SonyEricsson ဖုန်း အသစ် ၁ လုံး လည်း လိုချင်နေတယ် .။ ခုဖုန်းက နှာစေးချောင်းဆိုးဝင်နေပြီ .။

~ Student Ezlink Card လည်း မြန်မြန်ရဖို့ မျှော်လင့်တယ် .။ Adult Fees ကြောင့် ညစ်နေတယ်.:(

~ မလေးရှားလည်း သွားလည်ချင်နေတယ် .။ ဂျိုဟို တောင် မရောက်ဖူးသေးတဲ့ ဘ၀.. :(
သူများတွေ ပြောတာတော့ JB မှာ ဘာမှ ရှိဘူးတဲ့ ၊ မရှိလည်း သွားဖူးချင်တာ ..။

~ မြန်မာနိုင်ငံက မသွားဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုးလည်း သွားချင်တယ် .။ မြစ်ဆုံလည်း သွားချင်တယ် .။ တောင်ကြီးလည်း သွားချင်တယ် .။ အလောင်းတော် ကဿဖ လည်း သွားဖူးချင်တယ် .။

~ ဒီနေ့က စလို့ စကားလည်း တည်တည်တံ့တံ့နဲ့ မေးတာကိုပဲ ဖြေတော့မယ် လို့ စိတ်ကူးထားတယ် .။
မြန်မာဘာသာစကားသင်တန်းကျောင်း သွားပြန်တတ်ရရင်တောင် ကောင်းမလား မသိဘူး . B-)

~ သတိရတဲ့ စိတ်တွေကြောင့် ငိုနေမိတာတွေလည်း မရှိချင်ဘူး .။
~ ဒါပေမယ့် ငိုချင်ရက်လက်တို့ဆိုတော့ ငိုနေဆဲပဲ .. အဟင့် .!




ကဲ .. ကိုဏီလင်းညိုရေ ..
လောလောဆယ် ခေါင်းထဲ ရှိသမျှ အတွေးတွေနဲ့ ခံစားရတာတွေကို ရေးတတ်သလိုပဲ ရေးလိုက်တယ်..
အပျော်တမ်း၊ စိတ်ထဲရှိတဲ့အရာလေးတွေပဲ ပေါ်လာမှ ရေးတာဆိုတော့ ကိုဏီလင်းညိုရေးသလောက်တော့ ဖတ်လို့ကောင်းမယ် မထင်ပါ ..
ရေးတာ နောက်ကျနေတာ စိတ်မရှိပါနဲ့ .. တကယ်ကို မအားလို့ပါ .. ။
Author: ဆောင်းနှင်းရွက်
•4/01/2010 02:14:00 PM
ဧပရယ် ဖူးလ် တဲ့ ...
ဧပရယ် ဖူးလ်တာ မဖူးလ်တာတော့သိဘူးးးကွယ် .. အိမ်က ကွန် ကြောင်တောင်တောင်နဲ့ ဖူးလ်နေလို့တော့ တော်တော်ဂွကျတယ် ...

အိမ်ပြောင်းပြီးကတည်း အိမ်မှာ အင်တာနတ် သုံးရတာ မဆင်မပြေလို့ ပါ ....

စာတွေ ဖတ်တယ် .. ဖတ်တယ် .. ကွန်မန့်ရေးမယ်ဆို ကွန် နတ်ရှင်ကြီး က ပြုတ် ကျသွားပြန်ပြီ ...

ဖေ့ဘွတ်မှာ ဆော့တယ် .. ဆော့တယ် .. ကွန် နတ်ရှင်ကြီး ပြုတ်ရက်နဲ့ ဆော့နေတော့ ပြန်ဆော့ရတာပဲ ...

သီချင်းတွေ download လုပ်တယ် .. လုပ်တယ် .. လုပ်နေဆဲ ကွန် နတ်ရှင်ကြီး ပြုတ်ကျသွားပြန်ရော ...

သူငယ်ချင်းတွေ နဲ့ talk တယ် .. talk တယ် .. talk နေရင်း ကွန် နတ်ရှင်ကြီး တတ်လိုက် ၊ ကျလိုက် ...

ဂယ်ပဲ ... ညစ်လိုက်တာ .... ဘာမှန်းကို သိဘူးးး ...

လမ်းဘေးက ရရာ ကွန် ကို ဆွဲသုံးနေရသလိုပဲ ... တတ်လိုက် ၊ ကျလိုက် ... :((

ရရင်လည်း အရမ်း နှေးတာပဲ ...

သိရင် ကူညီပြီး ပြောပြကြပါ ....
အိမ်ရှင် ပြောတာကတော့ 8 မက်ဂါဘိုက် တဲ့ ...
လောလောဆယ် အိမ်မှာ စုစုပေါင်း ကွန်ပြူတာ ၆ လုံး သုံးနေကြပါတယ် ...
အဲ့ဒါ လုံလောက်တဲ့ ဘိုက် လားးးး ၊ မဘိုက် လားးး ၊ မသိလို့ ပြောပြကြပါ ...

နောက်ပြီး တစ်ခါတစ်လေ connection က connected က လို့ ပြနေရက်နဲ့ browser လုံးဝ ဖွင့်လို့ မရပါဘူးးး .. မြင်နေရက် နဲ့ မသုံးရတဲ့ ဘ၀ ... :(( refresh ပြန်လုပ် လည်း မရ ... Restart ပြန်လုပ်လည်း မရနဲ့ .. :((

သြော် ...
ပိုက်ပိုက် များ ရှိလို့ကတော့ လေ ...
တစ်ယောက်စာ ကိုယ်ပိုင် လိုင်း တစ်ခု ၀ယ်လိုက်ပါတယ် ...
(( ဈေးအပေါဆုံး ၁ လ = ၁၆ ကျပ် )) ကို မတပ်နိုင်လို့ တစ်လစာ သူငယ်ချင်းတွေ များ တစ်ယောက် ၁ ကျပ် လောက် စွန့်ကြဲကြရင် ဘယ်လောက် ကောင်းမလဲ နော် .... discount ဈေးလျှော့ပေးတယ် ကွာ .. ငါးမူး ဆိုရင်ပဲ ရတယ် ...


PS ... !...*ခုမှ ရွှေနိုင်ငံ ပြန်ရောက်နေသလိုပဲ .. :( *...!