Author: ဆောင်းနှင်းရွက်
•4/01/2010 02:14:00 PM
ဧပရယ် ဖူးလ် တဲ့ ...
ဧပရယ် ဖူးလ်တာ မဖူးလ်တာတော့သိဘူးးးကွယ် .. အိမ်က ကွန် ကြောင်တောင်တောင်နဲ့ ဖူးလ်နေလို့တော့ တော်တော်ဂွကျတယ် ...

အိမ်ပြောင်းပြီးကတည်း အိမ်မှာ အင်တာနတ် သုံးရတာ မဆင်မပြေလို့ ပါ ....

စာတွေ ဖတ်တယ် .. ဖတ်တယ် .. ကွန်မန့်ရေးမယ်ဆို ကွန် နတ်ရှင်ကြီး က ပြုတ် ကျသွားပြန်ပြီ ...

ဖေ့ဘွတ်မှာ ဆော့တယ် .. ဆော့တယ် .. ကွန် နတ်ရှင်ကြီး ပြုတ်ရက်နဲ့ ဆော့နေတော့ ပြန်ဆော့ရတာပဲ ...

သီချင်းတွေ download လုပ်တယ် .. လုပ်တယ် .. လုပ်နေဆဲ ကွန် နတ်ရှင်ကြီး ပြုတ်ကျသွားပြန်ရော ...

သူငယ်ချင်းတွေ နဲ့ talk တယ် .. talk တယ် .. talk နေရင်း ကွန် နတ်ရှင်ကြီး တတ်လိုက် ၊ ကျလိုက် ...

ဂယ်ပဲ ... ညစ်လိုက်တာ .... ဘာမှန်းကို သိဘူးးး ...

လမ်းဘေးက ရရာ ကွန် ကို ဆွဲသုံးနေရသလိုပဲ ... တတ်လိုက် ၊ ကျလိုက် ... :((

ရရင်လည်း အရမ်း နှေးတာပဲ ...

သိရင် ကူညီပြီး ပြောပြကြပါ ....
အိမ်ရှင် ပြောတာကတော့ 8 မက်ဂါဘိုက် တဲ့ ...
လောလောဆယ် အိမ်မှာ စုစုပေါင်း ကွန်ပြူတာ ၆ လုံး သုံးနေကြပါတယ် ...
အဲ့ဒါ လုံလောက်တဲ့ ဘိုက် လားးးး ၊ မဘိုက် လားးး ၊ မသိလို့ ပြောပြကြပါ ...

နောက်ပြီး တစ်ခါတစ်လေ connection က connected က လို့ ပြနေရက်နဲ့ browser လုံးဝ ဖွင့်လို့ မရပါဘူးးး .. မြင်နေရက် နဲ့ မသုံးရတဲ့ ဘ၀ ... :(( refresh ပြန်လုပ် လည်း မရ ... Restart ပြန်လုပ်လည်း မရနဲ့ .. :((

သြော် ...
ပိုက်ပိုက် များ ရှိလို့ကတော့ လေ ...
တစ်ယောက်စာ ကိုယ်ပိုင် လိုင်း တစ်ခု ၀ယ်လိုက်ပါတယ် ...
(( ဈေးအပေါဆုံး ၁ လ = ၁၆ ကျပ် )) ကို မတပ်နိုင်လို့ တစ်လစာ သူငယ်ချင်းတွေ များ တစ်ယောက် ၁ ကျပ် လောက် စွန့်ကြဲကြရင် ဘယ်လောက် ကောင်းမလဲ နော် .... discount ဈေးလျှော့ပေးတယ် ကွာ .. ငါးမူး ဆိုရင်ပဲ ရတယ် ...


PS ... !...*ခုမှ ရွှေနိုင်ငံ ပြန်ရောက်နေသလိုပဲ .. :( *...!
This entry was posted on 4/01/2010 02:14:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

12 comments:

On April 1, 2010 at 2:53 PM , မေဇင် said...

သူများအိမ်က ခိုး သုံးပေါ့ကွ....အဲ့ဒီထက် မြန်ဦးမယ်... အဟဲ... တစ်လ ငါးမူး စွန့်ရမှာစိုးလို့ ခွိခွိ...နောက်တာ... လိုချင်တယ်ဆို...တစ်လ 5 ကျပ်လဲ ပေးဦးမှာ.............း))

 
On April 1, 2010 at 3:28 PM , သက်တန့်ချို said...

ဧပရယ်ဖူးလ်နဲ့အတူ ကွန်နက်ရှင်လည်း ဖူးလ်တာပေါ့နော် ..ငါးမူးတော့ပေးချင်ပါတယ် နဲနဲတော့လျော့ဦးး)

 
On April 1, 2010 at 3:40 PM , ညလင်းအိမ် said...

သနားလိုက်ပါဘိ ငါ့ညီမရယ် ...
ငါးမူးပေးမယ် လာယူလော့ ...
ဧပရယ်လ်ဖူးလ်မှာ သဲသဲတော့ ရူးသည် .. ဒန်တန်တန် ...း)

 
On April 1, 2010 at 4:04 PM , ဂျပန်ကောင်လေး said...

း)... ကဲ ၀ိုင်းပေးလိုက်ကြပါဦးခင်ဗျာ..... ဟိဟိ....

 
On April 1, 2010 at 6:12 PM , ဇောင်း said...

ငါးမူးတော့ ပေးဖို့စဉ်းစားထား၏
ဒါပေမဲ့ ပေးတဲ့လူတွေများနေတယ်၊ ပိုရင် တစ်ယောက်တစ်ဝက်နော် :P

ZaunG

 
On April 1, 2010 at 7:13 PM , kaungkinpyar said...

အိမ်က လိုင်းကို လှမ်း ချိတ် လိုက်စမ်းဘာာာာ..

၁၀၀ ဘိုက်...၁၀၀ ဘိုက်....း)

 
On April 1, 2010 at 7:42 PM , ကိုအောင် said...

ငါးမူးဆိုရင်လည်း ယူစေဗျာ။

 
On April 2, 2010 at 4:11 PM , ထွေးငယ် said...

၁ကျပ်လောက်ကတော့ ပေးနိုင်ပါတယ်
အချိန်မရွေးလာယူနိုင်ပါသည် :D

နန်းညီဆီကနေ လာလည်သွားပါတယ်
နောက်လဲလာခဲ့ပါအုံးမယ်
ထွေးငယ်

 
On April 4, 2010 at 10:47 PM , SHWE ZIN U said...

လည် လည် လာသွားပါတယ်.. ၅မူးတကျပ်တော့ တတ်နိုင်ပါတယ်ဗျာ

 
On April 4, 2010 at 10:48 PM , SHWE ZIN U said...

လည် လည် လာသွားပါတယ်.. ၅မူးတကျပ်တော့ တတ်နိုင်ပါတယ်ဗျာ

 
On April 5, 2010 at 3:00 AM , မြစ်ကျိုးအင်း said...

ငါးမူးစေ့ ရှာလိုက်အုံးမယ်း)

ခေတ်ရဲ့ပြုစားမှုကြောင့် ကျွန်တော်တို့လည်း အင်တာနက်ပြတ်တာ အိမ်မြှောင်အမြီးပြတ် သလို ဖြစ်နေရတယ်။ ဘေလ်ဆောင်ဖို့ မေ့သွားတဲ့လို့ ဖြတ်လိုက်တဲ့ နေ့ကဆို သိသိချင်း အိမ်အောက်ပြေးဆင်းပြီး 7-11 မှာသွားဆောင် လိုက်ရတယ်။ အိမ်ပေါ်ပြန်တက်လာပြီး ဘယ်အချိန် ပြန်ချိတ်လာမလဲ စောင့်လိုက်ရတာ သေသေချာချာတွေးရင် တကယ့် စွဲလမ်းမှုများ လားမသိတော့ဘူး။

 
On April 6, 2010 at 7:04 AM , Anonymous said...

မိသဲအဖြစ် မနှစ်ကနဲ့ မတူပါလားနော် ဟားဟား