•1/13/2010 07:05:00 PM

စားရမလား..
သောက်ရမလား..
အိပ်ရမလား..
မအိပ်ရဘူးလား..
ပြောရရင်ကောင်းမလား..
မပြောဘဲ နေရင် ကောင်းမလား..
သွားရမလား..
လာရမလား..
လမ်းလျှောက်ရမလား..
ပြေးရမလား..
ထိုင်ရမလား..
မက်တပ်ရပ်မလား ..
အပူသောက်ရမလား..
အအေးသောက်ရမလား..
ကားစီးရမလား ..
MRT စီးရမလား ..
^^^~~~^^^~~~^^^~~~^^^
သောက်ရမလား..
အိပ်ရမလား..
မအိပ်ရဘူးလား..
ပြောရရင်ကောင်းမလား..
မပြောဘဲ နေရင် ကောင်းမလား..
သွားရမလား..
လာရမလား..
လမ်းလျှောက်ရမလား..
ပြေးရမလား..
ထိုင်ရမလား..
မက်တပ်ရပ်မလား ..
အပူသောက်ရမလား..
အအေးသောက်ရမလား..
ကားစီးရမလား ..
MRT စီးရမလား ..
^^^~~~^^^~~~^^^~~~^^^
စဉ်းစားရင်း၊ အတွေးချာလည်ရိုက်ရင်း ၊....နဲ့ပဲ နှစ်သစ် အတွက် စာမျက်နှာ တစ်ပုဒ် ဖွင့်လိုက်တယ် ...
နှစ်သစ် မှာ စာအသစ် ဖွင့်ဖို့ စိတ်ကူးထားပေမယ့် စိတ်ကူးမရှိ ၊ အတွေးမရှိ ၊ ဖြစ်နေပါတယ် ..
အတွေး ရှိလို့ ရေးမယ်ဆို အချိန် မရှိ ၊ အပြင် ရောက်လို့နေ ..
အချိန် ရှိလို့ ရေးမယ်ဆို အတွေး မရှိ ၊ ကွန်ပြူတာရှေ့ ငုတ်တုတ် မေ့..
ရေးမယ်လုပ် စိတ်ကူးတိုင်းလည်း တွေးထားတဲ့ စိတ်ကူးတွေ ဘယ်ချောင်သွားခို မှန်းမသိ ..
ရေးချင်စိတ် မရှိ ၊ စိတ်နဲ့ လူနဲ့ မကပ် ၊
စိတ်တွေ လည်း ဘယ်ပလူ ပျံ နေလည်း မသိ ..
အဲ့လိုပဲ တစ်ခါတစ်လေမှာ အတွေးတွေ အူကြောင်ကြွက် ဖြစ်နေတယ် ..
စဉ်းစားနေတဲ့ ကိစ္စ တွေ လည်း စဉ်းစားလို့မရ ၊ မသိတော့ဘူးးးး ... မမေးနဲ့ ... ရူးတော့မယ် ...
PS ... !...* ခုချိန်မှာ အနားက သိတဲ့သူ ဖြတ်သွားတောင် မြင်တာမဟုတ်လို့ ခွင့်လွှတ်ကြပါ *...!
7 comments:
ညီမသဲသဲရေ
သိပ်ပြီး ဦးနှောက် မခြောက်နဲ့ ဘ၀က ခဏပါ ပျော်သလိုပဲသွား..
ဆိုတဲ့ မစဉ်းစားခြင်း သီချင်းများ (The ants)
ကိုနားထောင်ပါလား
နေကောင်းအောင်နေ၊ အိပ်ရေးဝအောင်အိပ် စိတ်ရှုပ်တာတွေ သက်သာသွားမယ်
ခင်မင်စွာဖြင့်
သီဟသစ်
အိပ်တဲ့ အခါတိုင်းမျက်စိမှိတ် (ဇောက်ထိုးမအိပ်နဲ့)
လမ်းသွားတိုင်း ခြေနှစ်ချောင်းစလုံးသုံး
စားတဲ့ အခါ ပါးစပ်နဲ့စား
အဟုတ်သက်သာသွားလိမ့်မယ်
ဟိဟိ
သဲသဲက အူကြောင်ဖြစ်နေတာလား...
အစ်ကိုလည်း ဂေါက်နေတာ...
ဒါဆို အစ်ကိုတို့ မောင်နှမ နှစ်ယောက် စိတ်တူနေပြီပေါ့...း))
ဘာလုပ်ရမှန်းမသိရင် လုပ်ချင်တာလုပ် ဟုတ်ပြီလား... အားပေးတယ်...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
ညီမလေးရေ...
ဟုတ်တယ်..တစ်ခါတစ်လေလည်း..ဒါမျိုးတွေဖြစ်တတ်တယ်...။
မအားရင်တော့ ရေးချင်လိုက်တဲ့စာ..သေမတတ်ပဲ...။
ဟော... အားလည်း အားသွားရော...စက်အဖုံးဖွင့်ပြီး...စက်ရှေ့မှာငုတ်တုတ်မေ့နေသလိုဖြစ်ရတာ ခဏခဏပဲ....း(
ပျော်ရွှင်ပါစေဗျား....
ခင်မင်တတ်တဲ့
ဏီလင်းညို
ဘာမှ မလုပ်နဲ့.. အိပ်နေ.. ပျင်းရင် ငါ့ကို ခေါ်..း)))
ဒီဘလော့ကို လည်ရမလား
မလည်ရဘူးလား
ကွန်မန့် ပေးရမလား
မပေးရဘူးလား
ဩော် ငါလဲ ဒွိဟ
:D
ဘာတွေ ဖြစ်နေလည်း ညီမရေ :) အေးဆေးပေါ့။