Author: ဆောင်းနှင်းရွက်
•12/21/2009 09:59:00 PM
မူလတန်းကျောင်းသူဘ၀ ရဲ့ အကြီးဆုံး အတန်းဖြစ်တဲ့ ၄ တန်း ဆိုတဲ့ နှစ် ...

အ.မ.က (၄၃) ဆိုတဲ့ ကျောင်းတွင် သင်္ချာဆရာမ ဒေါ်ချိုလေးမာ ဆိုတာ ဘယ်လို ဆိုတာကို အတန်းကြီး ကျောင်းသား/သူတိုင်း သိကြတယ် ..
စာရတယ် ဆိုပြီး ထိုင်နေချိန် ၊ မေးလိုက်မှ မရလို့ကတော့ ထို ကျောင်းသား/သူ ကြိမ်စာနှင့် နှစ်ပါးသွားကလို့ မျက်ရည် ပေါက်ပေါက် ကျအောင် ငိုရတတ်တယ် ဆိုတာ အကုန်လုံးသိကြတယ် ..
ဆရာမ ရဲ့ ကြိမ်လုံးစာ အစွမ်းထက်ပေမယ့် ကျောင်းသား/သူ တိုင်း ဆရာမ ကို ချစ်ကြတယ် ..
ချစ် ၊ ကြောက် ၊ ရိုသေ ရတဲ့ ဆရာမ တစ် ဦး ပါ ..


ထိုနေ့ ...

မနေ့က ကျက်ခိုင်းလိုက်တဲ့ ပုံသေနည်း တွေ မရတဲ့ အတန်း ရှေ့ ထွက်ခဲ့ ...
အခု မေးတုန်း ထွက်လာရင် ဘယ် ၊ ညာ ၁ ချက် စီ (စုစုပေါင်း ၂ ချက်) အရိုက်ခံရပြီး အတန်းရှေ့ ထွက် ဒူးထောက်ရပ်ရမယ် ..
နောက် မေးလို့ မရရင် ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် နေရမယ် .. (ညာပြောတဲ့ အတွက် ပို ခံရမယ် ဆိုတဲ့ သဘောပါ )...
အဲ့တော့ သေချာ စဉ်းစားပါ ..

သေချာ စဉ်းစားလိုက်ပါတယ် ..
ငါ တကယ် စာ ရရဲ့လား ..?? စိတ်ထဲမှာတော့ စဝေစ၀ါ ဖြစ်နေသလိုပဲ ..

မနေ့က အိမ်က တစ်ဦးတည်းသော အဒေါ် နဲ့ စကားများပြီး ဆူငေါက်ခံရလို့ အစောကြီး အိပ်လိုက်မိတယ် ..
အဒေါ် ဖြစ်တဲ့ အန်တီ ကလည်း တူမ ကို အရမ်းချစ်ပြီး ပညာတတ်ကြီး ဖြစ်စေဖို့ ဆိုပြီး အမြဲ ကျောင်းက သင်လိုက်တဲ့ စာတွေကို အိမ်ပြန်ရောက် ရင် သူက တဖန် ပြန်သင် ၊ ပြန်ရှင်းပြ နဲ့ ..
ဒါကြောင့် စာသင်ရင်း ဂရုဏာ ဒေါသ နဲ့စကားများကြရတာကလည်း တစ်ပတ်ကို ၆ ရက် လောက် ရှိတယ် ..
ထားပါတော့ ...

မျက်လုံး မြင်ယောင်နေတာကတော့ မနက် ကမှ ကပျာကယာ ကျက်လာတဲ့ စာတွေ ဟိုရောက် ဒီရောက် နဲ့ .. တကယ်တော့ သေချာ တစ်လုံးချင်းစီ မမှတ်မိနေပါ ..
ဆရာမရဲ့ ကြိမ်စာ ကို ကြောက်သလို ၊ တစ်ခါမှ သူငယ်တန်း ကတည်းက အတန်းရှေ့မှာ စာမရလို့ ထွက် မရပ်ခဲ့ဘူးလို့ ထွက် ရပ် ရမှာကိုလည်း ရှက်နေမိတယ် ..
ငါ ဘယ်လို လုပ်ရမလဲ ..
ဘာဖြစ်လဲ .. ဆရာမ ငါ့ကို မေးချင်မှ မေးမှာပါ ..
မေးတော့ရော ... ငါ စိတ်အေးအေး ထားပြီး ဖြေရင် ကျက်ထားတာတွေ မှတ်မိမှာပါ ..
စိုးရိပ် နေလို့ ဖြစ်မယ် ဆိုပြီး ကိုယ့်ဘာသာ တွေးရင် ခပ်တည်တည် နဲ့ပဲ ထိုင်ခုံ မှာ ပဲ ထိုင်နေလိုက်တယ် ..
မျက်နှာမှာ စိုးရိမ် တဲ့ ပုံ မပေါ်အောင် လုပ်ထားတဲ့ အသွင်ကပဲ ဆရာမ ရဲ့ စာမေးခြင်းကို ခံရအောင် ပိုပြီး ဆွဲဆောင် နေလိုက်သလို ဖြစ်သွားလားမသိပါ ..
နောက်ဆုံးတန်းက သူ တွေ ကို စာမေးနေရာကနေ အရှေ့အထိ လျှောက် လာပြီး
" . . . . " မတ်တပ်ရပ် ၊ စာမေးမယ် ဆိုပြီး ပြောလိုက်တဲ့ အသံက လူကို ရင်ခုန်နှုန်း 100 heart beat လောက် ဖြစ်သွားစေတယ် ..
အဲ့ အချိန် ရင် ထဲမှာ တုန်နေတဲ့ ရင်ခုန်နှုန်းတွေ က အနားက ရပ်နေတဲ့ ဆရာမ တောင် ကြားလောက် တဲ့ အသံနှုန်း ..
အစကတော့ မေးတာတွေ ဖြေနေတာ ၂ ကြောင်း ၊ ၃ ကြောင်း အထိ ထစ် အ အ နဲ့ ဟုတ်သလို လို နဲ့ တစ်ဖြေးဖြေး ဆရာမ ကို ကြောက်နေသလား ၊ ကြိမ်စာကို ပဲ ကြောက်နေသလား .. ဘာမှန်း မသိဘဲ မေးတဲ့ မေးခွန်းကို မဖြေနိုင်တော့ပါ ...

သွားပြီ .... ငါ တော့ အရိုက်ခံရတော့မယ် ဆိုတဲ့ အတွေးက ဦးနှောက်ထဲကို ပြေးဆောင့်တတ်လာတယ် ..

၃ တန်း တုန်းကလည်း ဒီဆရာမ နဲ့ပဲ စာသင်ခဲ့ရလို့ ဆရာမ အကြောင်း ကောင်းကောင်း သိနေခဲ့တယ် ..
ဟုတ်ပါတယ် ..
အဲ့နေ့ က
ကျောင်းသူဘ၀ မှာ တစ်နေ့တည်းသော ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် လိုက်ရတာ ခုချိန်ထိ မျက်စိ မြင်နေတုန်းပါပဲ ..

ဆရာမ ရိုက်တဲ့ ၄ ချက် ဆိုတဲ့ အချိန် အတိုင်း အတာ ဟာ ခဏလေး ဆိုပေမယ့် ကြိမ် နဲ့ ခြေထောက် နဲ့ ထိ တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားမှု့ ပြောမပြတတ်လောက်အောင် နာကျင် ခံစားရတယ် ..
ကျမ အရမ်းကို ငိုချင်နေခဲ့တယ် ..
ဒါပေမယ့် အရမ်းကို စိတ်ထိန်းလို့ နှုတ်ခမ်း တင်းတင်း စေ့ ရင်း နားရွက် ဆွဲ ၊ ထိုင်ထ လုပ်ခဲ့တယ် .. အဒေါ် ကိုလည်း ပိုပြီး စိတ်ဆိုးမိသွားတယ် .. သူ နဲ့ စကားများနေခဲ့လို့ ငါ စာမရခဲ့တာပေါ့ .. (ပြစ်မှားလိုက်မိတာ)

ဖြစ်ချင်တော့ အဲ့နေ့ က ကျောင်းဆင်း မိုးအ၇မ်း ရွာနေလို့ အဒေါ် လာကြိုတာ နောက်ကျနေခဲ့တယ် ..
(( အိမ် နဲ့ ကျောင်း နဲ့ က နီးလို့ လမ်းလျှောက်ပြန်လို့ရနေပါတယ် ))
ခြေထောက် က ရထားတဲ့ ကြိမ်ဒဏ်ကြောင့် လမ်းမလျှောက် နိုင်ခဲ့ပါ ..
ဒါပေမယ့် စိတ်ညစ်ညစ် နဲ့ နာနေတဲ့ ခြေထောက် ကို မနည်း အားပြုလို့ မိုးရွာထဲမှာ လမ်းလျှောက်ပြန်ခဲ့တယ် ..
ဝတ်ထားတဲ့ စကပ် အောက်အဖျားနဲ့ အလျိုးရာ နဲ့ က ကွက်တိ .. ခြေလှမ်းတွေ လှမ်း လိုက် တိုင်း စကပ် အောက် အဖျားနဲ့ ထိလို့ ပိုပြီး တစ်ဆစ်ဆစ် နဲ့ နာကျင်စေခဲ့တယ် ..
မိုးရွာထဲ အပြန်လမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ရင်း တင်းထားတဲ့ မျက်ရည်တွေ ကျသွားခဲ့ရတယ် ..

နောက်နေ့ ..
ကျမ ခြေသလုံး တွေ ယောင်လို့ ၊ အသည်းအသန် ဖျားတဲ့ နေ့ ....


အခုချိန်ထိ ဆရာမ ကို အမြဲ မှတ်မိနေပါတယ် .. ပြီးခဲ့ တဲ့ June,09 ပြန်တုန်းက ဆရာမ မှာ နှလုံးရောဂါ ရှိတယ် ဆိုတာ ကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိတယ် ..





PS ... !...* အမြဲ ပြောနေတဲ့ ဆရာမ ရဲ့ စကားလေး တစ်ခွန်းကို လည်း အခုချိန်ထိ ကြားနေစဲပါ ..*...!
မိဘ ၊ ဆရာ သမား တွေကို ဘယ်တော့မှ ညာမပြောရဘူး တဲ့ ..
This entry was posted on 12/21/2009 09:59:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On December 22, 2009 at 8:21 AM , နေ၀သန် said...

ကျောင်းသား စာကျက်ရမှာပေါ့.. ဘာတုန်း..ပေါ့တီးပေါ့ဆ..း)))))

 
On December 22, 2009 at 9:10 PM , မြစ်ကျိုးအင်း said...

ကြိုးစားပမ်းစားဖြေတာကို ဆရာမက အသိအမှတ်ပြုသင့်တာ ပေါ့ ။ ကျက်ထားလို့ တ၀က်လောက် ဖြေနိင်တာလေ ဒီလောက်ဆို ဆရာမ သဘောပေါက်သင့်ပါတယ်။
ကျောင်းသားဘ၀က အရိုက်ကြမ်းတဲ့ ဆရာတွေ လက်အောက် ကလွတ်တချက် မလွတ်တချက်ပါပဲ

 
On December 22, 2009 at 11:56 PM , ညီညီ said...

အေးဟယ်. သနားပါတယ် ငါ့သယ်ရင်းလေး.။ နင်က သေချာမှ မကျက်တာ.။ ဒါပေမဲ့ဟာ. ဘယ်ကျောင်းသားမှ ဆော်ခံမလွတ်ပါဘူး.။ မမေ့တာတော့ အမှတ်ရစရာဖြစ်ခဲ့လို့ပေါ့.။ ဆရာဆိုတာတော့ စာရစေချင်တော့ ရိုက်မှာပဲလေ။ စာကျက်ရမှာ ကျောင်းသားတာဝန်. စာမရရင် ရိုက်ရမှာ ဆရာတာဝန်ပဲပေါ့။ သူ့တာဝန်နဲ့သူပဲ ။ ငါကတော့ စာကျက်ရမှာပျင်းလို့ အမြဲအဆော်ခံထိတယ် ဟဟ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

 
On December 23, 2009 at 1:26 AM , ညလင်းအိမ် said...

ဒါပေါ့ မိဘဆရာသမားတွေကို မညာရဘူးကလေးရဲ့...
အရိုက်ခံရတာ ရှက်ဖို့မကောင်းဘူး... ညာတာ ရှက်ဖို့ကောင်းတာ...

အစ်ကိုတုန်းကဆို ၉ တန်း... ထိုင်တာကနောက်ဆုံးတန်း ... ဖြစ်ချင်တော့ နောက်ဆုံးတန်းက ကောင်လေးတစ်ယောက်က သူ့ရှေ့က ကောင်မလေး တစ်ယောက်ကို စက္ကူမြှားလေးနဲ့ စတယ်လေ...သူစချင်လို့နေမှာပေါ့... အဲဒါကို ကောင်မလေးက သွားတိုင်တယ်... သူ့ကိုအရှက်ရအောင်စတယ်ပေါ့...ဘယ်သူတွေစလဲ ဆိုတော့ .. နောက်ဆုံးတန်းကတဲ့ ...သေရော ...ဆရာမက နောက်ဆုံးတန်းကလူအားလုံးကို မတ်တပ်ရပ်ခို်င်းတယ်...ကဲ ဘယ်သူလုပ်တာလည်း ပြောဆိုတော့ ဘယ်သူ့မှ မပြောကြဘူး...လုပ်တဲ့သူကလည်း ကြောက်လို့ မပြောဘူး... အစ်ကိုတို့ကလည်း မညာဘူးလေ... မပြောပဲ မပြောတာ... အဲဒါကို ပေါက်ကွဲပြီး နင်တို့ သိပ်သစ္စာရှိကြတယ်ပေါ့လေ.. ဟုတ်လား... အေး အားလုံးကို ရိုက်မယ်ဆိုပြီး စတိတ်စင်ပေါ်မှာ ကျွေးပေါလေရော... အဲဒီဆရာမကိုတော့ သတိရပါတယ်... ဘာလို့လဲ ဆိုတော့ ညာမပြောလို့ပဲ အရိုက်ခံခဲ့ရတယ် ထင်ပါ့း)

 
On December 28, 2009 at 11:14 PM , Anonymous said...

တွေ့လား ညရဲ့ကောင်းကင်ပြော သွားတယ် ညာတော့ညာမပြောပါဘူး ဖုံးကွယ်မိတာနဲ့ အရိုက်ခံရတယ်တဲ့ ပြီတော့ စတိတ်စင်ပေါ်မှာ ဆရာမက ဘာခေါ်ကျွေးလိုက်လဲမသိဘူး :D

 
On January 6, 2010 at 8:24 AM , ~ဏီလင်းညို~ said...

ညီမလေးရေ...
ဒီစာလေးဖတ်ရင်..ငယ်ငယ်က ဆရာဆရာမတွေကိုသတိရမိသွားတယ်...။ မူလတန်းတုန်းက သူငယ်ချင်းလေးတွေကိုရောဗျာ....
ခင်မင်တတ်တဲ့
ဏီလင်းညို