Author: ဆောင်းနှင်းရွက်
•8/09/2009 02:14:00 PM
မမိုးခါး တဂ် ထား တဲ့ ပို့စ် လေး တစ်ပုဒ် ပါ ။
တဂ်ထားတာ တော့ ကြာ လှ ပြီ ။
မအားတာနဲ့ ခုမှ ရေးရတာ မမိုးခါး ကိုတောင် အားနာပြီး မျက်နှာပူလှပါပြီ ။
(သွေ့ပုချိ နော် ) မနောက်ရရင် မနေနိုင်လို့ ။

ငယ် ဘ၀ ကနေ ပဲ စပြောရမှာပေါ့နော် ။
ကလေး ကျောင်းသား ဘ၀ စကတည်းက သူငယ်ချင်း တွေ အများကြီး ရှိပေမယ့် ဘယ်သူ မှ dew ကို ကြီးကြီး မားမား ဆူးတွေ မပေးခဲ့ပါဘူး ။
မူလတန်း တတ်ခဲ့တုန်း ကတော့ အိမ်နားက ကျောင်းမှာပဲ တတ်ခဲ့တာပါ ။
အလယ်တန်း ရောက်တော့ တခြား နောက်တစ်ခု ကျောင်းကို ပြောင်းပေါ့ .။
အလယ်တန်းနဲ့ အထက်တန်း ကျောင်းကတော့ အတူတူပဲ တတ်ခဲ့တာပါ ။
မူလတန်း ကျောင်းသားဘ၀ ကတော့ မနက်ဆို ကျောင်းသွား ၊နေ့လည် ဆို ကျောင်းပြန် နဲ့ ပဲ တစ်နေ့တာ ကျောင်းတတ်တဲ့ ကိစ္စ က ပြီးသွားခဲ့တာပါပဲ။
နေ့လည် ကျောင်းဆင်းချိန်ဆို တစ်ခါတစ်လေ dew ရဲ့ အန်တီ လာကြိုရင် ကြို ၊
မကြိုနိုင်ရင် သူငယ်ချင်း တွေနဲ့ စုပြီး ပြန်ပေါ့ ..။
dew ၃ တန်း ရောက်တော့ မောင်လေး ကျောင်းစတတ်တော့ နေ့လည် ပြန်တော့ မောင်လေး နဲ့ အတူတူ မောင်နှမ ၂ ယောက် အတူတူ ပြန်တာပေါ့ ။
မိုးရွာထဲမှာ မှာ မောင်နှမ ၂ ယောက် မိုးကာတွေနဲ့ ထီးတွေနဲ့ အတူတူ လှမ်းလျှောက်ခဲ့တာတွေကတော့ အခုထိ အမှတ်ရနေဆဲပါ ။
dew အလယ်တန်း ကျောင်း ပြောင်းသွားတဲ့ အချိန်မှာလည်း ဘယ် သူငယ်ချင်း ကိုမှ စိတ်မနာခဲ့ဖူးပါဘူး ။
ကျောင်းမှာ ဘင်ခရာ အသင်းဝင်ပြီး သူငယ်ချင်းတွေ နဲ့ ဟိုဖွင့်ပွဲ သွား ၊ ဒီဖွင့်ပွဲ သွားနဲ့ ပျော်ဖို့ ကောင်းသလိုပါပဲ ။
ကျောင်းမှာ မရမ်းသီး ပေါ်ချိန် ဆို ကျောင်းဝန်းထဲက အပင်တွေက သီးတဲ့ မရမ်းသီးတွေ စားရတာ အပြင်က အသီး တွေနဲ့ အရသာ တစ်ခြားစီ ပဲ ဆိုတာ လည်း သတိရနေဆဲပါ ။
ကျောင်းတတ်ခဲ့တဲ့ အချိန်မှာ dew တို့ အဖွဲ့ကတော့ စုစုပေါင်း ၄ ယောက် တည်း ရှိခဲ့ပေမယ့် အရမ်း ပျော်ဖို့ကောင်းပါတယ် ။
အိမ်ချင်းကလည်း နီး ၊ ကျောင်းချင်းလည်း တူ တစ်ယောက် အကြောင်း တစ်ယောက်သိ နဲ့ ဆိုတော့ အေးအတူ ၊ ပူအမျှ ၊ သွားအတူ ၊ စားအတူ ၊ လာအတူ နဲ့ ပျော်ခဲ့ကြတာ မှတ်မိနေပါသေးတယ် ။
ဒါပေမယ့် အခု ချိန်မှာတော့ အကြောင်း အမျိုးမျိုး ကြောင့် အားလုံးကွဲသွားကြပြီး dew နဲ့ နောက်တစ်ယောက် ပဲ ကျန်တော့တာ စိတ်မကောင်းသလိုပဲ ။

ကျောင်းတတ်ခဲ့တဲ့ သူငယ်တန်းကနေ ၁၀တန်း အထိ အချိန် အတွင်းမှာ အရမ်းကို ပျော်ရွှင်ခဲ့တဲ့ အတန်း ကတော့ နောက်ဆုံး ၁၀ တန်း တတ်ခဲ့တဲ့ အတန်းလေး ပါပဲ ။
၁၀ တန်း ရောက်တော့ dew တို့ ကျောင်းမှာ S ခန်း ( Special Room ) မှာ ဆိုပြီး ရှိတယ်လေ ။
အဲ့အခန်းမှာ ရှိတာမှ အယောက် ၃၀ လောက် ပဲ ထားတယ် .။ လက်ရွေးစင် အနေနဲ့ပေါ့ ။ (မသိမသာ ကပ်ကြွားသွားတာ ) အဟိ !
နောက်ဆုံးနှစ် မလို့လားတော့ မပြောတတ်ဘူး ။ တစ်တန်းလုံး အရမ်း စည်းရုံးသလား မပြောနဲ့ ။
dew တို့ အဖွဲ့ပုံမှန် တွဲတာ ၄ ယောက် ဆိုပေမယ့် ကျောင်းကို ရောက်သွားရင် ဟိုလူကိုနောက် ၊ ဒီလူကိုနောက် နဲ့ အရမ်း ပျော်ဖို့ ကောင်းပါတယ် ။
အတန်းပိုင် ဆရာမ က စာအုပ်ဖိုး တောင်းရင်လည်း ဟိုနေ့ ရွှေ့ ၊ ဒီနေ့ ရွှေ့ နဲ့ ရူးချင်သလိုလို ဆောင်ပြီး ဆရာမကို လိမ့်ခဲ့တာတွေလည်း တော်တော် မှတ်မိပြီး ပျော်ရွှင် စေခဲ့တာပါပဲ ။

၅ တန်း ကနေ ၁၀ တန်း အထိ ကျောင်းတတ်ခဲ့စဉ် တွေ့ခဲ့ရတဲ့ သူငယ်ချင်း တွေ ထဲမှာ လူတိုင်းရဲ့ နာမည်တွေကို မမှတ်မိတော့ပေမယ့် သူငယ်ချင်း ၁ ယောက် ရဲ့ နာမည် ကတော့ ခုချိန်ထိ ရင်ထဲမှာ ရှိနေဆဲပါ ။
မွေးနေ့ ၊ မွေးလ ၊ မွေးတဲ့ နေရာ ၊ မွေးချိန် ၁ နာရီ ပဲ ခြားခဲ့ကြတာ ငယ်စဉ် အူဝဲ တုန်းက မသိခဲ့ကြပေမယ့် ၆ တန်း ရောက်တဲ့ အချိန် ကျောင်းကို သူမ ပြောင်းလာမှပဲ စကားပြောရင်း သိခဲ့ကြတာလည်း အမှတ်တရ တစ်ခုပါပဲ ။
သူရင်းရေ ... ( အ.ထ.က (၁) ကမာရွတ် ) ဆိုတာ ဒို့ ၂ ယောက် ကို တွေ့ဆုံ ဖို့ ဖန်တီးပေခဲ့တဲ့ နေရာ လေး တစ်ခု ပဲနော် ။

**********************************************

ဒါပေမယ့် dew ရဲ့ ငယ်စဉ် ကျောင်းသူ ဘ၀ ကနေ အထက်တန်း အထိ ဆုတွေ ကို ဆူးတွေ ကို ပြောင်းလဲ စေခဲ့သူ ရှိကောင်းရှိပါလိမ့်မယ် ။
ငယ်စဉ် ကျောင်းမှာ ဆုတွေယူခဲ့ချိန်ကတည်းက ကျောင်းကို မျက်နှာ နီနီ ရဲရဲ နဲ့ လိုက်ခဲ့တဲ့သူလား .?
၁၀ တန်း အထိ စိတ်ထဲမှာ မကျေနပ်ရင် ၊ မကောင်းတဲ့ အရည်တွေ ၀င်နေတဲ့ အချိန်မှာ "တောက်ချင်တဲ့ မီး တရဲရဲ " လို့ ဘေးနားကနေ အမြဲ ဆူပူ ပြောနေတတ် တဲ့ စကားတွေ ကို ကြားယောင်ရင်းနဲ့ ပဲ စာတွေကို ကြိုးစားပြီး လုပ်ခဲ့ရင်းနဲ့ ပဲ အခု ဒီ အချိန် ရောက်နေခဲ့ပါပြီ ။
ပြန်စဉ်းစားကြည့်ရင် အရမ်း ၀မ်းနည်း စရာ ကောင်းတာတွေ ချည်းလိုပါပဲ ။
ဒါပေမယ့် ဘယ်လောက် စိတ်နာအောင် ပြောပြော ၊ စိတ်နာအောင် လုပ်လုပ် စိတ်မငြိုငြင်ခဲ့ပါဘူး ။

~~~~~~~~~~~~~~~~~~

မှတ်မှတ်ရရ နောက်တစ်ခု ရှိတာကတော့
၁၀ တန်းရောက်တဲ့ အချိန်မှာတော့ dew ရဲ့ Physics ကျူရှင်ဆရာ ကို စိတ်ကွပ် ဖူးပါတယ် ။
တကယ်ဆို သွင်သင် ဆုံးမ မှု့ကို အမြင်လွှဲသွားတာပါ ။

စာမေးပွဲ ဖြေတဲ့ နေ့လေး တစ်ရက်ပါပဲ ။

အဲ့နေ့ကတော့ ဘယ်လို ဖြစ်ပြီး အရမ်း စိတ်တိုသွားလည်း သေချာ မသိတော့ပေမယ့် ဖြေထားတဲ့ စာမေးပွဲ စာရွက်ကို တစ်စစီ ဆွဲဖြဲ ပြီး အဝေးကို လွှင့်ပစ်လိုက်မိတဲ့ ပုံစံကို အခုထိ မှတ်မိနေဆဲပါပဲ ။
အခုကြီးတဲ့ အချိန်မှာ မျက်စိထဲ ပြန်မြင်ယောင်ပြီး " သြော် .. ငါ တော်တော် ရိုင်းစိုင်းတဲ့ အပြုအမှု လုပ်မိသွားတာပဲ လို့ " စိတ်မကောင်းဖြစ်မိပါတယ် ။
အဲ့တုန်း က အိမ်က မိဘတွေ သိသွားလို့ လက်အုပ်ချီပြီး ထိုင်ကန်တော့ ပြန်တောင်းပန်ခိုင်းတာကို စိတ်မပါတပါ ခပ်တင်းတင်း နဲ့ တောင်းပန်လိုက်တာ ဘယ်သူမှ မသိလိုက်ဘူးလေ ။
အဲ့ဒါကရော dew ရဲ့ ဆူးတစ်ခု အနေနဲ့ ကျောင်းသူဘ၀ တုန်းက ရှိခဲ့တဲ့ အရာ တစ်ခု လား ..?

ထို အရာတွေက တကယ့် ဆူး အစစ် မဟုတ်ခဲ့ရင်တောင် နဲနဲ တော့ စိတ် နာ စေခဲ့ အကြောင်းအရာ တွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။
ဒါပေမယ့် ခုချိန်မှာ အားလုံး က ဆု တွေ အဖြစ် ပြောင်းလဲ သွားပါပြီ ။

တကယ်လို့ အဲ့ဒါတွေသာ ဆူးတွေ အနေနဲ့ ရှိခဲ့ဖူးရင် ၊ ပစ်မှား မိခဲ့ရင် ခုချိန်မှာ စိတ်ထဲကနေ တကယ့် အသိစိတ် ၊ အမြင်မှန် အသိတရားစိတ် နဲ့ တကယ်ကို လှိုက်လှိုက် လှဲလှဲ တောင်းပန် နေပါတယ် ။



PS ... !...* အတိတ် တွေကို ပြန်ပြီး သတိရစေတယ် *...!
This entry was posted on 8/09/2009 02:14:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On August 21, 2009 at 2:14 PM , moekhar said...

သဲရေ
ဆိုးဆောရီး အိုးငှက်ပျောသီးပါကွယ်
တဂ်တုန်းက တဂ်ပြီး နောက်ကျသွားလေရဲ့
အာဝါးပေးမယ်နော်
း))
ရေးပေးတာ ကျေးဇူးးးးးးးး နော်
း)
ဆူးပေမယ့် ယူတတ်ရင် ဆုပါပဲနော် သဲရေ