Author: ဆောင်းနှင်းရွက်
•7/16/2009 09:39:00 AM
~ စဉ်းစားလိုက်တိုင်း အတွေးပေါင်း များစွာ က သူ့ထက်ငါ အလျှင် ၀င်လာသလို တားဆီး မရအောင် ဦးနှောက်ထဲကို ၀င်လာနေကြတယ် ။

~ ဘယ်လို လုပ်ရမလဲ ဆိုတာ ကိုယ်တိုင် ဝေခွဲ ဆုံးဖြတ်လို့ မရသလို ဘယ်သူ့ကိုမှ လည်း ဝေခွဲ ဆုံးဖြတ် ပေးဖို့ မတောင်းဆိုဝံ့ပါ ။

~ အရာ အားလုံးက ပြုလုပ်ခွင့် ပေးထားပေမယ့် တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း လုပ်နိုင်ဖို့ အင်အား တွေ ကုန်ခန်းနေတယ် ။

~ မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့ သတင်းတွေကို သိလိုက်ရတဲ့ အချိန်မှာ အတိုင်းအဆ မရှိ မျက်ရည်မိုးတွေ ရွာသွန်းသွားတယ် ဆိုတာ ဘယ်သူမှ မသိအောင် အတတ်နိုင်ဆုံး အတတ်နိုင်ဆုံး ကြိုးစား ခဲ့ပါတယ် ။

~ ဘယ်သူမှ ဘာမှ မတောင်းဆိုပေမယ့် လုပ်ပေးချင်တဲ့ ဆန္ဒတွေ အရမ်းပြင်းထန်နေလို့ အချိန်တိုင်း စိတ် ဂရောက်ဂယက် ဖြစ်နေရတာ ကိုလည်း မပြောဝံ့ပါဘူး ။

~ ဆာလောင်နေတဲ့ ဆန္ဒတွေ အတိုင်း လုပ်ပေးနိုင်မယ့် တစ်နေ့ က ဘယ်တော့လဲ ။

~~~ :: နောင် ၃ နှစ် လား . . ? ၅ နှစ် လား . . ? . . . . ? :: ~~~

~ ဘယ်တော့မှန်း မသိတဲ့ အချိန် ကာလ တစ်ခုကို ကြိုးစားနေချိန်မှာ မည်သူ့ကိုမှ ၊ မည်သည့် အကြောင်းပြချက်နဲ့ မဆုံးရှူံးဖို့ကို တောင်းဆိုပါရစေ ။

~ စိတ် ရဲ့ ခံစားမှု့ အတွေး ဆိုတာ ဘယ်သူမှ မသိအောင် ဖုံးကွယ်ရတယ် ဆိုတာ အရမ်း မောပန်းပါတယ် ။


PS ... !...* ရက်ပေါင်းများစွာကို ရေတွက်လျက် *...!




This entry was posted on 7/16/2009 09:39:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

2 comments:

On July 16, 2009 at 9:42 AM , ဆောင်းနှင်းရွက် said...

ငါ့ဟာငါတင်ပြီးတော့ ငါ့ဟာငါပဲ ဖတ်သွားတယ်..ဟိဟိ

 
On July 20, 2009 at 11:11 AM , မိုးခါး said...

ဘာတွေမောနေလဲ သဲရေ ..