Author: ဆောင်းနှင်းရွက်
•2/26/2010 06:55:00 AM
အားလုံးပဲ မင်္ဂလာ အပေါင်း နှင့် ပြည့်စုံသော နေ့လေး တစ်ရက် ဖြစ်ပါစေ ...

အခု လာမည့် 28.Feb, 2010 နေ့လည် 1:25 flight နဲ့ Golden Land သို့ ခဏ ပြန်ပါအုံးမည် ဖြစ်၍ ခဏတာ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ..
တကယ်တော့ ပြန်ဖို့ အစီအစဉ် မရှိပါဘူး .. အကြောင်း အမျိုးမျိုး ကြောင့် ပြန်ဖို့ မှန်းထားတဲ့ ရက်ထက် စောပြီး ရုတ်တရက် ပြန်သွားရတဲ့ အတွက် အရမ်းမပျော် ဖြစ်နေရပါတယ် .. << ဟုတ်ပါတယ် >> .. June,09 လောက်ပြန်တုန်းကလို စိတ်ထဲ မှာ အရမ်း ပျော်မနေဘူးးး .. ဘာလို့မှန်းတော့ သိဘူးးး ..

တကယ် ပြန်ချင်နေတဲ့ ရက်က March 20 - April 17 ကို ပြန်ချင်တာပါ .. :(

ဘာလို့လဲဆို March 27 ရက်နေ့မှာ မေမေ့ မွေးနေ့ ရှိနေပါတယ် .. မွေးနေ့မှာ မေမေနဲ့ အတူ ဘုရား အတူတူသွား၊ အလှူဒါန တစ်ခုခု ပြုလုပ်ချင်နေပါတယ် ..
နောက်တစ်ခုကတော့ ရန်ကုန် သင်္ကြန်ကိုလည်း နေချင်နေလို့ပါ ..
မွေးကတည်းက ရန်ကုန်မှာနေသော်လည်း ရန်ကုန် သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့တာ ဒီနှစ်လည်း တစ်ခါ ထပ်လွဲ ပြန်ပါပြီ .. ဒီတော့ 15 ကျပ်ပေးပြီး Padang ကစားကွင်းထဲ ပဲ ချီတတ်ရမယ် နဲ့ တူပါတယ် ..

ပြန်ရမှလား ၊ မ ပြန်ရဘူးလား အခြေအနေ တွေကြောင့် promotion ticket ကို ပဲ ၀ယ်ထားမိပါ၍ ပြန်မယ့် date ပြောင်းချင်ရင် air-ticket ဖိုး S$110 ထပ်ပေးရမှာပါ .. (ထပ်ပေးဖို့ ပိုက်ပိုက်ရှိဘူး).. ရန်ကုန်မှာလည်း တိုတောင်းတဲ့ အချိန် ကာလ ပဲ နေဖြစ်မှာ ဖြစ်တဲ့ အတွက် ပိုက်ပိုက်လည်း ထပ်မပေးတော့ဘဲ ၀ယ်ထားတဲ့ လက်မှတ် date နဲ့ပဲ ပြန်ပါတော့မည် ..

ပြန်လာမယ့် ရက် ကတော့ သေချာ အတိအကျ မသိသေးပါဘူး .. ၀ယ်ထားတာ ၁ လ ticket ဆိုပေမယ့် ဒီမှာ လုပ်စရာ စာရွက်စာတမ်း ကိစ္စ တွေ မပြီးပျက်သေးလို့ မိဘတွေနဲ့ ၁ လ နေချင်သော်လည်း နေနိုင်မည် မထင်ပါ .. :(

နောက်ထပ် ၀မ်းနည်းစရာ သတင်းကတော့ အခု ဒီလ 26 March,2010 မှာ အိမ်ပြောင်းရပါတော့မည် .. အိမ်ရှင် နဲ့ အိမ်ပြောင်းဖို့ ပြီးခဲ့တဲ့ ၁ လ လောက်ကတည်းက စကားပြောထားကြသော်လည်း result တစ်ခု စောင့်နေ၍ ပြောင်းမယ့် နေရာလည်း မစဉ်းစားရသေး ၊ ဘာမှ မလုပ် ရသေးပါဘူး .. အချိန်ကတော့ တော်တော်နီးနေပါပြီ ..
ဒါကြောင့် ဒီက သူငယ်ချင်းများကို အကူအညီ တောင်းချင်ပါတယ် .. ရန်ကုန်က ပြန်လာတဲ့ အခါ အမြန်ဆုံးနည်း နဲ့ ပန်းကန်လုံးစီး ပြီး အိမ် ကူရှာပေးကြပါလို့ လို့ လို့ .... အနီလိုင်းဘက် မှာပဲ နေဖြစ်မယ်လို့ပဲ ထင်ပါတယ် ..
<<< အဲ့ဒါလည်း သေချာ မသိသေးဘူး >>> ..

ဒါကြောင့် တစ်လကို (အိမ်လခ + all charges) အပြီး အစီး 250 နဲ့ ရမယ့် အိမ်လေး များ ရှိရင် လက်တို့ပါ ...
ထုက 250 ပဲ ပေးရတာကို လို့ ... ဒါပေမယ့် ခု ပြန်ရှာချိန်မှာ အဲ့ဈေးနဲ့ ရလိမ့်မည် မထင် .. :(


အားလုံးကို ခဏ နှုတ်ဆက်ခဲ့ပါတယ် ...

ဒီ တစ်ခါ ပြန်တာ နောက်ကြောင်း ကိစ္စ တွေကလည်း မပြီးပြတ်တဲ့ အပြင် တစ်ချက်ခုတ်ရင် ၂ ချက်လောက် ပြတ်ရမယ့် အရေးလည်း မပြတ်တော့ ပြန်ရတာ အရမ်း ပျော်ဘူးးးးးးးးးးး
ဟုတ်တယ် လေ ... တစ်ခါ တစ်ခါ ပြန်ဖို့ အရေး လွယ်တဲ့ ကိစ္စ မှ မဟုတ်တာ လို့ လို့ လို့ ...

ဒါပေမယ့် ကျိုက်ထီးရိုး သွားချင်တဲ့ ဆန္ဒတော့ ပြည့်ဝ မလား မသိဘူးး .. အရမ်း အရမ်း အရမ်းကို သွားချင်နေလို့ အချိန် ရခဲ့ရင် သွားလိုက်ပါအုံးမယ် ..

ပြန်သွားတဲ့ အထဲမှာ သင်္ကြန်ပိုး အရှိန်နဲ့ ပြန်သွားတာ ဆိုတော့ သီချင်းလေး တစ်ပုဒ် တင်သွားပါတယ် ..






သင်္ကြန် နား အရမ်း မနီးသေး သော်လည်း သင်္ကြင်္န်ပိုးက ထနေပြီ ... :P

ပြန်လာတဲ့ အခါ ပထမအကြိမ် ပြန်တုန်းက ရန်ကုန် လေဆိပ်မှာ ဖြစ်သလိုမျိုး မဖြစ်ပါစေနဲ့ လို့ လည်း ဆုတောင်းပါတယ် ..
bcos အပြန် date ကို open date လုပ်သွား လို့ပါ ...
အဲ့တုန်းက အဖြစ်အပျက်လေးကို အတွေ့အကြုံ ဆိုတဲ့ label နဲ့ တပ်ပြီးရေးထားပါတယ် ..ဗဟုသုတ ရအောင် မဖတ်ရသေးတဲ့သူများ သွားဖတ် လို့ ရပါတယ် .. link မချိတ်တတ်၍ မချိတ်ခဲ့တော့ပါ ..


PS ... !...*1 kilo ကို S $ 10 ဖြင့် ရောင်းချင်သူများ ရှိပါက လှိုက်လှဲစွာဖြင့် ၀ယ်ပါကြောင်း*...!
ဒါ ကိုယ့်အချင်းချင်းတွေ မလို့ မဟာ သင်္ကြန် 50 % discount ချထားတာ .. :P
This entry was posted on 2/26/2010 06:55:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

8 comments:

On February 26, 2010 at 8:24 AM , ဂျပန်ကောင်လေး said...

တစ်ရက်ကို ၂ ခါလောက်ပြောင်းနေတယ်... နင်ပြောတော့ ပြန်စရာမလိုတော့ပြန်ဘူးဆို... ရှုပ်နေတာပဲ...

 
On February 26, 2010 at 9:10 AM , တောင်ပေါ်သား said...

ပြန်ပါ ပြန်ပါ ပြန်နိုင်သူများ ပြန်ကြပါ
ပျော်ရွှင်စရာကောင်းတဲ့ အိမ်ပြန်ခရီးလေးဖြစ်ပါစေ


လေးစားလျက်
တောင်ပေါ်သား

 
On February 27, 2010 at 7:30 AM , ~ဏီလင်းညို~ said...

ညီမလေးရေ...
အိမ်ပြန်နိုင်သူမို့ အားကျပါ့ဗျား....း))
ချစ်သူ့ဝေ သီချင်းလေးလည်း..နားထောင်သွားပါတယ်...။
ခင်မင်တဲ့
ဏီလင်းညို

 
On February 27, 2010 at 1:42 PM , မိုးခါး said...

ပြန်ချင်လားဆိုတော့လည်း မပြန်ချင်ဘူး
မပြန်ချင်ဘူးလား ဆိုတော့လည်း ပြန်ချင်တယ်
ရှုပ်နေရောပဲ ..း)

 
On February 27, 2010 at 9:38 PM , ပိုးဟပ်လေး said...

သြော် နက်ဖန် ပြန်တော့မှာပေါ့
ပျော်ရွှင်ဖွယ်ရာ ခရီးလေးဖြစ်ပါစေ။
ပြီးတော့ ကျိုက်ထီးရိုးရောက်တယ်ဆိုရင်
သေနတ်ဝယ်ခဲ့

" မချစ်ရင် ပစ်မယ်"
ဆိုလား ဘာလား

ခင်တဲ့
ပိုးဟပ်လေး

 
On February 28, 2010 at 4:46 PM , Anonymous said...

. နင်မရှိလို့ နင့်အိမ်လာကြည့်ပေးတာ. ပြန်လာရင် ငါ့ဘို့ မုန့်မမေ့နဲ့.. အိတ်ကလည်း လေးလိုက်တာ လက်တောင်ပြုတ်ခမန်းလိလိပဲ.:( လေဆိပ်ထိ လိုက်မပို့နိုင်တာ စိတ်မကောင်းပါ.ပြန်လာ မုန့်မျှော်.

ခင်မင်လျှက်

 
On March 24, 2010 at 4:36 PM , သိင်္ဂါကျော် said...

အပြန်ခရီးမှာ ပျော်ရွှင်ပါစေ...

 
On March 25, 2010 at 12:43 AM , Anonymous said...

ပြန်နိုင်သူများ ပြန်ကြပါဗျာ... သင်္ကြဆိုလို့ သင်္ကြန် မကျရတာ ၁၁နှစ်ရှိပြီ... ဟင့် သူပြောမှပဲ... လွမ်းတောင် လွမ်းမိတယ်။
ရွာပြန်အတွေ့အကြုံတွေလား မဖတ်တော့ဘူးဗျာ ကိုယ်တွေ့ ကြုံတာ ၅ခါရှိပြီဆိုတော့ သိနေပါပြီလေ.. ။