Author: ဆောင်းနှင်းရွက်
•2/09/2010 12:40:00 PM
ဆောင်းနှင်း ဆီမှာ မောင်နှမ သွေးသား အရင်းဆိုလို့ ၃ နှစ် နဲ့ ၁၀ ရက် ပဲ ခြားတဲ့ မွေးနေ့တူ ၊ မွေးလ တူတဲ့ မောင်လေးတစ်ယောက်ပဲ ရှိပါတယ် .. ဒါပေမယ့် ဆောင်းနှင်းမှာ အရမ်းချစ်တဲ့ မောင်နှမ တွေ ရှိနေသေးတယ် .. တစ်ဝမ်းကွဲ တွေပေါ့ ..
ဆောင်းနှင်း ရဲ့ ဖေဖေ့ မောင်နှမ ၇ ယောက် ဘက်မှာဆို မွေးဖွားလာတဲ့ မျိုးဆက်တွေထဲမှာ မိန်းကလေး ဆိုလို့ ဆောင်းနှင်း တစ်ယောက်ပဲ ပါတယ် ... မောင်လေးမှ လွှဲလို့ ကျန်တာ အကို တွေချည်းပဲ ဆိုတော့ နဲနဲ ဗိုလ်ကျလို့တယ် ..
ဖေဖေ တို့ အမျိုးဘက် က မိန်းကလေး ရှားသလောက် မေမေတို့ ဘက် မိန်းကလေး ပေါသလား မမေးနဲ့ ..
မေမေ တို့ဆို မောင်နှမ ၁၁ ယောက်မှာဆို ၊ မိန်းကလေးချည်းပဲ ၇ ယောက် .. ဒါပေမယ့် ယောကျာင်္လေး ၄ ယောက် နဲ့ မိန်းကလေး ၁ ယောက် က ငယ်ငယ်လေးတွေ ကတည်းက ဆုံးသွားကြတာ ညီအမ ၆ ယောက်ပဲ ကျန်တယ် .. ** ခုတော့ ၅ ယောက်ပဲ ရှိတော့တယ် .. :( ** မွေးလာတဲ့ မျိုးဆက်တွေ ထဲမှာလည်း အနည်းဆုံး မိန်းကလေး တစ်ယောက်တော့ ပါလာတော့ ညီတူ မျှတူ ပေါ့ ..


ဆောင်းနှင်း ချစ်တဲ့ မောင်လေး ...

သိတတ်စအရွယ် ၃ နှစ် သမီးမှာ ကျမ ဆီသို့ ချစ်စရာ ကောင်းတဲ့ မောင်လေး တစ်ဦး မေမေ ဆီက ရလာပါတယ် ..
စစချင်း ငယ်ငယ်တုန်းကတော့ သူ့ကို တော်တော်ချစ်ပါတယ် ..
နောက်ပိုင်း အရွယ် ရောက်လာတဲ့ အခါကျတော့ ကိစ္စ တော်တော်များများကို အကြီး ဆိုပြီး အလျှော့ပေးရလို့ စိတ်ထဲမှာ ဘ၀င် မကျ ဖြစ်မိတယ် ..
မှတ်မှတ်ရရ ...
အထူးသဖြင့် ငယ်ငယ် က ဂိမ်းကစားတဲ့ အချိန် မှာ ဆိုရင်ပေါ့ .. ကျမ တို့ ငယ်ငယ်က P2 ဆိုတဲ့ ဂိမ်းလေးတွေ တော်တော် ခေတ်စားပါတယ် ... ဂိမ်းကစားပြီ ဆိုရင် သူ့အလှည့် တော်တော် နဲ့ မသေနိုင်တဲ့ အချိန်ဆို ကျမ အ၇မ်း စိတ်ဆိုးတယ် ... သူ သေပြီ ဆိုရင် လည်း နောက် ဂိမ်း တစ်ခု ကစားမယ် ဆိုပြီး ခလုတ်ကို ပြောင်းတယ် .. ဘယ်လောက် အသည်းယားဖို့ ကောင်းလဲ ..
ကဲ .. ဒါဆိုရင်တော့ စကားများကြပြီး TV Game အပိတ်ခံကြရရော ..
အဲ့ဒါ ဆို ဘာလုပ်လဲ ...
စကားကလည်း များလျှက်ပဲ ... ဒါပေမယ့် ကြယ် နဲ့ ချက်စ်ကစားဖို့ စီစဉ်ကြပြန်ရော ...
ချက်စ် ကစားရင်းနဲ့လည်း ရွေ့ပြီးသား (လက်နဲ့ မပြီးပြီဆိုရင်) ပြောင်းလို့ မရဘူးလို့ ပြောထားပေမယ့် ... လက် နဲ့ မပြီးမှ ဒါ ဘာကောင်လဲ မမြင်ရလို့မ ကြည့်တာတဲ့ ....
ကဲ ... ဒါဆို လည်း စကားများကြပြီ နောက်တစ်ခါ ...


ဆောင်းနှင်း ချစ်တဲ့ အကို (သူရ)...

သူကတော့ ကျမ ရဲ့ မောင်နှမ ၀မ်းကွဲ တွေထဲမှာ ကျမ ရဲ့ အချစ်ဆုံး အကို တစ်ယောက်ပါ ..
ကျမ ၄ တန်း နှစ် မှ စပြီး ၁၀ တန်း နှစ်လောက် အထိ မန္တလေးကနေ လာနေတာပါ ... တစ်ခါ တစ်လေ အိမ်မှာ နေပြီး ၊ တစ်ခါ တစ်လေ တော့ camp မှာ နေတယ် .. နောက်ပိုင်းတော့ camp မှာ နေရတဲ့ အချိန်များလို့ဆိုပြီး အိမ်မှာ စနေ၊ တနင်္ဂနွေ ပဲ နေပါတော့တယ် ..
ကျမ လိုချင်တဲ့ သီချင်းခွေ တော်တော် များများကို ဆိုရင် ၀ယ်ပေးဖို့ အမြဲ ပူဆာခံ နေတဲ့ သူပေါ့ ..
မှတ်မှတ်ရရ
အရမ်း ထူးဆန်းတဲ့ အဖြစ်အပျက် လေး တစ်ခု ကျမ အကို ရဲ့ ဘ၀ မှာ ရှိနေတာလေး တစ်ခု ပြောပြ မယ် ..
မပြောခင် အကို က ၁၀ တန်းက ကို ၂ ခါ ဖြေရတယ် ဆိုတာ ကြိုပြောလိုက်အုံးမယ် ..
၁၀ တန်း အောင်စာရင်း မထွက်ခင် အိမ်မှာ သူနဲ့ နောက် ထပ် အကို တစ်ယောက်ပါ မန္တလေးကနေ ရောက်နေပါတယ် ..
ကိုသူရ က သူကတော့ D 2 လုံးလောက် ပါမယ် မှန်းပြီး ကိုလေး ကတော့ ရိုးရိုးပဲ အောင်မယ်တဲ့ ..
၂ ယောက် ကလည်း အောင်မှာ သေချာတယ် တဲ့ အိမ်မှာ စကားတွေ ဖောင်ဖွဲ့ပြီးပြောနေလိုက်ကြတာ ..
ဒါဆို အောင်စာရင်းကြည့်ပြီး ပြန်လာရင် ဟို သွားမယ် ၊ ဒီ သွားမယ်ပေါ့ ... စီစဉ် ထားကြတယ်လေ ..
ဖေဖေ နဲ့ မေမေ က ကိုသူရ D 2 လုံး မှန်းတယ် ဆိုတာ မယုံချင် ၊ ဟုတ်လည်း ဟုတ်တာပဲ .. တစ်ချိန်လုံး ဘောလုံး training နဲ့ ပဲ ပြည့်နေတာ .. စာမေးပွဲ တောင် ဘောလုံးပွဲ သွားကန်ရင်းနဲ့ မုံရွာ မှာ ဖြေခဲ့ရတာ ဆိုတော့ .....
ထိုနေ့ ...
အောင်စာရင်းး ထွက်တဲ့နေ့ ..
လသာ မှာ ၂ ယောက် သွားကြည့်ပြီး ပြန်လာကြတာ .. ကိုလေးပဲ အောင်ပြီး ကိုသူရ ကတော့ ကျတယ်တဲ့ ..
အိမ်မှာလည်း စိတ်မကောင်းကြဘူးပေါ့ .. အဲ့နေ့ စီစဉ် ထားသမျှလည်း ပျက် ....
ညဘက် အိမ်ကို မန္တလေးက အကို ဖုန်းဆက်တော့ ...
စစချင်း ဖုန်းကိုင် ချင်းပဲ " ညီမလေးအကို ကိုသူရ ဒီနေ့ ဘာဝယ်ကျွေးလဲ တဲ့ "..
ဒီမှာ စာမေးပွဲ ကျ လို့ တစ်နေကုန် စိတ်ညစ်နေကြတဲ့ အထဲ ...
"အကို ဒီမှာ ကြည့်တာ ဒီ ၂ လုံး ပါ ပါတယ် .. ကို သူရ မှားကြည့်တာ နေအုံးမယ် " တဲ့ ..
အဲ့ဒါနဲ့ နောက်နေ့ လသာ မှာ သွားပြန်ပြီး ကြည့်တော့မှာ
ဟုတ်ပါတယ် .. ဒီ ၂ လုံး နဲ့ အောင်တယ် ဆိုတာ ...
ဟွန်းးးးး .... လုပ်လိုက် မှဖြင့် ...


ဆောင်းနှင်း ချစ်တဲ့ အကို (နိုင်)

သူကတော့ ကျမကို ဆိုင်ကယ်စီး သင်ပေးခဲ့တဲ့ အကိုပေါ့ ...
သင်ပေးခါစ အနောက်ကနေ ပြေးလိုက်ရတာ သူ့မှာ ချွေးတလုံးလုံးနဲ့ ဆိုင်ကယ်မမှောက်အောင်လည်း ထိန်းရသေးတယ် .. သနားဖို့တော့ ကောင်းတယ် .. အဟိ ..
သူ မထိန်းတာနဲ့ ကျမ လည်း မှောက်တာ ခဏခဏပဲ ..
နောက်ပိုင်း တတ်စ ပြုတဲ့ အချိန် မလိုက် တော့၊ အကြီးအကျယ်အရှိန်နဲ့ မှောက်လို့ ခံလိုက်ရတာ ၂ ခါ ဆိုတာ လည်း မမေ့ပါဘူးးး .. ခြေထောက်လည်း အိတ်ဇော လောင်သွားတယ် .. သူလည်း မျက်လုံး ပြူးသွားတယ် ...
ဆောင်းနှင်းလည်း ဘာလို့ အနောက် က မထိန်းထားတာလည်း စိတ်ဆိုးပြီး စကားမပြောတော့ပဲ အနာကျက်မှ ပြန်သင်ပေးဖို့ စကားပြန်ပြောတယ် ...( အဲ့လို ဈေးကလည်း ကိုင်သေးတယ် .. )


ဆောင်းနှင်း ချစ်တဲ့ မမလဲ့

ကျမ ရဲ့ တစ်ဦးတည်းသော ချစ်လှစွာသော အမ တစ်ယောက် ..
မမ က ချောတယ်လို့ ပြောရမလားး ၊ ချစ်ဖို့ ကောင်းတဲ့ လို့ ပြောရမလားးး
ဘယ်လို ပြောရမလဲ မသိပေမယ့် သွားတတ်လေး နဲ့ ကြည့်လို့ ကောင်းတာတော့ အမှန်ပဲ ..
မမလဲ့ ရဲ့ အဖေက တရုတ်ဆိုတော့ အသားကလည်း ဖြူ ၊ ရုပ်ကလည်း တရုတ်မလေးနဲ့ လည်း တူသလိုပဲ ..
ဟင်းချက် လည်း အရမ်း ကောင်းတယ် .. အိမ်မှု့ ကိစ္စ လည်း တော်တော် နိုင်နင်းတယ် ...
ခုတော့ ..
ခုတော့ ..
အိမ်ထောင်ကျသွားပြီလို့ ပြောတာ ... အိမ်ထောင်ကျတာ လည်း ကံမကောင်းဘူးးး .. စိတ်မကောင်းဘူး ..
ဆောင်းနှင်း အမြဲ သူ့ကို စိတ်ဆိုးအောင် စတယ် .. စိတ်မဆိုး ၊ ဆိုးတဲ့ အထိ စတယ် .. နောက်ပိုင်း စိတ်မရှည်တော့ သူလည်း စိတ်ဆိုးသွားရော ..
တကယ်တော့ သူ နဲ့ ဆောင်းနှင်း ၁ နှစ် နေလို့ တစ်ခါ တောင် မတွေ့ရပေမယ့် မန္တလေး သွားလို့ တွေ့လိုက်တိုင်း ဆောင်းနှင်း သူ့ကို အမြဲ အနိုင် ယူ လို့ ရတယ် ... အဟိ ..


******************************************************

ကိုယ့် သွေးသားအရင်းတော့ မနိုင်ရသလောက် ၀မ်းကွဲ တွေ ပေါ်မှာ တော်တော် အနိုင် ယူလို့ ရတယ် ..
(.. Not B@D ..) ... P

ခု ဆိုရင် ကိုသူရ နဲ့ မောင်လေးက လွှဲလို့ ကျန်တဲ့ မောင်နှမ တွေ နဲ့ မတွေ့ရတာ တော်တော် ကြာနေပြီ ..
အနေဝေး နေပေမယ့် အမြဲ သတိရတယ် ဆိုတာထက် တိုက်ဆိုင်မှု့ တွေ ရှိလာတိုင်း အားလုံးကို သတိရနေတယ် ..



PS ... !...* ခု တလော သတိရတာတွေ တော်တော် များနေသလိုပဲ *...!
This entry was posted on 2/09/2010 12:40:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 comments:

On February 9, 2010 at 3:51 PM , မိုးခါး said...

သတိတွေရနေတယ်ပေါ့ ...း))

 
On February 9, 2010 at 3:56 PM , ညလင်းအိမ် said...

ငိုမနေနဲ့နော် .. သတိရပြီး..း)

 
On February 9, 2010 at 7:36 PM , တောင်ပေါ်သား said...

း) သတိရနေတဲ့လူအားလုံးနဲ့ ပျော်ရွှင်စွာ အမြန်ဆုံး တွေ့နိုင်ပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား

 
On February 9, 2010 at 8:13 PM , ဂျပန်ကောင်လေး said...

ငါ့ကိုရောလား... (သတိရတာပြောပါတယ်..)

ဂျပန်ကောင်လေး

 
On February 9, 2010 at 11:46 PM , kaungkinpyar said...

မမ ရော ဘယ်နားပါတုန်း...း)

ချစ်တဲ့ မောင်နှမတွေ နဲ့ တသက်လုံး ပျော်ရွှင်ပါစေ နော်...

 
On February 12, 2010 at 8:12 PM , Anonymous said...
This comment has been removed by a blog administrator.