
ခေါင်းထဲမှာလည်း နောက်ကျိကျိ ..
အရင်ဆိုရင် ပိတ်ရက်များ ရောက်လို့ ကတော့ မနက် အိပ်ယာ ထချိန်ဆိုတာ ၁၀ နာရီ ထက်မစောနိုင် ..
အခုတော့ ..
ညဘက် ၃ နာရီ အိပ်ပြီး မနက် ၆ နာရီ ကတည်းက အိပ်လို့ မပျော်တော့တာ အိပ်ရေးမ၀တဲ့ သူတစ်ယောက်အတွက် ခေါင်းထဲမှာ ရှင်းမနေဘူးဆိုတာ ဆန်းတော့ မဆန်းပါဘူး ..
အိပ်လို့ လည်း မပျော် လို့ စောစောထ သွားတိုက် ၊ မျက်နှာသစ် ၊ ဘုရားရှစ်ခိုး ၊ တောင်လျှောက် ၊ မြောက်လျှောက် ..
စာမေးပွဲ နီးနေလို့ စာကျက်ရမယ် ဆိုပေမယ့် ဘယ်လို မှ ဈာန်မ၀င် ..
စိတ်ပြေပျောက်မယ်အထင် ကုတင်ပေါ်ကို ကွန်ပြူတာ ယူလို့ ခေါင်းနောက်နောက် နဲ့ စာရေးမယ် စိတ်ကူးလိုက်မိတယ် ..
စိတ်ထဲမှာလည်း အတွေးတွေ ရှုပ်ထွေးနေတာပဲ ..
အလိုမကျ မှု့တွေ များနေတာလား ..
ပေါက်ကွဲမှု့ သံစဉ် တွေ ရိုက်နေတာလား ..
လူတွေကို ယုံကြည်မှု့ တွေ မထားချင်တော့တာလား ..
စိတ်ကူးတည့်ရာတွေ လျှောက်လုပ်နေတာလား ..
မပျောက်နိုင်တဲ့ အဖျားကိုလည်း စိတ်ညစ်လာတယ် ..
အိမ်ကိုလည်း ပိုပိုပြီး လွမ်းမိတယ် ..
တစ်ယောက်တည်းလည်း အလိုလို နေရင်းလည်း ဘယ်က ဘယ်လို ကျလာတဲ့ မျက်ရည်တွေမှန်းမသိ နဲ့ ၀မ်းနည်းနေမိတယ် ..
ကိုယ့်ကိုယ် ကိုလည်း ဘာတွေ လုပ်မိလို့ လုပ်မိ ၊ တွေးမိတွေးရာတွေး တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ..
စိတ်ပြေလက်ပျောက်ရှိမလားဆိုပြီး ခြေဦးတည့်ရာ လျှောက်သွားရင်း မပျောက်တဲ့ အပြင် အအေးပတ်ပြီး ပိုပိုဖျားလာတာပဲ ရှိတယ် ..
ဘယ်သူမှ မရှိတဲ့နေရာ တစ်ယောက်တည်း နေရတဲ့သူအတွက် တစ်ခါတစ်လေ စိတ်ညစ်မိတယ်ဆိုတဲ့အရာက ကိုယ်တစ်ယောက်တည်း မှ မဟုတ်တာ ဆိုတဲ့ အတွေးနဲ့ လည်း ဖြေဖျောက်လို့ မရ ..
( ခံစားဖူးသူတိုင်း နားလည်ကြမှာပါ ... )
တစ်ခါတစ်လေတော့လည်း ဒီကျွန်းပေါ်ကို ဘယ်လိုများ ရောက်လာပါလိမ့် တွေးမိတယ် ..
မိမိ ဆန္ဒ နဲ့ မိမိ လာခဲ့တာလား .. ( ဟုတ်ပါတယ် .. ကိုယ်လုပ်လိုက်လို့ ဖြစ်လာတာလည်း ပါတာပေါ့ )
ခံယူချက်တွေ ဖြစ်လာဖို့ လာခဲ့တာလား ..
ကံကြမ္မာ က တွန်းအားပေးပြီး သွားခိုင်းတာလား ..
တစ်စုံတစ်ဦး ရဲ့ တိုက်တွန်းနိုးဆော်မှု့ နဲ့ လာခဲ့တာလား ..
ဘယ်လိုပဲ ဖြစ်ဖြစ် .. သေချာတာ တစ်ခုကတော့ ခုချိန်ထိ တစ်ယောက်တည်း လျှောက်နေရင်း လမ်းမပျောက်သွားသေးတာပဲ ..
တစ်ခါတစ်လေ ထိုတစ်စုံတစ်ယောက်ဆိုတာကို အရမ်းမုန်းတယ် .. စဉ်းစားမိတိုင်း သေလောက်အောင် နာကျင် မိတယ် .. အတွေးထဲ ၀င်မလာဖို့ မောင်းထုတ်ပေမယ့် လည်း ပြန်ပြန်ဝင်လာတဲ့ အချိန်မှာ .. စိတ်တိုလွန်းလို့ ကိုယ့်အသားတွေ ကိုယ်ပဲ တဆက်ဆက် တုန်လာမိတယ် ..
ဘာပဲ ဖြစ်ဖြစ် အဝေးဆုံးနေရာကို ထွက်သွားဖို့ မျှော်လင့်ထားတဲ့ နေ့လေးတစ်ရက်တော့ ဖြစ်လာမှာပေါ့ ..
ပေါက်ကွဲမှု့တွေ နဲ့ ဘာတွေ ဖြစ်နေမှန်းလည်း မသိ ဘူး ..
........
........
........
........
........
ခေါင်းထဲမှာ အရမ်း နောက်ကျိနေလို့ ဆက်ရေးချင် စိတ် မရှိတော့ပါ ..
အမြဲတမ်း နားလည် ခံစားပေးနေတဲ့ ရန်ကုန် က ငယ် သူငယ်ချင်းကိုလည်း အားနာသလို
ဒီမှာ ရှိနေတဲ့ ငယ် သူငယ်ချင်း တစ်ယောက်ကိုလည်း တစ်နေ့နေ့ စိတ်ထဲ ရှိသမျှ ကို နားထောင်ပေးလို့ အားနာလှပြီ ...
စိတ်ညစ်နေချိန်မှာ ပျော်ရွှင်ခဲ့ရတဲ့ နေ့၇က်တွေကို လည်း သတိရမိတယ် ..
ကိုယ့်ကိုယ်ကိုလည်း ဘယ်လောက် အားတင်းပြီး လျှောက်နိုင်မလဲ ဆိုတာ .........................
PS ... !...* တောင်စဉ် ရေမရ အတွေးတွေ *...!