Author: ဆောင်းနှင်းရွက်
•3/24/2010 07:27:00 PM
နာရီ ကြည့်လိုက်တော့ နေ့လည် ၁၂ နာရီ ....
ဟွန်းးး ကိုယ့်ကိုယ်ကိုယ် တောင် စိတ်လေသွားတယ် .. ည ၂ နာရီ ကတည်းက အိပ်တာ အဲ့လောက်တောင် အိပ်နိုင်တယ် ဆိုပြီးးး .. :(

မျက်နှာသစ် ... သွားတိုက် ...
ဘုရားရှိခိုး .. ပုတီးစိပ် ...
ကော်ဖီဖျော် .. ကွန်ပြူတာ ဖွင့် ... ဘာလုပ်ရရင် ကောင်းမလဲ ...

ဘာမှ မလုပ်ဘဲ တောင်တောင် အီအီ ..
ဟိုစာအုပ် ကောက်ကိုင် ဖတ် ၊ ဒီ စာအုပ် ကောက်ကိုင်ဖတ် ...

အိပ်ယာ နောက်ကျမှ ထတော့ မလန်းဆန်းး .. ရေချိုးလိုက်ရင် ကောင်းမယ် အထင်နဲ့ ရေချိုးခန်း ၀င် ၊

ခဏနေတော့ ဗိုက်က ဆာလာကြောင်း သတင်းပို့လာတယ် ... ဘာစားရရင်ကောင်းမလဲ နော် .. ဘေးနားက ကော်ဖီ ခွက်ထဲ မှာ လည်း ကော်ဖီ ကျန်နေသေးတော့ အခန်းထဲမှာ ရှိတဲ့ ဘီစကစ် ထုပ် ပဲ ဖောက်စားဖို့ စဉ်းစားလိုက်တယ် .. နေသာ ထိုင်သာတော့ ရှိသွားသလိုပဲ ...
ဘာလုပ်ရရင် ကောင်းမလဲ .. ဒီကနေ့ ဘယ်မှလည်း သွားဖို့ကိစ္စ ထိုထို အီအီ လည်း မရှိ ...
မနက်ဖြန် တော့ သွားရအုံးမယ် ...
လုပ်နေတဲ့ ကိစ္စ တွေ ကလည်း လုပ်နေရင်းနဲ့ ကို မပြီး ပြတ် နိုင်သေးးး ...

အရင်တုန်းကတော့ အားရင် အလုပ်သွားတာပေါ့ .. ခု အလုပ် က လည်း မလုပ်တာ ၁ လခွဲလောက် ရှိတော့မယ် .. ပိုက်ပိုက် ချေးမယ့်သူများ ဆက်သွယ်ကြပါ ... Warmly Welcome နော် ...

ရန်ကုန် က ပြန်ရောက်တာနဲ့ အိမ်ကို ပို့ထားတဲ့ စာအိတ်လေးဖြည်ကြည့်လိုက်တာ 19 March နောက်ဆုံးဆိုတော့ လူလည်း လုပ်စရာ ရှိတာတွေ အမြန် လုပ်နဲ့ ပင်ပန်း လိုက်တာ .. တစ်နေ့ တစ်နေ့ သွားလိုက်ရတာ လည်း ခြေတို မတတ်ပဲ ..

အိမ်ကို လည်း ဖုန်းမဆက် ဖြစ်သေးးး ...
တော်တော် မိုက်တဲ့ သမီးမိုက် ပဲနော် ... တကယ်တော့ အဲ့လို မဟုတ်ပါဘူးးး .. ခုချိန် ဆက် ဆိုတော့လည်း ဘာပြောရမလဲ ... မပြီးသေးဘူးးး .. မရသေးဘူးး ဘဲ ပြောရမှာ .. သူတို့ ကြားချင်တဲ့ သတင်းမှ မကြားရသေးတာ.. မဆက်ချင်သေးဘူးးးး ..
ဒါဆို ကိုယ့် အဖေနဲ့ အမေ အသံလေးရော မကြားချင်ဘူးလားးး ဆိုတော့ ကြားချင်တာပေါ့ .. ဒါပေမယ့် ကြားပြီးရင် ငိုချင်လာရော ... ဖုန်းဆက်ပြီးရင်လည်း စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အတွေးတွေက နည်းနည်းနှောနှော မဟုတ် ...
အရင်တုန်းက တော့ အိမ် က pfingo ကနေ ၃ ရက် ခြား တစ်ခါ လောက် ခေါ်ကြတယ် .. ခု တလော သူတို့လည်း တစ်ချို့သော ကိစ္စ တွေ နဲ့ အလုပ်ရှုပ်နေကြလို့ မခေါ် ဖြစ်ဘူး ဆိုတာ သိနေတယ် ...

ဒါပေမယ့် သဘက်ခါတော့ ဖုန်းဆက်ပြီး အခြေအနေ ပြောပြမယ်လို့ စိတ်ကူးထားပါတယ် ..
ဆက်တဲ့ နေ့ အဆူခံရမှာ သေချာတယ် ဆိုတာလည်း ကိုယ့်ဘာသာ သိနေတယ် .. အရင်တစ်ခါ ကလည်း ဖုန်းဆက်ရမယ့် နေ့ မဆက်ဖြစ်တာ နဲ့ အဆူခံထိ ပြီးပြီ ...
:(
သူငယ်ချင်း တစ်ချို့ ကတော့ ပြောနေတယ် ... Home Sick ဖြစ်နေတာတောင် မဆက်ဘဲ နေနိုင်တယ် တဲ့ .. နင် ရူးများ ရူးနေလားတဲ့ ... ရူးရင်လည်း ရူးနေမှာပေါ့ ... သိဘူးးး ...
ဟူးးးးး...

အိမ်ပြောင်းဖို့လည်း ဘာ ပစ္စည်း တစ်ခုမှ မသိမ်းရသေးးး ..
သိမ်းချင်စိတ် လည်း မရှိဘူးးး ...
သိမ်းဖို့ ကြည့်လိုက်တော့လည်း တိုလီမုတ်စ ပစ္စည်းတွေ တော်တော် များနေသလိုပဲ ... ပစ္စည်းအကြီး သိမ်းရတာ လွယ်ကူသလောက် ပစ္စည်း အသေးလေးတွေ သိမ်းရတာ တော်တော် ခက်တယ် .. သေချာ အမှတ်အသားနဲ့ သိမ်းလိုက်ပေမယ့် လည်း တစ်ချို့ ပစ္စည်းလေးတွေ ဆို ဘယ်ချောင်နား သွားသိမ်း မိလဲ ဆိုတာ မမှတ်မိတော့ဘူးးး .. (ဥာဏ်ကောင်းလွန်းလို့) ..:D
ခုချိန် မှာ ဂျင်နီတို့ ၊ အာလာဒင်ထဲက မီးခွက်စောင့်နတ်တို့လိုများ ရှိလို့ကတော့ ဘာပစ္စည်းမှ မသိမ်းရဘဲ ချက်ချင်း မျက်စိတမှိတ် အတွင်း ဒီအတိုင်း လေး ရွှေ့ပေးပါ ဆိုပြီး တောင်းဆိုမိ မှာ အမှန်ပဲ ... :)))

ခု မှ နာရီ ကြည့်မိတယ် ...
ရ နာရီ တောင် ခွဲပြီ ... ဘာမှ လည်း မစားရသေးပါလားးး .. တစ်ခုခု စားဖို့ သွားလုပ် လိုက်အုံးမယ် ..
တောင်တောင် အီအီ တွေးမိတွေးရာ ရေးသွားလိုက်သည် ...



PS ... !...* စိတ် မပျော်သလိုပဲ *...!
Author: ဆောင်းနှင်းရွက်
•2/26/2010 06:55:00 AM
အားလုံးပဲ မင်္ဂလာ အပေါင်း နှင့် ပြည့်စုံသော နေ့လေး တစ်ရက် ဖြစ်ပါစေ ...

အခု လာမည့် 28.Feb, 2010 နေ့လည် 1:25 flight နဲ့ Golden Land သို့ ခဏ ပြန်ပါအုံးမည် ဖြစ်၍ ခဏတာ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ..
တကယ်တော့ ပြန်ဖို့ အစီအစဉ် မရှိပါဘူး .. အကြောင်း အမျိုးမျိုး ကြောင့် ပြန်ဖို့ မှန်းထားတဲ့ ရက်ထက် စောပြီး ရုတ်တရက် ပြန်သွားရတဲ့ အတွက် အရမ်းမပျော် ဖြစ်နေရပါတယ် .. << ဟုတ်ပါတယ် >> .. June,09 လောက်ပြန်တုန်းကလို စိတ်ထဲ မှာ အရမ်း ပျော်မနေဘူးးး .. ဘာလို့မှန်းတော့ သိဘူးးး ..

တကယ် ပြန်ချင်နေတဲ့ ရက်က March 20 - April 17 ကို ပြန်ချင်တာပါ .. :(

ဘာလို့လဲဆို March 27 ရက်နေ့မှာ မေမေ့ မွေးနေ့ ရှိနေပါတယ် .. မွေးနေ့မှာ မေမေနဲ့ အတူ ဘုရား အတူတူသွား၊ အလှူဒါန တစ်ခုခု ပြုလုပ်ချင်နေပါတယ် ..
နောက်တစ်ခုကတော့ ရန်ကုန် သင်္ကြန်ကိုလည်း နေချင်နေလို့ပါ ..
မွေးကတည်းက ရန်ကုန်မှာနေသော်လည်း ရန်ကုန် သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့တာ ဒီနှစ်လည်း တစ်ခါ ထပ်လွဲ ပြန်ပါပြီ .. ဒီတော့ 15 ကျပ်ပေးပြီး Padang ကစားကွင်းထဲ ပဲ ချီတတ်ရမယ် နဲ့ တူပါတယ် ..

ပြန်ရမှလား ၊ မ ပြန်ရဘူးလား အခြေအနေ တွေကြောင့် promotion ticket ကို ပဲ ၀ယ်ထားမိပါ၍ ပြန်မယ့် date ပြောင်းချင်ရင် air-ticket ဖိုး S$110 ထပ်ပေးရမှာပါ .. (ထပ်ပေးဖို့ ပိုက်ပိုက်ရှိဘူး).. ရန်ကုန်မှာလည်း တိုတောင်းတဲ့ အချိန် ကာလ ပဲ နေဖြစ်မှာ ဖြစ်တဲ့ အတွက် ပိုက်ပိုက်လည်း ထပ်မပေးတော့ဘဲ ၀ယ်ထားတဲ့ လက်မှတ် date နဲ့ပဲ ပြန်ပါတော့မည် ..

ပြန်လာမယ့် ရက် ကတော့ သေချာ အတိအကျ မသိသေးပါဘူး .. ၀ယ်ထားတာ ၁ လ ticket ဆိုပေမယ့် ဒီမှာ လုပ်စရာ စာရွက်စာတမ်း ကိစ္စ တွေ မပြီးပျက်သေးလို့ မိဘတွေနဲ့ ၁ လ နေချင်သော်လည်း နေနိုင်မည် မထင်ပါ .. :(

နောက်ထပ် ၀မ်းနည်းစရာ သတင်းကတော့ အခု ဒီလ 26 March,2010 မှာ အိမ်ပြောင်းရပါတော့မည် .. အိမ်ရှင် နဲ့ အိမ်ပြောင်းဖို့ ပြီးခဲ့တဲ့ ၁ လ လောက်ကတည်းက စကားပြောထားကြသော်လည်း result တစ်ခု စောင့်နေ၍ ပြောင်းမယ့် နေရာလည်း မစဉ်းစားရသေး ၊ ဘာမှ မလုပ် ရသေးပါဘူး .. အချိန်ကတော့ တော်တော်နီးနေပါပြီ ..
ဒါကြောင့် ဒီက သူငယ်ချင်းများကို အကူအညီ တောင်းချင်ပါတယ် .. ရန်ကုန်က ပြန်လာတဲ့ အခါ အမြန်ဆုံးနည်း နဲ့ ပန်းကန်လုံးစီး ပြီး အိမ် ကူရှာပေးကြပါလို့ လို့ လို့ .... အနီလိုင်းဘက် မှာပဲ နေဖြစ်မယ်လို့ပဲ ထင်ပါတယ် ..
<<< အဲ့ဒါလည်း သေချာ မသိသေးဘူး >>> ..

ဒါကြောင့် တစ်လကို (အိမ်လခ + all charges) အပြီး အစီး 250 နဲ့ ရမယ့် အိမ်လေး များ ရှိရင် လက်တို့ပါ ...
ထုက 250 ပဲ ပေးရတာကို လို့ ... ဒါပေမယ့် ခု ပြန်ရှာချိန်မှာ အဲ့ဈေးနဲ့ ရလိမ့်မည် မထင် .. :(


အားလုံးကို ခဏ နှုတ်ဆက်ခဲ့ပါတယ် ...

ဒီ တစ်ခါ ပြန်တာ နောက်ကြောင်း ကိစ္စ တွေကလည်း မပြီးပြတ်တဲ့ အပြင် တစ်ချက်ခုတ်ရင် ၂ ချက်လောက် ပြတ်ရမယ့် အရေးလည်း မပြတ်တော့ ပြန်ရတာ အရမ်း ပျော်ဘူးးးးးးးးးးး
ဟုတ်တယ် လေ ... တစ်ခါ တစ်ခါ ပြန်ဖို့ အရေး လွယ်တဲ့ ကိစ္စ မှ မဟုတ်တာ လို့ လို့ လို့ ...

ဒါပေမယ့် ကျိုက်ထီးရိုး သွားချင်တဲ့ ဆန္ဒတော့ ပြည့်ဝ မလား မသိဘူးး .. အရမ်း အရမ်း အရမ်းကို သွားချင်နေလို့ အချိန် ရခဲ့ရင် သွားလိုက်ပါအုံးမယ် ..

ပြန်သွားတဲ့ အထဲမှာ သင်္ကြန်ပိုး အရှိန်နဲ့ ပြန်သွားတာ ဆိုတော့ သီချင်းလေး တစ်ပုဒ် တင်သွားပါတယ် ..






သင်္ကြန် နား အရမ်း မနီးသေး သော်လည်း သင်္ကြင်္န်ပိုးက ထနေပြီ ... :P

ပြန်လာတဲ့ အခါ ပထမအကြိမ် ပြန်တုန်းက ရန်ကုန် လေဆိပ်မှာ ဖြစ်သလိုမျိုး မဖြစ်ပါစေနဲ့ လို့ လည်း ဆုတောင်းပါတယ် ..
bcos အပြန် date ကို open date လုပ်သွား လို့ပါ ...
အဲ့တုန်းက အဖြစ်အပျက်လေးကို အတွေ့အကြုံ ဆိုတဲ့ label နဲ့ တပ်ပြီးရေးထားပါတယ် ..ဗဟုသုတ ရအောင် မဖတ်ရသေးတဲ့သူများ သွားဖတ် လို့ ရပါတယ် .. link မချိတ်တတ်၍ မချိတ်ခဲ့တော့ပါ ..


PS ... !...*1 kilo ကို S $ 10 ဖြင့် ရောင်းချင်သူများ ရှိပါက လှိုက်လှဲစွာဖြင့် ၀ယ်ပါကြောင်း*...!
ဒါ ကိုယ့်အချင်းချင်းတွေ မလို့ မဟာ သင်္ကြန် 50 % discount ချထားတာ .. :P