Author: ဆောင်းနှင်းရွက်
•11/28/2009 11:44:00 PM



မနက် ၆ နာရီ ဆို ပုံမှန် ဖြစ်နေတဲ့ သမင်မျက်လုံးလေးနဲ့ တူတဲ့ မျက်ဝန်းလေး ၁ စုံ ပွင့်လို့ လာပါပြီ ..
အဟိ .. (ကိုယ့်စိတ်ကြိုက် တင်စားလိုက်တယ်) ..

ပြတင်းပေါက်ကနေ မသိမသာလေး တိုက်ခတ်နေတဲ့ မနက်ခင်း လေညင်းလေး တစ်ချို့ ကို အိပ်ယာပေါ်ကနေပဲ
အရင်ဆုံး တ၀ကြီး ရှူရှိုက်လိုက်ပါတယ် ..
အိပ်ချင်မူးတူး ဖြစ်နေတဲ့ မျက်လုံး အစုံ ရဲ့ တွန်းအားပေးမှု့နဲ့ နာရီဝက် လောက် နပ်မယ် စိတ်ကူးလိုက်တိုင်း တစ်ရေးနိုးလို့ ကြည့်လို့ရင် တော့ ကွက်တိ ၇ နာရီ ..

မျက်နှာသစ် .. သွားတိုက် .. ဘုရား ရှိခိုး ..

အားလုံး ပြီး လို့ ..
မနက်စာ ဘာစားရမလဲ စဉ်းစားလိုက်တိုင်း မျက်လုံးထဲ အရင်ဆုံး ၀င်လာတာက ဘီဒိုထဲက တုံယမ်း ခေါက်ဆွဲပြုတ် ၊ ပုစွန် ခေါက်ဆွဲပြုတ် ၊ spicy ခေါက်ဆွဲပြုတ် ..
ဒါပေမယ့် .. ဟိုနေ့ က ၀ယ်ထားတဲ့ ပလာတာ ထုတ် စားဖို့ ရှိတယ် ဆိုတာ ဦးနှောက်က သတိပေးလိုက်တယ် ..
ပလာတာ ထဲ ကြက်အူချောင်း လိပ်ပြီး စားကြည့်တော့ ကောင်းသလိုလို ပဲ ..
ကော်ဖီ လေး နဲ့ ဆိုတော့ ....
မဆိုးပါဘူးး .. ခံတွင်း နဲနဲ တော့ တွေ့သွားတယ် ..

စားသောက်ပြီးလို့ ဒီနေ့ တစ်နေ့တာ ကိုရော ဘယ်လို လုပ်ရမလဲ စဉ်းစားလိုက်တယ် ...

တကယ်ပြောတာပါ .. အဟုတ် ပြောတာ .. ညာပြောတာ (ဟုတ်ပါဘူးး ) ..
ငယ်ငယ် လေးကတည်းက ချလန်းးး ချလန်းးး သွားချင်တဲ့ စိတ်က ရှိကို မရှိတာ ..
ခြေထောက် တွေ very tired လေ ... မခံစားနိုင်ဘူးးး ..

ဒီတော့ ..
ထုံးစံ အတိုင်း အပြင်လည်း မထွက်ချင် .. အိမ်ထဲမှာ ပဲ နေချင်၏ ..
.... မထူးပါဘူးးး စာကျက်မယ် ပြင်ဆင်လိုက်ပါတယ် ..
ရိုးအီနေတဲ့ စာတွေ .. ဖြစ်နိုင်ရင် လှည့်ကို မကြည့်ချင်တော့ဘူး ..
ဒါပေမယ့် အဲ့လို လုပ် လို့ မဖြစ် ..
ကိုယ် က သူ့ကို မကြည့် လို့ ရက်စက်ထားရင် .. သူက ကြည့်သွားပြီး ရက်စက်သွားမှာပေါ့ ..
အဲ့တော့မှာ စာမေးပွဲ မှာ မေးခွန်းနဲ့ ကိုယ်နဲ့ မျက်လုံးချင်းဆုံလို့ ရင်တွေ ခုန်ပြီး ထိုင်နေရမယ် ..
မဖြစ်ချေ .. ကြည့်ရမယ် ဆိုတဲ့ အသိတရား က ခေါင်းထဲ ကို ရောက်လာတယ် ...
24 hr online radio လေးကို အရင်ဆုံး ဖွင့်လိုက်ပါတယ် ..
စပြီး ခပ်တည်တည် နဲ့ ကျက်ပါပြီ ..
ကျက် .. ကျက် .. (ကြာချိန် ၂ နာရီ)
ကျက်နေရင်း ကြာလှတော့ ဇာတ်ကြောတွေ တက်လာတော့ မအောင့်နိုင် .. မခံစားနိုင်တော့ဘူးး ..
အကြောပြေ .. အညောင်း အညာပြေ ..

Acid ရဲ့ စတင်ခြင်း က စပါပြီ ပေါ့ ..

ပြတင်းပေါက်ကနေ အဝေးကို ကြည့်လိုက်ပါတယ် .. လန်းလန်းဆန်းဆန်း လူသွားလူလာများမြင်ရမလား အထင်နဲ့ ပေါ့ .. မြင်လိုက်ပါတယ် .. PIE မှာ သွားနေတဲ့ ကားတွေ...
ဟွန်းးး .. ကဲ .. အဲ့ဒီ့တော့ computer မဖွင့်ပါဘူးလို့ အောင့်ထားတဲ့ စိတ်က မရတော့ ...
online က သူငယ်ချင်း ပေါင်းဖော်စစ်စစ် များနဲ့ အရည်မရ ၊ အဖတ်မရ သော စကားများကို ပြောဆိုပါပြီ ပြောရင်း ... ဆိုရင်း ..
အချိန်ကို အကျိုးရှိစွာ အသုံးချရမယ် ဆိုတာ သဘောပေါက်တော့ ပြောရင်းနဲ့ ပဲ ဖေ့ဘွတ် ဆိုလား ၊ မေ့ဘွတ် ဆိုလား ၊ အဲ့ဒီ့မှာ သွားပြီး အပင်များစိုက်ရ ၊ ပေါင်းသင်ရ ၊ မြေသြဇာဖြန်းရ ၊ ဗေဒင် စစ်ကြည့်ရ ၊ Lucky % ချက်ကြည့်ရနဲ့ ... 13.3 လက်မ ရှိတဲ့ screen ကို လှပတဲ့ မျက်ဝန်း တစ်စုံ (အဟိ) နဲ့ ကြည့်ရင်း keyboard မှာ တစ်ယောက်တည်း လက် ၁၀ ချောင်းနဲ့ ရှုပ်လို့ နေပါတော့တယ် ..
သုံးနေရင်းနဲ့ .. နဲနဲ စိတ်လန်းဆန်းပြီ ဆိုတော့ ဘာလုပ်ရမလဲ ...

screen ဒေါင့်နားက အချိန်ကို တစ်ချက် မျက်လုံးဝေ့လိုက်တော့ မန်မန် စားရတော့မယ် ..
ဘာနဲ့ စားရမလဲ တွေးကြည့်လိုက်တယ် ..
ဝက်သားဟင်း ၊ ဘဲသားဟင်း ၊ ဆိတ်သားဟင်း ၊ အဲ့ဒါတွေ တစ်ခုမှ မစားဘူးလို့ ပြောတာပါ ..
ဒါဆို ဘာတွေ စားလဲ .. (မမေးနဲ့) .. အရမ်း ဟင်းကောင်းတာ .. မပြောပြဘူး ..း)
စားပြီးတော့ ဟိုလျှောက် ၊ ဒီလျှောက် ၊ ဟိုလုပ် ၊ ဒီလုပ် ၊ စာကျက်သလိုလို ၊ ဘာလိုလို ၊ ရှေ့ဝင် ၊ နောက်သွား ၊ ရေချိုး လိုက် ၊ အိမ်သာ သွားလိုက် ..
တစ်ယောက်တည်း နေရင်းး အလကားမပေးရတဲ့ အတွေးတွေကို တွေးကြည့်ပြီး အခုမှ ရှေးဟောင်းနှောင်းဖြစ် အတွေးတွေ ချာချာလည် ရင်း အတိတ် က အကြောင်း ၊ ပစ္စုပ္ပုန်မှာ ဖြစ်ပျက်နေတာတွေ ၊ ဘာဖြစ်မယ်မှန်း မမြင်ရတဲ့ အနာဂတ် ကို တွေးကြည့်လိုက်တာ တစ်ချို့ ကိစ္စ တွေက တော်တော် တော့ ရယ်ဖို့ ကောင်းနေသလို ၊ တစ်ချို့ ကိစ္စ တွေက တော်တော်လည်း လွမ်းမောမိတဲ့ စိတ်တွေ ဖြစ်မိလိုက်ပါတယ် ..
(၀မ်းနည်းလိုက် ၊ ၀မ်းများလိုက် နဲ့ ပေါ့ ) ... တရားပဲ ပေါက်သလိုလို .. ဘာလိုလို .. ညာလိုလို ..
ထိုသို့သော ...
အတွေးလေးများနဲ့ တစ်ယောက်တည်း တစ်အိမ်လုံးမှာ နေ့နဲ့ ည နဲ့ မှားလို့မှား ၊ ရုံးပိတ်ရက်နဲ့ ရုံးဖွင့်ရက် လည်း မှားလို့မှားနဲ့ ..
ကြည့်လိုက်ရတဲ့ ထွေလာဆိုလား .. ထော်လာဆိုလားး နဲနဲပဲ ပြတဲ့ ကားတွေ လည်း အမြည်းလိုက်ကြည့် လို့ ကုန်တော့မယ် ...
ဟို သတင်း လိုက်ဖတ် ၊ ဒီ သတင်း လိုက်ဖတ် ၊
အလုပ်တွေ ရှုပ်နေတာပဲ ..

ကဲ ... ညဘက် လေး ရောက်လာတော့ မီမီဝင်းဖေရဲ့ တစ်ကိုယ်ရည် ညများ ပေါ့ ..
အဲ့မှာ စတွေ့တာပဲ .. ကြောက်ပါတယ် ဆိုမှ နော် ..
သီချင်းကို အကျယ်ဆုံး ဖွင့်ထားလို့ ရဲဆေး တင်ထားတယ် .. ဟွင်းးဟွင်းး .. ဘယ်ရမလဲ ...
နာကွ ... (တကယ်တော့ မကွနိုင်ပါ ) ...

PIE က ကားတွေ သွားနေတဲ့ အသံကိုပဲ ခြောက်ခြားနေတယ် ..
တစ်ခန်းလုံးမှာ ဘေးဘီကို ၀ဲ ပြီး မကြည့်ရဲ ၊ ကြည့်ရဲ နဲ့ အသာလေး ခိုးကြည့်လိုက်တော့ ကုတင်ပေါ်မှာ တင်ထားတဲ့ ခွေးရုပ် ကြီး နဲ့ ၀က်ဝံ ရုပ် ..
ဟွန်းးး ကြည့်ပါအုံးး .. ခွေးရုပ်ကြီး က ကြည့်နေတဲ့ မျက်လုံးကလည်း Feeling မလာလိုက်တာ .. ပြူးပြဲနေတာပဲ .. ခံစားလို့ကို မရဘူးးး .. တစ်ချို့ ခွေးရုပ်တွေ လှပါ့ရဲ့ .. ဒီခွေးရုပ်ကျမှ ဘယ်လို ဖြစ်လို့ Attraction မရှိဖြစ်နေပါလိမ့် .. Attraction မရှိတဲ့ အပြင် ကြောက်ဖို့ တောင် ကောင်းနေသလိုပဲ ..
စိတ်ပိန်ပိန်နဲ့ မျက်လုံးကို လွှဲပစ်လိုက်တယ် ..
စာပြန်ကျက်တာပဲ ကောင်းတယ်လို့ တွေးမိလိုက်ပေမယ့် ..
အာရုံ မလာ ...
ဒီတော့ ပျင်းပျင်းနဲ့ ကြောက်ကြောက်လို့ ရလာတဲ့ စိတ်နဲ့ ပို့စ် ရေးရရင် ကောင်းမယ် နဲ့ တူတယ် စဉ်းစားလိုက်တယ် ..
မဆိုးပါဘူးးး .. နဲနဲ တော့ Feeling လာသလိုပဲ ..
ရေးရင်းးး ရေးရင်းး ပို ပြီး feel လာပြီ ...
ကဲ ကဲ .. ဆက် ရေးမယ် ...
ရေးလိုက်တယ် ... ရေးပြီးသွားပြီ ...


အိပ်တော့မယ် ... ဂွတ်နိုက် .....
(နောက်တဖန် မိုးလင်းလို့ လာပြန်ပါပြီ )


ဒါနဲ့ စကားမစပ် ကွိစိ ကွစ ... (ဆိုင်းဆိုင်းခန်းလှိုင်)
မအိပ်ခင် ပြောသွားလိုက်အုံးမယ် ...


ပြောလို့ ပြောတာ မဟုတ်ဘူးနော် ... အလုပ်သွားရတာ ၊ ကျောင်းသွားရတာ ပင်ပန်းလိုက်တာ ဆိုပြီး .. အိမ်ထဲမှာ ၄ ၊ ၅ ရက်လောက် နေပြီး အနာယူလို့ရရင် ကောင်းမယ်လို့ တွေးမိတဲ့ ကိုကို ၊ မမ တွေ ဘယ်မှာ မသွားဘဲ နေကြည့်ပါ .. အများဆုံး နေနိုင် ၅ ရက် လောက် ပါပဲ .. ပြီးရင် အသံများ ထွက်လာမှာ သေချာပါတယ် ..
မှတ်ချက် .... ခံစားဖူးမှ သိ၏ စကားလုံးလေးက တော်တော်မှန်တယ် ...


PS ... !...* ထိုကဲ့သို့ နေတာ ၂ ပတ်ရှိတော့မယ် .. ပျင်းပြီး အရိုးဆွေးတော့မယ် *...!

စားလိုက် ၊ အိပ်လိုက် နဲ့ model girl body structrure လေးလည်း ပျောက်ကုန်ပြီနဲ့ တူတယ် .. အဟင့် ..း(
နောက် ၅ ရက်လောက်ဆိုရင်တော့ ok ပါပြီ




Author: ဆောင်းနှင်းရွက်
•11/21/2009 03:11:00 PM
လှေကားတက်နေရင်း လည်း ကြောက်၏ ..

ဓာတ်လှေကား စီးနေရင်း လည်း ကြောက်၏ ..

အိမ်ရှေ့က ဆုံလည် ကုလားထိုင် ကြီး ကြည့်ပြီး လည်း ကြောက်၏ ..

အိမ်တံခါး ဖွင့်ဖွင့် ချင်း မြင်နေရသည့် store တံခါး ပွင့်ပွင့် နေသည်ကို လည်း ကြောက်၏ ..

အိပ်သာ သွားရမည် ကိုလည်း ကြောက်၏ ..

မီးဖိုချောင်ထဲ သွားရမည် ကိုလည်း ကြောက်၏ ..

ညဘက် ပြတင်းပေါက်က လေတိုက်လာသည်ကိုလည်း ကြောက်၏ ..

ညဘက် တံခါး လာခေါက်လာမည်ကိုလည်း ကြောက်၏ ....

ညဘက် အခန်းထဲ က အပြင် ထွက်ရမည်ကိုလည်း ကြောက်၏ ..

ဆုတောင်းနေမိသည် ..... တည့်တည့် မတိုးမိရန် ....။



လန့်မှာ စိုး၍ တိုးတိုးပြောနေကြသော အသံများကိုလည်း သဲ့သဲ့ ကြားနေရပါသည် ...
ကြောက်စိတ်နဲ့ ကိုယ်တိုင် တည့်တည့် တိုးမည့် နေ့တွင် သတိလစ်သွားနိုင်သည် ..



ကြားရသည့် နေ့မှ စ၍ အပြင်မသွားသည်မှာ ၂ ပတ် ရှိသော်လည်း
ယနေ့ညဘက် အိမ်သို့ 1 နာရီ မှ ပြန်ရောက်မည် ကို တွေးမိပြီး ကြက်သီးများ ထမိပါတယ် ....


စိတ်ပိန် လွန်း လို့....................................
တွေးရင်း ခေါင်းတွေ ကိုက်လာသည် .......