Author: ဆောင်းနှင်းရွက်
•10/10/2009 02:27:00 AM

သူမ



ကျွန်တော့် ရင် ထဲ က အလှနတ်သမီးလေး တစ်ပါး ..


ဝင်းဝါတဲ့ အသားအရေ ပိုင်ရှင်လေး တစ်ယောက် ..


အပြစ်ကင်းစင်တဲ့ မျက်နှာထားလေး တစ်ခု ကို ပိုင်ဆိုင်ထားတဲ့ သူမ ..


သေးသွယ်တဲ့ ခန္ဓာကိုယ်လေး နဲ့ အရပ်မြင့်မြင့် လေးနဲ့ သူမ ..


လက်ချောင်းသေးသေးသွယ်သွယ် လေးများနဲ့ ခြေဖမိုး လှလှ လေးကို ပိုင်ဆိုင်ထားတဲ့ သူမ ..


တစ်ခါ တစ်ရံမှာ ကတ္တီပါ ဖိနပ် အပြာရောင်လေး စီးထားတတ်တဲ့ ခြေချောင်းလေးတွေ ..


နူးညံ့တဲ့ ခန္ဓာကိုယ် လေးမှာ ကပ်ငြိနေတဲ့ တမူထူးခြားလှပနေသော သူမရဲ့ သဘာဝ ဆံနွယ် နီနီလေးမှာ မြင်ရသူတွေကို လည်ပြန်ကြည့်ရစေသည် ..


တစ်ခါတစ်ရံ သူမ ရဲ့ ဟန်ဆောင် မပါဘဲ လွတ်လပ်စွာ စကားပြောဟန် လေး သည်လည်း လူတစ်ယောက်ကို စွဲဆောင်လွန်းလှသည် ..


သူမ သည် ကျွန်တော့် သူငယ်ချင်း ရဲ့ ညီမလေး တစ်ယောက် ..

သူမ ၏ နာမည်ကို ကြားနေခဲ့သည်မှာ ကြာနေသည်မှာ လွှဲလို့ ကျွန်တော် မမြင်ဖူးခဲ့ပါ ..

တစ်နေ့ ..

အမှတ်မထင် သူမကို စတင် တွေ့ရသည့် နေ့တွင် ပင် ကျွန်တော် အရမ်း ချစ်မိသွားသည် ..


ကျွန်တော့်ရဲ့ ချစ်ခြင်း လင်္ကာတွေ ပြောပြလိုက်တိုင်း ပြောင်စပ်စပ် နဲ့ ရယ်စရာ လုပ်တတ်တဲ့ သူမ ..

ဒါပေမယ့် ကျွန်တော် စိတ်မဆိုးနိုင်ပါ ..


ကျွန်တော် တို့ မကုန်နိုင်တဲ့ စကားတွေ ပြောကြတဲ့ နေ့ရက် တွေ လည်း ရှိခဲ့ဘူးပါတယ် ..

ဒါပေမယ့် သူမ ရဲ့ စကားလုံးတွေ ကတော့ သူငယ်ချင်းဆိုတဲ့ စကားလုံး က မဆက်တော့ပါ ..


ကျွန်တော့် အတွက် သူမ နဲ့ ၂ ယောက် တည်း တွေ့ဆုံနိုင်ရန်မှာ အလွန် ခက်ခဲလွန်းလှသည် ..

အိမ်ထဲက အိမ်ပြင် တော်ရုံ မထွက်တဲ့ သူမ ကို တွေ့ဆုံနိုင်ရန်မှာ ပို၍ ခက်ခဲပါတယ် ..


..^..^..^..^..^..^..^..^..^..^..^..^..^..^..


တစ်ခါတစ်ရံ သူမ သည် ကျွန်တော့်ကို ရှောင်နေခဲ့သည်လား ..

တစ်ယောက်နဲ့ တစ်ယောက် မရှောင်ဘဲ နဲ့ပဲ ရှောင်သလိုဖြစ်ခဲ့သည်လား ..

ကျွန်တော် အတွက် သူမနှင့် တွေ့ရန်သာ စောင့်နေရသည် နေ့စွဲတွေ ..

ကံကြမ္မာကပဲ ဝေးကွာအောင် လုပ်သွားတာလား ..


အခုချိန်မှာ ဘယ် အကြောင်းတွေက သူမ နဲ့ ကျွန်တော် ကို ဝေးကွာစေခဲ့တယ် ဆိုတာတော့ သေချာ မသိပါ ။


ဒါပေမယ့် နောက်ဆုံး သူမ .. ကျွန်တော့် ကို ချစ်ခဲ့တယ်ဆိုတာ သိလိုက်တဲ့ အချိန်မှာ ..

သူမ သည် ကျွန်တော့် ရဲ့ အဝေးဆုံး အဝေးဆုံး အဝေးဆုံး ဆိုတဲ့ နေရာ တစ်နေရာကို ရောက်သွားပါပြီ ..


သူမ ရဲ့ အချစ်တွေ ဘယ်တော့မှ ပြန်မရနိုင်တော့သလို ..

ချစ်ခဲ့သော်လည်း ယခုအချိန်မှာ နာကျည်းသွားခဲ့ပြီဆိုတာ သိလိုက်ရတဲ့ အချိန် ..


ကျွန်တော့် ဦးနှောက် သွေးကြော တစ်ခုလုံး ပိုပြီး ဖြောင်းဆန်သွားတယ် ..




PS ... !...* တွေးမိတွေးရာ လေး တစ်ခုပါ *...!




Author: ဆောင်းနှင်းရွက်
•10/06/2009 12:13:00 AM


ငါတို့ တစ်ဦးနဲ့ တစ်ဦး အချင်းချင်း နားလည်မှုတွေရှိခဲ့ကြသလို အရမ်းချစ်ခဲ့ကြလို့ တစ်ဦး နဲ့ တစ်ဦး လက်တွဲပြီး အေးချမ်းစွာ ကျဆင်းနေတဲ့ နှင်းတွေနဲ့ လမ်းကို ကြည်နူးစွာ လျှောက်လှမ်းနေကြပြီပဲ ~~ ဘာလို့ လမ်းခွဲရမှာလဲ ~~ ဒါပေမယ့်လည်း မမျှော်လင့်တဲ့ အကြောင်းတစ်စုံ တစ်ရာများ ပေါ်ပေါက်လာရင် နင် ငါ့ရဲ့ လက်ကို မဖြုတ်ပါနဲ့ ~~ ငါရဲ့ လက်ကို သေချာ ကိုင်ထားပေးပါ ။ ငါ့ကို လွတ်မြောက်ခွင့် လည်း မပေးပါနဲ့ ~~

ဘာလို့လဲ ဆို ငါကိုယ်တိုင် ငါ့ရဲ့ မသိစိတ်ရော ၊ အသိစိတ်ရော က နင်ဆီမှာ ရောက်နေလို့ပါ ။ ငါ မြတ်မြတ်နိုးနိုး လိုလားတဲ့ လက်ဖ၀ါး တစ်စုံ ကို ဆုံးရှူံးရမှာ အရမ်းကြောက်တယ် ~~

ငါတို့ စကားတွေ အများကြီး ပြောမယ်လေ ။ ပုံပြင်တွေ အကြောင်း ပြောပြမယ်။ အိမ်မက်တွေ အကြောင်း ပြောပြမယ်။ စိတ်ခံစားမှုတွေ အကြောင်းပြောကြမယ် ~~ ဟော . . . ပြောရင်း မိုးတွေ ရွာလာပြီ ..! မိုးစက်ပွင့်တွေ အကြောင်း ဆက်ပြောကြမယ်လေ ~~ ငါတို့ရဲ့ စကားလုံးတွေထဲမှာ မက်မောမှု တွေ မပါဘူး ~~ အတ္တတွေ မပါဘူး ~~ မိန်းမောစေတဲ့ ရမ္မက်တွေ မပါဘူး ~~ အဆိပ်ငွေ့တွေ မပါသလို လိုလား တောင်းတမှု့တွေ မပါဘူး ~~

ငါတို့ရဲ့ လက်တွဲမှုမှာ တစ်ဦးကို တစ်ဦး အဖြူစင် ဆုံးသော မြတ်နိုးမှု ၊ နားလည်မှု နဲ့ ညစ်ညမ်းမှု့ တစ်စုံတစ်ရာ မပါတဲ့ အဖြူရောင် မိုးစက်တွေနဲ့ တည်ဆောက်ထားတာပါ ~~

ဒါပေမယ့် ငါတို့သိနေကြတယ် ~~ ပျော်ရွှင်မှုတွေ ဝေးလွှင့်ပျောက်ဆုံးသွားမယ့် အနာဂတ်ကို မလိုလားတဲ့ ငါ့အတွက် နင့်ကို မမေးရဲသလို နင်ကလည်း မျက်ရည်မိုးတွေနဲ့ အနာဂတ် ရရှိသွားမှာကို စိုးရွံ့နေလို့ ......

ငါတို့ ၂ ယောက်လုံး နူးညံနေတဲ့ လက်ဖ၀ါး တစ်စုံ မဆုံးရှူံးဖို့ အရမ်းကို မောပန်း နေကြပြီ ............

ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် နောက်ဆုံး ငါတို့ ရင်ဆိုင်ရမယ် ဆိုတာကို တစ်ဦး ကို တစ်ဦး သိနေကြတယ် ~~

~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~


ငါအသက်ရှုသံတွေ မရပ်သရွေ့ နင် ငါ့လက်ကို ကိုင်ထားပေးပါ ။





PS ... !...* မြတ်ခင်းသစ် တွင် ရေးခဲ့သော အတွေး ပို့စ်လေး တစ်ပုဒ် *...!
6th.Dec,2008