•10/03/2012 12:28:00 PM
အိုင်ဖုန်း .. အိုင်ဖုန်း ... တော်တော် အလုပ်ရှုပ် ၊ စိတ်ရှုပ်ဖို့ကောင်း တဲ့ ဒီအိုင်ဖုန်း ..
ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁ နှစ် ကျော်ကနေ စပြောရမယ် .. သုံးနေကျ ဆိုနီ ဖုန်းလေး
အ၀တ်လျှော်စက်ထဲ အိပ်ယာခင်းလျှော်ရင်း ရောက်သွားရာကနေ ဒီ ဖုန်းကို ၀ယ်မိလိုက်ရာက ဇာတ်လမ်းက စတာပဲ ။ ဖုန်း ပျက်သွားတော့ ဘာဖုန်းဝယ်ရမလဲ တော်တော်စဉ်းစားရတယ် .. အိုင်ဖုန်း ဖိုးလေးပဲ ၀ယ်ရမလား ၊ ဖိုးအက်စ် လေးကို စောင့်ရမလား ၊ တစ်ခြား ဖုန်းပဲ ၀ယ်ရမလား ၊ ကဲ .. မသေချာတဲ့ ဖိုးအက်စ်ကို စောင့်ဖို့ အချိန်မရှိဘူး .. ဖိုးလေးပဲ ၀ယ်လိုက်ပါမယ် စိတ်ဆုံးဖြတ်လိုက်ရာက စတားဟက် ဆိုင်မှာ သွားစုံစမ်းတော့ မဆိုးပါဘူး .. အားလုံး အပြီးအစီး ၂၃၀ လောက် နဲ့ မိနစ် ၃၀၀ ပလန် ဆို တစ်လ ၆၀ ကျပ် လောက်ဆိုတော့ မဆိုးဘူးပေါ့ .. အဲ့လိုနဲ့ စနေ၊ တနင်္ဂနွေ ရောက်တော့ စတားဟက်စင်တာကြီး မှာ သွားလျှောက်တာပေါ့ .. ၀င်ဝင်ချင်း ကျူ ယူမယ်လုပ်တော့ ကောင်တာ ကောင်လေးက ပတ်စ်တောင်းလို့ ပတ်စ်ပေးလိုက်တော့ အဲ့ ကောင်လေး ပြောလိုက်တာက " ကျောင်းသား ပတ်စ်နဲ့ အိုင်ဖုန်း ၀ယ်ရင် ဒီပိုဆစ် ၈၀၀ ပေးရပါမယ် တဲ့ ၊ " ဟမ် .. ငါသိတာ ၂၀၀ လားလို့လေ ဆိုတော့ အဲ့ဒါ အိုင်ဖုန်းက လွဲလို့ တစ်ခြားဖုန်းတွေ က အဲ့လိုပါတဲ့ .. အို ပြောမနေနဲ့ လူက ရေရေလည်လည် တင်းပြီး ... ဒေါသတွေ အမြှုပ်လိုက်ထွက် ၊ အသွားကြီး သွားပြီးမှ ... စိတ်တွေ တိုလိုက်တာ ဆိုတာ မပြောချင်ဘူး .. မပြောချင်ဘူး .. အဲ့နေ့ အကြောင်း ဆက်မပြောတော့ဘူး .. အိုင်ဖုန်း ကိစ္စ ဆက်ပြောမယ် ..
ကဲ .. အဲ့ဒါနဲ့ ကိုယ်နဲ့ သိတဲ့ အမ ဆီ ပြောပြီး အမ အဲ့လို အဲ့လို ဖြစ်လို့ ဖုန်းလျှောက်ချင်တယ်ပြောတော့ သူက ၀မ်းသာအားရပဲ .. စတားဟက်မှာ ဖုန်း ၃ လုံး လျှောက်တယ်ဆိုရင် 25 % Discount လား မသိဘူး ရတယ်ဆိုတော့ သူတို့ လင်မယားနဲ့ ကိုယ်နဲ့ပေါင်းရင် သူတို့ ရပြီးသား Discount % က တိုးလာမှာ ဆိုတော့ သူလည်း အဆင်ပြေ ၊ ကိုယ်လည်း အဆင်ပြေ ပေါ့ .. ဟုတ်ပြီ ဒါဆို မိနစ် ၃၀၀ ပလန် .. နောက်တစ်ပတ် စနေ၊ တနင်္ဂနွေ တစ်ရက်ရက်သွားကြတယ်ပေါ့ကွယ် ..
ဝယ်ပြီး ၄ ရက်လောက်အထိ အဲ့ဖုန်းကို မကလိနိုင်အားသေးလို့ ၀ယ်လာတဲ့ ဖုန်းဘူးလေးအတိုင်း စားပွဲခုံမှာ ခဏအလှပြထားလိုက်သေးပါတယ် ။ နောက် ၅ ရက်မြောက်တဲ့ နေ့မှ စပြီး ဗူးဖွင့် ၊ အားသွင်း ၊ ဖုန်းနံပါတ်တွေ ထည့် ကလိပေါ့ .. ဟဲဟဲ .. သိပ်မကြာပါဘူး .. နောက်နေ့ ဖုန်းပြောနေရင်း ဖုန်းက လုံးဝ ဘယ်လို ဖွင့်ဖွင့် ဖွင့်လို့မရတော့ဘူး .. ဒါပေမယ့် နောက် ၁ နာရီ လောက် နေတော့ သူ့ဘာသာ သူ ပြန်ဖွင့်လာတယ် .. သြော် .. ငါ ကလိတာများ များသွားလို့လား မသိဘူးပေါ့ .. နောက် တစ်ခါ ထပ်ဖြစ်ပြီး .. အပလီကေးရှင်းတွေ ဖွင့်တိုင်း ပြန် ပြန်ပိတ်သွားလိုက် ၊ ဟန်းသွားလိုက်နဲ့ တစ်ခုခုတော့ လွဲနေပြီ ဆိုတာ သိနေတယ် .. အဲ့ဒါနဲ့ ကိုယ့်ကို လျှောက်ပေးတဲ့ အမ ကို ဖုန်းဆက် ၊ အကျိုးအကြောင်း ပြောပြပြီး စင်တာမှာ သွားလဲချင်တဲ့ အကြောင်း ပြောပြတော့ လိုက်ခဲ့ပေးမယ်ဆိုလို့ တော်သေးတာပေါ့နော် .. ဆိုင်ရောက်တော့ သူတို့ စမ်းရင်းနဲ့ပဲ ဖုန်းက ဟန်း ဟန်း နေတော့ အသစ် တစ်လုံး လဲပေးလိုက်ပါတယ် ..
ကဲ .. ပထမ လ ဖုန်းဘေလ် လာပြီ .. ကြည့်လိုက်တော့ ဒစ်စကောင့် မပါဘူး .. ဖုန်းဘေလ်က နောက်ဆုံးနေ့လည်း ဖြစ်ပြန် လျှောက်ပေးတဲ့ အမကိုလည်း ထပ်ပြီး အနှောင့်အယှက် မပေးချင်တော့တာနဲ့ .. သွားဆောင်လိုက်ပါတယ် .. ဒါပေမယ့် စိတ်ထဲမှာ နဲနဲတော့ ဘ၀င်မကျတာနဲ့ လျှောက်ပေးတဲ့ အမကို ဖုန်းဆက်မေးတော့ သူတို့ဆီမှာ ဒစ်စကောင့် ပါတယ်တဲ့ .. "အမှန်ဆို ပါရမှာပေါ့ နောက်လ ဘေလ်လည်း အဲ့လိုလာရင် မသွင်းလိုက်နဲ့ စင်တာကို လှမ်းပြောပေးမယ် ဆိုတာနဲ့ " အင်း.. ရှိစေတော့ .. ကဲ နောက်လ ဖုန်းဘေလ် လည်း အဲ့အတိုင်းပဲ .. ဒါနဲ့ ဖုန်းဆက်ပြောတော့ လူကိုယ်တိုင်လာပြီး ဘေလ်ပါယူခဲ့ပါဆိုလို့ ကဲ သွားလိုက်ကြပေအုံးပေါ့ ... သိတဲ့ အတိုင်း စနေ၊ တနင်္ဂနွေ ဆိုတော့ ကျူပေအုံးပေါ့ .. လုပ်ပေးတဲ့ မမ လင်မယား စိတ်ရှုပ် ၊ မရှုပ် တော့ မသိဘူး .. ဆောင်းနှင်းတော့ တော်တော်စိတ်ရှုပ်ပြီး ငါနဲ့ ဒီဖုန်းနဲ့တော့ ရှေ့လျှောက် ဘယ်လို စခန်းသွားရအုံးမလဲ မသိလို့ အဲ့ကတည်း စိတ်ထဲမှာ တွေးမိလိုက်ပါသေးတယ် .. ကဲ .. ကိုယ့် နံပါတ် အလှည့် ရောက်ပြီ .. ကောင်တာကိုမေးတော့ လိပ်စာ ကြောင့်ပါတဲ့ .. နာမည် အတူတူနဲ့ လျှောက်ထားပေမယ့် လိပ်စာ မတူရင် မရပါဘူးတဲ့ .. လိပ်စာ အတူတူဆိုရင် discount ရပါတယ်တဲ့ .. တကယ်ဆို အဲ့ဒါ အဓိပယ် မရှိတာ .. စိတ်ထဲမှာတော့ ကျလိ၊ ကျလိပဲ .. ထားပါတော့ .. အဓိပယ် ရှိတာ ၊ မရှိတာ .. အဲ့ဒါနဲ့ အဲ့လ ပိုကောက်ထားတဲ့ ပိုက်ဆံကို ပြန်အမ်းပေးပြီး မမ တို့ လိပ်စာပဲ ပြောင်းခဲ့လိုက်တယ် ..
((လူ့သဘာဝလားမသိဘူး .. မရှိခင်တုန်းကတော့ သူများတွေ အိုင်၊ အိုင် ဆိုလို့ အရမ်းလိုချင်တယ် .. ရလည်းပြီးရော စကရင် သေးသေးလေးမှာ အာရုံစိုက်ရလွန်းလို့ အရမ်း မကြိုက်တော့ပြန်ဘူး ..))
သိပ်မကြာပါဘူး .. နောက် ၄ လ လောက်နေတော့ MRT စီးရင် တိုပါရိုး ဘူတာ အရောက် လူတွေ တိုးတိုက်ထွက်ရာက လူလည်းလွင့်၊ ဖုန်းကလက်ထဲကနေလွတ်ထွက်သွားပြီး platform gap ကနေ MRT track ပေါ် ကို ရောက်သွားတော့ လူမှာ ခဏတာ နှလုံး ရောဂါ ရသွားပြန်တယ် .. ကြည့်လိုက်တော့ ရထားဘီး သွားတဲ့ နေရာအတည့်ပေါ်မဟုတ်တော့ ဖုန်းလေးကို လှမ်းမြင်နေသေးတော့ နဲနဲ တော်သေးတယ်ပေါ့ .. အဲ့ဒါနဲ့ အပေါ်က passanger service သွားပြောတော့ ညဘက် ရထားတွေ အားလုံး ပြီးသွားရင် ကောက်ထားပေးမယ် ၊ ဖုန်းပျက်စီးတာ တော့ သူတို့နဲ့ မဆိုင်ဘူးတဲ့ .. ဟုတ်လည်း ဟုတ်တာပဲနော် ..း)) ဟင်း .. ညဘက်မိုးမရွာပါစေနဲ့ ဆုတောင်းရင်း လူမှာ အိပ်လို့ မပျော် .. မိုးရွာရင် ရထားမကြိတ်မိဘဲ ရထားပေါ်က ရေတွေ ကျတာနဲ့ ရေစိုပြီး အဲ့ဒါမှ တကယ် ပျက်မှာ ... >.< ...
ဒါပေမယ့် ခုတော့ ဖုန်းကမပျက်ပေမယ့် ဖုန်းထဲ ရှိရှိသမျှတွေ မနေ့ညကပဲ အကုန်ပျက်သွားပါပြီ ..
passbook ကို စမ်းချင်လို့ လျှာရှည်ပြီး IOS 6 သွင်းပြီး သကာလ ... လေးလိုက်တဲ့ဖုန်း ၊ ဖုန်းတစ်ခါဖွင့်ပြီး password ရိုက်ဖို့အရေး တော်တော်စိတ်ရှည်စွာနဲ့ စောင့်ရပါတယ် .. အဲ့ဒါနဲ့ သူငယ်ချင်းတွေ ကို ပြောတော့ downgrade .. ဒါမှ မဟုတ် restore ပြန်လုပ်ကြည့် လိုက်ပါ .. ဒါပေမယ့် တစ်ချို့ aaplication တွေ နဲ့ photos တွေ တော့ ပျောက်မယ်နဲ့တူတယ်တဲ့ .. အဲ့ဒါနဲ့ photos တွေကို တော့ ကူးလိုက်တယ် .. applications တွေကတည်း တစ်ခုပဲ ၀ယ်ထားတာရှိပြီး ကျန်တာ အကုန် free ရတာတွေ သွင်းထာတာဆိုတော့ သိပ်ပြသနာ မဟုတ် ..
ဒါနဲ့ပဲ ညက အားကြိုးမာန်တတ်စွာနဲ့ restore လုပ်ရင်း ကွန်ပြူတာက ရုတ်တရက် ကျသွားလို့ ပြန်လုပ်ရင်း စုစုပေါင်းကြာချိန် ၃ နာရီလောက် အချိန်ကုန်ခံပြီး restore လုပ်လိုက်ရာက contact တွေလည်း ပျောက် ၊ application အခု ၁၅၁ မှာ အခု ၇၀ ပဲ ပြန်ရပါတော့တယ် .. ဒန့်တန့်တန့် .. -.-
((ပြောတဲ့သူကလည်း contact တွေလည်း ပျောက်ကုန်မှာ လို့ကျတော့ မပြောဘူး .း(( application (အရမ်းများနေပေမယ့် Memory 16 G မှာ 13 G လောက်ကျန်နေပါသေးတယ် )
ဒါနဲ့ပဲ ညက အားကြိုးမာန်တတ်စွာနဲ့ restore လုပ်ရင်း ကွန်ပြူတာက ရုတ်တရက် ကျသွားလို့ ပြန်လုပ်ရင်း စုစုပေါင်းကြာချိန် ၃ နာရီလောက် အချိန်ကုန်ခံပြီး restore လုပ်လိုက်ရာက contact တွေလည်း ပျောက် ၊ application အခု ၁၅၁ မှာ အခု ၇၀ ပဲ ပြန်ရပါတော့တယ် .. ဒန့်တန့်တန့် .. -.-
((ပြောတဲ့သူကလည်း contact တွေလည်း ပျောက်ကုန်မှာ လို့ကျတော့ မပြောဘူး .း(( application (အရမ်းများနေပေမယ့် Memory 16 G မှာ 13 G လောက်ကျန်နေပါသေးတယ် )
ဟဲဟဲ .. ပျောက်တဲ့အတူတူ ဒီနေ့ညဘက် downgrade ထပ်လုပ်လိုက်ဦးမယ် .. :D
9 comments:
ဖတ်ရတာ ရင်တဒိတ်ဒိတ်နဲ့ ဆောင်းနှင်းရယ်။
ဆောင်းနှင်းက နေနိုင်လိုက်တာ ပစ္စည်းအသစ်ဝယ်ပြီး လေးရက်လောက် မကြည့်ဘဲ အဲဒီတိုင်း ထားတယ်ဆိုတော့လေ။ အမလေး ဘုန်းဘုန်းဆိုရင် ပစ္စည်းအသစ်ဝယ်လို့ ကျောင်းပြန်ရောက်လာရင် တစ်ခါတစ်လေ သင်္ကန်းတောင် မလဲသေးဘဲနဲ့ ၀ယ်လာတဲ့ပစ္စည်းအသစ်ကလေးကို အရင်ကြည့်တာ။
ဖတ်ရင်းနဲ့ ထိုပါးယိုးဘူတာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာတယ်။
ချမ်းမြေ့ပါစေ...အစစအရာရာ အဆင်ပြေပါစေ...
ခင်မင်တဲ့
:D
d
အဟင်း... ဖုန်းဖုန်းဖုန်း... အခုတော့ မလေးတော့ပါဘူး.... အဆင်ပြေသွားပြီ... :D
နေသူန်
အဲ့ဒီတော့...ငါ့ နံပါတ် ပြန်ပေးရမယ်ပေါ့ ဟုတ်လား။ အလွတ်ရလား...:D
ငါ နင့် ရဲ့ ဆရာသမား :P
ညီမရေ
ပျောက်နေတယ်နော် စာတွေနဲနဲကျဲနေသလားလို့ပါ
မကြီးဆိုရင် အသစ်ဝယ်ရင်ချက်ချင်းကိုကြည့်တာ
အိမ်ရောက်အောင်မစောင့်ဘူး ကားပေါ်မှာ
ကြည့်လိုက်တယ်
ချစ်ခင်တဲ့ sis jasmine
ဒေတာတွေ မပျောက်ဘဲ ကောင်းကောင်း ကလိနိုင်ပါစေတော်..
ဟင်
အတော်ဆိုးတဲ့ အိုင်ဖုန်းဖိုက်ပဲ
ပြသနာတွေတက် အို ပြသနာတွေတက် :P
:P
အိုင်ဖုန်းရဲ့ဒုက္ခကိုတော့ကျွန်တော်ရေးခဲ့ဖူးပါတယ်။အခုIOS6ကတော့ရှိပြီးသားမေးလ်တောင်ဖွင့်မရလို့တော်တော်တင်းပါတယ်။ခက်တာကrestoreပြန်လုပ်ရင်လည်းပြဿနာတွေရှိတယ်ဆိုလို့မလုပ်တော့ပါဘူး။အခုကိုယ့်ဘလော့တောင်ကိုယ်အိုင်ဖုန်းနဲ့ဖွင့်ကြည့်မရတော့ဘူး။တော်တော်ကိုဒုက္ခများတဲ့IOS6ပါဗျာ။ဖုန်းနဲ့ဒုက္ခတွေကဆောင်းနှင်းရွက်ရေးတာတော်တော်စုံတယ်ဗျနော်။ကျွန်တော်တော့အဲဒီလောက်တော့မကြုံဖူးသေးပါဘူး။