Author: ဆောင်းနှင်းရွက်
•1/13/2010 07:05:00 PM



စားရမလား..
သောက်ရမလား..

အိပ်ရမလား..
မအိပ်ရဘူးလား..

ပြောရရင်ကောင်းမလား..
မပြောဘဲ နေရင် ကောင်းမလား..

သွားရမလား..
လာရမလား..

လမ်းလျှောက်ရမလား..
ပြေးရမလား..

ထိုင်ရမလား..
မက်တပ်ရပ်မလား ..

အပူသောက်ရမလား..
အအေးသောက်ရမလား..

ကားစီးရမလား ..
MRT စီးရမလား ..


^^^~~~^^^~~~^^^~~~^^^



စဉ်းစားရင်း၊ အတွေးချာလည်ရိုက်ရင်း ၊....နဲ့ပဲ နှစ်သစ် အတွက် စာမျက်နှာ တစ်ပုဒ် ဖွင့်လိုက်တယ် ...

နှစ်သစ် မှာ စာအသစ် ဖွင့်ဖို့ စိတ်ကူးထားပေမယ့် စိတ်ကူးမရှိ ၊ အတွေးမရှိ ၊ ဖြစ်နေပါတယ် ..

အတွေး ရှိလို့ ရေးမယ်ဆို အချိန် မရှိ ၊ အပြင် ရောက်လို့နေ ..
အချိန် ရှိလို့ ရေးမယ်ဆို အတွေး မရှိ ၊ ကွန်ပြူတာရှေ့ ငုတ်တုတ် မေ့..

ရေးမယ်လုပ် စိတ်ကူးတိုင်းလည်း တွေးထားတဲ့ စိတ်ကူးတွေ ဘယ်ချောင်သွားခို မှန်းမသိ ..

ရေးချင်စိတ် မရှိ ၊ စိတ်နဲ့ လူနဲ့ မကပ် ၊
စိတ်တွေ လည်း ဘယ်ပလူ ပျံ နေလည်း မသိ ..

အဲ့လိုပဲ တစ်ခါတစ်လေမှာ အတွေးတွေ အူကြောင်ကြွက် ဖြစ်နေတယ် ..

စဉ်းစားနေတဲ့ ကိစ္စ တွေ လည်း စဉ်းစားလို့မရ ၊ မသိတော့ဘူးးးး ... မမေးနဲ့ ... ရူးတော့မယ် ...






PS ... !...* ခုချိန်မှာ အနားက သိတဲ့သူ ဖြတ်သွားတောင် မြင်တာမဟုတ်လို့ ခွင့်လွှတ်ကြပါ *...!
Author: ဆောင်းနှင်းရွက်
•12/25/2009 02:40:00 AM

ကျနော်၊ကျမ တို့ စုပေါင်းအလှူမင်္ဂလာ တွင် ကျနော်၊ကျမတို့ ဘလော့ဂါ မောင်နှမများ၊ စာဖတ်သူများ နှင့် အလှူရှင်များ ပါဝင် လှူဒါန်းကြသည်မှာ စကာင်္ပူဒေါ်လာ (၁၇၀၀)နီးပါးခန့် ရရှိထားပြီး ဖြစ်ပါသည်။ ခန့်မှန်းပမာဏထက် အလှူငွေများ ပိုမိုရရှိတဲ့အတွက် ကျနော်တို့အားလုံး ပျော်မဆုံး တပြုံးပြုံးဖြစ်ရပါသည်။ ဆက်လက်လှူဒါန်းလိုသူများ အကြောင်းကြား ဆက်သွယ် လှူဒါန်းနိုင်အောင် မနက်ဖန် ကြာသာပတေးနေ့ ညနေ (၂၄.၁၂.၂၀၀၉)ထိ လက်ခံသွားမှာဖြစ်ပါသည်။


ရရှိလာသော အလှူငွေများထဲမှ ဘုန်းကြီးကျောင်းအတွင်းထားရန် ဘုရားတစ်ဆူ တွင် အလှူငွေ ထည့်ဝင်ထားပါတယ်။ အလှူနေ့တွင် ဘုရား အနေကဇာတင်မှာ ဖြစ်ပြီး ဘုရားရှင်အား ရည်မှန်း၍သင်္ကန်း၊ ထီး၊ဖိနပ် နှင့် အနေကထိုင် တစ်စုံကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ဘုရား ဒါယိကာ၊ ဒါယိကာမ များအဖြစ် ခံယူနိုင်မှာ ဖြစ်ပါသည်။


ထိုပြင် ကျောင်းနေဘုန်းတော်ကြီးများကို လက်ခံရရှိထားသော ဝတ္ထုငွေသားများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


အစီအစဉ်



မနက်(၉) နာရီ တိတိ တွင် အလှူငွေများဖြင့် စုပေါင်းလှူဒါန်းမည့် ဘုရားအား အနေကဇာ တင်ပါမည်။


မနက်(၁၀း၃၀) နာရီ တွင် လှူဒါန်းထားသော ဗုဒ္ဒဆင်းထုတော်အားရည်စူးပြီး သင်္ကန်း ၊ ထီး ၊ ဖိနပ် နှင့် အနေကထိုင် ကိုကပ်လှူ ပူဇော်ပြီး ကျောင်းနေ ဘုန်းကြီး (၆)ပါးကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းမှာ ဖြစ်ပါသည်။


ထိုနောက်ပရိတ်တရားတော် နာယူပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှဝေ ပါမည်။

တရားနာပြီးလျှင် ဘုန်းကြီး(၆)ပါးကို မောင်နှမများကိုယ်တိုင် ချက်ပြုတ်ထားသော ဆွမ်းထမင်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


မနက်(၁၁း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရီ ထိ တရားနာကြွလာသူများနှင့် ဧည့်သည်တော်များကို ထောပတ်ထမင်းနှင့် ကြက်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ရှိကြသော ဘလောဂါများ၊ စာဖတ်သူများ၊ အလှူရှင်များ မည်သူမဆို အလှူသို့ တရားနာကြွရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ...။



အလှူကျင်းပမည့်နေရာ - NO.2, Jalan Kerayong,Sembawang Straits Estate, Singapore 759300.
Sembawang MRT ရောက်ရင် ဘတ်စ်ကား (882) ကို (၇)မှတ်တိုင် စီးပြီး (၁၀၀)မီတာလောက်လမ်း ပြန်
လျှောက်လျှင် Jalan Kerayong ကိုမြင်ရမှာဖြစ်ပါသည်
။