Author: ဆောင်းနှင်းရွက်
•7/29/2009 11:47:00 PM





သူငယ်ချင်း တစ်ယောက်အတွက်

ဘ၀ ရဲ့တခဏတာမှာ တွေ့ဆုံကြုံကွဲ မှု ဆိုတာ ဘယ်သူမှ ရှောင်လွှဲ လို့ မရတဲ့ အရာ တစ်ခုပါ ။
ရှောင်လွှဲလို့ မရတဲ့ တခဏတာမှာ သူငယ်ချင်းတွေ တွေ့ဆုံကြတယ် ။
ပျော်ပါးကြတယ် ။
နောက်ပြောင် ကျည်စယ် ကြတယ် ။
တကယ် လည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မိသွားတတ်ကြပါတယ် ။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် ဆိုတာ ဘာနဲ့ မှ တိုင်းတာလို့ မရပါဘူး ။
သံယောဇဉ် နဲ့ လူတစ်ယောက်ကို တကယ်ကို ခင်မိဖို့ ဆိုတာ လည်း အရမ်းကို ခက်ခဲပါတယ် ။

တွေ့ပြီး ရင် နောက် တစ်ခါ ပြန်တွေ့ဆုံကြမယ့် အချိန်က ဘယ်အချိန်လဲဆိုတာ . . . . ???

တွေ့ဆုံခဲ့ကြတာ ၁ နှစ် မပြည့်ခဲ့ပေမယ့် အရမ်းခင်ခဲ့လို့ ခုချိန်မှာ စိတ်မကောင်းဖြစ်မိရုံမှ တစ်ပါး . . . ။

ဒါပေမယ့် လူဆိုတာ တစ်ချိန်ကျရင် ခွဲခွာကြရမှာပဲ လေ . . ။
အခု ချိန် မခွဲ ကြရပေမယ့် နောင် တစ်ချိန် သော အခါ ခွဲကြရမှာပဲ . . ။



PS...
!..* ကောင်းကင်မှာ မိုးတွေအုံနေတယ် *..!
Author: ဆောင်းနှင်းရွက်
•7/27/2009 01:09:00 AM
အဟင့် ..။
အဟင့် ..။
ငိုချင်တယ်နော် ..။

တစ်နှစ် မှာ တစ်လ
တစ်လ မှာ တစ်ရက်
တစ်ရက် မှာ တစ်နာရီ
တစ်နာရီ မှာ တစ်မိနစ်
တစ်မိနစ် မှာ တစ်စက္ကန့်
လေးမျှတောင်
မျက်နှာ မိတ်ကပ် လိမ်းဖို့ စိတ်ကူးမရှိခဲ့တဲ့ dew ..!

ဒီနေ့မှ ဘာစိတ်ကူးတွေ ပေါက်လို့ မျက်နှာကို မိတ်ကပ်တွေ လိမ်းမိပါ့လိမ့် .. ?

မိန်းကလေး ဖြစ်ပေမယ့် အခု ချိန်ထိ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါတစ်လေ မိတ်ကပ်ပါးပါး နဲ့ နှုတ်ခမ်းနီ ပါးပါးလေး ဆိုးရုံမှ တစ်ပါး အပြင်ထွက်ရင် မျက်နှာကို လိမ်းဖို့ အိပ်မက်ထဲမှာတောင် စိတ်ကူးမရှိခဲ့ဖူးပါဘူး .။

ဒီနေ့မှ ဘယ်က စိတ်ကူးအတွေးတွေ ပေါ်လာမှန်း မသိ မိတ်ကပ် လိမ်းချင်စိတ် ဖြစ်လာတာနဲ့ အလုပ်သွားတော့
မျက်နှာမှာ မျက်ခုံးမွှေး အမည်းဆိုး ၊
မျက်တောင်ကို ကော့ Mascara အပြာရောင် လေး နဲ့ ကော့ ၊
မျက်ခွံ ပေါ် ပန်းရောင်လေ ခြယ် ၊
မျက်လုံးအောက်ဘက် ကိုလည်း Eye Liner အနေနဲ့ အမည်းရောင်လေး ခြယ်ထားလိုက်သေးတယ် .။
ရွှေမှုန် လေးတွေ ပါတဲ့ ပါးနီ လေး ကို ပါးလေးမှာ ခြယ်လို့
နှုတ်ခမ်း နီ လေး က ပန်းရောင် လေးနဲ့ပေါ့ ..။
ဟဲဟဲ ..။
( မျက်စိ မြင်ကြည့်လိုက်ပါ ။ အေဗရာ လက်ဗင်းတောင် အရှူံးပေးရတယ် )

အဲ့လိုလေး ကျကျနန လေး ပြင်ဆင်ပြီး အလုပ် သွားပေါ့ . . ။
ဘယ်လောက်ထိများ ဒီနေ့ စိတ်မူမမှန် ဖြစ်နေလည်း ဆို . . အိမ်ကနေ အလှပြင်သွားတာ အားမရသေးလို့ ဆိုပြီး ၀ယ်ထားတာမှ သိပ်မကြာညောင်းသေးတဲ့ မိတ်ကပ် Set ဘူး ကြီး တစ်ခု လုံး အလုပ် ကို လျှာရှည်ပြီး သယ်သွားတယ်လေ.။
အလုပ် ရောက်တော့ လည်း အလုပ်က လူတွေ က မျက်လုံး တွေ ပြူးလို့ . . ။
အလုပ်ရောက်တော့ လက်မှတ်တွေ ဘာတွေ ထိုးပြီး Changing Room ထဲသွား မျက်နှာကို ထပ်ပြင်ဆင် ပေါ့ ..။
ဒီနေ့ အရမ်းကို လှချင်နေတာလား . ? ဘာဖြစ်နေတာမှန်းကို မသိတာ . . ??
အဟင့် ...။
အဟင့် ...။
အဲ့ဒီမှာ စတွေ့တာပဲ . . ။
ဘယ်လို ဘယ်လို ဖြစ်ပြီး လက်ထဲ က နေ မိတ်ကပ် Set ဘူးကြီး တစ်ခု လုံး ပြုတ်ကျ သွားလည်း မသိ . . ။
တစ်ဘူးလုံး ကို ရစရာ မရှိအောင် ကို ကြေမွ ပျက်စီး သွားပါလေရော . . ။
ငိုချင်လိုက်တာနော် . . ။
သြော် . . . ငါ ဒီနေ့ တော်တော် လျှာရှည် ပြီး မလုပ်ဖူးတာတွေ လျှောက်လုပ်လို့ ပျက်စီးသွားရတာ ကိုယ့် အပြစ် ကြောင့်လို့ ပဲ မှတ်ယူလိုက်ပါတယ် ..။


PS ... !...* ပြန်ဝယ်ပေးမယ့် သူ ရှိရင် warmly welcome ပါ *...!