Author: ဆောင်းနှင်းရွက်
•6/07/2009 06:24:00 PM
မနက်ဖန် မနက် 7:55 ဆို ဒီကနေ ခဏတာ ခွဲခွာပြီး ပြန်ပါတော့မယ် . . ။
ရန်ကုန်မုန့်ဟင်းခါး စောစော စားဖို့ အချိန်ပိုရအောင် မနက် လေယာဉ်နဲ့ ပြန်တာပေါ့နော် . . ။
အရမ်းပျော်လို့ ဒီနေ့မနက်တောင် ၆ နာရီ ကတည်းက နိုးနေတာ ပဲ ကြည့်ပါတော့ . . ။
အခု ညရော အိပ်လို့တောင် ပျော်ပါ့မလားးး မသိဘူးးး ။
( တော်ကြာ ညဘက် အိပ်မပျော်ဘဲ မနက် ၃ နာရီ လောက်မှ အိပ်ပျော်ရင်တော့ ကွိုင်ပဲ ) ။
အဲ့လို ဖြစ်စရာ လားးး ။
Alarm ၄ ခု ပေးပြီးတောင် ပေးပြီး အိပ်မှာလေ . . ။
ခုချိန်မှာ တွေးကြည့်ပြီး အရမ်း အရမ်း အရမ်း အရမ်း ကို ပျော်နေတာပါ . . ။
တွေးပြီး လုပ်ဖို့ ၊ စားဖို့ ၊ သွားဖို့ လာဖို့ စဉ်းစားထားတာတွေ လည်း အများကြီးပါပဲ . . ။
တွေ့ရမယ့် သူငယ်ချင်း အသစ်တွေရော ၊ အဟောင်းတွေ ရော ကိုလည်း အရမ်းကို တွေ့ချင်ပါတယ် . . ။
မေမေ့ လက်ရာ တ၀ကြီး စားဖို့ စိတ်ကူးထားသလို ဖေဖေ နဲ့ စကားတွေ တ၀ကြီး စကားတွေ ပြောဖို့ အတွေးထဲ မှာ အပြည့်ပေါ့ . . ။
မောင်လေးနဲ့လည်း မကစားရတာ ကြာတဲ့ chess ကစားဖို့ ကလည်း တွေးထားသေးတယ် . . ။
မိုးတွေလည်း အရမ်းရွာနေတယ်တဲ့ . . ။
ကိစ္စမရှိပါဘူးးး . . ။
ရောက်တုန်း ထွက်ရတာမဖြစ် ဖြစ်တဲ့ နည်းနဲ့ အပြင် ထွက်မှာပဲ . . ။
ပြန်ရောက်တုန်း မိုးတွင်းကြီးကိုတောင် သူငယ်ချင်း နဲ့ ခရီးထွက်ဖို့ စဉ်းစားထားတာလည်း အဆင်ပြေပါစေ နော် . .။
၂၅ ရက် ခွဲခွာနေချိန် အတောအတွင်းမှာ ဘလော့လေး ကို လာရောက် ကူညီ ပြီး ဖုန်သုတ် သန့်ရှင်း လုပ်ပေးကြပါနော် ... ..။

ကဲ . . . အိပ်ပြီနော် . . . တာတာ့ ...!!!!




မတွေ့ရတော့တဲ့ သူမရှိတဲ့ နေရာကို ပြန်ရမှာ တွေးပြီးတော့လည်း ၀မ်းနည်းမိတယ်


PS ... !...* ခံစားမှု့ ၂ မျိုး *...!
Author: ဆောင်းနှင်းရွက်
•6/03/2009 10:42:00 PM

မနက် အိပ်ယာ က အစောလည်း မထနိုင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ ..။

ရန်ကုန်ပြန်မယ်ဆိုတော့ လူတိုင်းသွားရတဲ့ မြန်မာသံရုံး သွားရတာပေါ့ . . ။
သံရုံး ဆိုတာ ရောက်တာ ၁ နှစ်ခွဲသာ ရှိသွားတယ် . . ။
အခေါက်ပေါင်းမရေနိုင်အောင်သွားတဲ့ Orchard Road မှာ " . . . . . " ဆိုတာ ဘယ်နားမှန်းလဲ မသိပါဘူးးး ။ ချောင်ထဲမှာဆိုတော့ ဘယ်သိမလဲ .။ ( နာမပြောဘူးနော် )
ပုံပန်းသဏ္ဍန်အရ အိမ်လို့တောင် ထင်ရပါတယ် . . ။ (ဟုတ်ပါဘူး) .။ အဆောက်အဦးးးးး ပါ။
အဲ့ဒါနဲ့ မနေ့ က ညနေ ၄ နာရီခွဲလောက် သူငယ်ချင်းနဲ့ ကိစ္စတစ်ခုက အပြန် ၀င်ကြည့်တာပေါ့ . .။

ဘယ်နားမှာ မှန်းလဲ မသိပါဘူးးး ။ သူခေါ်နဲ့နောက် Talkie လေး ပွားပြီး သွားလိုက်ရတာတောင် MRT ကနေ မိနစ် ၂၀ တိတိ လမ်းလျှောက်ရပါသတဲ့ရှင် . ။
အချိန်လေးစားတဲ့သူတွေ လုပ်တဲ့နေရာမလို့ သံရုံး ရောက်တဲ့ ၅ နာရီ အချိန်မှာ ပိတ်သွားပါပြီ ..။

အဲ့ဒါနဲ့ ဒီနေ့နောက်တစ်ခေါက်ပေါ့ ..။
အိပ်ယာကစောစောမထတဲ့ အတွက် စာရွက်တစ်စောင်ရဖို့ အရေး ညနေ ၃ နာရီ အထိ စောင့်လိုက်ရပါတယ် ..။

တစ်ခြားသူငယ်ချင်းတွေနဲ့ သွားတာ သူတို့က အတန်းထဲက နှစ်ရုတ် (တရုတ်) အစုတ်ပလုတ် တွေက အရမ်းလိုက်ချင်တယ် ဆိုလို့ ခေါ်လာတယ် တဲ့ . . ။
အဟင့် . . . အဟင့် . . . နင့်တို့မလို့ ခေါ်လာတယ်လို့ . . ။
ဒါ ငါတို့ရဲ့ " ......... " ပါဆိုတာ ပြရတာ ရှက်လိုက်တာနော် . . .။

ရုံးချိန်ကသာ ၉ နာရီ မှ ၅ နာရီ လို့ ရေးထားပေမယ့် . . . . . .
အထာသိတဲ့သူများကတော့ မနက် ရ နာရီကတည်းက စာအုပ်မှာ လာရေးသွားတယ်လေ . . . ။
ထိုသူတွေကတော့ နေ့လည် ၁၁ နာရီ ခွဲ လောက် မှာ ကိစ္စ ပြီးစီးသွားတာပေါ့ ...။

အိပ်ရေးပုတ်တဲ့ သူများအတွက် ကတော့ နေ့လည် ၁၁ နာရီ ရောက်သော်လည်း ထမင်းစားချိန် မတိုင်ခင် နေ့လည် ၁ နာရီ အတွင်းတောင် မရလိုက်ပါ . . ။
အဲ့ရုံးက မမ လှလှ ၀၀ က နေ့လည် ၂ နာရီခွဲလောက်မှ ပြန်လာခဲ့ပါတဲ့ . . ။

ဒါနဲ့ စကားမစပ် ကြုံလို့ ပြောပြအုံးမယ်နော် . . ။
အဲ့မှာLED Light ရှာဖို့မလိုတဲ့အတွက် မျက်စိ အညောင်းသက်သာတယ် သိလားးး ။ နားလေး စွင့်နေရုံပဲ . . ။


( တကယ်တော့ နေ့လည် ၁၁ နာရီ ရောက်တဲ့အချိန်မှာ စာအုပ်စာရင်းမှာ မြင်လိုက်ရတာဖြင့် ၁၀ လောက်ပဲ ရှိတာကို . . ။ အင်းပေါ့လေ . .. သေချာတိတိကျကျ အလုပ် လုပ်ကြရတာဆိုတော့ အဲ့လောက် တော့ အချိန် ယူကြမှာပေါ့နော် . . . ) နာ မပြောဘူးနော်

ကဲ . . .အချိန်က နေ့လည် ၁၂ နာရီလောက် ရှိပြီ . . ။ ဗိုက်ကလည်း သံစုံတီးဝိုင်း တီးနေပြီ ..။ အချိန်ကလည်း နေ့လည် ၂ နာရီခွဲအထိ စောင့်ရမှာဆိုတော့ သွားဝါးတီး ဆွဲကြမယ်ပေါ့ . . ။
အဲ့ဒါနဲ့ ကမ္ဘာကျော် Orchard Road ကြီး ပေါ်ကို ပြန်လမ်းလျှောက်ပြီး ဆိုင်တွေ ရှာရင်း ၊ ရှာရင်း MRT Station တောင်ကျော်သွားတယ် .. ။
စားချင်တဲ့ ဆိုင်တွေ့တော့ ထိုင်စားကြပေါ့ . . ။
စားသောက်ပြီးတော့ တစ်ခါ ရုံးတော်သို့ လမ်းပြန်လျှောက်ကြပေါ့ . . ။

လမ်းလျှောက်နေရင်း ဆရာသမား ၂ ယောက် ဘာ မေးတယ်ထင်လဲ . . ???
နင်တို့ " . . . . . " က ဘာလို့ သေးနေတာလဲ တဲ့ . . . ။
( ထိုင်းသံရုံးရှေ့ ဖြတ်လျှောက်တဲ့ အချိန်မှာပေါ့ )
. . . အဟင့် . . . အဟင့် . . . စိတ်ပိန်လိုက်တာနော် . . ။
မေးတော့လည်း ကြည့်ကျက်ပြီး ဖြေလိုက်ရတော့ပေါ့ . . .။

ရောက်တော့ အရမ်းမစောင့်လိုက်ရပါဘူးးး ။
နာမည်တွေ ခေါ်တော့ သူငယ်ချင်း တစ်သိုက် လုံး အတူတူ ထွက်လာတော့ ကိစ္စက ပြီးသွားတယ်ပေါ့ ။

ကိစ္စပြီးတော့ Orchard Road ပေါ် လေကန်ရေးနဲ့ ဝေဖန်ရေး လုပ်ပြီး လမ်းပြန်လျှောက်ကြတာပေါ့ . . ။
ကိုယ်တော်ချော ၂ ယောက် နဲ့ သူရင်း ၁ ယောက် က နားဖောက်ချင်တယ်ဆိုလို့ Far East ထဲ ၀င် ပြီး တောင်ကြည့် ၊ မျောက်ကြည့် ဟိုထဲဝင် ၊ ဒီထဲထွက် လုပ်ကြပြီး 77 street မှာ ဖောက်ကြတာပေါ့ . . ။
သူတို့ ကြည့်ပြီး ကိုယ်တိုင်တောင် နားဖောက်ချင်စိတ်တွေ တဖွားဖွား ၊ တရိပ်ရိပ် ပေါ်လာတယ် . . ။
သူတို့ကလည်း ဖောက်ဖို့ လူကို မြူဆွယ်ကြသလား မမေးနဲ့ . . ရှက်တောင် ရှက်တယ် . . အဟိ . . ။
ဒါပေမယ့် ရဘူးလေ . . ။ ငယ်ငယ်လေးကတည်းက အသားနာမှာ သေလောက်အောင် ကြောက်တာ . . ။
ဖောက်ဘူးဆို ဖောက်ဘူးပဲ လို့ . . . ဘူး ဆိုး ဖရုံ သီး ဘူးလေ . . ။

ခြေထောက်တွေလည်း ညောင်းလို့ ပြန်ကြတော့ ညနေ ၆ နာရီ ထိုးပြီ . . ။

သူတို့ ၅ ယောက် က အားလုံးအတူတူ ဘူတာ တစ်ခုတည်း ဆင်းသွားကြတယ်လေ . . ။

တစ်ယောက်တည်း ဆက်စီးပြီး ကိုယ့် station ရောက်မှ ဆင်းးး။

ဒီလောက် ခြေထောက်တွေ ညောင်းနေတာတောင် CauseWay ထဲ ၀င်ပြီး နဲနဲ ပါးပါး လျှောက် ပတ် ကြည့်လိုက်သေးတယ် . ။
Acer Show ပွဲ လုပ်နေတာနဲ့ တိုးလို့ သူတို့ပြနေတဲ့ ရုပ်ရှင် ထွေလာတောင် နာရီဝက်လောက် ကြည့်လိုက်သေးတယ် . . ။
ဇာတ်လမ်းနာမည်ကတော့ ဘာမှန်းမသိပေမယ့် တော်တော် ကြည့်လို့ကောင်းတယ် ။

လျှောက်ပတ်လို့ ၀ပြီး ဆိုမှ အိမ်ပြန်တော့ ည ၈ နာရီ ထိုးသွားပြီ ။

အိမ်ပြန်ရောက်တော့ လူလည်း လှုပ်ချင်စိတ် မရှိအောင်ကို အရမ်းညောင်းနေပေမယ့် စာရေးချင်လွန်း လို့ မဖြစ်၊ ဖြစ်အောင် !.. ကမ္ဘာကျော် Orchard Road နှင့် အတွေ့အကြုံ ..! ဆိုပြီး ရေးလိုက်ပါသေးတယ် . ။


PS ... !...* ခြေထောက်တွေ ညောင်းတယ် *...!