Author: ဆောင်းနှင်းရွက်
•4/24/2009 06:46:00 PM
မြန်မာ လူမျိုးတော်တော် များများ ဟာ ဘယ်လောက် မိုက်ရိုင်းနေတဲ့ သူပဲ ဖြစ်ဖြစ် အမြင် မတော်ရင် ကူညီ ရိုင်းပင်ကြတတ်ကြတယ် ..။
အပြန်အလှန် အနည်း နဲ့ အများ တော့ လေးစားကြတယ် ..။



မနေ့က မနက် ကျောင်းသွားတော့ အဖြစ်အပျက် ကလေး ကြုံတွေ့လိုက်ရတာပါ ..။

ဒါပေမယ့် ထူးမခြားနား ဆင်တူရိုးမှား အဖြစ်အပျက် က တော့ နေ့စဉ် နဲ့ အမျှ တွေ့မြင် နေရပါတယ် ..။
အထူးသဖြင့် ဒီကျောက်ရုပ်မျက်နှာတွေ နေတဲ့ ဒီနိုင်ငံ မှာ နေထိုင် နေတဲ့ သူတွေ တော်တော် များများ တွေ့မြင်ရမယ် ဆိုတာ မလွှဲ ဧကန် ပါ ..။ (တခြားနိုင်ငံတော့ မသိပါ)


မနက်ပိုင်း အလုပ်ချိန်၊ ကျောင်းချိန် နဲ့ ညနေ အလုပ်ဆင်းချိန်၊ ကျောင်းဆင်းချိန် များမှာ MRT ဟာ တော်တော် ကြပ်ပါတယ် ..။ အဲ့လို ကြပ်ညပ်နေတဲ့ အချိန်လေး အတွင်းမှာဘဲ အလိုက်ကန်းဆိုး မသိဘူး ပြောရမလားး ..??? ထိုကျောက်ရုပ်ကဲ့သို့သော လူများဟာ သတင်းစာများကို အားမနာ လျှာမကျိုး စတိုင်လ် နဲ့ လက်နှစ်ဖက်က သတင်းစာ ကိုင်ပြီး ဖတ်နေလိုက်ကြတာ ဆိုတာ အရမ်း အသည်းယားဖို့ ကောင်းပါတယ် ..။

မနေ့ မနက် ရ နာရီခွဲ MRT စီးပြီး ကျောင်းသွားတဲ့ အချိန်မှာပေါ့ ...။
အလုပ်ချိန်ဆိုတော့ ထုံးစံအတိုင်း MRT က အရမ်းကြပ်တာပေါ့ ..။ အဲ့အချိန်မှာ dew ရဲ့ အရှေ့မှာ ရပ်နေတာ အဘိုးကြီး တစ်ယောက်ရှိပါတယ် ..။ အဘိုးကြီး ရဲ့ ဘေးမှာ တော်တော်ကိုသန့်သန့်ပြန့်ပြန့်နဲ့ ကျောင်းသူ ပုံစံ ၀တ်ထားတဲ့ အိန္ဒိယ မိန်းကလေး တစ်ယောက် ရှိပါတယ် ..။ MRT Station တစ်ခု အရောက်မှာ ရထား ပြန်ထွက်တဲ့အချိန် ရထားက နဲနဲ တုန့်ကနဲ့ ဆောင့်ထွက်သလို ဖြစ်သွားပါတယ် ..။ ရပ်နေတဲ့ လူတွေ အားလုံးလည်း နဲနဲ ပုံပျက် ပန်းပျက်ဖြစ်သွားတာပေါ့ ..။

အဲ့အချိန်မှာ အဖိုးကြီးက အိန္ဒိယ ကောင်မလေး ခြေထောက်ပေါ် ကို တတ်နင်းသွားမိပါတယ် ..။
ကောင်မလေး ပါးစပ် က ရထားဆောင့်ထွက် ထွက်ထွက်ချင်းတုန်းကတောင် Shit လို့မထွက်ပါဘူးးး ..။

သူ့အသား (ခြေထောက်) ကို တတ်နင်းလိုက်တဲ့အချိန်မှာ Shit လို့ ပြောလိုက်တာပါ ..။
ကဲ ... ထားလိုက်အုံး ..။ သူ ယောင်ပြီး အသားနာသွားလို့ ပြောတာ လို့ နဲနဲ စိတ်ထဲမှာ ဖြည့်တွေးပေးလိုက်ပါ့မယ် ..။

(တကယ်တော့ အဘိုးကြီး စီးထားတာ slipper , ကောင်မလေး စီးထားတာ ဒေါက်ပါတဲ့ အရမ်းမမြင့်တဲ့ shoe ဖိနပ် ပါ )

ဒါပေမယ့် ဗျ ...။ အဲ့လို ပါးစပ်က ပြောပြီး အဘိုးကြီး ကို ပြန်ကြည့်တဲ့ အချိန်မှာ ထို မိန်းကလေး ရဲ့ မျက်လုံး ၊ မျက်နှာ အနေအထားက လုံးဝ မကျေနပ်တဲ့ ပုံစံ နဲ့ ကြည့်တာ မီးပွင့်တော့ မလား အောင့်မေ့ရပါတယ် ..။

တကယ်ဆို၇င် ယိုင်းလဲသွားမလို ဖြစ်တဲ့ အဘိုးကြီးကိုတောင် ဘေးမရအုံးမှာလေ ..။ .. ။

အဲ့ဒါနဲ့ ကျောင်းပြန်တော့လည်း MRT မှာ နောက်တစ်ခု ထပ် တွေ့ရပြန်ရော ..။
ဓာတ်လှေခါး(Lift) ကနေ ထွက်လာတဲ့ သမီးနဲ့အဖေလား ပုံစံ ထွက်လာတဲ့ တစ်တွဲ ...။
သမီးက ရှေ့ကထွက်သွားပြီး ကဒ် passger door ကိုဖြတ်ဖို့အရင် ရှေ့က ထွက်သွားပါတယ်..။
အနောက်မှာ အဘိုးကြီးက တုတ်နဲ့ ခါးကကုံးနေပြီ .. ဖြေးဖြေးချင်း ထွက်သွားပါတယ် ..။
မျက်စိ ထဲမှာ မြင်လိုက်ရတာ ဘယ်လိုမှ အမြင် မတော်ပါဘူးးး ...။

MRT ကနေ ထွက်ပြီး ပြန်တော့ Bus car စီးဖို့ Interchange ကို သွားတော့ လည်း ထပ်တွေ့ရပြန်ရော ..။

Bus car Q တန်းစီတဲ့ နေရာမှာ dew က ၁၀ ယောက်မြောက်လောက်က တန်းစီနေတာပေါ့ ..။
dew ရှေ့ ရဲ့ ၅ ယောက် မြောက်လောက်မှာ အထုပ်ကြီးကြီး တစ်ထုပ်နဲ့ အဘိုးကြီး တစ်ဦးပါ ၇ပ်စောင့်နေပါတယ်..။

ကားလာလို့ ကားပေါ်လည်း တတ်ရော ထိုအဘိုးကြီး က အထုပ်က တော်တော်ကြီးတော့ ကားပေါ်ကို တော်တော်နဲ့ တတ်လို့မရပါဘူးး ..။ တတ်လို့ရသွားတဲ့ အချိန်မှာ လည်း အထုပ်ဆွဲထားတဲ့ အရှိန်နဲ့ ချော်ပြီး ပြန်ပြုတ်ကျသွားပါတယ် ..။
အဲ့အချိန်မှာ အနောက်မှာ ရပ်နေကြတဲ့သူတွေ ၊ ဘေးမှာ Q အတန်း ပြီး ရင် တတ်ကြမယ့် သူတွေ အများကြီးပါ ..။

ဘယ်သူမှ ဖေးမ မကူညီဘဲ ကြည့်နေကြတာ ကျောက်ရုပ်တွေ အလားပါပဲ ...။
တစ်ကယ်တော့ အဲ့လို ဖြစ်ပျက်သွားတာ ၁ မိနစ် တောင် မကြာလောက်ပါဘူးး ..။
ဒါပေမယ့် မျက်စိ ထဲ မြင်ကြည့်ကြပါ ....။ ဘယ်လောက် ရုပ်ဆိုးသလဲ ဆိုတာ .....။

- တစ်နေ့တစ်နေ့ MRT များ တံမြတ်စည်းလှဲ၊ ကြမ်းတိုက်နေကြတဲ့ အဘိုးကြီးတွေ ၊ အဘွားကြီးတွေ ...။
- ကျောင်းမှာ အိမ်သာ သန့်ရှင်းရေး လုပ်တဲ့ အဘွားကြီးတွေ ...။
- Bus Interchange တွေမှာ သန့်ရှင်းရေး လုပ်နေကြတဲ့ အဘိုးကြီး တွေ ၊ အဘွားကြီးတွေ ...။
- မနက် အစောထပြီး ဆိုင်တွေ ကနေ ပစ်ထားပြီးသား ပုံးခွံ တွေကို စက်ဘီးတစ်စီးနဲ့ အပြည့် စက်ဘီးအနောက်မှာ ကြိုးနဲ့ ချည်ပြီး သယ်သွားပြီး ပြန်ရောင်းကြတဲ့ အဘိုးကြီးတွေ ၊ အဘွားကြီးတွေ ...။
- Flyer ဝေနေတဲ့ အဘိုးကြီး တွေ ၊ အဘွားကြီးတွေ ...။
- အမှိုက်ပုံးတွေထဲကနေ သံဗူးခွံတွေ လိုက်ကောက်နေတဲ့ အဘိုးကြီး တွေ ၊ အဘွားကြီးတွေ ..။



တွေ့မြင်နေရတာတွေက လုံးဝ စိတ်မချမ်းသာစ၇ာတွေ ပါ ..။



အိမ်မှာ သူ့တို့ရဲ့ သား၊ သမီးတွေ ဘယ်တွေ ရောက်ကုန်ပြီလဲ ...??? သား၊ သမီးတွေ မရှိကြတော့တာလားး ...??? သား ၊ သမီးက ရှိလျှက်နဲ့ ပစ်ထားကြတာလားး ..???
အတွေးပေါင်းစုံ တွေးမိပါတယ် ................။

တကယ်တော့ မိုက်မိုက်ရိုင်းရိုင်း သုံးနှုန်းရရင် မိဘတွေကို ပစ်ထားကြတဲ့ သား၊ သမီး တွေ ကများပါတယ် ...။
သူငယ်ချင်း တစ်ယောက်က ပြောတာကတော့ ...................

ကိုယ်ထူကိုယ်ထ စနစ်နဲ့ သွားလာ ၊ ပိုက်ဆံ ရှာကြရပါတယ် တဲ့ ..။ တကယ်လို့ ပိုက်ဆံ မရှာရင် ဘာနဲ့ သွားစားမလဲတဲ့ ...???

တကယ်တော့ သားတွေ ၊ သမီးတွေ ရနေတဲ့ လခ ဟာ ကိုယ့် အိမ်မှာ ရှိနေတဲ့ အမေ နဲ့ အဖေ ကို ကျွေးမွေးစောင့်ရှောက်ဖို့ လုံလောက်ပါ တယ် ...။

အ၇င်တစ်ခါလည်း ဒီက ကျောက်ရုပ် သူငယ်ချင်းနဲ့ အပြင်သွားရင်း dew က Flyer စာရွက် ယူလို့တဲ့ ...။
နင် ပြီးရင် လွှတ်ပစ်ရမှာပဲတဲ့ ...။ လွှတ်ပစ်ရမယ် ဆိုတာကတော့ ဟုတ်တာပေါ့ ..။
ဖတ်ကြည့် ပြီးရင် လွှတ်ပစ်ခံရတာ လက်ကမ်းစာစောင်လေးတွေ ရဲ့ ဘ၀ ပဲလေ ..။
အထူးအဆန်းမှ မဟုတ်တာ ..။
ထူးဆန်းသွားတာက သူ့တို့ဆီက စာရွက်လေးတွေ မြန်မြန်ကုန်ရင် မြန်မြန်ပိုက်ဆံရတယ် ..။ မြန်မြန် အိမ်ပြန်ရတယ်လေ ...။
ကိုယ့်လက်လေး သူ့ဆီက လက်ကမ်းစာစောင်လေးကို ယူလိုက်ရတာ ဘာမှ အပမ်းမကြီးသွားပါဘူးး ..။
သူတို့ ဘယ်လောက်ခြေထောက် ညောင်းမလဲ ...။ အသက်ကြီးနေပြီ ...။
နဲနဲ ပဲ ကိုယ်ချင်းစာကြည့်စေချင်တယ် ....။


PS ... !...* ရေးချင်တာကတော့ အများကြီးပဲ ...။ *...!
Author: ဆောင်းနှင်းရွက်
•4/18/2009 12:18:00 PM
!.. ထိန်းလို့မရတဲ့ သင်္ကြန်မောင် များ ကနေကြစဉ် ..!



!.. မုန့်လုံးရေပေါ် အထုပ်များနှင့် မျောက် လောင်းများ ..!



!.. Course Manager အားပေးနေပုံ ..!


တစ်နှစ် .... တစ်နှစ် ဆိုတာ ခဏလေးပါတဲ့ ..။
ဟုတ်ရဲ့လားးး ..။
အချိန် ဆိုတာ ကုန်ချင်ရင် မြန်နေတယ် ထင်ရတယ် ..။
မကုန်ချင်ရင် တော့ စက္ကန့်တိုင်း ဟာ ကြာနေတယ် ..။

မနက်ပိုင်း ကျောင်းတတ်ပြီး ၊ နေ့လည်ပိုင်းမှာ ကျောင်းနားက သူငယ်ချင်းအိမ်မှာ ကျောင်းမှာ ကျင်းပဖို့ သင်္ကြန်အတွက် လုပ်နေကြတဲ့ မုန့်လုံးရေပေါ် ၊ အုန်းနို့ကျောက်ကျော ၊ ရွှေရင်အေး လုပ်နေတာကို နှမ်းသွားဖြူးပြီး talking ပစ်လိုက်ပါသေးတယ် ..။
ကျောင်းကို ပစ္စည်းတွေ သယ် ပြီး ဆရာတွေကို မုန့်ကျွေး၊ ရေပတ်ကြတဲ့အချိန် မှာ နေ့လည် ၁၂ နာရီခွဲ ရှိပါပြီ ..။
ကျောင်းထဲက ပန်းခြံ ထဲမှာ ပဲ ကျင်းပ ခဲ့ကြပါတယ်..။
အားလုံးပဲ သင်္ကြန် သီချင်းတွေ ဖွင့်ပြီး ဓာတ်ပုံတွေ ရိုက်ကြ ၊ ရေပတ် ကြနဲ့ တော်တော်ကို ကဲ လိုက် ကြပါသေးတယ် ..။
ကဲ လွန်းလို့ မြတ်ခင်းတွေ တောင် ရွံဖွက်တွေ ဖြစ်ကုန် ကြကုန်ရော ..။
ကျောင်းရဲ့ ခွင့်ပြုချက် အရ နေ့လည် ၁၂ နာရီ - ၃ နာရီ အထိ ဖြစ်လို့ ၃ နာရီခွဲ မှာ ရေကစားတာရပ်ပြီး အားလုံး ပစ္စည်း တွေ သိမ်းလိုက်ပါတယ် ..။
အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီ လောက် ရှိနေပါပြီ ..။
မထင်မှတ်ဘဲ သူငယ်ချင်း တစ်ယောက် ရဲ့ ခေါ်မှု့ ကြောင့် ဘုန်းကြီးကျောင်းကို ညနေပိုင်းမှာ ရောက်သွားခဲ့ပါသေးတယ် ..။ ( ဒါပေမယ့် စုစုပေါင်း ၃ ယောက် )
နှစ်သစ်ကူးဆိုတော့ ဘုန်းကြီးကျောင်းထဲလည်း လူတွေ အပြည့်နဲ့ ဘုရားကန်တော့ ၊ ပန်းကပ် ၊ သစ်သီးကပ်နဲ့ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ် ..။
အပြန်လမ်းမှာ ဥပုသ် သည် ၂ ယောက် ရဲ့ စကားများသည်လည်း အလွန်ကို မှတ်သားဖွယ် ကောင်းလှပါတယ် ..။
နောက်နှစ် နှစ်ဆန်း ၁ ရက်နေ့ တော့ ပြန် မတွေ့နိုင်တော့ဘူးပေါ့ ..။
အိမ်ပြန်ရောက်တော့ ည ၁၀ နာရီ ထိုးသွားပါပြီ ..။

နောင်နှစ် နှစ်ကူး ...... နှစ်ဆန်း ၁ ရက်နေ့ရော ..........................။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ပြန်ရောက်လို့ ကွန်ပြူတာ ဖွင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နှစ်သစ် ကူးလာပေမယ့် စိတ်ထဲမှာ ဘာမှ ထူးထူးခြားခြား ဖြစ်သွားခဲ့တာ မရှိပါဘူး ..။
ဒါပေမယ့် လူ တစ်ယောက်ကတော့ နှစ်သစ်မှာ တော်တော် ကို ထူးခြားသွားတယ် လို့ ပြောရမလား ..။
သင်္ကြန်ဆိုတာ သူ့အတွက် တော့ နာကျည်းစရာတွေနဲ့ ပြည့်နှက်သွားနေပြီ ..။
ကြားရတဲ့သတင်း အတွက် သူငယ်ချင်း ကို တကယ် စိတ်မကောင်းအရမ်း ဖြစ်မိသလို ... ထို တစ်ယောက်သော သူ ကိုလည်း သနားတဲ့ စိတ် ဖြစ်မိတာ အမှန်ပါ ..။
ဆုတောင်းပေးလိုက်ပါတယ် ...။

သူငယ်ချင်း ရေ ... !
။..... ဒီနှစ် သင်္ကြန် မပျော်ခဲ့ရပေမယ့် နောင်နှစ် သင်္ကြန်မှာ ၂ ဆ တိုး၍ ပျော်ရွှင်နိုင်ပါစေ .....။


PS... !...* မမေ့နိုင်တဲ့ နေ့တစ်ရက်ပါပဲ *...!