Author: ဆောင်းနှင်းရွက်
•12/09/2009 12:18:00 AM
မိဘ ၂ ပါး ရဲ့ မွေးဖွားလာမှု့ကနေ လူတစ်ယောက် ရဲ့ ဘ၀ တစ်ခု ဖြတ်သန်းတယ် ဆိုတယ် အချိန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေထိုင်လို့ မရပါဘူး .. ထိုသူဆီမှာ မိဘ အပြင် မောင်နှမ ၊ ဆွေမျိုး သားချင်းဆိုတာ ရှိနေမှာပါ .. တစ်ကောင်ကြွက် တစ်ယောက် ဖြစ်သည့် တိုင်အောင် ထိုသူ့ဆီမှာ သူ့ကို ကြည့်ရှု့ စောင့်ရှောင့် တဲ့ သူ တစ်ဦး တစ်ယောက် တော့ အမြဲ ရှိပါတယ် ..
ယခုလို လူ့ဘ၀ မှာ ဒီ အမေ ၊ အဖေ ကနေ ပေါက်ဖွား ကြီးပြင်းလာတယ်၊ ဒီလို မောင်နှမ ၊ ဆွေမျိုး တွေနဲ့ တွေ့ဆုံ ကြတယ် ဆိုတာ ရှေးကပြုခဲ့တဲ့ ရေစက် တွေကြောင့် တွေ့ဆုံကြရတာပါ ..

နောက် လူ တစ်ဖြည်းဖြည်း ကြီးလာတော့ သူငယ်ချင်း တွေ ရလာတယ် .. အပေါင်းအသင်း တွေ ရလာတယ် .. မိတ်ဆွေ တွေ ရလာတယ် .. ကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေ ၊ အပေါင်းအသင်း တွေ ရလာသလို ၊ မကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေ ၊ အပေါင်းအသင်း တွေ လည်း ရလာတယ် ..
ပုံစံ မျိုးစုံ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ တွေ့ဆုံရတယ် ဆိုတာကလည်း ရှေးက ရေစက်ကြောင့်ပါ ..

လူတစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း အဖြစ် လူ့ဘ၀မှာ တွေ့ဆုံ ဖို့ကြရာ အလွန် ခက်ခဲပါတယ် ..
တွေ့ဆုံလို့ ရေစက် ကုန်သွားကြတယ် ဆိုရင်လည်း ခွဲခွာ ကြရစမြဲပါ ..

တွေ့ဆုံကြပြီ .. ခင်ပြီး ပဲ ဆိုပါစို့ ...
ဘယ်လောက်ခင်ကြသလဲ .. ဘယ်လို ခင်လာလဲ .. တစ်ချို့လည်း ၁ လ အတွင်း အရမ်းခင်သွားကြတဲ့ သူ တွေ ရှိသလို ၊ သူ့နာမည် ကိုယ်သိ ၊ ကိုယ်နာမည် သူ့သိရုံလေးလောက် နဲ့ နေလာပြီး အကြောင်းအမျိုးမျိုးကြောင့် အခုမှ အရမ်းခင်သွားကြတဲ့ သူ တွေ ရှိပါတယ် ...
ခင်မင်ဖို့ အချိန် ဆိုတဲ့ အရာ ကို စောင့်စားရတာ ကြာပေမယ့် .. ထို ခင်မင်မှု့တွေ ပျက်သွားအောင် လုပ်လိုက်ဖို့ ဆိုတာ လွယ်လွယ်လေးပါ ..

အချိန် အများကြီး စောင့်ဖို့မလို .. ၁ မိနစ် အတွင်း လည်း ပျက်သွားနိုင်တယ် ..
ဘယ်လောက် နှမြောဖို့ကောင်းလဲနော် .. ကိုယ်နဲ့ သူနဲ့ ခင်လာတာ ကြာလာပြီ .. ဘာမဟုတ်တဲ့ ကိစ္စ လေးကြောင့် အခု ခင်မင်မှု့တွေ ပျက်သွားရတယ် ...

လူ့လောက မှာ အကြောင်းအမျိုးမျိုးကြောင့် ခင်မင်မှု့ ချစ်ခြင်း တွေ ပျက်သွားတာ ဒု နဲ့ ဒယ် ရှိပါတယ် ..
ကုန်းချော စကားတိုက်မှု့ကြောင့်လား ..
အထင်အမြင် လွဲသွားတာလားး ..
နားလည်မှု့ လွဲသွားတာလားး ..
ကုန်းချော စကားမဟုတ်သော်လည်း ထိုသူ ကြားသိရတဲ့ စကားက မှားနေတဲ့ အရာလားး ..
အကြောင်းအမျိုးမျိုးကြောင့် ............ ပေါ့ ...
ဒါပေမယ့် ထိုသူ သေချာသိသင့်ပါတယ် ..
အချိန်ပြည့် သည်းခံပြီး ပေါင်းသင်း ဆက်ဆံ ၊ နှလုံး စိတ်ကောင်းပဲ ဘယ်သူ က မွေးနိုင်မှာလဲ နော် ..

လူပဲ စိတ်သောက အပူအပင် ရှိရင် ရှိနေမယ် .. စိတ်တိုရင် တိုနေလိမ့်မယ် .. စိတ်မကြည်လင်စရာ လည်း ရှိကောင်းရှိနေလိမ့်မယ် ..
အဲ့လို အချိန် ကိုယ် စကားပြောလိုက်တာတော့ သာမန် သဘောရိုးပါပဲ .. ဒါပေမယ့် သူ က မကြည်မလင် ဖြစ်နေတဲ့ အချိန် လေ .. အဲ့မှာ စပြီး ကွဲအက်ခြင်း စပြီပေါ့ ...

တကယ်ဆို မဖြစ်သင့်ဘူးလို့ ထင်တာပါပဲ ...
မဖြစ်သင့်ဘူးဆိုလို့ ကိုယ် ကိုယ်တိုင်ရော .. သည်းခံစိတ်တွေ များနေလို့လားး .. ကြိုးစားနေဆဲပါ .. မကြည်လင်တဲ့ အခါ တွေ ရှိတာပေါ့ ..

လူတစ်ယောက်နဲ့ တစ်ယောက် အရင်ကမသိကြပေမယ့် အခု သိချိန်မှာ သူဟာ ကိုယ့် ရဲ့ သူငယ်ချင်း တစ်ဦးဦး ရဲ့ သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ..
တစ်ခါတစ်လေ ကြုံဖူးမှာပါ ..
ဟယ် .. နင် သူ့ကို သိတာလားး .. *.*.*.* .. သိတယ်လေ .. *.*.*.*. အဲ့လိုလားး .. နဲ့ စကားတွေ ပြောကြ ၊ ဆိုကြရင်း အသိရဲ့ သူငယ်ချင်းလည်း ဖြစ်နေတာတွေ ...
အဲ့လို စကားပြောကြ လို့ အရင်က ထိုသူ(ကြားလူ) သည် ကိုယ်နဲ့ ခင်မင်ပြီးမှ အကြောင်း တစ်စုံတစ်ရာကြောင့် ခင်မင်မှု့ ပျက်သွားတဲ့ သူဆိုရင် ... ထို သူ အတွက် မကောင်းသလို ၊ ကိုယ့် အတွက် လည်း မကောင်းပေ ..
တစ်ခါတစ်လေမှာ ကမ္ဘာကြီး က ကျဉ်းကျဉ်းလေးပါ ..
ချာလပတ် လည်ပြီး ..
အကြောင်းအမျိုးမျိုးကြောင့် ခင်မင်မှု့တွေ ပျက်သွားကြလို့ ချာလပတ်လည်ပြီး အကြောင်းတစ်စုံ တစ်ရာကြောင့် ပြန်ဆုံတွေ့ခဲ့ ကြရင် ရန်အငြိုး တွေ နဲ့ မခေါ်နိုင် ၊ မပြောနိုင် ဖြစ်နေကြရင် ဘယ်ကောင်းမလဲ ...


****************************************

လွန်ခဲ့တဲ့ ၂ နှစ် မတိုင်ခင် ...
ကိုယ့်ဘေး ပတ်ဝန်းကျင် မှာ ကြည့်ရင် ကိုယ့်ရဲ့ အမေ နဲ့ အဖေ ၊ မောင်လေး ၊ အကို နဲ့ ညီမလေး ၊ အဒေါ်တွေ ရှိတယ် .. ဘာဖြစ်ဖြစ် အချိန်ပြည့် ကိုယ်နဲ့ သွားအတူ ၊ လာအတူ လုပ်နေတဲ့ မွေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ရှိတယ် ..
ကိုယ့်ကို အရမ်းခင်တဲ့ သူငယ်ချင်းတွေ ရှိသလို ၊ ကိုယ်အရမ်းခင်နေတဲ့ သူငယ်ချင်း တွေ လည်း ပတ်ပတ်လည်လို့ ..
ခင်မင်သူ မိတ်တွေ ၊သူငယ်ချင်း အားကိုးစရာ တွေ များလွန်းလို့ .. ခင်မင်မှု့ ဆိုတဲ့ တန်ဖိုးကို နားမလည် ခဲ့ တဲ့ သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နေခဲ့ပါလိမ့်မယ် ..

ခုချိန်မှာတော့ ထို ခင်မင်မှု့ ဆိုတာကို တော်တော်လေး တန်ဖိုး ထားတတ်လာတယ် ... တစ်ယောက် နဲ့ တစ်ယောက် ခင်မင်ပြီး အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြတ်တောက်သွားမှာကို စိုးရိမ်နေမိတယ် ..

ခုချိန်မှာ တော်တော်ကို သည်းခံ ပြီး ပေါင်းသင်း ဆက်ဆံပါတယ် .. (လုံးဝ ကိုယ့်ကိုယ်ကို မွန်းပြီး မဟုတ်ပါ) ..
လွန်ခဲ့ တဲ့ ၂ နှစ် ကထက်စာရင်တော့ တော်တော် သည်းခံ တတ်လာ တယ် ထင်ပါတယ် ..

အသက်ရှိစဉ် အခု အချိန် မှာ တစ်ယောက် နဲ့ တစ်ယောက် ဘာမဟုတ်တဲ့ ကိစ္စ ၊ ဘာအကြောင်း ကြောင့်မှန်း မသိတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်ဆိုးပြီး ခင်မင်မှု့တွေ စကားမပြောတော့မှာ ဖြစ်သွားမှာကို စိုးရိမ်နေမိပါတယ် ..
တွေ့ကြလို့ မခေါ်နိုင် ၊ မပြောဆိုနိုင် ဖြစ်နေရတာ စိတ်ထဲမှာ ဘယ်လောက် အောင့်သီးအောက်သက် ဖြစ်လည်း ဆိုလည်း ကြုံရင် ကြုံဖူးကြပါလိမ့်မယ် ..

******************************************

ဒါပေမယ့် အခုချိန်မှာ ရုတ်တရက် အလွန်ခင်တဲ့ သူငယ်ချင်း တစ်ယောက် ရဲ့ စကားမပြောတဲ့ ကိစ္စ ကြောင့် နေမထိ ၊ ထိုင်မသာ ဖြစ်နေရလို့ စိတ်ပြေလက်ပျောက် ရေးလိုက်တာပါ .. တကယ်ဆို သူမကို အရင်က မသိခဲ့ပါဘူးး .. ခင်မင်ကြပြီးမှ စကားပြောကြတော့ မောင်လေး ရဲ့ တစ်တန်းတည်း သူငယ်ချင်း ဖြစ်နေခဲ့လို့ ပိုခင်မင်မိခဲ့ပေမယ့် ရုတ်တရက် စကားပြော၊ ခင်မင်မှု့တွေရပ်သွားလို့ အရမ်းကို အံသြမဆုံး ဖြစ်နေမိတယ် .. ဘာအကြောင်း ကြောင့်လည်း မေးတော့လည်း မဖြေ ...
ဘာလို့ မှန်း မသိတဲ့ ခေါင်းစဉ် နဲ့ ခင်မင်မှု့ က ပျောက်ဆုံးသွားခဲ့တယ် ..


ခုချိန်ထိ ... စိတ်ထဲမှာ တော်တော်ကို လေးပင်နေပါတယ် ..




PS ... !...* စိတ်ထဲမှာ ခံစားနေရတာ ၁ လ လောက် ရှိနေပြီဖြစ်သော်လည်း . . . . *...!
Author: ဆောင်းနှင်းရွက်
•12/08/2009 03:10:00 PM





PS ... !...* ခုတလော နားထောင်ဖြစ်နေတဲ့ သီချင်း .. နားထောင်လို့ ကောင်းနေတယ် *...!
( ဘယ်လိုဖြစ်လို့ သီချင်းက ၂ ပုဒ် ဆက်တိုက်တင်လို့မရဖြစ်နေတာလဲ သိဘူး .. )